ခွင့်မလွှတ်နိုင်တော့တဲ့အခါ
______________
Sorry နော်လို့ ပြောလိုက်ရုံနဲ့
တစ်ချို့ ထိခိုက် ကျကွဲသွားတဲ့အရာတွေက
နဂိုအကောင်းတိုင်း ပြန်ဖြစ်မလာနိုင်ပါဘူး
ချစ်ပါတယ်တဖွဖွပြောပြီး
ပြေးထွက်သွားကြတဲ့သူတွေ ရှိသလို
တောင်းပန်တယ် ပြောပြီးမှ
နာကျင်အောင် ထပ်လုပ်ဖို့
အမြဲ ပြင်ဆင်နေတဲ့သူတွေလဲ ရှိတယ်
ဘ ဝ မှာ
သူ့တို့ဘဝထဲ ကိုယ်ကဝင်သွားတာရှိသလို
ကိုယ့်ဘဝထဲ သူတို့က ဝင်လာတာတွေလဲရှိတယ်
အကြောင်းတစ်ခုခုကြောင့်
ကိုယ်က စွန့်ပစ်ခဲ့ရတာတွေ ရှိသလို
သူက စွန့်ပစ်သွားတာတွေလဲ ရှိတယ်
တကယ်တော့
ဆေးကျွေးမယ့်သူတွေထက်
ဒဏ်ရာပေးမယ့်သူတွေက
အနားမှာ ပိုများနေတာ မဟုတ်ဘူးလား
နောက်ကျောကို ထိုးမယ့်ဓားဆိုတာ
သိပ်အဝေးကြီးမှာ မရှိပါဘူး
ဘယ်အချိန်ပြန်ကြည့်ကြည့်
ဓားကိုင်တဲ့လက်တွေက
ကိုယ့်လူရင်းတွေပဲ ဖြစ်နေတတ်တယ်
ကိုယ့်ကို မျက်ရည်ကျအောင်
သူစိမ်းတွေက လာမလုပ်နိုင်ကြဘူး
တကယ်တမ်း စိတ်ဒုက္ခတွေဆိုတာလဲ
ကိုယ့်ချစ်တဲ့သူတွေ ကိုယ့်နားကလူတွေကြောင့်ပဲ
ဖြစ် ရ တာ ပို များ ပါ တယ်
တကယ်တော့
ချစ်ခြင်းမေတ္တာနဲ့ မတန်တဲ့သူတွေ
ကိုယ့်တန်ဖိုးနဲ့မညီမျှတဲ့သူတွေ
ခွင့်လွှတ်မှုနဲ့ မထိုက်တန်တဲ့သူတွေဟာ
ကိုယ့်ဘဝထဲမှာ တကယ် ရှိပါတယ်
ဒီလိုလူတွေကို
အချိန်တွေအကုန်ခံပြီး ရှင်းပြနေဖို့
မလိုတော့သလို
အနာအကျင်ခံပြီးတော့လဲ
ဖတ်တွယ်ထားဖို့ မလိုပါဘူး
တကယ်တော့
စွန့်လွှတ်တယ်ဆိုတာ
မုန်းလိုက်တာမျိုး မေတ္တာမထား
နိုင်တော့တာမျိုး မဟုတ်ပါဘူး
တကယ်တော့ စွန့်လွှတ်လိုက်တယ်ဆိုတာ
သူလဲလွတ်မြောက်ပြီး
ကိုယ်လဲလွတ်မြောက်ဖို့အတွက်
မဖြစ်နိုင်တော့တဲ့ ဆက်ဆံရေးတစ်ခုကို
ကျောခိုင်း လမ်းခွဲလိုက်တာမျိုးပါ
ဒီ တော့
ခွင့်လွှတ်နိုင်သလောက်
အတတ်နိုင်တော့ခွင့်လွှတ်ပြီး
ခွင့်မလွှတ်နိုင်တော့တဲ့အခါမှာတော့
စွန့်လွှတ်လိုက်တာပဲ.....ကောင်းပါတယ်။
