28 w - Translate

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ကျောက်တံခါးနှင့် သူဌေးကုန်းဘူတာအကြား အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုဖြစ်ပွား
*****************
(မှုခင်း) ၂၉
ယမန်နေ့နံနက် ၇ နာရီအချိန်က ကျောက်တံခါးဘူတာမှထွက်ခွာလာသော အမှတ်(၉၀၂)အစုန်ကုန်ရထားသည် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်းရှိ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ကျောက်တံခါးဘူတာနှင့် သူဌေးကုန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၀၇/၄-၅ နေရာသို့ရောက်ရှိချိန်တွင် အစုန်ရထားလမ်းပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အစုန်ရထားလမ်းထိခိုက်ပျက်စီးနေကြောင်း တွေ့ရှိရသဖြင့် ကျောက်တံခါးဘူတာသို့ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကျောက်တံခါးနှင့် သူဌေးကုန်းရထားလမ်းပိုင်းအား ယမန်နေ့နံနက် ၇ နာရီ ၂၆ မိနစ်အချိန်တွင်ယာယီပိတ်ထားခဲ့ရကြောင်း သိရှိရသည်။မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အစုန်လမ်း၏အရှေ့ဘက် သံလမ်း ၂ ပေခန့် ပြတ်ထွက်ခြင်း၊ အနောက်ဘက်သံလမ်း ၁၅ ပေခန့် ကွေးကောက်၍ လမ်းခင်းကျောက်နှင့် ကွန်ကရစ်ဇလီဖားတုံးအချို့ပျက်စီးခြင်းတို့အပြင် အခင်းဖြစ်ပွားရာနေရာအနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံးအား ထပ်မံတွေ့ရှိရကြောင်း သိရှိရသည်။မြန်မာ့မီးရထားဝန်ထမ်းများအနေဖြင့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီးနောက် ကျောက်တံခါးနှင့် သူဌေးကုန်းဘူတာအကြား အစုန်လမ်း၏ သံလမ်းအားလဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၈ မိနစ်အချိန်တွင် အဆိုပါလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်၍ ရထားများ ပုံမှန်အတိုင်းပြေးဆွဲပေးလျက်ရှိ ကြောင်း သိရသည်။အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ယမန်နေ့နံနက်က ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသော အမှတ်(၁၁)အဆန်အမြန်ရထားနှင့် အမှတ်(၇)အဆန် DEMU အမြန်ရထားတို့အား ညောင်လေးပင်ဘူတာ၌ အသီးသီးရောက်ရှိရပ်တန့်ထားခဲ့ရပြီး လမ်းပိုင်းစစ်ဆေးပြုပြင်ပြီးစီး၍ ယမန်နေ့နံနက် ၈ နာရီ ၅၇ မိနစ်အချိန်မှသာ ပြန်လည်ထွက်ခွာပေးနိုင်ခဲ့ သဖြင့် လူစီးရထားများ ၁ နာရီခန့်စီ ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိမြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင်ရထားလမ်းနှင့်ရထားဘူတာနယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၁)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၁၇၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့်တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့်ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံးစေရေး၊ ရထားစီးခရီးသွား ပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီးယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့်ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက်အဦများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

image
image
image
image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ရှာဟစ်ရာဂျာအီ ဆိပ်ကမ်းသို့ အီရန်သမ္မတ သွားရောက်
ရှာဟစ်ရာဂျာအီ ဆိပ်ကမ်းပေါက်ကွဲမီးလောင်မှုကြောင့် ဒဏ်ရာ ရရှိထားသူများထံ အီရန်သမ္မတ ပီဇက်ကီအမ် သွားရောက်တွေ့ဆုံခဲ့ကြောင်း ဧပြီ ၂၇ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
အီရန်နိုင်ငံတောင်ပိုင်း ဟော်မော့စ်ဇ်ဂန်ပြည်နယ်၌ တည်ရှိသော ရှာဟစ်ရာဂျာအီဆိပ်ကမ်း၌ ဧပြီ ၂၆ ရက်တွင် ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ရာ ဧပြီ ၂၈ ရက်အရောက်တွင် သေဆုံးသူ ၄ဝ နှင့် ဒဏ်ရာရသူ ၁ဝဝဝ ခန့် ရှိလာခဲ့ပြီဖြစ်သည်။
ရှာဟစ်ရာဂျာအီ ဆိပ်ကမ်းပေါက်ကွဲမီးလောင်မှုသည် ဒုံးပျံ လောင်စာရည်ပြုလုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများနှင့် ပတ်သက်နေဖွယ်ရှိကြောင်း လေ့လာသူများက ယူဆထားသည်။
ရှာဟစ်ရာဂျာအီဆိပ်ကမ်း ပေါက်ကွဲမီးလောင်မှု အဘယ်ကြောင့် ဖြစ်ပွားခဲ့ရသည်ကို မိမိတို့အဖြေရှာကြရမည်ဖြစ်ကြောင်း အဆိုပါဆိပ်ကမ်းသို့သွားရောက်စဉ် အီရန်သမ္မတပီဇက်ကီအမ်က တာဝန်ရှိသူများကို ပြောကြားခဲ့သည်။
ရှာဟစ်ရာဂျာအီ ဆိပ်ကမ်းသည် ယခုနှစ်မေလအတွင်း တရုတ်နိုင်ငံမှ တင်ပို့လိုက်သော အမိုနီယမ်ပါကလိုရိတ်ခေါ် ဒုံးကျည်လောင်စာရည် ပြုလုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများကို လက်ခံထားရကြောင်း သတင်းများ၏ အဆိုအရသိရသည်။
ရှာဟစ်ရာဂျာအီဆိပ်ကမ်း ပေါက်ကွဲမီးလောင်မှုမှာ လွန်စွာပြင်း ထန်ခဲ့ရာ ဆိပ်ကမ်းရှိမော်တော်ယာဉ်များ၊ အဆောက်အအုံများနှင့် ကုန်သေတ္တာများ အကြီးအကျယ်ပျက်စီးခဲ့ရသည်။
ယင်းအပြင် မီးလောင်ကျွမ်းမှုမှာလည်း ဧပြီ ၂၇ ရက်အထိ ဆက် လက်ဖြစ်ပွားခဲ့ရာ အီရန်တာဝန်ရှိသူများက လေယာဉ်နှင့် ရဟတ်ယာဉ်များ အကူအညီဖြင့် မီးငြှိမ်းသတ်ခဲ့ရသည်။

image
28 w - Translate

7in1
🖥️ 7-in-1 Keyboard & Electronics Cleaning Kit 🧹
💸 စျေးနှုန်း: [၉၀၀၀ကျပ်]
သင့်ကွန်ပြူတာ၊ နားကြပ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းများကို သန့်ရှင်းစေမယ့် အကောင်းဆုံး cleaning kit! ✨
🔍 ထူးခြားချက်များ:
✅ 5-in-1 Separated Dual Head Design: Nylon bristles, flocking sponge, high-density brush, metal pen tip နှင့် key-cap puller ပါဝင်ပြီး သန့်ရှင်းရေးလိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးသည်။
✅ Soft Brush: ကီးဘုတ်ကို ထိခိုက်မှုမရှိစေဘဲ သန့်ရှင်းရန် နူးညံ့သော nylon brush အသုံးပြု။
✅ Multifunctional Cleaning: Flocking sponge ဖြင့် earphone charging case အတွင်းဖုန်များကို သန့်ရှင်းနိုင်ပြီး metal pen tip ဖြင့် ခေါင်းမာဖုန်များကို ဖယ်ရှားနိုင်သည်။
✅ Key-Cap Puller: ကီးဘုတ်ခလုတ်များကို လွယ်ကူစွာ ဖယ်ရှားပြီး သန့်ရှင်းနိုင်သည်။
✅ Screen Cleaning: 5ml spray bottle နှင့် fiber fleece swipe ဖြင့် မော်နီတာ၊ တီဗွီ၊ ကင်မရာစခရင်များကို သန့်ရှင်းနိုင်သည်။
✅ Compact & Lightweight: 1434428mm အရွယ်အစားနှင့် 2.82oz သာ အလေးချိန်ရှိပြီး သယ်ဆောင်ရလွယ်ကူသည်။
🎧 ဘယ်လိုပစ္စည်းတွေအတွက် သုံးလို့ရလဲ?
Keyboard, laptop, tablet, monitor, TV, camera
Bluetooth earphones (AirPods, etc.), phone
အခြား RCA-enabled အီလက်ထရွန်းနစ်ပစ္စည်းများ
🛠️ ပါဝင်ပစ္စည်းများ:
High-density retractable brush
Fiber fleece swipe
Spray bottle (သန့်ရှင်းရည်မပါ)
Earphone cleaning pen (silicone tip, sponge, mini brush)
Key-cap puller
📦 ယခုပဲ မှာယူလိုက်ပါ!
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#keyboardcleaner #electronicscleaner #bluewow #cleaningkit #techaccessories #myanmartech #gadgetcleaner #airpodscleaner #computercleaning

28 w - Translate

အခုလိုပူပြင်းတဲ့နွေရာသီရောက်လာပြီဆိုတော့ အချိုရည်အေးအေးလေးသောက်ရင်းအိမ်မှာနားနားနေနေ နေချင်ကြမှာပါပဲ။
Energy drink တွေပြုပြင်ထားတဲ့ အချိုရည်တွေက ကျန်းမာရေးအတွက် ထိခိုက်နိုင်ချေရှိပါတယ်။ဒါကြောင့်နွေရာသီမှာ ရာသီပေါ်သီးနှံတွေကိုသာဘယ်လိုဖျော်သောက်ကြမလဲ သူတို့တွေကဘာအကျိုးကျေးဇူးရနိုင်မလဲ ကြည့်လိုက်ကြရအောင်နော်။
၁။ သံပုရာရည် + ပျားရည် (Lemon Honey Juice) 🍋🍯
သံပုရာသီးဟာ ဗီတာမင် C ကြွယ်ဝပြီး ကိုယ်တွင်းအပူကို ကျစေပါတယ်။
✔️ ချွေးထွက်များတဲ့သူတွေ ကိုယ်တွင်းအပူတွေများတဲ့သူတွေက ဒီဖျော်ရည်လေးကို သောက်သုံးဖို့အကြံပြုပါတယ်။

၂။ ဖရဲသီးဖျော်ရည် (Watermelon Juice) 🍉
နွေရာသီမှာ အပူကြောင့်ခန္ဓာကိုယ်ကရေဓတ်တွေဆုံးရှုံးပါတယ်တဲ့
ဖရဲသီးမှာ ရေဓာတ် ၉၂% ပါဝင်တာကြောင့် ပူပြင်းတဲ့နေ့တွေမှာ အသင့်တော်ဆုံး ဖျော်ရည်ပါ။ဝယ်ရတာလဲမခက် ရာသီပေါ်သီးနှံလည်းဖြစ်တာကြောင့် သောက်သုံးသင့်ပါတယ်။
✔️ သူ့ရဲ့အကျိုးကျေးဇူးကတော့ ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို စိုပြေစေတယ်။

၃။ နာနတ်သီး + ပူစီနံဖျော်ရည် (Pineapple Mint Juice) 🍍🌿
စာရေးသူကတော့ နာနတ်သီးဖျော်ရည်ပဲသောက်ပါတယ်။ပူစီနံကတော့အနံမွှေးတာပေါ့နော်။နာနတ်သီးက အစာခြေမှုကိုကောင်းစေပြီး Vitamin C ပါဝင်ပါတယ် ပူစီနံအရွက်လေးကတော့ အေးမြမှုကိုရစေတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ Mojito လိုမျိုးတစ်ခွက်ကိုရရှိစေမှာပါ။
✔️နောက်ပြီးတော့ သူက ခံတွင်းအနံ့ကိုကင်းစေပြီးတော့ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။

၄။ မုန်လာဥနီ + လိမ္မော်ရည် (Carrot Orange Juice) 🥕🍊
ကိုယ်က အပေါ်ကဖျော်ရည်တွေမသောက်ချင်ဘူး ဗီတာမင်ဓာတ်ရတာလေးပဲသောက်ချင်တာဆိုရင်တော့
ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ဗီတာမင် C ပါတဲ့ လိမ္မော်သီးတို့ကို ရောဖျော်ပြီး သောက်နိုင်ပါတယ်။
✔️ ဗီတာမင်ဓာတ်တွေပါဝင်တဲ့အတွက်ကြောင့် ကိုယ်ခံအားကောင်းစေပြီး အပူဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။

ဧပြီလရဲ့ပူပြင်းမှုကို သဘာဝဖျော်ရည်တွေ နဲ့ အေးမြစေပြီး ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေမယ့်အပြင် အိမ်မှာလွယ်လွယ်ကူကူဖျော်နိုင်မယ့် ဖျော်ရည်လေးတွေပါ။ Gas ပါဝင်တဲ့ အချိုရည်တွေ /အရောင်ဆိုးထားတဲ့ဖျော်ရည်တွေထက် ကျန်းမာရေးကိုပိုအကျိုးပြုစေနိုင်လို့ဖျော်သောက်ဖို့တိုက်တွန်းလိုက်ပါတယ်ဗျ။
ပူတဲ့နွေရာသီမှာ အေးအေးဆေးဆေး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ! ❄️💛

image

Ahtisa သာ Final Night မှာ Miss Universe Philippines ?? Crown ကြီး ရသွားခဲ့ရင် #AhtisaManalo #RoadtoMissUniversePhilippines2025 #MissUniversePhilippines

28 w - Translate

ပန်းရံလက်သမားဘဝကနေ အထည်ဆိုင်ခွဲပေါင်းများစွာ ဖွင့်လှစ်နိုင်ကာ ချမ်းသာလာခဲ့တဲ့ တိုးအောင်တို့ ဇနီးမောင်နှံ
#celebrity #trend

image
28 w - Translate

"ဂတုံးမ" ကာရိုက်တာနဲ့ ခုချိန်အထိ လူပြောများ အောင်မြင်နေတဲ့
ထွန်းအန္ဒြာဗိုလ်ရဲ့ "ဂတုံးမလို့ မခေါ်နဲ့" ရုပ်ရှင်ဇာတ်ကား
#celebrity #trend

image

Final Night မှာ Title award တွေ အများကြီးရထားတဲ့ ဒီ ၃ ယောက်က Winner ရသွားမလား ဒါမှမဟုတ် Swimsuit နဲ့ Evening gown မှာ အမှားအယွင်းမရှိ သေချာ carry လုပ်သွား perform သွားနိုင်တဲ့ Chelsea က Winner ရသွားမလ

28 w - Translate

July လ 3 ရက်နေ့မှာထွက်ရှိမယ်လိုကြေညာသွားပြီဖြစ်တဲ့ Dan Da Dan Season 2

image
28 w - Translate

Simple tattoo ideas

image