ဥရောပသဂ္ဂနဲ့ ကုန်သွယ်ရေးဆွေးနွေးဖို့ နောက်ဆုံးရက် ဇူလိုင် ၉ ရက်ထိ ထရန့်သက်တမ်းတိုး
ဥရောပသမဂ္ဂနဲ့ ကုန်သွယ်ရေးညှိနှိုင်းဆွေးနွေးမှု နောက်ဆုံးရက်ကို ဇူလိုင် ၉ ရက်ထိ သက်တမ်းတိုးလိုက်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုပါတယ်။
ဒေါ်နယ်ထရန့်နဲ့အတူ ပြီးခဲ့တဲ့နေ့က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်ကြောင်း ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောဆိုခဲ့ပြီးနောက်မှာ ထရန့်က အခုလို ထုတ်ပြန်လာတာပါ။
ထရန့်ဟာ ဥရောပသမဂ္ဂက တင်သွင်းတဲ့ကုန်စည်အားလုံးနီးပါးအပေါ် အခွန် ၂၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက် ဇူလိုင် ၈ ရက်ထိ ၁၀ ရာခိုင်နှုန်းသာကောက်မယ်လို့ ပြောပါတယ်။
ဥရောပသမဂ္ဂနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို စိတ်ပျက်တယ်လို့ ဒေါ်နယ်ထရန့်က ပြီးခဲ့တဲ့သောကြောနေ့မှာ ထုတ်ဖော်ပြောကြားလာပြီး အခွန် ၅၀ ရာခိုင်နှုန်းထိ ဇွန် ၁ ရက်ကစပြီး တိုးမြှင့်ကောက်ခံမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။
အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တရပ် အလျင်အမြန်ရရှိဖို့ ဥရောပသမဂ္ဂအနေနဲ့ အသင့်ရှိနေကြောင်း ၊ ဒါပေမယ့် ကောင်းမွန်တဲ့ သဘောတူညီချက်တရပ်ဖြစ်ဖို့အတွက် ဇူလိုင် ၉ ရက်ထိ အချိန်လိုတယ်လို့ ဥရောပကော်မရှင်ဥက္ကဌ ဗွန်ဒါလီယန်က ပြောပါတယ်။
ဥရောပသမဂ္ဂ ကုန်သွယ်ရေးအကြီးအကဲ ဂျမီဆင်ဂရီးရာဟာလည်း အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ဟောင်းဝပ်လပ်နစ်နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး မျှတတဲ့ သဘောတူညီချက်ရယူဖို့ ကတိပြု‌ေ ပြာဆိုပါတယ်။

image

မြောက်ကိုရီးယား စစ်သင်္ဘောပျက်စီးမှု ခဲယမ်းဌာန လက်ထောက်ညွှန်မှူးကိုပါ ဖမ်းဆီး

မြောက်ကိုရီးယား စစ်သင်္ဘောသစ် ရေချမှုမှာ မတော်တဆမှုဖြစ်ပွားပြီး ပျက်စီးမှုနဲ့ပတ်သက်ပြီး လေးယောက်မြောက် တာဝန်ရှိသူတွေကို အာဏာပို်ငတွေက ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။
အာဏာရအလုပ်သမားပါတီရဲ့ ခဲယမ်းဌာန လက်ထောက်ညွှန်ကြားရေးမှူး ရီဟောင်ဆန်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ စစ်သင်္ဘောမတော်တဆမှုအတွက် အဓိကတာဝန်ရှိတယ်လို့ နိုင်ငံပိုင် သတင်းဌာနက ဆိုပါတယ်။
မြောက်ကိုရီးယားစစ်တပ်ကို အဓိကကွပ်ကပ်ပြီး မူဝါဒတွေ အကောင်အထည်ဖော်ဆောင်ရတဲ့ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သူ ရီဟောင်ဆန်ဟာ စစ်သင်္ဘောမတော်တဆမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ အဆင့်အမြင့်ဆုံး အရာရှိတယောက် လည်းဖြစ်ပါတယ်။
တန်ချိန် ၅၀၀၀ ရှိတဲ့ အဲဒီဖျက်သင်္ဘောဟာ အောက်ပိုင်းပျက်စီးခဲ့ပြီး ဒါဟာ နိုင်ငံဂုဏ်သိက္ခာ ကျဆင်းစေတဲ့ ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောဆိုထားပြီး ပါတီမျက်နှာစုံညီအစည်းအဝေးမှာ အရေးယူဖို့ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။
နို်ငငံမြောက်ပိုင်း ချောင်ဂျင်သင်္ဘောကျင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သင်္ဘောကျင်း အင်ဂျင်နီယာချုပ် ၊ တည်ဆောက်ရေးဆိုင်ရာ အကြီးအကဲနဲ့ စီမံခန့်ခွဲရေး မန်နေဂျာတယောက်တို့ကိုလည်း အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
သူတို့တွေကို ဘယ်လို အပြစ်ပေးအရေးယူမယ်ဆိုတာ မသိရပေမယ့် အလုပ်ကြမ်းစေခိုင်းမှု၊ သေဒဏ်ပေးမှုအပါအဝင် ပြစ်ဒဏ်ချမှတ်မှုတွေနဲ့အတူ ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းတွေ ရှိနေပါတယ်။

image

နောက်ကွယ်မှ အာဏာထိန်းချုပ်ထားသူများကိုဖြိုခွင်းရန် ထရမ့်နှင့် ရူဘီယို က အမျိုးသားလုံခြုံရေးကောင်စီ ကို ပြင်ဆင်ဖွဲစည်းမည်

image
43 w - Translate

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတို၌ (၂၇-၅-၂ဝ၂၅) ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက် (၂) ရက်အတွင်း ပိုမိုအားကောင်းလာနိုင်ပါသည်။

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ရေဘေးသင့်ဒေသများအတွက် ရဟတ်ယာဉ်များသုံး၍ ဩစတြေးလျကူညီနေ
ရေလွှမ်းမိုးမှုကြောင့် နယူးဆောက်သ်ဝေးပြည်နယ်၌ သောင်တင်ပိတ်မိနေသော လယ်သမားများလိုအပ်နေသည့်စာနပ်ရိက္ခာ နှင့် တိရစ္ဆာန်အစားအစာများကို ဩစတြေးလျအစိုးရက လေကြောင်းမှတစ်ဆင့် ချပေးနေကြောင်း မေ ၂၅ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
ပြီးခဲ့သည့်ရက်များအတွင်း နယူးဆောက်သ်ဝေးပြည်နယ်၌ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့ရာ လူပေါင်းငါးဦးသေဆုံးခဲ့ရပြီး ပြည်သူထောင်ပေါင်းများစွာတို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုပြဿနာနှင့် ရင်ဆိုင်နေရသည်။
ယင်းပြင် အဆက်အသွယ်ပြတ်တောက်နေသည့် လယ်သမားများအနေဖြင့် ၎င်းတို့၏မွေးမြူရေးခြံများအတွက် တိရစ္ဆာန် အစားအစာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
သို့ဖြစ်ရာမိမိတို့အနေဖြင့် ရဟတ်ယာဉ်များအသုံးပြု၍ မွေးမြူရေးခြံများအတွက် လိုအပ်သည့် တိရစ္ဆာန်အစားအစာများကို လေကြောင်းမှတစ်ဆင့်ချပေးနေကြောင်း နယူးဆောက်သ်ဝေးပြည်နယ် တာဝန်ရှိသူများက ပြောကြားသည်။
လက်ရှိအချိန်တွင် တိရစ္ဆာန်အစားအစာများကို ရဟတ်ယာဉ်များဖြင့် ၄၃ ကြိမ်၊ အခြားနည်းလမ်းများဖြင့်အကြိမ် ၁၃ဝ ခန့် အထိ ချပေးထားပြီးဖြစ်ကြောင်း သိရသည်။ နယူးဆောက်သ်ဝေးပြည်နယ် ရေလွှမ်းမိုးမှုကပ်ဘေးအတွင်း အိုးအိမ်တိုက်တာ အနည်းဆုံး ၁ဝဝဝဝ အထိ ပျက်စီးခဲ့ရသည်။
လက်ရှိတွင် ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်တာဝန်ရှိသူများက စတင်လျက်ရှိသည်။
ရိုက်တာ

image
43 w - Translate

Pres. Trump took to his social media platform on Sunday to criticize both Russian Pres. Vladimir Putin and Ukrainian Pres. Volodymyr Zelenskyy, calling Putin "crazy."

https://abcnews.go.com/Politic....s/live-updates/trump

image
43 w - Translate

ရန်ကုန်အထိုင် စားအုန်းဆီလက်ကားဈေး ၆၃၉၀ ကျပ် သတ်မှတ်
ရန်ကုန်၊ မေလ ၂၆
မေလ (၂၆) ရက်မှ ဇွန်လ (၁) ရက်နေ့အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ ၆၃၉၀ ကျပ် သတ်မှတ်လိုက်ပါတယ်။
မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ဈေးသတ်မှတ်တာပါ။
ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

image
43 w - Translate

ဒီဖြစ်ရပ်မှန်ဟာ တစ်ကယ်ဖြစ်ခဲ့ပြီး ကမ္ဘာပေါ်ရှိလူနဲ့တိရစ္ဆာန်တို့ရဲ့ အကြီးမားဆုံးတိုက်ပွဲတွေထဲကတစ်ခုအဖြစ် သမိုင်းဝင်မှတ်တမ်းတင်ခဲ့ပါသေးတယ်။
🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊🐊
🌟ဒုတိယကမ္ဘာစစ်ကာလအတွင်း မြန်မာနိုင်ငံဟာ ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ခဲ့ကြရာမှာ မြန်မာ့လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ် အင်္ဂလိပ်အမေရိကန်တပ်တွေတင်မဟုတ်ဘဲ မြန်မာနိုင်ငံမှာနေထိုင်ခဲ့တဲ့ ဌာနေမျိုးရင်း ရေငန်မိကျောင်းကြီးတွေပါ ပါခဲ့တယ်ဆိုတာ မသိကြဘူးဟုတ်..?
ဒီဖြစ်ရပ်မှန်ဟာ တစ်ကယ်ဖြစ်ခဲ့ပြီး ကမ္ဘာပေါ်ရှိလူနဲ့တိရစ္ဆာန်တို့ရဲ့ အကြီးမားဆုံးတိုက်ပွဲတွေထဲကတစ်ခုအဖြစ် သမိုင်းဝင်မှတ်တမ်းတင်ခဲ့ပါသေးတယ်။
🍁ဖြစ်စဥ်ကတော့ဒီလိုပါ...
၁၉၄၅ ခုနှစ်အတွင်းမှာ ဂျပန်စစ်တပ်ဟာ မြန်မာပြည် အောက်ပိုင်းအတွင်းစစ်ဆင်ရေးပြုလုပ်နေချိန်မှာ မဟာမိတ်တပ်ဖွဲ့များဆီကနေ အဖက်ဖက်ကပိတ်ခံရပြီး အရေးနိမ့်နေခဲ့တဲ့အတွက် ဂျပန်စစ်သားအယောက် ၁၀၀၀ နီးပါး ရှိတဲ့တပ်ဖွဲ့ကြီးဟာ အသေခံမလား ဒါမှမဟုတ် ၁၀ မိုင်ခန့်အကွာအဝေးရှိတဲ့ ဒီရေတောရေဝပ်တဲ့ ရေအိုင်တောကြီးကိုဖြတ်မလားဆိုတဲ့ အကျပ်ရိုက်မှုတွေရှိခဲ့ပါတယ်။ အညံ့ခံမယ့်အစား ခက်ခဲတဲ့လမ်းကိုရွေးချယ်မယ်ဆိုပြီး ရေမကူးတတ်တဲ့ဂျပန်တွေဟာ ရေအိုင်ထဲခြေလျင်ဖြတ်ကျော်ရပါတော့တယ်။
🌳ဒီရေတောကြီးထဲမှာ ဂျပန်စစ်သားတွေဟာ အိမ်ရှင်ရေငန်မိကျောင်းကြီးတွေနဲ့ တွေ့ဆုံခဲ့ကြရပါတယ်။ မိကျောင်းတို့ရဲ့ သားရဲတွင်းထဲရောက်နေတဲ့အတွက် ဆာလောင်မွတ်သိပ်နေတဲ့ မိကျောင်းကြီးတွေရဲ့အမဲလိုက်ခြင်းကိုခံရပါတော့တယ်။ ရေငန်မိကျောင်းကြီးတွေဟာ ၁၆ ပေ အထိကြီးနိုင်ကြတဲ့ ဧရာမမိကျောင်းကြီးတွေပါ။ နာရီပေါင်းများစွာကြာတဲ့အထိ ဂျပန်စစ်သားတွေရဲ မိကျောင်းတွေနဲ့လုံးထွေးသံ၊ ရိုင်ဖယ်သေနတ် ပစ်ဖောက်တိုက်ခိုက်ရတဲ့အသံ၊ ဒဏ်ရာရနေတဲ့စစ်သားတွေရဲ့ အားပြင်းလှတဲ့မိကျောင်းကြီးတွေရဲ့ပါးစပ်တွေကြား ခြေလက်တွေကိုက်ဖြတ်ခံရလို့ နာကျင်စွာအော်ဟစ်နေတဲ့အသံတွေပြည့်နှက်နေခဲ့ပါတယ်။ သားကောင်ကိုကိုက်ခဲပြီး ခန္ဓာကိုယ်ကိုလှိမ့်ပတ်လူးလိမ့်ကာ အသားတွေဆွဲဖဲ့တဲ့မိကျောင်းကြီးတွေရဲ့မြင်ကွင်းနဲ့အတူ ဒီရေတောထဲကရေအိုင်ကြီးဟာ သွေးရောင်တွေနဲ့ ဖုံးလွှမ်းသွားပါတော့တယ်။ ကံကောင်းတဲ့စစ်သားအနည်းငယ်ကသာ သစ်ပင်တွေပေါ်တွယ်တက်ပြီးရှင်ကျန်ခဲ့ပါတယ်။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
🌟အဆုံးသတ်မှာ ဒီရေတောရေအိုင်ကြီးထဲ ခြေလျင်ဖြတ်ခဲ့တဲ့ ဂျပန်စစ်သား ၁၀၀၀ နီးပါးကနေ အယောက် ၂၀ သာ အသက်ရှင်လျက် ပြန်ရှာတွေ့ခဲ့ပါတယ်။ ဒီလက်ကျန် ၂၀ ကိုလည်း သူတို့ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့ ရန်သူမဟာမိတ်တပ်ဖွဲ့တွေကပဲ ဖမ်းဆီးကယ်တင်ပေးခဲ့ရတာပါ။ ဒါကတော့ မဟာမိတ်ဘက်မှမှတ်တမ်ဖြစ်ပြီး တကယ့်စစ်သား ၂၀၀ - ၃၀၀ ခန့်သာ သားရဲတွင်းကနေရော ဖမ်းဆီးခံရတဲ့ဒဏ်ကနေလွတ်သွားတယ်လို့ ဂျပန်ဖက်ကမှတ်တမ်းမှာတွေ့ရပါတယ်။
ဒါကတော့ ဒုတိယကမ္ဘာစစ်အတွင်းက နာမည်ကြီးခဲ့တဲ့ မြန်မာနိုင်ငံအတွင်းရှိဒီရေတောကြီးတွေကို ကြီးစိုးခဲ့တဲ့ သားရဲ ရေငန်မိကျောင်းကြီးတွေရဲ့ ရာဇဝင်ပဲဖြစ်ပါတယ်။
အခုချိန်မှာတော့ လူနေထူထပ်လာမှု၊ နယ်မြေချဲ့ထွင်မှုတွေကြောင့် တိမ်ကောလာတဲ့ ဒီရေတောတွေနဲ့အတူ ဒီရေတောအတွင်းနေထိုင်ကြတဲ့ သတ္တဝါမျိုးစိပ်ပေါင်းများစွာနဲ့ ရာဇဝင်မှာ တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းရေငန်မိကျောင်းများရဲ့အရေအတွက်ဟာလည်း နည်းပါးလာပြီဖြစ်ပါတယ်။
🌳ဒီရေတောများဟာ ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ကမ်းခြေဒေသများကို လေထုညစ်ညမ်းမှု၊ လှိုင်းကြီးရိုက်ခတ်မှု၊ ဒီရေနှင့် ကမ်းပါးရေတိုက်စားပြိုကျမှုများကနေ ကာကွယ်ပေးထားပါတယ်။ သဘာဝကဖန်ဆင်းပေးထားတဲ့ ရေကာတာတံတိုင်းကြီးတွေဖြစ်တဲ့အပြင် ဒီရေတောအတွင်းနေထိုင်တဲ့ သက်ရှိဇီဝမျိုးကွဲပေါင်းများစွာရဲ့နေထိုင်ရာအိမ်ကြီးတွေဖြစ်တဲ့အတွက် ဒီရေတောများမတိမ်ကောအောင် အားလုံးဝိုင်းဝန်း စောင့်ရှောက်သင့်ပါတယ်နော်။
ရေးသားသူ - #shin_paing @ Piscey Wang

image

#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ဆော်ဒီပရိုလိဂ်၏ကမ်းလှမ်းမှုကို လက်ခံရရှိပြီးနောက် မန်ယူမှ ထွက်ခွာမည့်အခြေအနေကို ဘရူနိုဖာနန်ဒက်စ် ထုတ်ဖော်ပြောဆို
ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်သည် ဆော်ဒီကလပ်အယ်ဟီလာ၏ တန်ဖိုးကြီးမားသောကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှထွက်ခွာနိုင်ခြေနှင့် ပတ်သက်ပြီး အရိပ်အမြွက်ထုတ်ဖော်ပြောဆိုလိုက်၍ မန်ယူပရိသတ်များအတွက် စိတ်ပျက်ဖွယ်ရာဖြစ်လာခဲ့ရသည်။
ဆော်ဒီကလပ်အယ်ဟီလာသည် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူရန် ပေါင်သန်း ၂ဝဝ ဖြင့်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး မန်ယူအနေဖြင့် ယူရိုပါ လိဂ်ဗိုလ်လုပွဲတွင် ရှုံးပွဲကြုံခဲ့ပြီးနောက် နွေရာသီ၌အသင်းကို ကြီးကြီးမားမား ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိနေခြင်းလည်း ဖြစ်သည်။
ထို့ကြောင့်လည်း ဘရူနိုဖာနန်ဒက်စ်က မန်ယူအနေဖြင့် နွေရာသီတွင် အသုံးစရိတ်ရရှိရေးအတွက် ၎င်းကိုရောင်းချမည်ဆိုပါက အသင်း၏ဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဘရူနိုဖာနန်ဒက်စ်က “သူတို့အနေနဲ့ ငွေလိုချင်လို့ပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ခွဲထွက်ဖို့အချိန်တန်ပြီလို့ ယူဆရင်အဲဒါက အဲဒီလိုပဲဖြစ်လာမှာပါ။ ဘောလုံးကတစ်ခါတလေ ဒီလိုပါပဲ။ ကျွန်တော်အမြဲတမ်းရိုးသားခဲ့တယ်။ အဲဒီကိုသွားဖို့အချိန်တန်ပြီလို့ ကလပ်ကပြောလာခဲ့တဲ့ အထိကျွန်တော်ဒီမှာရှိနေမှာပါ။ ကျွန်တော့်ရဲ့ ကလပ်ကိုကြီးကျယ်တဲ့ နေ့ရက်တွေဆီပို့ဆောင်နိုင်ဖို့ဒီထက်မက ပိုပြီးလုပ်ဆောင်ဖို့တော့ စိတ်အားထက်သန်နေပါတယ်”ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
သတင်းများ၏အဆိုအရ အယ်ဟီလာသည် ဘရူနိုဖာနန်ဒက်စ်ကိုတစ်ပတ်လုပ်ခပေါင် ၇ဝဝဝဝဝ တန်ကြေးရှိသော သုံးနှစ်စာချုပ်ဖြင့် ကမ်းလှမ်းရန်စီစဉ်နေခြင်းဖြစ်ကာ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁ဝဝ သုံးစွဲသွားရန်သတ်မှတ်ထားကြောင်းလည်း သိရသည်။

image

လူတွေကပြောကြတယ် တစ်ယောက်ယောက်ကို
စောင့်နေရတာက နာကျ၊င်ရတယ်တဲ့
တစ်ချိုလူတွေကတော့ တစ်ယောက်ယောက်ကို
မေ့ဖျော||က်ရတာက နာကျ၊င်ရတယ်တဲ့။

ဒါပေမယ့်ဘယ်အချိန်ကအန၊ာကျ၊င်ရဆုံးလဲမင်းသိလား
စောင့်ရမလား မေ့ရမလားတောင်
6သချာမသိတဲ့အချိန်က အနာကျ၊င်ရဆုံးပဲ။

image