28 w - Translate

တစ်ချို့လူ.....
သူပဲမှန်တယ် သူပဲကောင်းတယ်
လူတစ်ဖက်သားရဲ့ ထင်မြင်ယူဆချက်ကို
လက်မခံတတ်ဘူး။
တစ်ချို့လူ.....
သူ့ကိုယ်သူ ပညာဂုဏ်မောက်လွန်းတယ်
လူတစ်ဖက်သားဟာ
သူ့လောက်ပညာမတတ်ဘူးလို့ ယူဆထားတယ်။
တစ်ချို့လူ......
သူလုပ်တာအမှန် သူလုပ်မှအကောင်း
လူတစ်ဖက်သား ဘာလုပ်လုပ်
အမြင်အမှားနဲ့ပဲ အမြဲကြည့်တတ်တယ်။
တစ်ချို့လူ.....
သူ့ကိုယ်သူအထက်တန်းစားဆိုတဲ့
အဆင့်အတန်းကို လက်ကိုင်ထားတယ်
လူတစ်ဖက်သားဟာ
သူ့လောက် အဆင့်မရှိဘူးလို့ သူတွေးထင်တယ်။
တစ်ချို့လူ.....
ဖေ့ဘုတ်ပေါ် စာလေး
ကမျောက်ကခြောက် ရေးနေတာကို
သူ့ကိုယ်သူစာရေးဆရာမှတ်ပြီး
ကျန်တဲ့တစ်ခြားလူတွေကို လူမထင်တော့ဘူး☺
တစ်ချို့လူ.....
သူနေတဲ့ ရေအိုင်လေးတစ်ခုကို ကမ္ဘာထင်ပြီး
သူ့လောက်သိ သူ့လောက်တတ်တဲ့သူ
မရှိဘူးလို့ပဲ
နွားခြေရာခွက်လောက်သာသာ
ရေအိုင်ငယ်မှာ စိတ်ကြီးဝင်နေတယ်။
တစ်ချို့လူ.....
သူ့ကိုယ်သူကလွဲပြီး
လူတိုင်းကို အထင်သေးတဲ့
မျက်လုံးမျိုးနဲ့ပဲကြည့်တတ်တယ်။
တစ်ချို့လူ......
လူတွေရဲ့အရေးပေးမှု
နည်းနည်းလောက်ရရုံနဲ့
သူ့ကိုယ်သူ ဘဝင်လေဟပ်ပြီး
မာနတွေခေါင်ခိုက်သွားတယ်။
လောကသဘာဝမို့......
ပြုံးပြုံးလေးနဲ့ပဲနားလည်ပေးလိုက်တယ်။

image

ဒူးရင်းသီး၏ ကျန်းမာရေးအကျိုးကျေးဇူး (၇)ချက်
ဒူးရင်းသီးတွင် ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ thiamin, riboflavin, niacin, B6, ဗီတာမင်အေ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ phosphorus အစရှိသည့် ကျန်းမာရေး အကျိုးပြု သတ္တုဓာတ်တွေ၊ ဗီတာမင်တွေ ပါဝင်ပါတယ်။
ထို့အပြင် ပရိုတင်း၊ ရေဓာတ် နှင့် phytonutrients ဓာတ်တွေလည်း ပါဝင်သေးသည့်အတွက် ဒူးရင်းသီးကို စားသုံးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။
၁။ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် အစာခြေဖျက်မှုကို အထောက်အပံ့ပေးပြီး ဝမ်းချုပ်တာကို သက်သာစေခြင်း၊
၂။ ပိုတက်စီယမ်ဓာတ် ပြည့်ဝစွာ ပါဝင်တဲ့အတွက် နှလုံးသွေးကြော ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း၊
၃။ အိုမင်းမှုလက္ခဏာတွေဖြစ်တဲ့ အရေးကြောင်း၊ အစက်အပြောက်၊ ကြွက်သားလျော့ရဲလာမှု၊ ဆံပင်ကျွတ်တာတွေကို နှေးကွေးစေခြင်း၊
၄။ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း၊
၅။ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊
၆။ ကင်ဆာနှင့် သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊
၇။ အရိုးများကို သန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်နိုင်စွမ်း ရှိခြင်း စသည့် ကောင်းကျိုးတွေကို ရရှိစေပါလိမ့်မယ်။
ခြွင်းချက်အနေနဲ့ ဒူးရင်းသီးမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ အခြားအသီးတွေထက် သုံးဆပိုများနေပါတယ်တဲ့။ ဒါ့ကြောင့် ကိုယ်အလေးချိန်များသူ၊ အဝလွန်နေသူတွေ အနေနဲ့ကတော့ ဒူးရင်းသီးကို ရှောင်တာ အကောင်းဆုံးပါပဲ။

image

၁ မိနစ် ဒေါသထွက်ရင် ၅ နာရီကြာ ကိုယ်ခံအား ကျဆင်းနိုင်
မျက်မှောက်ခေတ် သိပ္ပံသုတေသနပြုလုပ်ချက်အရ လူတွေရဲ့ ခံစားချက်နဲ့ ကိုယ်ခံအားစနစ် ဆက်နွှယ်မှုရှိနေပြီး ဒေါသထွက်ခြင်းက ကိုယ်ခံအား ကျဆင်းစေနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ပျော်ရွှင်ခြင်း၊ စိတ်ပေါ့ပါးခြင်း အစရှိတဲ့ အခြေခံ စိတ်ခံစားချက် ၄ မျိုးက cytokine (ဆိုင်တိုကင်) ပရိုတိန်း ထွက်ရှိမှုနဲ့ ဆဲလ်တုံ့ပြန်မှုကို ဘယ်လို သက်ရောက်စေနိုင်သလဲဆိုတာ လေ့လာဆန်းစစ်ခဲ့တာပါ။
ဗဟိုအာရုံကြောစနစ်(CNS)ဟာ ဆိုင်တိုကင်ပရိုတိန်း၊ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်ရွေ့လျားမှု ဖြစ်စေတဲ့ အရာတွေနဲ့ ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်အများအပြားကို နှိုးဆော်ရွှေ့ပြောင်းစေဖို့ အစပြုရာ ဖြစ်နေတယ်လို့ သုတေသီတွေက ယူဆကြပါတယ်။ အဲဒီလို လေ့လာဆန်းစစ်မှုတွေအရ စိတ်ခံစားချက်ဟာ ကိုယ်ခံအားစနစ်အပေါ် အကောင်း၊ အဆိုး သက်ရောက်မှု ရှိစေကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒေါသထွက်ခြင်းက ကိုယ်ခံအားစနစ်ကို ကျဆင်းစေပြီး ရယ်မောပျော်ရွှင်ခြင်းကတော့ ကိုယ်ခံအားစနစ်ကို မြင့်တက်စေကာ ၁၂ နာရီကြာ သက်ရောက်မှု ရှိစေမှာဖြစ်တယ်လို့ သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

image

အလုပ်ကလူတွေကို ဘာပြောချင်လဲ
Me :

image

ပန်းရံဆရာအား စျေးဆစ်မိသောအခါ

image
28 w - Translate

ဘယ်သူမှမသိတဲ့
ဒဏ်ရာတွေကို
ဘယ်သူမှ
မသိအောင်ပဲ ထားလိုက်တယ်

စာနာမဲ့လူတွေထပ်
ဖိနင်းချင်တဲ့လူတွေက
ပိုပြီး များတယ်လေ...
#စာတို

28 w - Translate

တစ်ခါတစ်လေ ခံစားချက်တွေက ရှင်းပြရခက်တယ်

sometimes feeling are difficult to explain:
#စာတို

28 w - Translate

မန္တလေးရှိ ငလျင်ဒဏ်သင့် အဆောက်အအုံများ ရှင်းလင်းမှု ၈၀ ရာခိုင်နှုန်း ပြီးစီး +++++
မန္တလေးမြို့က ငလျင်ဒဏ်သင့် အဆောက်အအုံတွေ ဖယ်ရှားရှင်းလင်းမှု ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီလို့ မန်းစည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ အဆောက်အအုံပျက်စီးမှုတွေကို လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေး ရှင်းလင်းဖယ်ရှားနေတယ်လို့ ဆိုပါတယ်။ မေလ ၁ ရက်နေ့မှာ Golden City အဆောက်အအုံ ရှင်းလင်းမှု ရာနှုန်းပြည့် ပြီးစီးသွားပြီးလို့ ဆိုပါတယ်။

image
28 w - Translate

ငလျင်ဘေးသင့် အာမခံလုပ်သားများကို ကျပ် ၂၁ ဘီလီယံကျော် ထောက်ပံ့ပေးမည် +++++
မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားတွေကို ငွေကျပ် ၂၁၇၀၃.၁၀၄ သန်း (၂၁.၇၀၃ ဘီလီယံ) ထောက်ပံ့ပေးအပ်ဖို့ စီစဉ်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလုပ်သမားနေ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားထားပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အနေနဲ့ ကျပ် ၂၁ ဘီလီယံကျော် ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အခွန်စည်းကြပ်မှုပြဿနာ ဆွေးနွေးရန် တရုတ်ကို အမေရိကန်ကမ်းလှမ်းထားဟုဆို
တရုတ်ထုတ်ကုန်များအပေါ် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ၁၄၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ထားမှုနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းထား ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာများက မေ ၁ ရက် တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အမေရိကန်တာဝန်ရှိသူများက လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် တရုတ်တာဝန်ရှိသူများကို ကမ်းလှမ်းထားကြောင်း တရုတ်မီဒီယာများ၏ အဆိုအရသိရသည်။
လက်ရှိအချိန်အထိ အခွန်စည်းကြပ်မှုပြဿနာနှင့် ပတ်သက်၍ တရုတ်နှင့်အမေရိကန် ပြည်ထောင်စုတို့အကြား ဆွေးနွေးညှိနှိုင်းမှုမျိုး မရှိသေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားထားသည်။
သို့ရာတွင် အခွန်စည်းကြပ်မှုပြဿနာနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ရပ်ရရှိရန် တရုတ်နှင့်ဆွေးနွေးနေကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားထားသည်။
တရုတ်နိုင်ငံနှင့် အခွန်စည်းကြပ်မှုပြဿနာဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရယူရေးအတွက် အမေရိကန်အစိုးရတွင် အခွင့်အလမ်းသာနေသည် ဟုမိမိယုံကြည်ထားကြောင်း သမ္မတဒေါ်နယ်ထရန့်က ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် သမ္မတရာထူး ဒုတိယအကြိမ်မြောက် ရယူနိုင်ခဲ့သည့်ယခုနှစ် ဇန်နဝါရီလမှာပင် တရုတ်နိုင်ငံအပါအဝင် အဓိကကုန်သွယ်ဖက်နိုင်ငံများ၏ ထုတ်ကုန်များကို အခွန်စည်းကြပ်မှုများ စတင်ပြုလုပ်ခဲ့သည်။
ရိုက်တာ

image