၁၉၆၄ခုနှစ်မှာ ကောနဲလ် (Cornell) တက္ကသိုလ်က ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ဂျွန်ဝဲလ်စ် (John Wells) က သန္တာကောင်ရဲ့ ကြီးထွားရစ်တွေကို ကြည့်ပြီး လွန်လေပြီးသော ကမ္ဘာရဲ့ တရက်ကြာချိန်ကို ဖော်ထုတ်ဖို့ အကြံရခဲ့တယ်။ သူက ယနေ့ခေတ် သန္တာရဲ့ ကြီးထွားရစ်တွေကို အရင်လေ့လာတယ်။ ပြီးနောက် လွန်ခဲ့တဲ့ နှစ် သန်း ၄၃၀ခန့်၊ ဆိုင်လော်ရီယန် ယုဂ်တုန်းက ကတော့တွန့်သန္တာ (rugose coral) ရုပ်ကြွင်း ရဲ့ ကြီးထွားရစ်တွေကို ရေတွက်တယ်။ အဲဒီ့သန္တာက ပါမီယန်ယုဂ်အဆုံးပိုင်း (လွန်ခဲ့တဲ့ နှစ်သန်း ၂၅၀) တည်းက မျိုးသုဉ်းသွားပါပြီ။ သူ့မှာက နှစ်စဉ် အရစ်ကြီး နှစ်ခုကြားမှ နေ့စဉ် အရစ်ငယ် ၄၀၀ ခန့် တွေ့ရပါတယ်။ ကမ္ဘာဟာ အချိန်ကြာလာတာနဲ့ အမျှ ဝင်ရိုးပေါ် လည်နှုန်း နှေးသွားမှာဆိုတော့၊ နှစ်တစ်နှစ်ရဲ့ ရက်တွေကလည်း တိုးလာရမယ်ကိုး။ “ဝဲလ်စ်”က ဂျူရပ်ဆစ် ယုဂ်က နှစ်သန်း ၁၈၀ သက်တမ်းရှိတဲ့ သန္တာမာ ရုပ်ကြွင်းရဲ့ နေ့စဉ်အရစ်တွေကို ရေတွက် ပြန်တယ်။ ဒီသန္တာမျိုးနွယ် ကတော့ ယနေ့ထိ ရှိနေတဲ့ သန္တာ အမျိုးအစားပေါ့။ မှန်းထားတဲ့အတိုင်းပဲ။ သူ့မှာကျတော့ အရစ် ၃၇၇ ခု တွေ့ရပါသတဲ့။
ဆိုင်လော်ရီယန် ယုဂ်တုန်းက အဲဒီ့ သန္တာ အသက်ထင်ရှားရှိခဲ့ချိန်မှာ တနှစ်မှာ ရက် ၄၀၀ ရှိတယ်လို့ ပြောနိုင်တယ်။ တစ်နှစ်မှာ ၈၇၆၀ နာရီ ရှိတယ်ဆိုတော့ အဲဒီ့တုန်းက တရက်ဟာ ၂၂နာရီ ပဲ ရှိမှာပါ။ ဒိုင်နိုဆောတွေ ကျက်စားခဲ့တဲ့ ဂျူရပ်ဆစ် ယုဂ်မှာကျတော့ ၂၃နာရီ ဖြစ်သွားပြီပေါ့။ နှစ်သန်း ရာချီတဲ့ ရှေးပဝေသဏီမှ သန္တာကောင်လေးတွေက ရှေးဦးကမ္ဘာရဲ့ ပြက္ခဒိန်တွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက မျှော်လင့်ခဲ့မှာလဲ။ ကြယ်တွေကို ကြည့်တဲ့ နက္ခတ္တဗေဒ ခန့်မှန်းချက်တွေကို ကျောက်ဖြစ်ရုပ်ကြွင်းက သက်သေပံ့ပိုးမယ်လို့ ဘယ်သူ စဉ်းစားမိမှာလဲ။ ကျောက်ဖြစ်ရုပ်ကြွင်းတွေဟာ သက်ရှိရဲ့ ရုပ်ပုံကို အပေါ်ယံ ပုံသဏ္ဌာန်လောက်သာ ဖော်ပြနိုင်မယ့် အကြမ်းထည် အထောက်အထား မဟုတ်ပါဘူး။ ရုပ်ကြွင်းတွေက အရည်အသွေးသာ ကောင်းရင် သဘာဝတရား ရဲ့ အဖိုးတန် ရှေးဟောင်း ပစ္စည်းလေးတွေပါပဲ။ ကျွန်တော်တို့မှာ ဒီအထောက်အထားတွေကို ကြည့်တတ်ဖို့ နည်းစနစ်နဲ့ နည်းပညာ ရှိဖို့ပဲ လိုတာပါ။
-----
အထက်ပါ ဆောင်းပါးကို Wordpress မှာလည်း ဖတ်ရှုနိုင်ပါတယ်။
သန္တာကောင်ပေါ်က ကမ္ဘာဦးပြက္ခဒိန် |
https://kyawzwarlynnpublicatio....ns.wordpress.com/...
ကိုးကား
-----
1. British Geological Survey. (2021, August 2. Corals – British Geological Survey. https://www.bgs.ac.uk/.../foss....ils-and-geological..
2. Changes in length of a day | Silurian Reef | The Field Museum. https://silurian-reef.fieldmus....eum.org/narrative/46
#ပြီး

image

imageimage
+4

သန္တာကောင်ပေါ်က ကမ္ဘာဦးပြက္ခဒိန်
-----
Kyaw Zwar Lynn | 07 Feb 2023
ကျွန်တော်တိုရဲ့ စန္ဒာလမင်းဟာ အမြဲတမ်း အခုလို ဆက်ရှိနေမှာ မဟုတ်ပါဘူး။ လ ဟာ ကမ္ဘာဖြစ်တည်ပြီးမှ ထပ်ရောက်လာတဲ့ ဧည့်သည် ဖြစ်တယ်။ သူက ကမ္ဘာရဲ့ ထောင့်ပြောင်း အဟုန်ကို “ခိုး”ယူနေပါတယ်။ ဒါကြောင့် ကမ္ဘာဟာ မိမိဝင်ရိုးပေါ်မှာ လည်နှုန်း နှေးသွားတယ်။ တဘက်မှာတော့ လရဲ့ ကမ္ဘာပတ်နှုန်း/ ပတ်လမ်းအမြင့်က တိုးလာတယ်။ ကမ္ဘာကနေ ပိုဝေးခွင့်ရလာတယ်ပေါ့။ ဒီဖြစ်စဉ်က တစ်နှစ်ကို တစ်စက္ကန့်ရဲ့ တစ်သန်းပုံ ၁၂ပုံလောက်ပဲ ပြောင်းလဲတယ်။ လက်ရှိ တစ်ရက် (ဝင်ရိုးပေါ် လည်နှုန်း) က ၂၄နာရီ ဆိုပေမယ့် ကမ္ဘာ့အသက်က နှစ်သန်း ၄,၅၀၀ ရှိပြီမို့ နောက်ပြန်ရစ်လိုက်ရင်၊ ကမ္ဘာတည်စ အချိန်တုန်းက တစ်ရက် က (၄)နာရီပဲ ရှိခဲ့ပါတယ်။ အဲဒီ့ကနေ ၂၄နာရီဆီသို့ တရွေ့ရွေ့ တိုးလာတာပေါ့။ ဒါက နက္ခတ္တဗေဒ တွက်ချက်မှု သက်သက်လည်း မဟုတ်ပါဘူး။ ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားလည်း ပြနိုင်ပါသတဲ့။
ဒါကို နားလည်ဖို့ သစ်ပင်တွေကို ကြည့်ရအောင်။ သစ်ပင်တွေဟာ နွေမှာ အပင်အထွားမြန်တော့ ပင်စည်မြန်မြန်တုတ်လာတယ်။ ဆောင်းဆိုရင်တော့ ကြီးထွားနှုန်း နှေးသွားတာကြောင့် သစ်သားထဲမှာ အရစ်လေး တစ်ခု ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ပင်စည်တွေကို ကန့်လန့်ဖြတ် ကြည့်လိုက်ရင် သူတို့ ကြီးထွားခဲ့တဲ့ မှတ်တမ်းကို ကြီးထွားရစ် (growth ring) တွေ အနေနဲ့ တွေ့ရမယ်။ ပင်စည်ရစ် တစ်ခုစီက နှစ်တစ်နှစ်ကို ကိုယ်စားပြုတာကြောင့်၊ ဒီအရစ်တွေကို ကြည့်ရုံနဲ့ အဲဒီ့အပင်က အသက် ဘယ်လောက် နေသွားရလဲ သိနိုင်ပါတယ်။ ကမ္ဘာအနှံ့အပြားက သစ်ပင်မျိုးဆက်များစွာရဲ့ အရစ်တွေကို ဆက်စပ်ကြည့်ရင် လွန်ခဲ့တဲ့ နှစ် ၁၃,၀၀၀ ခန့်အထိတောင် ပြန်လိုက်နိုင်ပါတယ်။ ရှေးဟောင်း ပစ္စည်းတွေပေါ်က ပင်စည်ရစ်တွေကို ကြည့်ပြီး အဲဒီ့ သစ်သားက ဘယ်နှခုနှစ်ကလဲဆိုတာကို ပြန်ဖော်ထုတ်တဲ့ "ဒန်ဂရိုခရိုနိုလော်ဂျီ" (dendrochronology, dendro = သစ်ကိုင်း၊ chronos = အချိန်) ခေါ် ပင်စည်ရစ် သက်တမ်းတွက်နည်းစနစ်တောင် သက်သက်ရှိပါတယ်။
အလားတူ ကြီးထွားရစ်တွေကို သတ္တဝါတွေမှာလည်း တွေ့ရတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးဖို့ အတွက် ပြင်ပအပူချိန်ကို မှီခိုရတဲ့ သွေးအေးသတ္တဝါ တွေပေါ့။ အဲဒီ့ထဲမှာ သန္တာကောင်တွေလည်း ပါတယ်။ သန္တာ တွေဟာ သူတို့ကိုယ်ထဲက ဇူးဇန်သဲလေး (zooxanthellae) ခေါ် အယ်လဂျီ ရေညှိလေးတွေရဲ့ အာဟာရကို များစွာ မှီခိုရတယ်ကိုး။ ဒီတော့ နွေဆိုရင် အထွားမြန်တာပေါ့။ ယနေ့ခေတ် သန္တာကောင် တစ်ခုရဲ့ အခွံကို ကြည့်ရင် ကြီးထွားရစ်တွေကို တွေ့ရမှာပါ။ အမြင်သာဆုံး အကြီးဆုံး အရစ်တွေက နှစ်ကို ပြတယ်။ အဲဒီ့ နှစ်စဉ် အရစ် နှစ်ခု ကြားက သန္တာအခွံသားကို ထပ်ချဲ့ကြည့်ရင် ပိုသေးတဲ့ အရစ်တွေ ရှိသေးတယ်။ အဲဒါတွေက လ ကိုပြတယ်။ ၁၂ခု ရှိတာပေါ့။ အဲဒီ့ လစဉ်အရစ်လေးတွေရဲ့ ကြားက အရစ်တွေကတော့ သေးလွန်းလို့ မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်တာပါ။ တစ်စင်တီမီတာ ထဲမှာ အရစ် ၂၀၀ ကျော် ရှိပါတယ်။ သူတို့ကတော့ တရက်တာ နေရောင်ခြည် ရရှိနှုန်းအလိုက် ဖြစ်ပေါ်တဲ့ အရစ်တွေ ဖြစ်တယ်။ အဲဒီ့အရစ်တွေက အားလုံးပေါင်းလိုက်ရင် ၃၆၀ ဝန်းကျင် ရှိပါသတဲ့။
နှစ်စဉ်နဲ့ နေ့စဉ် အရစ်တွေကတော့ နေရောင် ရရှိနှုန်းနဲ့ ရှင်းပြလို့ရတယ်။ လစဉ် အရစ်တွေကကော။ အဲဒါက ဒီလိုပါ။ ယနေ့ခေတ် သန္တာကောင်တွေဟာ မျိုးပွားဖို့အတွက် သုက်နဲ့ မျိုးဥတွေကို ရေထဲကို ထုတ်လွှတ် ပါတယ်။ အဲဒီလို ထုတ်လွှတ်တာကို လပြည့်နေ့ နဲ့ ကပ်လျက် ရက်တွေမှာ အချိန်ကိုက်ပြီး ဆောင်ရွက်လေ့ရှိတယ်။ လ က ကမ္ဘာကို ပတ်ချိန်က ၂၇ရက် ၈နာရီ ကြာပြီး၊ ကမ္ဘာက ဝင်ရိုးပေါ်လည်ဖို့ ၂၄နာရီပဲ ကြာတယ်။ ဒါကြောင့် ကမ္ဘာရဲ့ နေရာ တစ်ခုတည်းကနေ လထွက်တာကို ကြည့်ရင် လ က အရှေ့အရပ်ကို ၁၂ဒီဂရီလောက် နေ့စဉ် ရွေ့သွားတယ်။ ဒါကြောင့် လထွက်ချိန်က နေ့စဉ် မိနစ် ၅၀ နောက်ဆုတ် သွားလေ့ရှိတယ်။ လဆုတ်ရက်တွေကနေ စပြီး၊ လဟာ နေဝင်ပြီးခါမှ ထွက်လာပါတော့တယ်။ နေရောင်နဲ့ လရောင် နှစ်ခုလုံး မရှိဘဲ ပိန်းပိန်းမှောင်သွားတဲ့ ညတွေပေါ့။ ဒီလို ခဏ မှောင်သွားချိန်ကို သန္တာက မျိုးပွားဖို့ အချက်ပေး အမှတ်အသား အနေနဲ့ အသုံးပြုပါတယ်။ သန္တာဟာ ဒီလို မျိုးပွားရည်တွေ ထုတ်လွှတ်ပြီးချိန်မှာ အားပြန်ဖြည့်ရတယ်။ ဒါကြောင့် အခွံထုတ်လုပ်နှုန်း နှေးသွားပါတယ်။ လစဉ်အရစ်တွေက ဒါကြောင့် ဖြစ်တာပါ။
#ဆက်ရန်