37 w - Translate

Netflix is the new home for the beloved children's TV show, "Sesame Street," the streaming platform announced Monday along with a special video of Cookie Monster eating the Netflix logo.
According to a press release, Elmo, Big Bird and the rest of the "Sesame Street" gang will return in an all-new, reimagined 56th season of the show.
Read more: https://abcnews.visitlink.me/NcHOQw

image
37 w - Translate

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(မေ - ၂၀ ရက်)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၃၂၁၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၇၃၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
* စနစ်ဟောင်း
(၁ိ - ၁၆.၆၀၆ ဂရမ် = ၁၂၈ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၄၉၀၀၀၀ ကျပ်
ဝယ်ဈေး ၇၄၅၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၇၀၉၀၀၀၀ ကျပ်
ဝယ်ဈေး ၇၀၅၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၇၃၇၀၀၀၀ ကျပ်
ဝယ်ဈေး ၇၃၃၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၉၇၀၀၀၀ ကျပ်
ဝယ်ဈေး ၆၉၃၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၉ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၁၀ ကျပ်
ဝယ်ဈေး - ၃၃၆၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၁၀ ကျပ်
ဝယ်ဈေး - ၄၉၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၄.၂၃ ကျပ်
ဝယ်ဈေး - ၁၃၁.၅၈ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၁၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၁၇ ကျပ်
ဝယ်ဈေး - ၆၀၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၃၀.၇၅ ကျပ်
ဝယ်ဈေး - ၃၀.၁၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၂.၁၅ ကျပ်
ဝယ်ဈေး - ၅၁.၁၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၀ ကျပ်
ဝယ်ဈေး - ၃.၁၃ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၅၅ ကျပ်
ဝယ်ဈေး - ၅၈၃၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၆၅ ကျပ်
ဝယ်ဈေး - ၂၈၁၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၉၀ ကျပ်
ဝယ်ဈေး - ၃၁၃၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၈ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၁၄ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံလမ်းစဉ်သစ်ကို ဦးဆောင်ရန် မလေးရှားဝန်ကြီးချုပ်အား တိုက်တွန်း
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကြိုးပမ်းရာတွင် အာဆီယံမဟာဗျူဟာသစ်ကို ဦးဆောင်မှုပေးရန် လက်ရှိမလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကို ဝန်ကြီးချုပ်ဟောင်း ဆိုင်ဖတ်ဒင်အက်ဘ်ဒူလာနှင့် ကုလ သမဂ္ဂကျွမ်းကျင်သူဟောင်း သုံးဦးတို့က မေ ၁၉ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အာဆီယံမဟာဗျူဟာသစ်ကို ဦးဆောင်ရန် ဝန်ကြီးချုပ်ဟောင်းအက်ဘ်ဒူလာနှင့် ကုလကျွမ်းကျင်သူများက အန်ဝါအီဘရာဟင်ကို တိုက်တွန်းခဲ့ကြခြင်းဖြစ်သည်။
မြန်မာ့အရေးနှင့်ပတ်သက်၍မူဝါဒလမ်းစဉ်သစ်ကို ဦးဆောင်ရာတွင် ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်အနေဖြင့် ၎င်း၏ အာဆီယံဥက္ကဋ္ဌနေရာကို အသုံးချနိုင်ရန် အရေးကြီးကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်းနှင့် ကုလကျွမ်းကျင်သူဟောင်းများက သုံးသပ်ထားသည်။
မိမိတို့အနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကြိုးပမ်းရာတွင် အားလုံးပါဝင်နိုင်မှုရှိသော တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ရန်၊ လူသားချင်း စာနာထောက်မှုဆိုင်ရာအကူအညီများပေးပို့မှုကို အားပေးထောက်ခံရန် လိုအပ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်းအက်ဘ်ဒူလာနှင့် ကုလကျွမ်းကျင်သူဟောင်းများ ဖြစ်ကြသည့် မာဇူကီဒါရုစ်မင်၊ ယန်ဟီးလီနှင့် ခရစ်ဆီဒိုတီတို့က သုံးသပ်ထားသည်။
မလေးရှားနိုင်ငံသည်လာမည့် မေ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို လက်ခံကျင်းပရေးအတွက် စီစဉ်လျက်ရှိသည်။
အဆိုပါ အာဆီယံထိပ်သီးညီလာခံတွင် အခြားဒေသတွင်း လုံခြုံရေးကိစ္စများအပြင်မြန်မာ့နိုင်ငံရေးပြဿနာကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများက အဓိကထားဆွေးနွေးကြမည်ဖြစ်သည်။
မလေးရှားနိုင်ငံသည် အာဆီယံအဖွဲ့၏ ယခုနှစ် အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖြစ်သည်။
သည်စတား

image
37 w - Translate

စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်တဲ့ အသက် ၁၅ နှစ်အရွယ် ဖိလစ်ပိုင် ကျောင်းသား
=============================================================
သင်လမ်းလျှောက်တိုင်း သင့်စမတ်ဖုန်းကို အားသွင်းနိုင်မယ်ဆိုရင် တော်တော်မိုက်မှာပါ။ အခုတော့ ဒါဟာ တကယ် ဖြစ်လာပါပြီ။
ဖိလစ်ပိုင်မှ အသက် ၁၅ နှစ်အရွယ် ကျောင်းသား Angelo Casimiro က လမ်းလျှောက်တာနဲ့ စမတ်ဖုန်းကို အားသွင်းပေးနိုင်တဲ့ ရှူးဖိနပ်ကို တီထွင်လိုက်ပါတယ်။ သဘောတရားက ရိုးရှင်းပါတယ်။ ရွေ့လျား စွမ်းအင် ကနေ လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲပေးတာ ဖြစ်ပါတယ်။
ရှူးဖိနပ်ရဲ့ စမတ်ခြေနင်းပြားမှာ Piezoelectric ဒြပ်ထုကို ထည့်သွင်းထားပြီး ပြေးတာ၊ လမ်းလျှောက်တာလို ရွေ့လျားစွမ်းအင် ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးပါတယ်။ အဲဒီကနေ ရတဲ့ လျှပ်စစ်စွမ်းအင်ကို စမတ်ဖုန်းလို သေးငယ်တဲ့ အီလက်ထရောနစ် ကိရိယာတွေအတွက် USB ကနေ အားသွင်းပေးနိုင်ပါတယ်။
ဒီခေတ်မှာ Wearables တွေ များပြားလာပြီး လူတွေဟာ စမတ်ဖုန်း၊ စမတ်နာရီ၊ စမတ်လက်ပတ် စတာတွေကို ဝတ်ဆင်လာကြပါတယ်။ အဲဒီအတွက် လျှပ်စစ်စွမ်းအင် ပိုမို လိုအပ်လာပါတယ်။ အခု ရှူးဖိနပ်က အဲဒီကိရိယာတွေအတွက် သန့်ရှင်းတဲ့ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်တဲ့အတွက် အသုံးဝင်ပါတယ်။
Ref : Tech Explorers

image
37 w - Translate

K›atak : The B›rave B›elug[2023]
<><><><><><><><><><><><><><>

Family/Adventure

ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။

အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖိုနောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။
ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လိုမျှော်လင့်ပါတယ်။

image
37 w - Translate

တရုတ်က နှစ်ပေါင်း ၁၀၀ အထိ အသုံးပြုနိုင်တဲ့ အကြွေစေ့အရွယ် နယူးကလီးယား ဘက်ထရီကို တီထွင်
==========================================================
တရုတ်က နှစ်ပေါင်း ၁၀၀ အထိ အသုံးပြုနိုင်တဲ့ နယူးကလီးယား ဘက်ထရီကို တီထွင်လိုက်ပြီး အရွယ်အစားက အကြွေစေ့လောက်ပဲ ရှိပါတယ်။
Carbon-14 နဲ့ တည်ဆောက်ထားပြီး နယူးကလီးယား ဘက်ထရီဟာ အာကာသစူးစမ်းလေ့လာရေး၊ ကျန်းမာရေး စောင့်ရှောက်တဲ့ကိရိယာနဲ့ နေ့စဉ်သုံး အီလက်ထရောနစ် ကိရိယာတွေအတွက် အလွန် အသုံးဝင်ပါတယ်။
နယူးကလီးယား ဘက်ထရီကို တီထွင်နိုင်တဲ့အတွက် တရုတ်ဟာ အဆင့်မြင့် စွမ်းအင် နည်းပညာမှာ ကမ္ဘာ့ ထိပ်တန်းကို ရောက်လာပြီ ဖြစ်ပါတယ်။
"Nuclear battery" ဆိုတာ နယူးကလီးယားစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်ပေးတဲ့ ဘက်ထရီအမျိုးအစားတစ်ခုပါ။ သမားရိုးကျ ဓာတုဘက်ထရီတွေလို ဓာတုတုံ့ပြန်မှုတွေနဲ့ လျှပ်စစ်ထုတ်လုပ်တာမဟုတ်ဘဲ၊ ရေဒီယိုသတ္တိကြွတဲ့ အိုင်ဆိုတုပ်တွေရဲ့ ပြိုကွဲမှုကနေ ထွက်လာတဲ့ စွမ်းအင်ကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်တဲ့နည်းနဲ့ လျှပ်စစ်အဖြစ် ပြောင်းလဲပေးပါတယ်။
နယူးကလီးယား ဘက်ထရီတွေရဲ့ အားသာချက်ကတော့ သက်တမ်းရှည်ကြာခြင်းနဲ့ တည်ငြိမ်တဲ့ ပါဝါကို အချိန်အတော်ကြာ ထုတ်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကို အသုံးပြုတဲ့အတွက် ဘေးကင်းလုံခြုံရေးနဲ့ စွန့်ပစ်ခြင်းဆိုင်ရာ စိန်ခေါ်မှုတွေလည်း ရှိပါတယ်။

image
37 w - Translate

ေ-သဆုံးသွားသူရဲ့ AI ပုံတူက တရားရုံးမှာ ထွက်ဆိုချက်ပေးပြီး တရားခံကို အမှုစီရင်ခဲ့
================================================
ဒီဖြစ်ရပ်က တော်တော်ထူးဆန်းပါတယ်။ ‌ေ-သဆုံးသွားသူရဲ့ AI ပုံတူက တရားရုံးမှာ ထွက်ဆိုချက်ပေးပြီး တရားခံကို အမှုစီရင်ခဲ့တဲ့ ကမ္ဘာ့ ပထမဆုံး ဖြစ်ရပ်လို့ ပြောနိုင်ပါတယ်။
ဖြစ်ပုံက ဒီလိုပါ။ အသက် ၃၇ နှစ်အရွယ် Chris Pelkey ဟာ ၂၀၂၁ ခုနှစ်မှာ အရီဇိုးနား ပြည်နယ်၊ ချန်ဒလာမှာ ယာဉ်မတော်တဆမှုနဲ့ ‌ေ-သဆုံးခဲ့ပါတယ်။ ဒီလ အစောပိုင်းမှာ AI နည်းပညာ အကူအညီနဲ့ Pelkey ဟာ တရားရုံးကိုရောက်လာခဲ့ပြီး တရားခံကို အမိန့်ချမှတ်တဲ့အခါမှာ ထွက်ဆိုချက်တွေ ပေးခဲ့ပါတယ်။ အဲဒီအတွက် တရားခံကို တရားရုံးက အမှုစီရင်နိုင်ခဲ့ပါတယ်။
သူ့ရဲ့ မိသားစုဟာ AI Video ကို ဖန်တီးဖို့ AI , Voice Recordings , Photos, Videos တွေကို အသုံးပြုခဲ့ကြပြီး တရားရုံးမှာ သူ့အတွက် တရားမျှတမှုရအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြပါတယ်။
ဒီဖြစ်ရပ်ကြောင့် အံ့ဩသွားသူတွေ ရှိသလို ဝေဖန်သူတွေလည်း ထွက်ပေါ်လာပါတယ်။ AI ဟာ ‌ေ-သဆုံးသွားသူ တရားလို အတွက် အမြဲ ကိုယ်စားမပြုနိုင်ဘူးလို့ ပညာရှင်တချို့က ဝေဖန်ထောက်ပြကြပါတယ်။

image

ကမ္ဘာကြီးမှာ အပြောင်းအလဲတွေ အမြဲဖြစ်နေတယ် ။ နည်းပညာတွေက အပြောင်းအလဲ သိပ်မြန်လွန်းသလို စီးပွားရေးအခြေအနေတွေ ၊ လူတွေရဲ့ အကြိုက်တွေကလည်း လျင်လျင်မြန်မြန် ပြောင်းလဲနေပါတယ် ။ တကယ်လို့ ကိုယ့်ရဲ့စီးပွားရေးကို ယခင်က လုပ်တဲ့နည်းအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ အားလုံးထက် နောက်ကျကျန်နေခဲ့မှာ သေချာပါတယ် ။
အပြောင်းအလဲတိုင်းဟာ လှိုင်းလုံးကြီးတွေနဲ့ တူပါတယ် ။ လှိုင်းလုံးလာရာကို ကောင်းကောင်း ခန့်မှန်းနိုင်ပြီး နေရာယူမှန်ခဲ့ရင်တော့ လှိုင်းလုံးထိပ်ထိ အားနဲ့မြင့်တက်သွားနိုင်သလို နေရာယူမှားရင်တော့ လှိုင်းပုတ်အားနဲ့ ရေအောက်ထိ စုံးစုံးမြုပ်သွားနိုင်တာကို သတိပြုမိဖို့လိုပါတယ် ။
အပြောင်းအလဲကြီးကြီး တစ်ခုခုဖြစ်တိုင်းမှာ Natural Selection (သဘာ၀တရားရဲ့ ရွေးချယ်မှု) ဆိုတာ ရှိနိုင်ပါတယ် ။ ဒါကြောင့် အပြောင်းအလဲကြီးကြီး ကြုံတိုင်း ကြောက်ဖို့ ၊ ထွက်ပြေးဖို့ ၊ အကုန်ရုပ်သိမ်းလိုက်ဖို့ မစဉ်းစားဘဲ မိမိလုပ်ငန်းဟာ Natural Selection အဖြစ် ရောက်နိုင်သလားကို သုံးသပ်ဖို့ပါပဲ ။
လူသားသမိုင်းတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ အပြောင်းအလဲကြီးတွေကို ကျော်ဖြတ်ရှင်သန် အောင်မြင်နိုင်သူတွေဟာ အသန်မာဆုံး မျိုးစိတ်တွေ မဟုတ်သလို အကြီးမားဆုံးမျိုးစိတ်တွေလည်း မဟုတ်ကြပါဘူး ။ အမြန်ဆုံး လိုက်လျောညီထွေ ပြောင်းလဲနိုင်တဲ့မျိုးစိတ်တွေပဲ ရှင်ကျန်ခဲ့တာပါ ။
ဒီလိုပဲ စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း အပြောင်းအလဲတွေနဲ့ကြုံရတဲ့အခါ ရှင်သန်နိုင်ဖို့အတွက် Adaptation လိုက် လုပ်ဖို့လိုပါတယ် ။ ပြောင်းလဲမှုနဲ့အတူ လိုက်လျောညီထွေရှိစွာ ရှင်သန်နိုင်ဖို့ပါပဲ ။ တကယ်လို့ Adaptation လုပ်လို့မရဘူးဆိုရင် Exaptation ဆိုတဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတစ်ခုခုက လုပ်ဆောင်ချက်တွေကို ပြောင်းလဲလိုက်ပြီး အပြောင်းအလဲမှာ ရှင်သန်ဖို့ လုပ်ဆောင်ရမှာပါပဲ ။
“ ရှင်သန်တိုးတက်ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်း” စာအုပ်ထဲက ကောက်နုတ်ထားတာပါ ။ ဒီစာအုပ်မှာ ဘ၀ ၊ အလုပ် နဲ့ စီးပွားရေးမှာ ကြုံရနိုင်တဲ့ ထောင်ချောက်တွေ ၊ အပြောင်းအလဲတွေ ကြုံရချိန် တုံ့ပြန်ပုံအလိုက် ရှင်သန်တိုးတက်နိုင်စွမ်း အခြေအနေတွေ ၊ အပြောင်းအလဲကို အကောင်းဆုံး ကျော်ဖြတ်ဖို့အတွက် အရေးကြီးတဲ့ အလိုက်သင့်ပြောင်းလဲနိုင်စွမ်း (Adaptability) ၊ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲကြရင်း အကျိုးမဲ့တဲ့ ပြိုင်ဆိုင်မှု သံသရာထဲ ပိတ်မိနိုင်တာကို သတိချပ်သင့်တဲ့အကြောင်းတွေ စသဖြင့် ဖတ်ရှုရမှာ ဖြစ်ပါတယ် ။
#ရှင်သန်တိုးတက်ရေးအတွက်အလိုက်သင့်ပြောင်းလဲနိုင်စွမ်း #ကောင်းဟိန်းစိုး

image
37 w - Translate

Ne Zha (2019)

IMDb Rating (7.4)
ဒါကတော့ Classic novel တစ်ခုဖြစ်တဲ့ The Investiture of the Gods ကိုအခြေခံထားတဲ့ နာမည်ကြီး Chinese Donghua ပါ။
၀တ္ထုအရ အရှေ့ပင်လယ်နဂါးမင်းအောင်းကွမ်းနဲ့သူ့ရဲ့တတိယသားတော်အောင်းပင်း၊ နီကျားတိုရဲ့ အကြောင်းကိုတော့ တော်တော်များများရင်းနှီးကြပါတယ်။
မဟာရန်သူတော်အောင်းပင်းနဲ့နီကျားက ဒီ Movie မှာတော့ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။
တပည့်တွေအနက် တပည့်အကြီး ထိုက်ယီကျန်းရန်ကို အဲ့ဒီတာ၀န်အပ်နှင်းခဲ့တော့ ‌
ကျန်တပည့်ရှန်းကုန်းပေါင်က မနာလိုမုန်းတီးစိတ်တွေဖြစ်လာပြီး ကောင်းကင်ပုလဲလုံးကိုခိုးကာ ‌
အရှေ့ပင်လယ်အောက်နဂါးနန်းတော်မှာချုပ်နှောင်ထားခြင်းခံရတဲ့ နဂါးမင်းအောင်းကွမ်းရဲ့တတိယသားတော်နဲ့
ကောင်းကင်ပုလဲလုံးကိုပေါင်းစပ်ပေးဖိုအပေးအယူထားထားခဲ့ပါတယ်။
မိစ္ဆာပုလဲလုံးကတော့ လီကျန့်ဇနီးသည်ဆီမှာ ဖွားမြင်ခဲ့ပြီး ထိန်းချုပ်မရလို ချန်းခွင်းရွှေကွင်းနဲ့ထိန်းထားခဲ့ရပြီး
လီကျင့်နဲ့သူ့ဇနီးသည်မျက်နှာနဲ့ ထိုက်ယီကျန်းရန်က မတတ်နိုင်ပဲ ရှင်သန်ခွင့်ပေးခဲ့ရပါတယ်။
ဒါပေမယ့်လည်း သုံးနှစ်အကြာမှာ ကောင်းကင်စီရင်ချက်အရ မိုးကြိုးဒဏ်နဲ့ဖျက်ဆီးခံရမှာမို
အဲ့ဒီသတ်မှတ်ခံထားရတဲ့ကံကြမ္မာကို နီကျားတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။
အဆက်ကလည်း ရုံတင်နေပြီဖြစ်ဖို ကြည့်ပြီးရင်လည်းပြန်ကြည့်လိုက်ကြပါ။
ဒုတိယကားမှာဆိုလည်းပင်လယ်နဂါးမင်းအောင်းကွမ်းရဲ့လူပုံစံကြီးကိုပါမြင်ရတော့မှာပါ။
အရှေ့ပင်လယ်နဂါးမင်းအောင်းကွမ်းမှာသား‌တော်သုံးပါးရှိပါတယ်။
သူတိုအကြောင်းပိုသိချင်ရင်တော့ ဒါကိုအခြေခံထားတဲ့ Aobing Zhuan ဆိုတဲ့ Manhua လေးလည်းရှိတယ်နော်။
ဒီ Movie ကတရုတ်မှာတင်မက နိုင်ငံတစ်ဝှမ်းမှာတော်တော်လေးအောင်မြင်ခဲ့ပြီး
Donghua တွေထဲမှာ Animation ကလည်းမိုက်ပြီး တော်တော်လေးကိုကောင်းတဲ့ကားပါ။
မကြည့်ရသေးရင် ကြည့်ကြည့်လိုက်ကြပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/358

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
37 w - Translate

Your Name (2016)
===============================
(Kimono Na wa)
ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်…
ကမ္ဘာအနှံအောင်မြင်မှုတွေရခဲ့ပြီး
Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ…
ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ…
ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်…တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး
တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြိုလေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတိုဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့…
အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်…
ဒါကို သူတိုတွေက အိပ်မက်လို ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့
သူတိုနှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို ကြိုးစားကြပါတော့တယ်..
ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ
သူတိုနှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့….
ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်…
မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့
ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ…
ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ…
ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက
ကျွန်တော်တိုကို တစ်ခုပြောသွားသေးတယ်ခင်ဗျ
“မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖိုလွယ်ပေမယ့်
နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ”
ကျွန်တော်တို ဘဝမှာလည်း နှလုံးသားထောင့်တစ်နေရာက
တစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား??
ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့် အဖြစ်အပျက်လေးတစ်ခုလောက်က
ရင်ကိုလှိက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့…
ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့
အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ..
ကဲ အညွှန်းကလည်း နည်းနည်းရှည်သွားပြီမို
ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင်
(ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲက
ဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်..
ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့
တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တိုတတွေလည်း
Weathering With You (2019) မှာ cameo အဖြစ်
ပြန်လည်ပါဝင်ကြပါသေးတယ်..
သေချာလေးကြည့်ကြနော် 😉…ကဲ ခံစားကြည့်ရှုလိုက်ကြပါဦး)

ဇာတ်ကားလင့်
https://t.me/c/2186686827/360

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image