28 ပတ် - ဘာသာပြန်ပါ။

microphone
🎙️ NASUM Dual Wireless Microphone System - သင့်အသံကို ပိုမိုကောင်းမွန်စွာ ထုတ်လွှင့်ဖို့ ! 🎤
စျေးနုန်း ၂၇၀,၀၀၀ ကျပ်.
🔊 အဓိကအင်္ဂါရပ်များ
✅ Longer Operating Distance: 100 ပေ အထိ အလုပ်လုပ်နိုင်သော အကွာအဝေး!
✅ High Quality Sound: NASUM ၏ ထူးခြားသော အသံထုတ်လွှင့်နည်းပညာဖြင့် အသံပိုမိုကြည်လင်၊ feedback မရှိ၊ distortion နည်းပါးပြီး သင့်အသံကို ပိုမိုထင်ရှားစေပါတယ်။
✅ Easy to Use: Plug & Play စနစ်၊ တပ်ဆင်ရလွယ်ကူ။ Mixer, active speaker, amplifier, karaoke machine နှင့် iOS/Android phone, tablet, laptop များနှင့် အဆင်ပြေစွာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
✅ Dual Microphones: Headset နှင့် Lavalier Microphone ပါဝင်ပြီး အခြေအနေအမျိုးမျိုးအတွက် လွတ်လပ်စွာ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။
✅ LED Display: ဘက်ထရီအား၊ အချက်ပြမှုနှင့် FM frequency ကို ရှင်းလင်းစွာ ပြသပေးပါတယ်။
🎯 ဘယ်လိုအခါမျိုးမှာ အသုံးဝင်လဲ?
- သင်ကြားမှု၊ ဟောပြောပွဲ၊ တရားဟောပွဲ
- မင်္ဂလာပွဲ၊ ကျောင်းပွဲများ
- အင်တာဗျူး၊ ဗီဒီယိုရိုက်ကူးမှု၊ လေ့ကျင့်ရေးများ
🔋 ပါဝင်ပစ္စည်းများ:
- Headset Microphone ၁ ခု
- Lavalier Microphone ၁ ခု
- Bodypack Transmitter ၁ ခု
- Rechargeable Receiver ၁ ခု
- Instruction Manual
📏 အရွယ်အစား: ကျစ်လစ်ပြီး သယ်ယူရလွယ်ကူ 52 x 65mm
🎵 အသံအရည်အသွေး: 30Hz-18KHz ±3DB, Signal to Noise Ratio >96DB
💥 အခုပဲ မှာယူလိုက်ပါ!
👉 သင့်အသံကို ပိုမိုကောင်းမွန်စွာ ဖော်ပြဖို့ NASUM Wireless Microphone System ကို ရွေးချယ်လိုက်ပါ။
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i119867090.html?s
#wirelessmicrophone #nasummicrophone #headsetmic #lavaliermic #karaokemic #liveperformance #teachingtools #recordingmic #myanmarshopping #techgadgets 🎙️🎤

28 ပတ် - ဘာသာပြန်ပါ။

၇၄ ကြိမ်မြောက်
ထီပေါက်စဥ်

image

နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာ
*****************
(နိုင်ငံတကာ) ဧပြီ ၃၀
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၌ အကြမ်းဖက်သမားများ၏တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာ လျက် ရှိကြောင်း သိရသည်။

အဓိကအားဖြင့် ဘိုကိုဟာရမ် စစ်သွေးကြွများနှင့် ISWAP အဖွဲ့တို့ကြား အပြန်အလှန် တိုက်ခိုက်မှုများကို ကျူးလွန်လာခြင်းဖြစ်ကာ ၎င်းတို့အသုံးပြုလျက်ရှိသည့် နည်းလမ်းများတွင် လက်နက်တပ်ဆင်ထားသည့် ဒရုန်းများနှင့်လမ်းမကြီးများတွင် ဗုံးထောင်ခြင်းများလည်းပါဝင်လာကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အကုန်မှာပင် အာဒမ်အာဝါနှင့်ဘော်နိုပြည်နယ်တို့၌ စစ်သွေးကြွများ၏ တိုက်ခိုက်မှု ကြောင့် လူ ၂၂ ဦးသေဆုံးထားသည်။

အလားတူ ဧပြီလ ၂၈ ရက်တွင်လည်း ဘော်နိုပြည်နယ်၌ မော်တော်ယာဉ် နှစ်စီးဖောက်ခွဲခံရသည့် အတွက် လူ ၂၆ ဦးသေဆုံးသည်။

ထို့အတူ ဇန်နဝါရီလမှစ၍ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့်သေဆုံးသူအရေအတွက်မှာ ဒါဇင်ပေါင်းများစွာရှိလာပြီ ဖြစ်သည်။

အထူးသဖြင့် ဘော်နို ပြည်နယ်သည် အကြမ်းဖက်သမားများ ၁၅ နှစ်ကြာစိုးမိုး ထားသည့်နယ်မြေဖြစ်ပြီး လက်ရှိအချိန်တွင် အောင်မြင် မှုများပိုမိုရရှိလာလျက်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဘာဘာ ဂါနာဇူလမ်ကပြောသည်။

တစ်ချိန်တည်းမှာပင် ISWAP အဖွဲ့က လက်နက်တပ်ဆင်ထားသည့် ဒရုန်းများ ကို အသုံးပြုလာခြင်းသည် IS စစ်သွေးကြွများထံမှ ပံ့ပိုးမှုများရရှိထားခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောထားသည်ဟု RTA သတင်းဌာနက သိရသည်။

image
28 ပတ် - ဘာသာပြန်ပါ။

ရန်ကုန်မြိုမှာ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို ဒုတိယအကြိမ်အဖြစ် ထပ်မံကျင်းပမည်
*****************
(ပြည်တွင်း) ဧပြီ ၃၀
ရန်ကုန်မြို့မှာ ဒုတိယအကြိမ်အဖြစ် မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို လေးရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ MYANMAR POWER & SOLAR ENERGY STORAGE LIGHTING EXPO 2025 ဟု အမည်ပေးထားတဲ့ မီးစက်နှင့် ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို မေလ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်ရှိ Yangon Convention Center မှာ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

အဆိုပါပြပွဲကို မေလ ၁ ရက်မှ ၃ ရက်အထိ Yangon Convention Center မှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ၊ မေလ ၄ ရက်မှာ နံနက် ၉ နာရီ မှ နေ့လယ် ၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပါတယ်။

နိုင်ငံတကာကုမ္ပဏီ အမှတ်တံဆိပ်ပေါင်း ၁၅ဝ ကျော်က ဆိုင်ခန်းပေါင်း ၇ဝ ကျော်လာရောက်ပြသရောင်းချခဲ့တဲ့ မီးစက်နှင့် ဆိုလာစွမ်းအင် သိုလှောင်မှုကုန်စည်ပြပွဲ ပထမအကြိမ်ကို ဇန်နဝါရီလ ၁၀ ရက်က ရန်ကုန်မြို့ ကွန်ဗင်းရှင်းစင်တာမှာ နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ မီးစက်နှင့် စွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲမှာ တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့က ကုမ္ပဏီပေါင်း ၁၅၀ ကျော်က လာရောက်ပြသရောင်းချခြင်းဖြစ်ပြီး၊ ဇန်နဝါရီလ ၁၀ ရက်မှ ၁၂ ရက်အထိ ရန်ကုန်မြို့ ကွန်ဗင်းရှင်း စင်တာတွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပြီး ပြပွဲတွင် ဆိုလာနှင့် မီးစက်များအပြင် အီလက်ထရွန်နစ် ထုတ်ကုန်များလည်း ပါဝင်ပြသခဲ့ပြီးဆိုလာပြားများမလိုအပ်ဘဲ ဘက်ထရီစနစ်တွဲရက် စမတ်အင်ဗာတာများနှင့် ဆိုလာစွမ်းအင်များကို စိတ်ဝင်တစားလာရောက် ကြည့်ရှုဝယ်ယူသူများ အထူးများပြားခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် ဒေသများစွာမှာ လျှပ်စစ်မီး ပြတ်တောက်မှု များရှိနေကြောင်း သိရပါတယ်။ ဓာတ်အားထုတ်လုပ်မှုလျော့နည်းအနေနဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးတွင် အလှည့်ကျ စနစ်နဲ့ လျှပ်စစ်မီးပေးနေရတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

ခုတလော နင် အဆင်ပြေလား
Me :

image
28 ပတ် - ဘာသာပြန်ပါ။

ဒီနေ့မှ ဒီဇာတ်လမ်းတစ်ခန်းမရပ်ရင် ငါပဲ အမှတ်မရှိတာနေမှာ …
နာကျင်ရခြင်းတွေကို
ဝှက်ပြီး
ဖက်တွယ်ထားခဲ့မိတဲ့
ငါ့ဖက်ကို
ဘာလို့ နည်းနည်းလေးမှ
ပြန်မငဲ့ကြည့်ပေးရတာလဲလို့ မေးချင်တယ် …
မင်းလုပ်နေတဲ့အရာတွေ
မင်းရှုပ်နေတဲ့ခြေလှမ်းတွေ
အမှန်အတိုင်း ဝန်ခံရရင်
ငါ့မျက်စိရှေ့ပေါ်မလာစေချင်သလို
ငါကိုယ်တိုင်လည်း သိမနေချင်ဘူး
မင်းကို အပြစ်ကင်းနေသလိုမျိုးပဲ
သံသယကင်းကင်းနဲ့
ဆက်ပြီးပဲ ချစ်ချင်တယ် ။
အမှားတွေ
ခွင့်လွှတ်ပေးခဲ့တယ်ဆိုတာ
မစွန့်လွှတ်နိုင်နိုင်လို့ဆိုတဲ့တစ်ဖက်မှာ
နောက်တစ်ကြိမ်တော့
မမှားလောက်ပါဘူးဆိုတဲ့
မျှော်လင့်ချက်တွေလဲ ပါတယ်
ဒါပေမယ့်
ဘာလို့များ …
အမှားတစ်ခုကို
ထပ်တလဲလဲ ပြုမူပြီး
ထပ်ခါ ထပ်ခါ နာကျင်စေရတာလဲ မေးချင်တယ်
ဒီနေ့မှ
မင်းနဲ့ ငါ့ရဲ့ဇာတ်လမ်းတစ်ခန်းမရပ်ရင်
ငါပဲ အမှတ်မရှိတာ ဖြစ်မှာပါ …
နာကျင်ခြင်းတွေကို ခုန်မင်ပြီး
မျက်ရည်တွေနဲ့ အသားကျနေတာပဲ ဖြစ်မှာ …
#ကျေးကို

28 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ မြန်မာပြည်သူများကိုကူညီရန် ရန်ပုံငွေများအရေးပေါ်လိုအပ်နေဟု UN ထုတ်ပြန်
မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ များကိုကူညီရန် အ‌ရေးပေါ်ရန်ပုံငွေများလိုအပ်နေကြောင်း ကမ္ဘာ့ကုလသမဂ္ဂ (UN) က ယနေ့(ဧပြီ ၃၀ ရက်) တွင် ထုတ်ပြန်သည်။
ယခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်နှင့် တုံ့ပြန်ရေးအစီအစဉ်(HNRP) ထံသို့ ဒေါ်လာ ၂၇၅ သန်းတောင်းဆိုထားသော်လည်း ဘဏ္ဍာရေးစနစ်အရ ဒေါ်လာ ၃၅ သန်းသာထုတ်ပေးထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ငလျင်လှုပ်ခတ်ပြီးရက်ပိုင်းအတွင်း UN က ဒေါ်လာသန်း ၂၀ ထောက်ပံ့ပေးထားပြီး ကျွမ်းကျင်ပညာရှင်များပါဝင်သည့် United Nations Disaster Assessment and Coordination (UNDAC) အဖွဲ့ကိုလည်းစေလွှတ်ပေးခဲ့ကြောင်း UN ကထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ငလျင်ဘေးကြီးသင့်ခဲ့သည်မှာ တစ်လပြည့်ခဲ့ပြီဖြစ်ပြီး ငလျင်ဘေးသင့်ပြည်သူများမှာ ယာယီတဲမျာတွင်ဆက်လက်နေထိုင်နေကြရကြောင်း၊ သန့်ရှင်းသည့်သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကာကွယ်စောင့်ရှောက်ပေးမှုများ အလုံအလောက်မရရှိနိုင်ကြသေးကြောင်း၊ပြန်လည်ထူထောင်နိုင်ရေးအတွက် အကူအညီများလိုအပ်လျက်ရှိနေကြောင်း UN Myanmar ကလည်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်မွန်းလွဲပိုင်းကလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၃၇၀၀ ကျော်သေဆုံးကာ ၅၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး လူဦးရေခြောက်သိန်းကျော် ငလျင်ဘေးသင့်ခဲ့သည်ဟု နစက ၏ထုတ်ပြန်ချက်များအရသိရသည်။
သတင်း - နေသစ်ဦး
ဓာတ်ပုံ - UN

image

#နိုင်ငံတကာသတင်း
◼မြောက်ကိုရီးယားသို့ ကားလမ်းတံတားဖောက်လုပ်နေကြောင်း ရှရှားဝန်ကြီးချုပ်ပြော
တူမင်မြစ်ကို ဖြတ်ကျော်၍ ရုရှားနှင့် မြောက်ကိုရီးယား နှစ်နိုင်ငံကြား ကားလမ်းတစ်ခုကို တည် ဆောက်နေကြောင်း ရုရှားဝန်ကြီးချုပ် က ပြောကြားပြီး ယင်းမှာ နှစ်နိုင်ငံကြား မဟာ ဗျူ ဟာမြောက်ပူးပေါင်းဆောင်ရွက်မှုကိုခိုင်မာစေရေး တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ရိုက်တာသတင်းအရ သိရသည်။
အဆိုပါကားလမ်းတံတားက ကိုရီးယားစစ်ပွဲပြီးနောက် ၁၉၅၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် မိတ်ဆွေသင်္ဂဟရထားလမ်းတံတား အနီးတွင် တည်ဆောက်နေခြင်းဖြစ်သည်။
ယင်းမှာ ရုရှား-မြောက်ကိုရီးယား ဆက်ဆံ‌ရေးတွင် ကြီးကျယ်သောအခမ်းအနား တစ်ခုဖြစ်ကြောင်း တံတားသစ် တည်ဆောက်မှုစတင်ခြင်း အခမ်းအနားတွင် ဝန်ကြီးချုပ် မီခေးလ်မီရှူတင်က ပြောကြားခဲ့ကြောင်း ရုရှားအစိုးရ တာ့စ်သတင်းဌာနကပြောသည်။
“ဒီကြီးကျယ်မှုက အင်ဂျင်နီယာလုပ်ငန်းတွေထက် ပိုပါတယ်။ ဒါက ရင်းနှီးတဲ့ ၊ အိမ်နီး ချင်း ကောင်းပီသတဲ့ဆက်ဆံရေး နဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လိုတဲ့ ကျွန်တော်တို့ရဲ့တူညီတဲ့ ဆန္ဒကို လည်း ကိုယ်စားပြုပါတယ်။
တည်ဆောက်နေသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ်သော ကားလမ်းတံတားသစ်သည် ၂၇၉၀ ပေ ရှည်လျားပြီး ရုရှား အဝေးပြေးလမ်းစနစ်နှင့် ချိတ်ဆက်ထားခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ရုရှားသမ္မတ ပူတင် မြောက်ကိုရီးယားသို့ အလည်သွားရောက်စဉ်က တံတားတည်ဆောက်ရေးကို သဘောတူခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားသစ်သည် ၂၀၂၆ ခုနှစ်တွင် အသုံးပြုရန် အသင့်ဖြစ်မည်ဟု ရုရှား ကွန်မာဆင့် သတင်စာက ဆိုသည်။
တံတားသစ်ကြီးကြောင့် သယ်ယူပို့ဆောင်နိုင်သောပမာဏတိုးတက်လာခြင်း၊ ကုန်ကျစရိတ်လျော့ကျခြင်း၊ လိုအပ်သောပစ္စည်းများကို ပုံမှန်ထောက်ပံ့နိုင်ခြင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကာ နှစ်နိုင်ငံကြားကုန်သွယ်‌ရေးနှင့် စီးပွား‌‌ရေးပူးပေါင်းဆောင်ရွက်မှု ကျယ်ပြန့်လာမည်ဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် မီရှူတင် က ပြောကြားခဲ့သည်။
ထိုအတောအတွင်း ယူကရိန်းနှင့်စစ်ပွဲတွင် ရုရှားအတွက် ပါဝင်တိုက်ခိုက်ရန် စေလွှတ်ခဲ့သော မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၅၀၀၀ ဦး အနက် ၆၀၀ ဦး သေဆုံးခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေးအား ကိုးကား၍ တောင်ကိုရီးယားလွှတ်တော်အမတ်များက ယနေ့ တွင်ပြောကြားခဲ့ကြသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image
28 ပတ် - ဘာသာပြန်ပါ။

လူဆိုတာ မာနကြီးရင်လည်း
မအောင်မြင်တတ်သလို
မနာလိုစိတ် အရမ်းများရင်လည်း
အရောင် သိပ်မထွက်ပါဘူး ။
အ၀တ်တွေဘယ်လိုကောင်းကောင်း
ရတနာတွေ ဘယ်လောက်တန်တန်
စိတ်ဓါတ်မမှန်ရင် အဖိုးမတန်ပါဘူး ။
ပိုင်ဆိုင်တာများလို့လည်း
ပေးကမ်းမှုမရှိရင် လူ့အကာပါပဲ ။
ဘွဲ့အာဏာပါဝါ ဘယ်လိုရှိရှိ
ကိုယ်ကျင့်တရားမရှိရင် လူအပိုပါပဲ ။
အသက်ဘယ်လောက်ရှည်ရှည်
အမှန်သိတဲ့စိတ်မရှိရင် ဆင်းရဲသူပါပဲ ။
နေရတာချင်း မတူကြပေမယ့်
သေရမှာချင်းဟာ အတူတူပဲဖြစ်လို့
မသေခင် ကူညီတတ်တဲ့လူတွေ
သူများဒုက္ခမပေးတဲ့လူတွေဖြစ်အောင်
နေထိုင်တတ်ဖို့ အရေးကြီးပါတယ် ။

image
28 ပတ် - ဘာသာပြန်ပါ။

အဆင်မပြေတိုင်းသာ ငိုနေရရင်
မင်းမျက်ရည် ဘယ်ကျန်တော့မှာလဲ
ငိုမနေပါနဲ့ မျက်ရည်တွေသုတ်လိုက် သူငယ်ချင်း..
တို့တွေငယ်ငယ်တုန်းကလဲ ငိုခဲ့တယ်
ခုထိငိုနေခဲ့တာ ငိုလို့မဝသေးဘူးလား
သူငယ်ချင်း..
မင်းမှာ သန်မာတဲ့လက်တွေရှိတယ်
မင်းမှာ ကြံ့ခိုင်တဲ့ ခြေတစ်စုံရှိတယ်
မင်းလဲကျလို့ရတယ် ဒါပေမယ့်
မင်းပြန်မထလို့ မရဘူး..
မင်းမှာ အမှားအမှန်ခွဲခြားနိုင်တဲ့ ခေါင်းရှိတယ်
မင်းမှာ ခံစားတတ်တဲ့ နှလုံးသားရှိတယ် ။
မင်းကို အားကိုးပြီး မှီခိုနေတဲ့
မိသားစုတွေရှိတယ် ။
မင်းရှေ့ဆက်သွားမှရမယ် သူငယ်ချင်း..
မင်းအခက်အခဲတွေနဲ့ ကြုံလို့
မင်းကို ဘယ်သူမှ ကူညီမဲ့သူမရှိလဲ
မင်းအခက်အခဲကို မင်းကိုယ်တိုင်
ဖြေရှင်းနိုင်ရမယ် သူငယ်ချင်း..
အရှုံးကိုကြောက်နေရင် ပိုကြိုးစားလိုက်ပါ
လူမှန်ရင် ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိပါဘူး
မင်းဘာလိုအပ်နေတာလဲ လိုအပ်တဲ့အရာကို
မင်းလက်နဲ့ယူလေ ကြောက်ရွံ့မနေပါနဲ့
သူငယ်ချင်း..
မင်းရောက်ချင်တဲ့ ပန်းတိုင်ကို
မင်းခြေထောက်နဲ့ လျှောက်လှမ်းပါ သူငယ်ချင်း
မင်းနာကျင်ရင် မင်းပိုခံစားရမယ် ။
မင်းခလုပ်တိုက်ရင် မင်းလဲကျမယ်..
မျက်ရည်တွေနဲ့ ရှေ့ဆက်သွားရင်
လမ်းကို မင်းရှင်းရှင်းလင်းလင်း မြင်ရမှာ
မဟုတ်ဘူး သူငယ်ချင်း..
ဘဝကကြမ်းတယ်ဆိုတာ မင်းအပြစ်မဟုတ်ပါဘူး..
လဲရင် ပြန်မထနိုင်တာကမှ မင်းအပြစ်ဖြစ်သွားပီ
သူငယ်ချင်း..
ဘယ်သူကမှ အဆင်ပြေနေတယ်လို့
ဘယ်ဟုတ်ပါ့မလဲ..
ကိုယ်စီ အခက်အခဲဆိုတာ ရှိတတ်စမြဲပါ
သူငယ်ချင်း..
ဒီလိုပဲ လဲကျလိုက် ပြန်ထလိုက်နဲ့
အခက်အခဲတွေကြာမှာ ရင်ဆိုင်ဖြေရှင်းနေနေရတာပါ.....။ ။

image