“Incredibles 3” ရဲ့ ဒါရိုက်တာ အပြောင်းအလဲ
Brad Bird ကတော့ Incredibles နှစ်ကားလုံးကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး သူက လက်ရှိမှာ ဆယ်စုနှစ်တစ်ခုကျော် ပြင်ဆင်နေတဲ့ ပရောဂျက် “Ray Gunn” ကို ရိုက်ကူးနေတာမို့ “Incredibles 3” ကို အချိန်မပေးနိုင်တော့ဘူးလို့သိရပါတယ်။
ဒါ့ကြောင့် Pixar က “Elemental” နဲ့ “The Good Dinosaur” တို့ကို ရိုက်ကူးခဲ့တဲ့ Peter Sohn ကို “Incredibles 3” ရဲ့ ဒါရိုက်တာအဖြစ် တာဝန်ပေးလိုက်ပါတယ်။
ဒါပေမယ့် Brad Bird က “Incredibles” ရုပ်ရှင်နှစ်ကားလုံးမှာ ဒါရိုက်တာလုပ်ခဲ့သူဖြစ်ပြီး၊ “Incredibles 3” အတွက် ဇာတ်ညွှန်းနဲ့ တတိယအပိုင်းမှာ co-producer အဖြစ်လည်း ပါဝင်မှာပါ။ ဒါ့အပြင် အရင်ရုပ်ရှင်နှစ်ကားက ဝေဖန်ရေးသမားတွေဆီကလည်း အောင်မြင်မှုရခဲ့ပြီး၊ ကမ္ဘာတဝှမ်း box office မှာ ဒေါ်လာ ၁.၈ ဘီလီယံလောက် ရရှိခဲ့ပါတယ်။
Disney က ၂၀၂၄ သြဂုတ်မှာ ကျင်းပခဲ့တဲ့ D23 Expo မှာ “Incredibles 3” ကို ကြေညာခဲ့ပြီး Brad Bird က ပရောဂျက်ကို “developing” လုပ်နေတယ်လို့ ပြောခဲ့ပေမယ့်၊ သူ့ရဲ့ အချိန်ဇယားက Skydance နဲ့ Disney ရဲ့ “1906” အပါအဝင် “Ray Gunn” ကို အာရုံစိုက်နေရတာမို့ ဒီတစ်ကြိမ်မှာ ဒါရိုက်တာအဖြစ် မပါဝင်နိုင်ခဲ့ပါဘူးလို့သိရပါတယ်။
သတင်းကောင်းကတော့ “Ray Gunn” ပရောဂျက်ကို Netflix က ဒေါ်လာ ၁၅၀ သန်းဘတ်ဂျက်နဲ့ ထောက်ပံ့ပေးခဲ့ပြီး နောက်နှစ်မှာ ထွက်ရှိလာဖွယ်ရှိပါတယ်။ “Ray Gunn” က Brad Bird ရဲ့ နှစ် ၃၀ နီးပါး စိတ်အားထက်သန်စွာ လုပ်ကိုင်ခဲ့တဲ့ passion project တစ်ခုပါ။ စာရေးဆရာ Matthew Robbins နဲ့ အတူ စတင်ဖန်တီးခဲ့တာဖြစ်ပြီး၊ အနာဂတ်ကမ္ဘာမှာ လူသားနဲ့ ဂြိုလ်သားတွေ အတူနေထိုင်တဲ့ နောက်ဆုံး လူသားစုံထောက် Raymund Gunn ရဲ့ ဇာတ်လမ်းကို ပြောပြမယ်လို့ သိရပါတယ်။
Brad Bird က Animation နယ်ပယ်မှာ တကယ့် visionary တစ်ယောက်ပါ။ သူ့ရဲ့ ထင်ရှားတဲ့ လက်ရာတွေထဲမှာ “Incredibles”၊ “The Iron Giant”၊ “Ratatouille”၊ “Mission: Impossible — Ghost Protocol” တို့ ပါဝင်ပါတယ်။

image