အရည်သောက်ဟင်းလေးစားချင်လို့...😋😋
စျေးထဲမှာရှိတဲ့ရသလောက်အသီးအရွက်လေးနဲ့ပဲ.....
ချက်ထားရတဲ့တာလပေါဟင်း
(ချက်နည်းမပြည့်စုံရင်လည်းခွင့်လွှတ်ပါလို့)
✏ ကြက်ရိုးတွေရေဆေး ဆား ဆနွင်း အရသာမှုန့်လေးနယ်ပြီး
ဂျင်းထောင်းထည့်ပြီးပြုတ်ထား
✏ ဗူးညွန့်တစ်စည်း ၊မျှစ်ဝါနု ၁၀သား ၊ရုံပတီသီး ၁၀တောင့် ၊
မုန်ညင်းဖူး တစ်စည်း ၊ငရုတ်အနီတောင့် ၇တောင့် ၊ဆူးပုတ်
တစ်စည်း...တိုကိုဆားရည်နဲ့စိမ်ရေဆေးပြီး ရေစစ်ထားပါ။
✏ ဆန်လက်တစ်ဆုပ်ကိုလှော်ပြီးထောင်းထားပါ။
✏ ဟင်းရည်အိုးဆူလာရင် မျှင်ငပိလက်ဖက်စားဇွန်းတစ်ဇွန်းထည့်
ကြက်သွန်ဖြူနှစ်လုံးထောင်းထည့် ။ကြက်သွန်နီတစ်လုံးလေးစိတ်
စိပ်ထည့်ပါ။
✏ ဆန်လှော်မှုန့်ထောင်းထားတာလေးထည့်ပြီးဆူအောင်ထား
✏ ပြီးရင်တော့မျှစ်အရင်ထည့်မယ်....
ကျန်တဲ့အသီးအရွက်တွေအုပ်ပြီး ဆား အရသာမှုန့်လေးခပ်
ငရုတ်ကောင်းမှုန့်လေးဖြူး ဆူးပုတ်ရွက်လေးအုပ်လိုက်ပါ။
😋ဆန်လှော်မှုန့်နံ့မွှေးမွှေးလေးနဲ့အရမ်းစားကောင်းတဲ့
တာလပေါဟင်းလေးတစ်ပွဲရပါပြီနော်.......🍲
🙂 လိုအပ်ချက်လေးတွေရှိရင်လည်းပြောပြပေးပါလို့
