Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
24 Oct 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,550
USD Sell - MMK 4,650
EUR Buy - MMK 4,840
EUR Sell - MMK 4,975
SGD Buy - MMK 3,400
SGD Sell - MMK 3,500
THB Buy - MMK 133.33
THB Sell - MMK 136.99
JPY Buy - MMK 29.27
JPY Sell - MMK 30.27
MYR Buy - MMK 1,030
MYR Sell - MMK 1,060
CNY Buy - MMK 630
CNY Sell - MMK 650
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,270,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,680,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
အနန်းကွင်းဗျူဟာမှ တပ်မတော်သား (၇၀)ခန့် KNU/KNLA ထံ လက်နက်ချသည်ဆိုသော သတင်းသည် သတင်းအမှားသာဖြစ်
နေပြည်တော်၊ အောက်တိုဘာ ၂၄
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် အနန်းကွင်းဗျူဟာမှ တပ်မတော်သား (၇၀)ခန့်သည် KNU/KNLA ထံ လက်နက်ချ အလင်းဝင်လိုက်သည်ဆိုသော သတင်းသည် သတင်းအမှားသာဖြစ်ကြောင်း မြေပြင်သတင်းများ အရ သိရသည်။
ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းမပေါ်ရှိ တပ်မတော် အနန်းကွင်းဗျူဟာကုန်းနှင့် လွတ်ရှမ်းစခန်းတို့ကို ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ကာ KNU/KNLA ပူးပေါင်းအဖွဲ့ဝင်များမှ တိုက်ခိုက်နေခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ (၁၂)ရက်တွင် လွတ်ရှန်းစခန်းမှ ဆုတ်ခွါ ပေးလိုက်ရသော်လည်း အနန်းကွင်း ဗျူဟာကုန်း မကျရေးအတွက် ကြံ့ကြံ့ခံကာ ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။
တပ်မတော်မှလည်း အနန်းကွင်းဗျူဟာမကျရေးအတွက်မြေပြင်စစ်ကူအပြင်၊ လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများဖြင့် စစ်ကူများ ပို့ဆောင်လျက်ရှိပြီး ရိက္ခာပစ္စည်းများကိုလည်း လေကြောင်းမှ တဆင့် ချပေးနေကြောင်း သိရသည်။
#centralnewsnaypyitaw
*မဖြစ်နိုင်တော့တဲ့အခါ*
တွဲထားတဲ့လက်ကလေးကိုညင်သာစွာဖြုတ်ခဲ့ပါ
မုန်းတီးခြင်းတွေမပါပါစေနဲ့ သူလည်းလွတ်လပ်ပါစေ
ကိုယ်လည်းပျော်ရွှင်နေပါစေ။
*မဖြစ်နိုင်တော့တဲ့အခါ*
သူကိုယ့်ကိုဘယ်လောက်ရက်စက်ကြောင်းတွေမပြောခဲ့ပါနဲ့
ကိုယ်သူ့အပေါ်ဘယ်လောက်တောင်ချစ်ခဲ့ကြောင်းပြောပြခဲ့ပါ
တွဲတဲ့လက်တွေမမြဲခဲ့တာ ကိုယ့်ကြောင့်တော့မဖြစ်ပါစေနဲ့။
*မဖြစ်နိုင်တော့တဲ့အခါ*
ခဏတာနာကျင်မှုတွေကို မကြောက်ပါနဲ့
တစ်ဘဝစာနာကျင်မှုမရှိရအောင် ပြတ်သားသင့်ရင်ပြတ်သားလိုက်ပါ
နှလုံးသားကချစ်ပေမဲ့လည်း ဦးနှောက်ကဆုံးဖြတ်ချက်ချနိုင်ပါစေ။
*မဖြစ်နိုင်တော့တဲ့အခါ*
သူနဲ့ပတ်သက်သမျှအရာအားလုံးမေ့နိုင်အောင်ကြိုးစားပါ
တချို့အမှတ်တရတွေကမင်းကိုအသေသတ်နိုင်တယ် ဒီတော့
ကိုယ့်သေတွင်းတော့ကိုယ်မတူးမိပါစေနဲ့။
မဖြစ်နိုင်တော့တဲ့အခါ*
ပူမှန်းသိရင်လွှတ်ချထားခဲ့လိုက်ပါ
မှားမှန်းသိရင်ဆက်မမှားပါနဲ့တော့
နာကျင်ရတဲ့ဒါဏ်ရာတွေဆိုတာ
ကိုယ်ကလက်ခံမှရတာမို့ ကိုယ့်ဘဝဟာ
ပူလောင်နာကျင်စရာတွေလက်ခံတတ်တဲ့ ဘဝမျိုးမဖြစ်ပါစေနဲ့။
*မဖြစ်နိုင်တော့တဲ့အခါ
ဖြစ်နိုင်အုံးမလားဆိုတဲ့မျှော်လင့်ချက်မထားပါနဲ့
မဖြစ်နိုင်တာကိုလက်ခံပြီး ဖြစ်သင့်တာကိုလုပ်ပါ
ကိုယ့်ကိုယ်ကိုလွတ်လပ်ပျော်ရွှင်မှုပေးနိုင်ကြပါစေ။
တချို့သော
ပတ်သက်မှုတွေက...
နီးနေတာထက် ဝေးသွားကြတာဘဲ
ပိုကောင်းပါတယ်...
တချို့သော
တွေ့ဆုံခြင်းတွေကလဲ...
ထာဝရ ပြန်မဆုံကြတော့တာဘဲ
ပို၍အေးချမ်းစေပါတယ်
#crd
အရာအားလုံးကို ဗလ အားကိုးနဲ့ဖြေရှင်းတတ်တဲ့ Reacher တစ်ဖြစ်လဲ Alan Ritchson ဟာ အပြင်မှာလဲ
Reacher ဆန်ဆန် သူရဲကောင်းလုပ်ခဲ့ဖူးပါတယ် ။
တစ်ခါက Alan Ritchson ဟာ သူ့မိန်းမနဲ့ စားသောက်ဆိုင်ကနေပြန်အထွက်မှာ တစ်ဖက်ကားလမ်းမ မှာ ကားတစ်စီးကို လူတစ်ယောက်ကဖောက်ထွင်းနေတာကို တွေ့ခဲ့ပါတယ် ။ အဲ့နောက်မိန်းမကိုခွင့်တောင်းပြီး အဲ့သူခိုးနောက်ကိုပြေးလိုက်သွားခဲ့ပါတယ် ။
သူခိုးဟာ တစ်ဖက်ပိတ်လမ်းကြားထဲက ဗန်ကားအောက်မှာဝင်ပုန်းနေခဲ့ပါတယ် ။ Alan Ritchson ကလဲ အဲ့သူခိုးကို ကားအောက်ကနေဆွဲယူပြီး သုံးပေလောက်ဝဲအောင်ကိုင်ပေါက်ပြီး ရဲလက်အပ်ခဲ့ပါတယ် ။
[ Reminder - ဗလဘယ်လောက်ကြီးကြီး မိန်းမ ဆီကနေခွင့်ပြုချက်တောင်းရပါတယ် ။ ]
Credit to Everything Everyone at a page
"မြေငူကျွန်း ဆံတော်ရှင်ဘုရားသမိုင်း"
မဟာသက္ကရာဇ် ၁၂၃-ခုနှစ် ဓညဝတီပြည်ရှင် စန္ဒသူရိယမင်းမြတ်၏ မနောအဓိဋ္ဌာန်ဖြင့် ပင့်လျှောက်ချက်အရ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ရက္ခပူရတိုင်း ရခိုင်ပြည်သို့ ကောင်းကင် ခရီးမှကြွတော်မူလာပြီး သီရိဂုတ္တကုန်းတော်တွင် ကိုယ်စားတော် မဟာမုနိရုပ်ပွားတော်မြတ်ကို သွန်းလုပ်ခွင့်ပြုခဲ့သည်။
မြတ်စွာဘုရားရှင်သည် ဓညဝတီပြည်မှ မဇ္စျိမဒေသသို့အပြန် ကောင်းကင်ခရီးမှ ကြွချီလာခဲ့ရာ ကစ္ဆပနဒီမြစ်အဆုံး သမုဒ္ဒရာပေါ် အရောက်တွင် ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ဆူပွတ်ခဲ့ပြီး အရပ်ရှစ်မျက်နှာလုံး လရောင်ဖြင့်လင်းလက်လာခဲ့သည် ထိုအခြင်းအရာကို နဂါးမင်း ၈-ဦးတို့မြင်လေရာ မြတ်စွာဘုရား ကြွချီလာကြောင်းတွေ့ရှိ၍ ပင့်ဖိတ်ကာ ဆွမ်းကပ်လှူဒါန်းကြလေသည်။
မြတ်စွာဘုရားက နဂါးမင်းတို့အား ဆံတော်နှစ်ဆူကို ပေးသနားချီးမြှင့်ပြီး ဤဒေသ၌ ဗုဒ္ဓသာသနာတော် အရှည်ထွန်းကား တည်လတ္တံဟု ဗျာဒိတ်စကားပေးတော်မူကာ ဆက်လက်ကြွချီတော်မူခဲ့လေသည်။
နဂါးအပေါင်းတို့သည် ဗုဒ္ဓ၏ဆံတော်မြတ်ကိုယူကာ ဌာပနာတော်မူလျက် စေတီတော်မြတ်တစ်ဆူကို မြေငူကျွန်း နီလာပဗ္ဗတတောင်ထိပ်တွင် တည်ထားကိုးကွယ်ခဲ့ကြလေသည်။ စန္ဒသူရိယမင်းသည် ဆံတော်ရှင် စေတီတော်အား လာရောက်ဖူးမြော်လေရာ နဂါးတို့တည်သောစေတီတော်မှာ လူတို့တည်သော စေတီနှင့်မတူသည်ဖြစ်၍ မူလစေတီတော်ကိုငုံပြီးလျှင် မိမိ၏မကိုဋ်တော်နှင့်တူအောင် စေတီတော်ကို ပြန်လည်ပြုပြင်တည်ထားတော်မူခဲ့ပါသည်။
ထို့ကြောင့် ဆံတော်ရှင်ဘုရားသမိုင်း လင်္ကာထဲတွင် "လူနှင့်နဂါး တည်တုံငြားသည် ဘုရားဆံတော်ရှင် မြတ်ရှင်ပင်" ဟု ဖွဲ့နွဲ့စပ်ဆိုထားပါသည် ထို့နောက် ရခိုင်မင်းအဆက်ဆက်တို့နှင့် ရခိုင်ပြည်သူရခိုင်ပြည်သား အဆက်ဆက်တို့သည် ဆံတော်ရှင်စေတီတော်မြတ်ကို မွမ်းမံပြုပြင် ထိန်းသိမ်းကိုးကွယ်လာခဲ့ကြပါသည်။ ဆံတော်ရှင်ဘုရားသည် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်း၌ တည်ထားကိုးကွယ်လျက်ရှိသည်။
Photo -crd