30 ပတ် - ဘာသာပြန်ပါ။

တရုတ်နှင့်တောင်ကိုရီးယားတို့ ဟောင်ဝဇ္ဇာစျေးကွက်တွင် ယှဉ်ပြိုင်မှုမြင့်တက်

အဘူဒါဘီ၊ ဖေဖော်ဝါရီ ၂၀

တရုတ်နှင့် တောင်ကိုရီးယားတို့အကြား တာဝေးပစ် ဟောင်ဝဇ္ဇာအမြောက်များ ရောင်းချမှုစျေးကွက်တွင် ပြိုင်ဆိုင်မှု မြင့်တက်နေကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

တရုတ်နှင့် တောင်ကိုရီးယားမှ ကာကွယ်ရေး ကန်ထရိုက်တာများသည် ယခုသီတင်းပတ်အတွင်း အဘူဒါဘီ (Abu Dhabi) တွင် ပြုလုပ်ခဲ့သည့် နိုင်ငံတကာကာကွယ်ရေးပြပွဲ(IDEX)၌ ၎င်းတို့၏ နောက်ဆုံးပေါ် လက်နက်စနစ်များ ကို ပြသခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး လက်နက်ပြပွဲများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည့် IDEX ပြပွဲ၌ တရုတ်၏ Norinco ကာကွယ်ရေးကုမ္ပဏီက ၎င်းတို့၏ ၁၅၅ မမ SH16A ဟောင်ဝဇ္ဇာကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။

ယူအေအီးနိုင်ငံတွင် ပြုလုပ်သည့် အဆိုပါ လက်နက်ပြပွဲသည် တရုတ်နိုင်ငံအတွက် ၎င်းတို့၏ ဟောင်ဝဇ္ဇာ အမြောက်ကို ပြည်ပ၌ ပြုလုပ်သော လက်နက်ပြပွဲမှာ ပထမဆုံးအကြိမ် ပြသခဲ့ခြင်းလည်းဖြစ်သည်။

တရုတ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သည့် ကျူးဟိုင်းလေကြောင်းပြပွဲ (Zhuhai Airshow) တွင် ထိုဟောင်ဝဇ္ဇာအမြောက်ကို ပထမဆုံးအကြိမ် မိတ်ဆက်ပြသခဲ့သည်။

တရုတ်က ပြသထားသည့် ဟောင်ဝဇ္ဇာအမြောက်နှင့် မီတာအနည်းငယ် အကွာတွင်မူ တောင်ကိုရီးယား၏ Hanwha Aerospace ကုမ္ပဏီကလည်း ၎င်းတို့၏ K9 Thunder ဟောင်ဝဇ္ဇာအမြောက်ကို ပြသခဲ့သည်။

ထိုဟောင်ဝဇ္ဇာသည် တောင်ကိုရီးယားလုပ် အင်ဂျင်တပ်ဆင်ထားသည့် ပထမဆုံးနှင့် နောက်ဆုံးပေါ် ဟောင်ဝဇ္ဇာ ဖြစ်ပြီး ယခင်မော်ဒယ်များတွင်မူ ဂျာမနီလုပ် အင်ဂျင်များကို တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

တာဝေးပစ် ဟောင်ဝဇ္ဇာအမြောက်များသည် အစိုးရတပ်ဖွဲ့များနှင့် အတိုက်အခံ လက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားသည့် ပဋိပက္ခများ၊ အထူးသဖြင့် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားသည့် ပဋိပက္ခများ၌ အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

ဆော်ဒီသည် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ယီမင်စစ်ပွဲအတွင်း အီရန်က ကျောထောက်နောက်ခံ ပေးထားသော ဟူရ်သီသူပုန်များကို Norinco ကုမ္ပဏီ၏ PLZ-45 ဟောင်ဝဇ္ဇာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အစ္စရေးကလည်း ဂါဇာတွင် ဟားမာ့စ်တို့နှင့် ဖြစ်ပွားသည့် စစ်ပွဲအတွင်း အမေရိကန်လုပ် M109 ဟောင်ဝဇ္ဇာများကို အသုံးပြု တိုက်ခိုက်ခဲ့သည်။

Source: South China Morning Post

ပုံ - တောင်ကိုရီးယားရဲ့ ဟောင်ဝဇ္ဇာအမြောက်များကို တွေ့ရစဉ်

#centralnewsnaypyitaw

image

တောင်ကြီး-လွိုင်ကော် ပို့ဆောင်လာတဲ့ ကုန်စည်တွေ ဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှသာ ထုတ်ယူခွင့်ပြုမယ်

ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ကနေ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပို့ဆောင်လာတဲ့ ကုန်စည်ပစ္စည်းတွေကို ဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှသာ ထုတ်ယူခွင့်ပြုသွားမှာဖြစ်တယ်လို့ ​ဒေသခံ သတင်းရင်းမြစ်တွေထံက ပြောပါတယ်။

ကယားပြည်နယ်အတွင်းရှိ ဒေသတွင်းလက်နက်ကိုင်အင်အားစုတွေကို ထောက်ပို့လုပ်မှာစိုးရိမ်တာကြောင့် တောင်ကြီးမြို့ကနေ လွိုင်ကော်မြို့ကို ကုန်ပစ္စည်းပို့ပါက ပစ္စည်းစာရင်းအသေးစိတ်၊ အရေအတွက် အတိအကျနဲ့ စစ်ကောင်စီဒေသကွပ်ကဲရေးအဖွဲ့လက်မှတ်ပါမှ ပို့ဖို့ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

“လွိုင်ကော်မှာလည်း လက်မှတ်ပါမှ ထုတ်ပေးလို့ရတာကြောင့် လက်မှတ်ပါမှ ပစ္စည်းပို့ဖို့ ပြောထားရတယ်။ လူကော၊ ကုန်ကောပါရင်တော့ ပြဿနာမရှိပေမယ့် ကုန်ပစ္စည်းတွေပဲ တင်မယ်ဆိုရင်တော့ လက်မှတ်က ပါကိုပါမှ ပေးတင်တာ။ လူ​ရော ကုန်​ရော ပါရင်တောင် ပစ္စည်းတွေ ဖွင့်စစ်ပြီးမှ ပေးတင်တာ”လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

အဲဒီလို တင်ပို့လိုက်တဲ့ ပစ္စည်းတွေကို လမ်းခရီးမှာ ချယူလို့မရဘဲ လွိုင်ကော်မြို့ဘောလုံးကွင်းဝန်းအတွင်းရှိ နစက ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ ရှေ့မှာ စစ်ဆေးပြီးမှသာ ပစ္စည်းထုတ်ယူခွင့်ပြုနေတာဖြစ်တယ်လို့ ယာဥ်လိုင်းဂိတ်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

“လမ်းမှာ လုံးဝပေးမချဘူး။ တောင်ကြီးက တင်လာတဲ့ပစ္စည်းစာရင်းအတိုင်း လွိုင်ကော်မှာ ပြရတယ်။ လျော့နေလို့ မရဘူး။ အဓိကကတော့ ထောက်ပို့လုပ်မှာ စိုးရိမ်တာကြောင့်လို့ ပြောတာပဲ။ ဒီရောက်ရင်လည်း အဆင့်ဆင့်စစ်ဆေးပြီးမှ ပစ္စည်းပေးထုတ်တာ”လို့ ယာဉ်လိုင်းဂိတ်တာဝန်ရှိသူတယောက်က ပြောပါတယ်။

တောင်ကြီးကနေ လွိုင်ကော်မြို့ကို တောင်ကြီး - ဆိုက်ခေါင် - ဆီဆိုင် - လွိုင်ကော်ကို မော်တော်ယာဥ်လိုင်းတွေ ပြေးဆွဲနေပြီး ကုန်ပစ္စည်းတွေ သယ်ဆောင်ခွင့် တင်းကြပ်ထားပေမယ့် ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေကတော့ တစ်ရက်ကို ၁၀စီးထက်မနည်း ရှိနေတယ်လို့လည်း သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
30 ပတ် - ဘာသာပြန်ပါ။

အိုမင်းလာသောအခါ
တချိန် ခင်ဗျား အသက်ကြီးလာတဲ့အခါ
ခုံတစ်လုံးပေါ် ထိုင် တနေရာရာကို ငေးကြည့်နေရင်း
ဟိုတွေး ဒီတွေး တွေးမိလာလိမ့်မယ်
အဲဒီအချိန်မှာ ခင်ဗျားဟာနောက်ထပ်နေရလည်း
နှစ်အနည်းငယ် / လအနည်းငယ်လောက်ပေါ့
ခင်ဗျားစားနိုင်လည်း အလွန်ဆုံးတစ်ပန်းကန်
ခင်ဗျားအိပ်နိုင်လည်း အလွန်ဆုံး ၄ / ၅ နာရီပေါ့
လုပ်စရာအလုပ်တွေလည်း မယ်မယ်ရရသိပ်မရှိတော့ဘူး
သွားစရာလည်း သိပ်မရှိတော့သလို
သွားလည်းမသွားချင်တော့ဘူး
စားစရာလည်း သိပ်မရှိတော့သလို
စားတိုင်းလည်း အရသာ သိပ်မတွေ့တော့ဘူး
နေရတာ ပျင်းစရာကောင်းတယ်လို့
ခပ်စိပ်စိပ်တွေးမိလာမယ်
ခင်ဗျားအပေါ်လူတွေရဲ့သတ်မှတ်ချက်တွေဟာ
သိပ်အရေးမကြီးတော့ဘူး
လူဆိုတာ အသစ်အသစ်တွေကိုပဲစိတ်ဝင်စားကြပြီး
အဟောင်းအဆွေးခင်ဗျားကို ဘယ်သူကမှ
ကြာကြာအဖက်လုပ်ကြမှာမဟုတ်တော့ဘူး
ခင်ဗျားရှာထားခဲ့တဲ့တိုက်တွေကားတွေဟာ
ငယ်ငယ်ကထင်သလောက် သိပ်အရေးမကြီးတော့ဘူး
ရာထူး အာဏာဆိုတာလည်း
ထင်သလောက်မဟုတ်တော့ဘူး
အတိတ်က ရန်ပွဲတွေဟာ ဘာမှအရေးမပါတော့သလို
ဘဝ တလျှောက်လုံး ဘာမဟုတ်တာတွေကြောင့်
ပင်ပန်းခဲ့ရတယ်ဆိုတာ သိလာလိမ့်မယ်
အတူတူ အိုမင်းကြမယ်ဆိုတဲ့ လူတွေ မရှိတော့သလို
မထင်ထားတဲ့ လူတွေနဲ့ မထင်ထားတဲ့နေရာကို
ရောက်ချင်လည်းရောက်နေလိမ့်မယ်
( ဇာတ်ဆရာအလိုကျပေါ့လေ )
တချို့လည်း သေကုန်ပြီ
တချို့လည်း ပျောက်ကုန်ကြပြီ
တချို့လည်း ခပ်ယဲ့ယဲ့
တချို့က ခပ်မဲ့မဲ့
လူတချို့ကိုပြန်တောင်းပန်ချင်တဲ့စိတ်တွေ
ခင်ဗျားဆီမှာ ဖြစ်ချင်ဖြစ်လာလိမ့်မယ်
ဒါပေမယ့် သူတို့ မရှိကြတော့ဘူး
ကိစ္စတချို့ကို အခုချက်ချင်းထလုပ်ချင်စိတ်တွေပေါ်လာလိမ့်မယ်
ဒါပေမယ့် ခင်ဗျားရဲ့ကိုယ်ခန္ဓာက ခွင့်မပြုတော့ဘူး
ဘဝရဲ့ ငယ်ရွယ်နုပျိုမှုဆိုတာ
လျှပ်စီးလက်သလို ခဏ ပဲရတယ်ဆိုတာသိလာလိမ့်မယ်
တချိန်ထဲမှာပဲ အိုမင်းချိန်ကတော့ ကြာလွန်းတယ်လို့
ခင်ဗျားတွေးမိလာလိမ့်မယ်
နောက်ဆုံးတော့
ဘဝ ဆိုတာ ဘာမှသိပ်မဟုတ်ပါလားလို့
ပကတိ အရှိတရားကိုမြင်လာချိန်မှာ...
ခင်ဗျား နှစ်နှစ်ကာကာပြုံးမိလိမ့်မယ်။
#credit

image

ဆင်တစ်ကောင်းကိုငယ်ငယ်လေးကတည်း က သံကြိုးနဲ့ချည်ထားချင်းခံရရင်အဲဒီ ဆင် ဟာသံကြိုးရဲ့အရှည်ရှိသလောက်ပဲ့သွားတယ်သံကြိုးကတင်းလာရင်ဆက်မလျှောက်တော့ဘူး၊အားစိုက်လည်းမရုန်းကြည့်ဘူး အဲဒါသူစိတ်ကိုကငါလုပ်မနိုင်ဘူးထင်နေလိုပါ။လောကမှာလည်းတစ်ချိုရာတွေက ကိုယ့်မနိုင်ဘူးထင်နေဘာစေ စမ်းလုပ်ကြည့်ဖို့မကြောက်ပါနဲ့ အထင်ဆိုဒါအထင်သက်သက်ပါလက်တွေ့မဟုတ်ပါဘူးမိတ်ဆွေ

image
30 ပတ် - ဘာသာပြန်ပါ။

Demon Slayer: Kimetsu no Yaiba Infinity Castle Movie ဂျပန်မှာထွက်ရှိမယ့်ရက်ကို March လ 1 ရက်နေ့ 7pm (JST) မှာကြေညာမယ်လို့ အတည်ပြုသွားခဲ့ပါပြီ။

image

ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ
ကော်ဖီ ဆိုတာ

ကော်ဖီဟာ ကိုကာကိုလာ၊ ဆန်းကစ် စတဲ့အချိုရည်တွေလို တကမ္ဘာလုံးရှိ လူအတော်များများ နှစ်ခြိုက်စွာသောက်သုံးနေကြတဲ့အရည်အမျိုးအစားတွေထဲက တမျိုးဖြစ်ပါတယ်။သုတေသနတွေအရ တကမ္ဘာလုံးအတိုင်းအတာနဲ့ တနှစ်တနှစ်ကို ကော်ဖီသောက်သုံးမှုဟာ ခွက်အရေအတွက်ပေါင်း ဘီလျံ ၄၀၀ ကျော်ရှိနိုင်တယ်လို့ သိရပါတယ်။

ကော်ဖီမှာ ဘလက်ကော်ဖီ(Black coffee)၊ကတ်ပူချီနို(Cappucino)၊ခရင်မီကော်ဖီ (Creamy coffee)၊အမေရိကာနို(Americano)၊အိုက်စ်ကော်ဖီ(Ice coffee) စသဖြင့် အမျိုးမျိုးရှိပါတယ်။

ကော်ဖီသောက်ခြင်းက ကောင်းကျိုးလား ဆိုးကျိုးလား

ကော်ဖီသောက်ခြင်းနှင့်ပတ်သက်ပြီးတော့
ကျန်းမာရေးအတွက်ကောင်းတယ်ဆိုပြီး ရေးသားပြောဆိုချက်တွေဆောင်းပါးတွေရှိသလို ကျန်းမာ ရေးအတွက်ဆိုးကျိုးကိုဖြစ်စေတယ်ဆိုပြီး ရေးသားပြောဆိုချက်တွေဆောင်းပါးတွေလည်းရှိပါတယ်။

အဲ့အခါမှာ စာဖတ်ပရိတ်သတ်အတော်များများအနေနဲ့ ကော်ဖီသောက်ခြင်းဟာ ကျန်းမာရေးအတွက်ကောင်းလား ဆိုးလားဆိုတာကို သေချာမသိဘဲ ဇဝေဇဝါဖြစ်ရပါတယ်။ တကယ်တော့ ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲရှိတယ်ဆိုတဲ့အတိုင်းပါပဲ ကော်ဖီသောက်တာဟာ ကောင်း ကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။

ကောင်းကျိုးက ဘာတွေလဲ

သောက်တဲ့အမျိုးအစား၊သောက်တဲ့ပမာဏ၊အကြိမ်ရေ၊သောက်တဲ့အချိန်နဲ့ သောက်တဲ့သူရဲ့ကျန်းမာရေးအခြေအနေစတာတွေပေါ်မှာလည်းမူတည်ပါတယ်။

• ကော်ဖီမှာ ကဖင်းဓါတ်(Caffine)ကအဓိကအနေနဲ့ပါဝင်လေ့ရှိပြီး ကဖင်းဓါတ်ရဲ့ကောင်းကျိုးတွေအနေနဲ့ကတော့ သင့်တင့်ရုံပမာဏမှာ ဆိုရင် လူကိုလန်းဆန်းတက်ကြွစေပြီး ခန္ဓာကိုယ်ရှိကယ်လိုရီတွေကိုလောင်ကျွမ်းစေကာ ဝိတ်ကျပိန်စေနိုင်ပါတယ်။
• ကော်ဖီဟာ အူလမ်းကြောင်းလှုပ်ရှားမှုကိုပိုမြန်စေပြီး ဝမ်းသွားချင်စိတ်ကိုဖြစ်စေတဲ့အတွက် ဝမ်းချုပ်ခြင်းကိုကင်းစေကာ အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။
• ခုနောက်ပိုင်းသုတေသနလေ့လာချက်တွေအရ ကော်ဖီသောက်ခြင်းဖြင့် အမျိုးအစား ၂ ဆီးချိုရောဂါ၊ပါကင်ဆန်ရောဂါ၊အသည်းကင်ဆာနဲ့အသည်းရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေနိုင်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားထားပါတယ်။

ဆိုးကျိုးတွေ

ကော်ဖီသောက်ခြင်းဖြင့် ရနိုင်ခြေရှိတဲ့ဆိုးကျိုးတွေကတော့ –

• ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က သင့်တော်တဲ့ပမာဏမှာဆိုရင် လူကို လန်းဆန်းတက်ကြွစေတာမှန်ပေမယ့် ပမာဏများသွားတဲ့အခါမှာဆိုရင် နှလုံးခုန်မြန်တာ၊ရင်တုန်တာ၊စိတ်ပူပန်သလိုမျိုးဂဏှာမငြိမ်သလိုမျိုးဖြစ်တာ (Caffine related anxiety disorder)၊အိပ်မပျော်တာ မျိုးတွေကိုခံစားကြုံတွေ့ရနိုင်ပါတယ်။
• ကျန်းမာရေးမကောင်းတဲ့သူတွေ၊ နဂိုကတည်းကရင်တုန်တတ်တဲ့သူတွေဆိုရင် ကော်ဖီကို ပမာဏများများသောက်တာမဟုတ်ဘဲ တခွက်လောက်သောက်မိရုံနဲ့လည်းဖြစ်နိုင်ပါတယ်။
• ကော်ဖီဟာ အစာရေမျိုပြွန်တလျှောက်က ကြွက်သားတွေကိုအားနည်းစေတတ်တာကြောင့် စားပြီးသားအစာတွေအပေါ်ပြန်တက်တဲ့ GERD(Gastro-oesophageal reflux disease)လို့ခေါ်တဲ့ စားချဉ့်ပြန်ရောဂါအခံရှိပါက ရောဂါပိုဆိုးစေနိုင်ပါတယ်။
• ကဖင်းဓါတ်က အူလမ်းကြောင်းလှုပ်ရှားမှုကိုမြန်စေတဲ့အတွက် အခန့်မသင့်ရင် ဝမ်းလျှောတာ ဖြစ်စေနိုင်သလို ဆီးကိုလည်းများများနဲ့မြန်မြန်ဖြစ်စေတဲ့အတွက် ဆီးခဏခဏသွားပြီး ရေခဏခဏဆာတာကိုလည်းဖြစ်စေနိုင်ပါတယ်။
• ကဖင်းဓါတ်ကြောင့် အသက်အန္တရာယ်ထိခိုက်တဲ့အထိဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးကြီးတခုလည်းရှိပါတယ်။အဲ့ဒါကတော့ Rhabdomyolysis လို့ခေါ်တဲ့ ကြွက်သားဆဲလ်တွေပျက်စီးတဲ့ရောဂါပါ။ ကော်ဖီတွေအများကြီးသောက်မိပြီး ကဖင်းဓါတ်တွေအများကြီး ကိုယ်ခန္ဓာထဲရောက်သွားတဲ့အခါ ဖြစ်နိုင်ပါတယ်။ ဖြစ်လေ့ဖြစ်ထသိပ်မရှိပေမယ့် အခန့်မသင့်ရင်ဖြစ်တတ်တဲ့ ဆိုးကျိုးကြီးတခုပါ။ ကြွက်သားတွေပျက်စီးတဲ့အခါမှာ Myoglobin လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတမျိုးထွက်လာပြီး ထိုဓါတ်ပစ္စည်းက ကျောက်ကပ်နဲ့တခြားကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကိုထိခိုက်စေနိုင်ပါတယ်။ လက္ခဏာအနေနဲ့ကတော့ ပျို့အန်တာ ဆီးမည်းတွေသွားတာ မျက်နှာတွေဖောရောင်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။

ဘာတွေလုပ်သင့်သလဲ

ဒီလိုတွေဖြစ်လာရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းပြသဖို့လိုပါတယ်။ အဆုံးသတ်အနေနဲ့အကြံပေးချင်တာကတော့ ကော်ဖီသောက်တဲ့အခါမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ဘေးထွက်ဆိုးကျိုးနဲအောင် သင့်တော်တဲ့ပမာဏလောက်ပဲသောက်ပါ။သုတေသနပြုချက်တွေအရ လူတယောက်ဟာ တနေ့ကို ကဖင်းဓါတ် အများဆုံး ၃၅၀ mg ပဲသောက်သင့်ပါတယ်။

အကြမ်းအားဖြင့်ပြောရရင်တော့ ကော်ဖီကို တနေ့ အများဆုံး သုံးခွက်အထက် ပိုမသောက်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်တွေနဲ့နို့တိုက်မိခင်တွေဆိုရင်တော့ ကော်ဖီရှောင်နိုင်ရင်ကောင်းပါမယ်။ မရှောင်နိုင်ရင်တော့ တရက်ခြား တခွက်လောက်ပဲသောက်သင့်ပါတယ်။ သောက်တဲ့အခါမှာလည်း ကော်ဖီစေ့ကိုကျိတ်ထားတဲ့ ကော်ဖီမှုန့်စစ်စစ်ကိုပဲ ရွေးချယ်ဝယ်ယူသောက်သုံးသင့်ပါတယ်။

အစာအိမ်ရောဂါအခံရှိတဲ့သူတွေ၊ရင်တုန်တတ်တဲ့သူတွေ၊လတ်တလောဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့သူတွေကတော့ ကော်ဖီလုံးဝမသောက်သင့်ပါ။

ညအိပ်ခါနီးကော်ဖီသောက်ခြင်းကိုရှောင်ပါ လို့ အကြံပေးချင်ပါတယ်။

image
30 ပတ် - ဘာသာပြန်ပါ။

၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့သည်။
မန္တလေးမြို့ စိန့်ပီတာကျောင်း (အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း)တွင် အထက်တန်းအောင်မြင်ခဲ့သည်။
၁၉၇၉ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်တွင် ဇီဝဓာတုဗေဒသရုပ်ပြ အဖြစ် လုပ်ကိုင်ခဲ့သည်။


#myanmarhistorical

image
30 ပတ် - ဘာသာပြန်ပါ။

◾️Senior Auditor - Mandalay
Company: Yadanabon Hospital (Ta Khun Taing Project)
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/22875

◾️Secretary - Yangon
Company: Global World Insurane
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/22854

◾️L2 IES Technician - Yangon
Company: AGB Communication
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22850

◾️Interviewer & Presenter - Yangon
Company: iMyanmarHouse
Salary Range: Negotiation
https://www.joimyanmar.com/job/detail/22859

image
30 ပတ် - ဘာသာပြန်ပါ။

ကျောက်ကပ်ဆေးမယ့် မိခင်ကို သွားရောက်ဖျော်ဖြေပေးခဲ့တဲ့ ဂျွန်လွင် 🥰🥰🥰
ဂျွန်လွင်က မိခင်ကို မပျင်းရအောင်လို့ သွားရောက်ဖျော်ဖြေပေးခဲ့တာပါ။ မိခင်ကို လိုလေသေးမရှိအောင် ထားတဲ့ ဂျွန်လွင်က အလုပ်အကိုင်တွေလည်း အဆင်ပြေပြီး မိခင်ဆီက ကောင်းချီးတွေကို အမြဲရရှိနေသူပါ။ မိခင်အနားမှာ အမြဲသွားရောက်ပြုစုပေးပြီး ကျောက်ကပ်ဆေးမယ့် မိခင်ကို မပျင်းရအောင် စနောက်ပြီး သွားရောက်ဖျော်ဖြေနေခဲ့တာပါ။

#celenews

image
30 ပတ် - ဘာသာပြန်ပါ။

ဝူဟန်မြို့မှာရှိတဲ့ ကမ္ဘာ့ပထမဆုံး မိုးပျံရထားကို တွေ့ရတာဖြစ်ပါတယ်။ monorail လို့ခေါ်တဲ့ သံလမ်းမှာ ရထားကို တွဲလောင်းခိုအနေအထားနဲ့ စီးရတာမျိုးဖြစ်ပြီး မြို့ရဲ့သယ်ယူပို့ဆောင်ရေးအဆောက်အအုံနဲ့ ခရီးသွားတိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

image