ကိုရီးယားမှာ အတော်လေးသောင်းကျန်းနေတဲ့ ဖုန်းဆက်ပြီငွေလိမ်လည်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။
"Voice Phishing"လိုခေါ်တဲ့ ဖုန်းဆက်ပြီးလိမ်တဲ့လိမ်နည်းကိုအသုံးပြုပြိး ကျားဖြန့်တွေဟာ လူတွေရဲ့စိတ်လှုပ်ရှားဆုံး၊ အ ကြောက်ရွံ့ဆုံးအချိန်၊အမှားအမှန်မခွဲခြားနိုင်တဲ့အချိန်ကို အသုံးချပြီးငွေကြေးလိမ်လည်မှုတွေကို ပြုလုပ်နေကြပါတယ်။
ဟန်ဆောဂျွန်းဟာ ရဲဝန်ထမ်းဘဝနေထွက်ပြီးဆောက်လုပ်ရေးဆိုဒ်မှာ ဝင်လုပ်ပြီး သူ့ရဲ့ အမျိုးသမီးနဲ့အတူ သာမန်မိသားစုဘဝလေးကို တည် ဆောက်ပြီးနေထိုင်နေသူဖြစ်ပါတယ်။ တစ်နေ့မှာ တော့ ကျားဖြန့်အဖွဲ့က သူ့ရဲ့အမျိုးသမီးကို ပစ်မှတ်ထားပြီး သူ့အမျိုးသမီးရဲ့ ဘဏ်အကောင့်ထဲက ပိုက်ဆံတွေအကုန် ဖုန်းဆက်လိမ်ပြီးထုတ်သွားပါတော့တယ်။ အမျိုးသမီးဖြစ်သူဟာ အလိမ်ခံလိုက်ရမှန်းသိသိချင်း ဘဏ်ကိုအ ပြေးသွားပြီး ပိတ်ချဖို့သွားပေမယ့် အချိန်မမှီလိုက်ရှာပါဘူး။ အနှစ်နှစ်အလလကြိုးစားအလုပ်လုပ်ပြီး စုဆောင်းထားတဲ့ငွေအကုန် အလိမ်ခံလိုက်ရပြီးနောက် ဟန်ဆောဂျွန်းအမျိုးသမီးဟာ စိတ်နဲ့လူနဲ့မကပ်ဘဲ ဘဏ်က နေ အိမ်ပြန်အလာလမ်းမှာ ကားအတိုက်ခံရပြီး အတော်လေးအပြင်းအထန် ဒဏ်ရာရသွားပါတော့တယ်။ ကျားဖြန့်တွေရဲ့ အလိမ်ခံရမှုအကြောင်း ရဲတွေကို သွားတိုင်ပေမယ့် ရဲတွေလည်း ဘာမှမလုပ်ပေးနိုင်တဲ့အဆုံး ဟန်ဆောဂျွန်းတစ်ယောက် သူကိုယ်တိုင်လှုပ်ရှားဖို့ အကြောင်းဖန်လာပါတော့တယ်။
ဟန်ဆောဂျွန်းတစ်ယောက် ကျားဖြန့်ဂိုဏ်းထဲကို အသွင်ယူဝင်လို့ရအောင် ဘယ်လိုတွေလုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လိုက်ကြည့်ရှုလိုက်ပါတော့နော်။

image

အမေရိကန် ပြည်ထောင်စုမှာ အဖြူအမဲ အသားရောင် ခွဲခြားမှုတွေ ကြီးစိုးနေတဲ့ အချိန် လူမဲ တွေအတွက် အခွင့်အလမ်း နှင့် တန်းတူညီမျှမှု‌ကို ရအောင်လုပ်ခဲ့ကြတဲ့ လူမဲအမျိူးသမီးတွေ အကြောင်းတွေကို ပျင်းမသွားအောင် တစ်ကားလုံး ဆွဲဆောင်သွားတဲ့ ရုပ်ရှင်တစ်ခုအကြောင်းပြောပြချင်ပါတယ်။ဇာတ်လမ်းကိုတော့ Kathryn Stokett ရဲ့ Best Seller ဆိုတဲ့ စာအုပ်ကို အခြေုပြုရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။တကယ်ကို ကြည့်ရတဲ့ တန်မယ့် ရုပ်ရှင်တစ်ခုကိုရှာနေတယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးက သင့်အတွက်ပါပဲ။
ဇာတ်ကားထဲမှာတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksok မြို့က လူမဲတွေဆိုတာ လူဖြူတွေ ရဲ့ အိမ်မှာ ကလေးထိန်း အ၀တ်လျှော် ချက်ပြုတ်ရတဲ့ အိမ်ဖော်တွေဖြစ်ပါတယ်။လူမဲ‌အမျိုးသမီးတွေအနေနဲ့ သူတို့ကလေးကိုတောင် မစောင့်ရှောက်နိုင်ဘဲ လူဖြူ အမျိုးသမီးတွေရဲ့ ကလေးကိုပဲ တနေကုန် စောင့်ရှောက်ပေးရပါတယ်။လူမဲ အိမ်ဖော် အမျိုးသမီးတွေအတွက် ဇွန်း၊ခရင်းကအစ သန့်စင်ခန်းက အဆုံး အကုန် သီသန့်ခွဲခြားခံထားရပါတယ်။အစိုးရကလည်း ဒီလို ဖိနပ်ခံထားရတဲ့ လူမဲတွေအကြောင်း ရေးသားတဲ့ စာရေးဆရာတွေအပြင် ပြောပြတဲ့ လူမဲ တွေကိုပါ ထောင်ချပစ်ပါတယ်။ဒါကြောင့် လူမဲတွေအတွက် တန်းတူ အခွင့်အရေးဆိုတာ အိမ်မက်ထဲတောင် ထည့်မမက်ရဲကြပါဘူး။အဲ့လို အမျိူးသမီးတွေထဲမှာ အေဘလင် နှင့် မန်နီ ဆိုတဲ့ လူမဲအမျိူးသမီး‌တို့လည်း ပါ၀င်ပါတယ်။သူတို့လည်း အိမ်ဖော်တွေဘဲ ဖြစ်ပြီးတော့ ဒီအလုပ်က မပြုတ်ဖို့အရေး နေ့တိုင်း အဖိနပ်ခံနေရရင်း ဖြတ်သန်းနေရပါတယ်။ဒီလို အကြောင်းအရာတွေကို စာအုပ်ထုတ်ချင်တဲ့ လူဖြူ အမျိုးသမီး စကီတာ ကတော့ လူမဲဖြစ်တဲ့ အဘလင် ကို အကူအညီတောင်းပါတယ်။အဘလင် အတွက် သူပြောတာသာ သိသွားရင် သူအတွက် ထောင်ကျခံရမှာဖြစ်တာကြောင့်မလို့ မကူညီရဲပါဘူး။ဒါပေမယ့်လည်း နေ့တိုင်း လူဖြူတွေရဲ့ အဖိနပ်ကို ခံနေရတော့ လူဖြူတွေရဲ့ အိမ်မှာ လူမဲ အိမ်ဖော် အမျိူးသမီးတွေ ဘယ်လိုမျိုး အလုပ်လုပ်ရတယ်ဆိုတာကို
စကီတာ ကို ပြောပြပါတော့တယ်။အခြားလူမဲ အမျိုးသမီးတွေကတော့ မပြောပြရဲပေမယ့် နောက်ပိုင်း အဘလင် သူငယ်ချင်း မန်နီကပါ သူရဲ့ အတွေ့အကြုံတွေပြောပြရင်း နောက်ဆုံး သူတို့ရဲ့ ဖိနပ်မှုတွေကို လူဖြူ အမျိုးသမီး စကီတာ တစ်ယောက် စာအုပ်အဖြစ် ထုတ်ဝေနိုင်သွားမှာလား... နောက်ပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရဲရင့်မှုကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

image

ကိုယ်ချစ်တဲ့သူအတွက် အချိန်သာ နောက်ပြန်ဆုတ်လို့ရမယ်ဆိုရင် ကိုယ်မှားခဲ့တဲ့ အမှားတွေ အတွက် ပြင်ဆင်နိုင်မယ်လို့ ထင်လား။အရင်နှစ်ကမှ ထွက်ရှိထားတဲ့ အချစ်ရုပ်ရှင်ကားကောင်းလေးတစ်ခုဖြစ်တာမလို့ ဒီနေ့အတွက် ပြောပြချင်ပါတယ်။
ကူးယိရွှမ်း ဆိုတဲ့ကောင်လေးကတော့ ငယ်ငယ်ကတည်းက အမေမရှိတော့တဲ့ အပြင် အဖေကပါ အမြဲ မူးနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။အဲ့တာကြောင့် သူ့မွေးနေ့ကို တစ်ယောက်တည်းဖြတ်သန်းဖို့ ဆုံးဖြတ်ထားပေမယ့်လည်း ရှုရန်ဆိုတဲ့ ကောင်မလေးက
ကူးယိရွမ်းမွေးနေ့ကို အဖော်လုပ်ပေးခဲ့ပါတယ်။ဒီလိုနဲ့ တစ်ယောက် နှင့် တစ်ယောက် သိသွားကြပေမယ့်လည်း သူတို့နှစ်ယောက်ကွဲသွားကြပါတယ်။ဒါပေမယ့် သူတို့ နှစ်ယောက်ကကို ရေစက်ပါနေတော့လည်း အရွယ်ရောက်လာချိန်မှာတော့ ပြန်တွေ့ကြပါတယ်။ပြီးတော့ အချစ်ကားတွေ ထုံးစံအတိုင်း ချစ်မိသွားကြတာပေါ့။ပြီးဝောာ့ ချစ်သူတွေ သ‌ဘာ၀ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာပေါ့။ဒါပေမယ့်လည်း သူတို့ရဲ့ ပျော်ရွှင်မှုက ကြာရှည်မခံခဲ့ပါဘူး။သူတို့နှစ်ယောက် စကားများရန်ဖြစ်ကြရင်း ရှုရန် က ကားမတော်တဆ တစ်ခုဖြစ်သွားရင်း အသက်ပါ ဆုံးရှုံးသွားရပါတယ်။ဒီလိုနဲ့ နောင်တတွေ အပြည့်နဲ့ ယိရွမ်းက ရှုရန် လုပ်ပေးထားခဲ့တဲ့ ကိတ်မုန့်လေးကို ဖယောင်းတိုင်လေးထွန်းပြီး သူ့ချစ်သူကောင်မလေး ရှုရန်ကိုပြန်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။နောက်နေ့ မနက် ယိရွမ်း အိပ်ရာထလာတော့ ရှုရန် ကိုမဆုံးရှုံးရသေးခင် တစ်ရက်အလို အချိန်ကိုပြန်ရောက်သွားပါတယ်။အဲ့ဒီမှာပဲ အခြား အချစ်ကားတွေနဲ့ မတူတဲ့ အနှစ်သရ တစ်ခုကို ပေးသွားမှာဖြစ်ပါတယ်။ဒီလိုနဲ့ ယိရွမ်းတစ်ယောက်
ရှုရန်ကို ပြန်အသက်ရှင်လာအောင် ကယ်ဆယ်နိုင်မလား....
ဇာတ်ကားကတော့ ကြည့်တဲ့သူတွေ မျက်ရည် ဘူးသီးလောက်ကျအောင် ရိုက်ကူးထားတာမလို့ စိတ်ညစ်နေတဲ့သူတွေတော့ မကြည့်ဘဲ ပျော်နေတဲ့ ကိုယ့်သူငယ်ချင်းတွေကို စိတ်ညစ်သွားအောင် ကူညီပေးလိုက်ပါ :3။ရုပ်ရှင်နာမည်လေးကတော့ "Yesterday Once More (2023) ဖြစ်ပြီး မတူတဲ့ အနှစ်ရသကို ပေးတဲ့ အချစ်ကားကောင်းလေးတစ်ခုကို ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image

2011 ခုနှစ်က ထွက်ရှိထားတဲ့ ရုပ်ရှင်တစ်ခုကိုဖြစ်ပြီး IMDB 8.5 တောင်ရရှိထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တာမလို့ ဒီနေ့အတွက် ပြောပြချင်ပါတယ်။
ဇာတ်လမ်းကတော့ မီလီယံ သူဌေးကြီး ဖီးလစ် ဟာ လေထီးခုန်ချရင်း မတော်တဆ တစ်ခုဖြစ်ပြီး ဒဏ်ရာအကြီးအကျယ် ရသွားပါတယ်။ဒီ မတော်တဆမှု ကြောင့် သူဌေးကြီး ဖီးလစ် ဟာ ခန္ဓာကိုယ် အောက်ပိုင်းကို ဆုံးရှုံးလိုက်ရပြီး သူ့ကျန်ရှိတဲ့ တစ်ဘ၀လုံးကို ဝှီးကျဲပေါ်မှာပဲ ရှင်သန်ရပါတော့တယ်။သူဌေးကြီး ဖီးလစ်ရဲ့ လူနာစောင့် အလုပ်ခေါ်တော့ ဒရစ် ဆိုတဲ့ကောင်လေး ရောက်လာပါတယ်။ဒရစ်က လူမဲ ထောင်ထွက်တစ်ယောက်ဖြစ်ပြီးဝောာ့ သူမိသားစု‌အတွက် ကြိုးစားရုန်းကန်နေရတဲ့ကောင်လေးတစ်‌ယောက်ဖြစ်ပါတယ်။ဒီလိုနဲ့ မီလီယံ သူဌေးကြီး ဖီးလစ် နှင့် လူမဲ ဒရစ်တို့ တစ်ယောက်နဲ့တစ်ယောက် စိတ်သန့်သန့်နဲ့ ဆက်ဆံကြတဲ့အခါ သူတို့ဘ၀ရဲ့ အတွေ့အကြုံ အမြင်တွေကို စိတ်၀င်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီလိုရုပ်ရှင်တွေကြည့်ရတာ အတွေးတစ်ခုမဟုတ် တစ်ခု‌တော့ ကျန်ခဲ့တာပါပဲ။ဟာသလေးတွေရောပြီး ရင်ထဲရောက်အောင် ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ခုဖြစ်တာမလို့ "The Intouchables (2011)" ကို ကြည့်ရှုခံစားဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။

image

မိန်းကလေး တစ်ယောက် အချစ်ခံရတဲ့ ခံစားချက်ကို ပြသထားတဲ့အပြင် Relationship တစ်ခုကို အကောင်းဆုံးဖော်ပြထားတဲ့ ရုပ်ရှင်တွေထဲက တစ်ခုကို ပြပါဆိုရင် "The Vow" ရုပ်ရှင်ကို ပြောရပါလိမ့်မယ့်။ကိုယ်ကလည်း Relationship တစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။
လက်ထပ်ပြီးတာ မကြာသေးတဲ့ လီယို နှင့် ပိခ်ျ့ တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် နား‌လည်မှု အပြည့်နဲ့ပေါ့။လီယို ကအသံသွင်း studio တစ်ခုထောင်ထားပြီး ပိချ့်ကတော့ အိမ်က အတင်းထားတဲ့ ဥပဒေ တက္ကသိုလ်ကနေ ထွက်ပြီး ပန်းပု အနပညာ တက္ကုသိုလ်ကို ပြောင်းတက်နေပါတယ်။
သိပ်မကြာခင်မှာပဲ နှစ်ယောက်လုံး ကားမတော်တဆ ဖြစ်ပြီး ဆေးရုံတင်လိုက်ရပါတယ်။လီယို ကတော့ ဘာမှသိပ်မဖြစ်ပေမယ့် ပိခ်ျ့ကတော့ လီယိုနဲ့ လက်မထပ်ခင် အချိန်အထိပဲ မှတ်မိပါတော့တဲ့ မှတ်ဉာဏ်နဲ့ အတိတ်မေ့သွားပါတယ်။ဒီ‌တော့ လီယိုကို သူ့ချစ်သူမှန်းတောင် မသိတော့တဲ့အပြင် သူလုပ်နေတဲ့ ပန်းပု အနုပညာတွေကိုလည်း ဘာမှမမှတ်မိဘဲ ဥပဒေ ကျောင်းခဲ့တဲ့အချိန်ထိပဲ မှတ်မိပါတော့တယ်။
“ကိုယ်အရမ်းသဘောကျတဲ့ စာအုပ်လေးကို မဖတ်ဖူးတဲ့ သူတစ်ယောက်တစ်နေနဲ့ နောက်တစ်ခေါက်ပြန်ဖတ်ချင်လိုက်တာလို့ တွေးမိဖူးလား ပိခ်ျ့ ”
“ကိုယ်တို့လည်း အဲ့လိုတွေးသင့်တယ်။ကိုယ်တို့ရဲ့ အကောင်းဆုံး အချိန်တွေကို နောက်တစ်ကြိမ် ပြန်တွေ့ရမယ်ဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲလို့ ကိုယ်တွေးနေတာ”
လီယိုတစ်ယောက် သူတို့နှစ်ယောက်စတွေ့တဲ့ နေရာလေးကစပြီး ပိခ်ျ့သူ့ကို ပြန်ချစ်လာစေဖို့ လိုက်ပြပေးတာလေးတွေကို ကြည့်ရတာ တကယ်ကို ရိုမန့်တစ်ဆန်လွန်းပါတယ်။ဒါပေမယ့်လည်း နောက်ဆုံးမှာ ပိခ်ျ့တစ်ယောက် အတိတ်တွေကို ပြန်သတိရပြီး လီယိုကို အရင်အတိုင်း ပြန်ချစ်သွားမှာလား၊အတိတ်မေ့နေတဲ့ ပိခ်ျ့ နှင့် လီယို တို့နှစ်ယောက်ကို ကံကြမ္မာက မျက်နာသာ ပေးပါ့မလားဆိုတာကို စိတ်၀င်တစားကြည့်ရှုဖို့
"The Vow”ဆိုတဲ့ အချစ်ဇာတ်ကား‌ကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။

image

\ TRUST \ trailer.

' 28 Years Later ' ရုပ်ရှင်ထဲက character posters တွေပါ။ ရုံတင်မှာကတော့ June (2

image

' 28 Years Later ' ရုပ်ရှင်ထဲက character posters တွေပါ။ ရုံတင်မှာကတော့ June (2

image

' 28 Years Later ' ရုပ်ရှင်ထဲက character posters တွေပါ။ ရုံတင်မှာကတော့ June (2

image

' 28 Years Later ' ရုပ်ရှင်ထဲက character posters တွေပါ။ ရုံတင်မှာကတော့ June (2

image