#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အမေဇုန်က ကုန်ပစ္စည်းပို့ဆောင်မှုကို လူပုံစံစက်ရုပ်များ အသုံးပြုမည်
ကုန်ပစ္စည်းပို့ဆောင်မှုလုပ်ငန်းတွင် ကမ္ဘာကျော် လူသိများကာ အောင်မြင်နေသည့် အမေဇုန်(Amazon)သည် မကြာမီကာလအတွင်း စားသုံးသူများထံသို့ ကုန်ပစ္စည်းပို့ဆောင်ရာတွင် လူသား များအစားလူသားပုံစံစက်ရုပ်များကို အစားထိုးအသုံးပြုတော့မည်ဖြစ်ကြောင်း The Guardian သတင်းဌာန၏ ဇွန် ၈ ရက်တွင် ရေးသားဖော်ပြထားချက်အရ သိရသည်။
အမေဇုန်(Amazon)သည် ကုန်ပစ္စည်းပို့ဆောင်ရာတွင်သာမက ဘဲ ပစ္စည်းပို့ယာဉ်မောင်းများ နေရာတွင်လည်း အစားထိုးနိုင်မည့်လူသားပုံစံစက်ရုပ်များကို စမ်းသပ်နေပြီဖြစ်ကြောင်း The Guardian သတင်းတွင် ဆက်လက်ဖော်ပြထားသည်။
အမေဇုန် (Amazon)က တီထွင်ထားသည့် လူသားပုံစံ စက်ရုပ် များသည် Rivian လျှပ်စစ်ဗင်ကားများမှဆင်းပြီး လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ မှာယူသည့်ဖောက်သည်များ၏ နေအိမ်တံခါးဝအထိ ပစ္စည်းများကို တိုက်ရိုက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
အမေဇုန်သည် လူပုံစံစက်ရုပ်ပန်းခြံ (Humanoid Park)တွင် စမ်းသပ်မှုများ ပြုလုပ်လျက်ရှိပြီး ယင်းစမ်းသပ်မှုတွင် တရုတ်အခြေစိုက် Unitree မှစက်ရုပ်တစ်ရုပ်အပါအဝင် မတူညီသော စက်ရုပ်များဖြင့် လည်းစမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စု အခြေစိုက် အမေဇုန်ကုမ္ပဏီသည် AI၊ Cloud Computing နှင့် E-commerce ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်တွင်အကြီးမားဆုံးသော E-commerce နှင့် Cloud Computing ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
Source; The Guardian
