1 နှစ် - ဘာသာပြန်ပါ။

David Huerta, the president of the Service Employees International Union, was arrested while demonstrating against an immigration raid at a workplace in downtown LA. He was charged with conspiracy to impede an officer, a felony that carries a prison sentence of up to six years.
Some union leaders and Democratic U.S. House members have criticized the arrest as an effort to intimidate protesters and criminalize peaceful demonstrations.
Here's what to know: https://abcnews.visitlink.me/XWLWI5

image
image
image
1 နှစ် - ဘာသာပြန်ပါ။

“ဆေးဘက်ဝင်ဓနိဖူးလက်ဖက်ခြောက်”
🍵🍵🍵🍵🍵🍵🍵🍵🍵🍵🍵🍵🍵
ဓနိပင်ဆိုတာ မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်းဒေသတွေမှာ သဘာဝအတိုင်း အလေ့ကျပေါက်ရောက်လျက်ရှိတဲ့ ဒီရေတောအပင်များ ဖြစ်ပါတယ်။
ဓနိပင်မှရရှိတဲ့ ဓနိအရွက်၊ အဖူး၊ အသီး၊ အမြစ်တွေကို နိုင်ငံတော်တော်များများမှာ ရှေးယခင်တည်းက ပန်းနာရင်ကြပ်ရောဂါ၊ အသည်းရောဂါ၊ တီဘီရောဂါ၊ အဆုတ်နာ၊ အကိုက်အခဲပျောက်ဆေး စတဲ့ရောဂါများအတွက် အသုံးပြုခဲ့ကြပါတယ်။ ဒါတင်မက စိတ်ငြိမ်ဆေးဖော်စပ်ရာမှာလည်း အသုံးပြုခဲ့ကြသေးတယ်လို့ သိရပါတယ်။
ဒီတော့ ဓနိပင်ဟာ တစ်ပင်လုံးကိုအကျိုးရှိရှိ အသုံးချနိုင်တဲ့ အကျိုးပြုအပင်တစ်ပင်ပါပဲ။
ဓနိဖူး🌿
ဓနိဖူးဆိုတာ ဓနိပင်ရဲ့ပင်စည်မှ ရိုးတံတစ်ခုအဖြစ် ထိုးထွက်လာပြီး ၄င်းရိုးတံရဲ့ ထိပ်ဖျားမှာ သံလျက်ပုံစံ အချွန်အဖူးလေးများအဖြစ် အစုလိုက်အစုလိုက်ဖွဲ့စည်းတည်ရှိနေကြတဲ့ အဖူးလေးများ ဖြစ်ကြပါတယ်။
ဓနိဖူးခြောက်ဆိုတာကတော့ ဓနိဖူးတွေကို ခုတ်ယူပြီး သင့်တင့်သော အရွယ်အစားလေးများအဖြစ် လှီးဖြတ်ကာ သဘာဝနေရောင်ခြည်ဖြင့် သဘာဝအတိုင်း အခြောက်ခံပြီး ရရှိလာတာ ဖြစ်ပါတယ်။
ဓနိဖူးခြောက်ရေမှာ Antioxidants (သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ)မြင့်မားစွာ ပါဝင်ကြပြီး ကျန်းမာရေးအကျိုးကျေးဇူး အတော်များပါတယ်။
“ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်”ဟူသော စကားပုံအတိုင်း ဓနိဖူးလက်ဖက်ခြောက်က ရောဂါတော်တော်များများကို ကာကွယ်နိုင်တဲ့အပြင် ရောဂါဖြစ်နေတဲ့ဝေဒနာရှင်များလည်း သောက်သုံးနိုင်တယ်လို့ သိရပါတယ်။ သဘာဝအော်ဂဲနစ် စစ်စစ်ဖြစ်လို့ အန္တရာယ်ကင်းပြီး စိတ်ချယုံကြည်စွာ ဆေးဘက်ဝင်အာဟာရအဖြစ် သုံးစွဲနိုင်ပါတယ်။
ဓနိဖူးလက်ဖက်ခြောက်သောက်ရုံနဲ့ ..
🌲ညဘက်အိပ်မပျော်သူများ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း
🌲ဆီး၊ဝမ်း၊လေ မှန်စေခြင်း။
🌲နှာစေး၊ချောင်းဆိုး၊လည်ပင်းနာတာကို သက်သာစေခြင်း။
🌲အစာခြေလွယ်ပြီး ရင်ပြည့်၊ ရင်ကယ် မဖြစ်စေခြင်း။
🌲ဇက်ကြောတက်၊ ညောင်းညာကိုက်ခဲတာကို သက်သာစေခြင်း။
စတဲ့ လတ်တလောအကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ ဆိုပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
ဓနိဖူးလက်ဖက်ခြောက်ရေကို ရေရှည်သောက်မယ်ဆိုရင်တော့…..
🍀သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါများကို ကာကွယ်ပေးပြီး ကိုလက်စထရောကို ကျစေခြင်း။
🍀အာရုံကြောနဲ့ မျက်စိကိုလည်း အထောက်အပံ့ဖြစ်စေခြင်း။
🍀ကင်ဆာရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးခြင်း။
🍀အစာအိမ်ဝေဒနာရှိသူများလည်း ရောဂါသက်သာပျောက်ကင်းစေခြင်း။
🍀ခန္ဓာကိုယ်အထိုင်အထ လေးလံခြင်းများကိုလည်း သက်သာပျောက်ကင်းစေခြင်း။
🍀အဆစ်ရောင်ရောဂါကိုလည်း သက်သာစေခြင်း။
🍀ခန္ဓာကိုယ်မှ အလိုအလျောက်တုံ့ပြန်မှု ကစဥ့်ကလျား ဖြစ်ခြင်းကိုလည်း သက်သာစေခြင်း။
🍀ဖျားနာကိုက်ခဲခြင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ခြင်း။
🍀အသားအရေကို စိုပြည်လှပစေခြင်း။
စတဲ့ အကျိုးကျေးဇူးတွေရှိတယ်လို့ သိရပါတယ်။
ဒါတင်မက ဓနိဖူးခြောက်ရေမှာ Antioxidants ကြွယ်ဝစွာပါဝင်နေတာကြောင့် သာမန်ဆဲလ်များ၊ သာမန်တစ်ရှူးများ ဖြစ်ထွန်းမှုနှင့် ပြန့်ပွားမှုတို့ကို ထောက်ပံ့အားပေးလို့ နာတာရှည်ရောဂါသည်များနဲ့ သာမန်ဆေးများ မတိုးသော ဖျားနာမှုဖြစ်တတ်သော ရောဂါဝေဒနာရှင်များ သောက်သုံးရန် အထူးသင့်တော်ပါတယ်လို့လည်း သိရပါတယ်။
ဓနိဖူးလက်ဖက်ခြောက်ကိုတော့ ရိုးရိုးလက်ဖက်ခြောက်လိုပဲ ရေနွေးပူပူထဲထည့် ၅ မိနစ်လောက် ကြာပြီးရင် လက်ဖက်ရည်ကြမ်းလို သောက်သုံးပေးရုံပါပဲ။

image
1 နှစ် - ဘာသာပြန်ပါ။

ဖက်ဖယ်ရွက် ကိုယ်တိုင်စိုက်စားကြရအောင်..
☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️☘️
ဖက်ဖယ်ရွက်လို့ ဆိုလိုက်ရင် အရင်ကတော့ သိသူနည်းလိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ တိုင်းရင်းသားရိုးရာအစားအသောက်တွေနဲ့အတူ တွဲသိလာကြသလို စီးတီးမတ်တွေမှာလည်း ဝယ်ယူ ရရှိနိုင်နေပါပြီ။
သူက စား​သောက်ဆိုင်​တွေ၊ ဟိုတယ်​တွေမှာ ငါးသံပုရာ​ပေါင်း၊ ငါးကင်ရဲ့ ဗိုက်ထဲမှာ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကုလားနံနံ၊ ငရုတ်သီးစိမ်းတို့နဲ့ ​ရော​ထောင်းပြီး ထည့်ရတဲ့ ဟင်းခတ်အ​မွှေးအကြိုင်တမျိုးပါ။
ငါးကချင်ချက်​တွေ၊ ငါးခူကာလသားဟင်း​တွေမှာဆိုရင်တော့ မပါမဖြစ် အဓိက ဇာတ်လိုက်ဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာ​ရေးအရဆိုရင်လည်း၊ အဆီကျခြင်း၊ ဝမ်း​ဖောခြင်း၊ အစာအိမ်လေနာခြင်း၊ ဓာတ်ချုပ်ခြင်း၊ ​သွေး​လေမညီခြင်း စတဲ့ဝမ်းတွင်း​ရောဂါ​တွေကို သက်သာ​ပျောက်ကင်း​စေတယ်လို့ ဆိုပါတယ်။
🌿မြန်မာအမည် = ဖက်ဖယ်ပင်
🌿အင်္ဂလိပ်အမည် = water pepper, marsh pepper
🌿သိပ္ပံအမည် = Persicaria hydropiper ( Syn;Polygonum hydropiper)
နာမည်နဲ့လိုက်​အောင် ​ရေကြိုက်တဲ့အပင်မျိုးပါ။
ကန်နံ​ဘေး၊ ကမ်းစပ်​တွေမှာ အ​လေ့ကျ ​ပေါက်​လေ့ရှိပါတယ်။
​ရေကန်စွန်း၊ ကန​ဖော့ပင်တို့နဲ့ ဆင်ဆင်တူပါတယ်။
"ဖက်ဖယ်ပင်စိုက်ချင်ပါတယ်၊ ဘယ်လိုစိုက်ရမှန်းမသိလို့"
ဆိုတဲ့ အစိမ်း​ရောင်လမ်း ပရိတ်သတ်ထဲက မမများရဲ့တောင်းဆိုချက်အရ ... ဒီ ​ဆောင်းပါး​လေးနဲ့ ​ဖြေကြား​ပေးလိုက်ပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
ကဲ...ဒီတော့...
ကိုယ့်အိမ်မှာ မိသားစု​တွေအတွက် ငါးကာလသားဟင်း၊ ငါးကင်၊ ငါးသံပရာ​ပေါင်း တွေအတွက် ဖက်ဖယ်ရွက်လေးကို အလွယ်တကူ ခူးချက်လိုက်ကြရအောင်..
စိုက်ပျိုးနည်း
ပထမဆုံး..
​စျေးထဲက ဝယ်လာတဲ့ ဖက်ဖယ်ပင်တွေထဲက... အရိုးမာတဲ့ကိုင်း​တွေကို ​အောက်​ခြေအရွက်များ သပ်လိုက်ပါ။
ပြီးရင်..​ရေခွက်ထဲမှာ ၃ လက္မခန့်မြုပ်​အောင်စိမ်ထားပါ။
၃-၄ ရက်ကြာရင် အမြစ်​လေး​တွေထွက်လာပါမယ်။
🌿စိုက်​တော့မယ်ဆိုရင်...
၃ ​ပေ × ၁၀​ ပေ အကျယ်၊ ၆ လက္မအမြင့် ​သစ်သားပြားဘောင်ခတ်ထားပါ
ဘောင်ထဲကို သဘာဝ​မြေ​ဆွေး ၃ ဆ၊ ဖွဲပြာ ၁ ဆ၊ သဲ ၁ ဆ ​ရောထည့်ပါ။
အိုး သို့မဟုတ် စည်ပိုင်းပြတ်နဲ့ ဆိုရင်လည်း၊ ​မြေ​ဆွေး အပြည့်ထည့်ထားပါ။
အမြစ်​ဖောက်ပြီး ပျိုးကိုင်းများကို တပင်နဲ့တပင် ၄ လက္မခန့်ခြားပြီး ၄၅ ဒီဂရီ ​စောင်းစိုက်ပါ။
မနက်ခင်းတိုင်း ဆန်​ဆေး​ရေ ​လောင်း​ပေးနိုင်ပါတယ်။
အကယ်၍... အညွန်သစ်​လေး​တွေမှာ ပျပိုး​လေး​တွေ ကျခဲ့ရင်...
ပိုးသတ်​ဆေး လုံးဝမဖျန်းပါနဲ့​နော်.. 🛑
မီးဖိုပြာကို ​ရေစိမ်ပြီး အ​ပေါ်ယံ ​ရေကြည်နဲ့ ဖျန်း​ပေးတာပဲလုပ်လိုက်ပါ။
စိုက်ပြီး ၄၅ ရက်ဆိုရင် အရွက်​လေး​တွေ ခူး၊ ငါး၊ ကြက်၊ ဝက် အသားဟင်း​တွေမှာ ကြိုက်သလိုအသုံးပြုပြီးအရသာရှိတဲ့ ဟင်းအမည်တွေကို ချက်ပြုတ်သုံး​ဆောင်နိုင်ပါပြီ..။

image
1 နှစ် - ဘာသာပြန်ပါ။

ငါးလင်ပန်းကို မြန်မာနိုင်ငံရဲ့ ပင်လယ်နဲ့နီးတဲ့ ရေချိုရေငန်စပ်ဒေသများရှိ လယ်ကွင်းများ၊ ချောင်းရိုးများတွင် ငါးလင်ပန်းကို ပိုတွေ့ရပါတယ်။
🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟
ငါးလင်ပန်း (ခေါ်) ငါးမြိတ်ထုံးငါးဆိုတာ ရေချိုမြစ်ချောင်း၊ အင်းအိုင်၊ ဆည်တမံတို့မှာ တွင်းအောင်းနေတတ်ပြီး ကျေးလက်နေသူ၊ မြို့ပြနေသူအားလုံးကြိုက်နှစ်သက် အလွန်တန်ဖိုးထားတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ မြို့ပြစားသောက်ဆိုင်ကြီးများမှာ ဈေးကြီးပေးရတဲ့ဟင်းလျာတစ်မျိုးဖြစ်ပြီးတော့ တစ်ကမ္ဘာလုံးက ကြိုက်နှစ်သက်တဲ့ Globally consumed species ဖြစ်လို့ စျေးကွက်မှာ ဝယ်လိုအားကောင်းတဲ့ ပြည်ပပို့ကုန်တစ်မျိုးလည်း ဖြစ်ပါတယ်။
ငါးလင်ပန်းကို မြန်မာနိုင်ငံရဲ့ ပင်လယ်နဲ့နီးတဲ့ ရေချိုရေငန်စပ်ဒေသများရှိ လယ်ကွင်းများ၊ ချောင်းရိုးများတွင် ငါးလင်ပန်းကို ပိုတွေ့ရပါတယ်။ ဒါ့အပြင် ချောင်းရိုး၊ မြောင်းရိုးများအတွင်းရှိ ဂလိုဏ်ပေါက်များ၊ လယ်ကန်သင်းရိုး ဂလိုဏ်ပေါက်များတွင်လည်း တွင်းအောင်းပြီး နေထိုင်ကြပါတယ်။ သို့သော် ငါးလင်ပန်းတို့ဟာ ကိုယ်တိုင်တွင်းကိုတူးဖောက်နိုင်ခြင်း မရှိပါ။ ငါးလင်ပန်းကို မြန်မာနိုင်ငံတွင်သာမက အပူပိုင်းဒေသ အရှေ့အာဖရိက၊ Andaman ကျွန်းဆွယ်၊ မိုဇမ်ဗစ်၊ မာလာဝီ၊ သီရိလက်ာ၊အင်ဒိုနီးရှား၊ မတ်ဒတ်ဂတ်စကား နိုင်ငံများတွင်လည်း တွေ့ရှိရပါတယ်။
ငါးလင်ပန်းဟာ အပူပိုင်းဒေသ​ ရေချိုနေငါးမျိုးဖြစ်ပြီး ရေအနက် (၃-၁၀)မီတာ အောက်ခြေကြမ်းပြင်မှာ နေထိုင်တဲ့ Demersal species ငါးမျိုးဖြစ်ပါတယ်။ ရေချိုတွင် နေထိုင်ပြီး မျိုးပွားရန်၊ သားပေါက်ရန် Descending for breeding အတွက် ရေငန်ရှိရာ ပင်လယ်သမုဒ္ဒရာသို့ စုန်ဆင်းသော Catadromous species ငါးမျိုးဖြစ်ပါတယ်။ ငါးလင်ပန်းငါးမျိုးစိတ်ဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀ ခန့်ထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ မြစ်ချောင်းတို့ရဲ့ အောက်ခြေမှာ နေထိုင်ကြတဲ့ ငါး၊ ပုစွန်၊ ကဏန်းအငယ်လေးများနှင့် worms များကို စားသုံးလေ့ရှိကြပါတယ်။
ငါးလင်ပန်းရဲ့ သဘာဝ🐟
ငါးလင်ပန်းငါးသည် ငါးလင်ပန်းဟုအမည်ရသော်လည်း ခန္ဓာကိုယ်မှာ မ ဝိုင်း၊ ဦးခေါင်းမှာ ချွန်ပြီးထောင်နေတဲ့ နားရွက်၊ ရှည်လျားတဲ့ ကိုယ်ခန္ဓာရှိပါတယ်။ ငါးလင်ပန်းကို ဖမ်းမိချိန်တွင် လက်ဖြင့်တင်းကျပ်စွာ ညှစ်လိုက်ပါက ကလေးငယ်လေးငိုသံ၊ ကြောင်ပေါက်စလေးများ အော်သံကဲ့သို့ အသံမြည်သည်မှာ ထူးခြားလှပါတယ်။
ငါးလင်ပန်း၏ သိပ္ပံအမည်မှာ Anguilla bengalensis ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Mottled eel/ Longfin eel ဖြစ်ပါတယ်။ မြန်မာအခေါ်မှာ ငါးလင်ပန်း(ခေါ်) ငါးမြိတ်ထုံးဖြစ်ပါတယ်။ ငါးလင်ပန်းဟာ မျိုးရင်း Anguillidae၊ မျိုးစဉ်Actinopterygii တွင်ပါဝင်သော ငါးမျိုးစိတ်ဖြစ်ပြီး ရေအောက်ကြမ်းပြင်တွင်နေသော ငါးမျိုးဖြစ်ပါတယ်။
နေထိုင်ကျက်စားရာ အလေ့အထ🐟
ငါးလင်ပန်းငါးသည် မိတ်လိုက်ဥချချိန်တွင် ရေငန်သို့ သွားရောက်လေ့ရှိပြီး ကျန်ဘဝ အစိတ်အပိုင်းများကို ရေချိုတွင်သာ ရှင်သန်ပါတယ်။ ရေချိုမြစ်ချောင်း အင်းအိုင်များ၊ ဆည်ကြီးများနှင့် ကျောက်တုံးထူထပ်သောတောင်ကျချောင်းများအထိ ကျက်စားနေထိုင်တတ်ကြပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
ငါးလင်ပန်းရဲ့ အရွယ်အစား🐟
အများဆုံးတွေ့ရှိရသည့် အရှည်မှာ ၄ ပေခန့်ဖြစ်ပြီး Maximum length မှာ ၇ပေ ခန့်ထိ ရှိတတ်ပါတယ်။ ပုံမှန်အလေးချိန်မှာ ၂ပိဿာခန့် (၃.၅ ကီလိုခန့်) ဖြစ်၍ အများဆုံးမှာ ၄ ပိဿာခန့်(၇ ကီလိုခန့်) ထိတွေ့ရှိရတတ်ပါတယ်။
တွေ့ရှိရတဲ့ နိုင်ငံများ🐟
ငါးလင်ပန်းကို မြန်မာနိုင်ငံသာမက အာရှနိုင်ငံများဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ မလေးရှား အစရှိသည့် နိုင်ငံများတွင်လည်း တွေ့ရှိနိုင်ပြီး အိန္ဒိယနိုင်ငံတွင် မျိုးသုဉ်းမည့်အခြေအနေနှင့် ရင်ဆိုင်နေရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရှားပါးသည့် မျိုးစိတ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ပါတယ်။ ငါးလင်ပန်းအသားမှာ အာဟာရဓာတ်အများအပြားပါဝင်နေသောကြောင့် ကမ္ဘာမှာ ဈေးကြီးသည့် ငါးအမျိုးအစားဖြစ်ပါတယ်။
တွင်းအောင်းခြင်း အလေ့အထ🐟
ငါးလင်ပန်းငါးမှာ တွင်းအောင်းရသည်ကို နှစ်ခြိုက်သော ရေသတ္တဝါတစ်မျိုးလည်းဖြစ်ပါတယ်။ ပင်လယ်နှင့်နီးတဲ့ လယ်ကွင်းများတွင် ငါး၊ ပုစွန်၊ ကဏန်း၊ ငါးရှဥ့်၊ ငါးလင်ပန်းများ ပေါတတ်ပြီး မိုးဦးကျ၍ လယ်ကွင်းများအတွင်း ရေပြည့်လာသောအခါ ငါးလင်ပန်းများသည် လယ်ကန်သင်းများတွင် တွင်းအောင်းကြပါတော့တယ်။ နွေအခါ၌ ကြွက်များဖောက်ထားတဲ့ တွင်းတွေနဲ့ ကဏန်းတွင်းများထဲသို့ ဝင်နေကြပြီး ချောင်းရိုးမြောင်းရိုးများတွင်ရှိတဲ့ ဂလိုင်ခေါင်းများတွင်လည်း နေကြပါတယ်။ သူတို့ကိုယ်တိုင် တွင်းမဖောက်နိုင်ကြပါ။
တချို့မှာ လယ်ကွင်းများတွင် သားပေါက်ကြပြီး ထိုသားပေါက်များနှင့် တစ်မိုးတွင်းလုံးအတူနေကြ၍ မိုးကုန်ခါနီးဖြစ်သော တန်ဆောင်မုန်းလသို့ရောက်လျှင် ပင်လယ်ထဲသို့ ပြန်ဆင်းသွားကြလေ့ရှိပါတယ်။ အခြားသော ငါး၊ ပုစွန် များကဲ့သို့ ပင်လယ်ပြင်အနက်ကြီးအတွင်းသို့ ရောက်သည်အထိ မသွားကြပေ။ ပင်လယ်စပ်သောင်တိမ်များ၌သာ တွင်းဖောက်၍ အောင်းကြတော့သည်။
ငါးလင်ပန်းသားပေါက်ခြင်း🐟
ငါးလင်ပန်းတို့သည် မိတ်လိုက်ဥချသားပေါက်ချိန်တွင် ရေငန်ရှိရာ ပင်လယ်၊ သမုဒ္ဒရာဆီသို့ သွားရောက်လေ့ရှိပြီး ကျန်ဘဝအစိတ်အပိုင်းများကို ရေချိုတွင်သာရှင်သန်တတ်ပါတယ်။ ရေချိုမြစ်ချောင်း အင်းအိုင်များ၊ ဆည်ကြီးများနှင့် ကျောက်တုံးထူထပ်သော တောင်ကျချောင်းများအထိ ကျက်စားနေ ထိုင်တတ်ကြပါတယ်။ ရေငန်ဒေသတွင် သားပေါက်ပြီးသော ငါးလင်ပန်းသားလောင်းလေးများ eel larvae,glass eel နှင့် elvers များကို အပူပိုင်းဒေသ ပင်လယ်ရေနွေးစီးကြောင်းများမှတဆင့် ရေချို ရေငန်စပ်နှင့် မြစ်ချောင်းများရှိရာဒေသသို့ ပို့ဆောင်ပေးကြပြီး ရေချိုဒေသတွင် ဆက်လက်၍ အသက်ရှင်ကြီးထွားလေ့ရှိပါတယ်။

image

မြောက်ကိုရီးယားမှာ နျူကလီးယားစက်ရုံသစ် တည်ဆောက်နေတယ်လို့ အိုင်အေအီးအေ သတိပေး
ဗီယင်နာ၊ ဇွန်-၁၁-၂၀၂၅
မျိုးဆက်(VOM)
မြောက်ကိုရီးယားဟာ နိုင်ငံအနောက်မြောက်ပိုင်း ညောင်ဗြွန်းတွင် နျူကလီးယားနဲ့ပတ်သက်တဲ့ စက်ရုံသစ် တည်ဆောက်နေတယ်လို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) ကပြောပါတယ်။
ကန်ဆွန် နျူကလီးယားသန့်စင်ရေးစက်ရုံနဲ့ ဆင်တူတဲ့အရွယ်အစား၊ အသွင်အပြင်တွေရှိတဲ့ စက်ရုံသစ်ကို ညောင်ဗြွန်းမှာတည်ဆောက်နေတာကို အေဂျင်စီအနေနဲ့ စောင့်ကြည့်နေတယ်လို့ အိုင်အေအီးအေ ညွှန်ကြားရေးမှူးချုပ် ရာဖေးလ်ဂရော့ဆီက ပြောပါတယ်။
ညောင်ဗြွန်းမှာ အပေါ့စားနျူကလီးဓါတ်ပေါင်းဖိုတခုလည်း လည်ပတ်နေပြီး မြောက်ကိုရီးယားဟာ နျူကလီးယားသန့်စင်မှုလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ အရိပ်လက္ခာတွေ့ရတယ်လို့ အိုင်အေအီးအေ ဘုတ်အဖွဲ့အစည်းအဝေးမှာ သူကပြောပါတယ်။
နျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်လေ့ရှိတဲ့ ပန်ဂိုင်ရီမှာတော့ သိသာထင်ရှားတဲ့ အပြောင်းအလဲမတွေ့ရသေးဘူးလို့ ဆိုပါတယ်။ မြောက်ကိုရီးယားဟာ နျုကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်နေတာဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်ပြတ်သားသား ချိုးဖောက်နေတာလို့ အိုင်အေအီးအေ အကြီးအကဲက ဝေဖန်ပြောဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ နျူကလီးယားထုတ်လုပ်ရေးစခန်းနဲ့ နျူကလီးယားစက်ရုံတွေကို မကြာသေးခင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ အာဏာရအလုပ်သမားပါတီရဲ့ ရိုဒေါင်ဆင်မွန်သတင်းစာက ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရဲ့ ငါးနှစ်ကြာ ကာကွယ်ရေးအစီအစဉ်ဟာ ယခုနှစ်မှာကုန်ဆုံးမှာဖြစ်ပြီး နျူကလီးယားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်တွေကို ကင်ဂျုံအန်က ညွှန်ကြားခဲ့တယ်လို့ ဖော်ထြပားပါတယ်။
Ref:NHK

image
1 နှစ် - ဘာသာပြန်ပါ။

🏞 အခုချိန်ဟာ အနာဂတ်မျိုးဆက်သစ် ကလေးတွေအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ပြီး အသန့်ရှင်းဆုံးအခြေအနေနဲ့ အမွေချန်ထားခဲ့နိုင်အောင် ကျနော်တို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရမယ့် တာဝန်ဖြစ်နေပြီ။
ကျနော်တို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်လိုတဲ့/စိတ်ပါဝင်စားတဲ့ ကလေးတွေ လူကြီးတွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ဖြစ်ပျက်နေတဲ့အခြေအနေတွေကြောင့်ရယ် အသိပညာအားနည်းမှုကြောင့်ရယ် တကယ်တမ်းထိထိရောက်ရောက်အကောင်အထည်ဖော်နိုင်ဖို့က ခက်ခဲနေတုန်းပါပဲ။
ကျနော်တို့ကတော့ ... ကိုယ်တတ်နိုင်သလောက်ဆက်ပြီး လူးလွန့်လှုပ်ရှားပေးနေကြရပါဦးမယ်။
အိန္ဒိယနိုင်ငံက သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ရိုက်ကူးထားတဲ့ ရုပ်ရှင်တခုမှာ ဒီလိုပြောတာကို မှတ်သားမိတယ် ..
"လေ နဲ့ရေဆိုတာ ဘုရားကပေးထားတယ် - ဒါက သဘာဝပဲ၊ အလကားပဲလေ။ အလကားဆိုတာသိရင် လူတွေက ပျော်ကြတယ်။
ဒါပေမဲ့ အလကားရတာတွေကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပတွေကို လူတွေကပဲ ညစ်နွမ်းအောင်ဖျက်ဆီးနေကြတယ်လို့ ခံစားရတယ်။ ကျနော်တို့ ရခဲ့တဲ့ ရထားတဲ့ ကမ္ဘာကြီးပေါ်က သဘာဝအလှအပတွေဟာ ဘိုးဘွားပိုင်ပစ္စည်းတွေမဟုတ်ဘူး။
နောက်မျိုးဆက်တွေဆီက ချေးငှားထားတဲ့အရာတွေပဲ။ ဒီတော့ ကာကွယ်ပေးဖို့က ကျနော်တို့ရဲ့တာဝန် ၁၀၀% ရှိပါတယ်။
အနာဂတ်မျိုးဆက်သစ်လေးတွေလာတဲ့အခါ ကျနော်တို့ကာကွယ်ထားသလောက် သဘာဝအလှအပကြီးကို သူတို့ခံစားကြရမယ် သူတို့ ပျော်ကြရမယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ အရမ်းကို အရေးကြီးတာ။ ကျောင်းတွေ ပညာရေးတွေကလည်း အနာဂတ်ကလေးတွေအတွက် အကုန်အရေးကြီးတာပါပဲ..

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အရန်ဆန် မက်ထရစ်တန်နှစ်သိန်း ဂျပန်အစိုးရထုတ်ရောင်း
ဂျပန်နိုင်ငံတွင် ယမန်နှစ်မှစ၍ ဆန်ဈေးနှစ်ဆတက်လာမှုကို ကိုင် တွယ်ဖြေရှင်းရန်အတွက် အရေးပေါ်ဆန်ထဲမှ နောက်ထပ် ဆန်တန်ချိန် မက်ထရစ်တန် နှစ်သိန်းကို ထပ်မံရောင်းချပေးမည်ဟု ဂျပန်အစိုးရက ဇွန် ၁ဝ ရက်တွင် ပြောသည်။
တိုကျိုနှင့် ကျန်တစ်နိုင်ငံလုံး၌အဓိကရွေးကောက်ပွဲများ မတိုင်မီဆန်ဈေးများမြင့်တက်လာခြင်းသည် စားသုံးသူနှင့် မူဝါဒချမှတ်သူများအတွက် အဓိကစိုးရိမ်စရာဖြစ်လာသည်။ လွန်ခဲ့သည့် သီတင်းပတ်ကျော်က စတိုးဆိုင်များတွင် ဆန်ပြတ်လပ်မှုများ စတင်ပြီးနောက် စားသုံးသူများသည်ဆန်ငါးကီလိုဂရမ်ကို ယန်း နှစ်ထောင်ဖြင့် ဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေရသည်။
သိုလှောင်ထားသော အရန်ဆန်များ စားသုံးသူများထံ မြန်မြန် ဆန်ဆန်နှင့်ဈေးသက်သာစွာ ရောက်ရှိနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီက ပြောသည်။
ဂျပန်တာဝန်ရှိသူများသည် မတ်လမှစ၍ အရေးပေါ်ဆန်တန်ချိန် ခန့်မှန်းခြေ ကိုးသိန်းအနက် ခြောက်သိန်းကျော်ကို ထုတ်ရောင်းခဲ့ပြီးဖြစ်သည်။ အရေးပေါ်ဆန် အားလုံးကို ထုတ်ရောင်းပေးမည်ဖြစ်ပြီး ဈေးနှုန်းများတည်ငြိမ်ရန်လိုအပ်ပါက သွင်းကုန်များအသုံးပြုရန် အဆင်သင့်ရှိကြောင်း ၎င်းကပြောသည်။
ဆန်နှင့်ပတ်သက်သည့်ပြဿနာများကို ဆောလျင်စွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း စိုက်ပျိုးရေးဝန်ကြီးကပြောသည်။ ဇွန် ၉ ရက်အချက်အလက်များအရ ဇွန် ၁ ရက်မှ ၇ ရက်အတွင်း ဆန်ဈေးနှုန်းသည် ငါးကီလိုဂရမ်လျှင် ယန်းငွေ ၄၂၂၃ ယန်း ရှိခဲ့ပြီး လွန်ခဲ့သည့် သီတင်းပတ်ကထက် ၃၇ ယန်း ကျဆင်းခဲ့သည်။
စီအင်န်အေ

image
1 နှစ် - ဘာသာပြန်ပါ။

⛈ အပူပိုင်းမုန်တိုင်းငယ် ONE (Tropical Depression ONE) ဖြစ်လာပြီးဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို JTWC က ထုတ်ပြန်ထားပါတယ်။
အပူပိုင်းမုန်တိုင်းငယ် ONE ရဲ့ သက်ရောက်မှုကြောင့် ယနေ့ ဇွန်လ ၁၁ ရက် မှာ -
⚠️ မန္တလေးတိုင်း ပြင်ဦးလွင်မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၄.၃၉ လက်မ ရွာနိုင်/မိုးများနိုင်ပါမယ်။
⚠️ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအချို့နဲ့ တာချီလိတ်မြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂.၂၄ လက်မ ရွာနိုင်/မိုးများနိုင်ပါမယ်။
⚠️ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ၂၄ နာရီ မိုးရေချိန် ၁.၃၈ လက်မ (မိုးအသင့်အတင့်)နဲ့ မန္တလေးတိုင်း၊ မန္တလေးမြို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၁.၁၅ လက်မ(မိုးအသင့်အတင့်) ရွာနိုင်ပါမယ်။
⚠️ ကယားပြည်နယ်တောင်ပိုင်းမှ ဘောလခဲ၊ ဖာဆောင်း မြို့တွေမှာလဲ ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မ အထက်(မိုးအသင့်အတင့်)ရွာနိုင်ပါမယ်။
ကျန်ပြည်နယ်/တိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ထစ်ချုန်းရွာနိင်ပါတယ်။
🔸 မိုးများနိုင်၍ သတိထားရမည့်ဒေသများကို ဦးစားပေး/အသိပေးသည့် post ဖြစ်ပါတယ်။

image

#နိုင်ငံတကာသမိုင်းရက်စွဲ
အာဖရိကတွင် ဖီဖာကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ်ကျင်းပမှုအဖြစ် ၂ဝ၁ဝ ပြည့်နှစ် ဇွန် ၁၁ ရက်တွင် တောင်အာဖရိကနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ဗိုလ်လုပွဲတွင် စပိန်အသင်းက အနိုင်ရရှိခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

အက်ဖ်အေတွေကတော့ ကိုယ့်ဘာသာ ကြည့်ကျက်ကားလမ်းကူး

image