1 y - Translate

ဒါက ဓာတုဆိုးဆေးမပါ၊ ဓာတုပစ္စည်း အရောအနှောမပါတဲ့ အိမ်လုပ်ငါးချဥ်လုပ်နည်းလေးပါ။
🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟🐟
🐠ငါးခုံးမ၊ ငါးဖယ်၊ ငါးမြစ်ချင်း၊ ငါးကြင်းခြစ်ပြီးသား အသားတစ်မျိုးမျိုး - ၁ ပိဿာ
🐠ထမင်း -၂၀ ကျပ်သား
🐠ဆား - ၅ ကျပ်သား တို့လိုအပ်ပါတယ်။
၁။ ပထမဦးစွာ ထမင်းကို မညက်တညက်အရင်ထောင်း ပြီးမှ ထမင်းနဲ့ငါးအသားကို ရောထောင်း၊ ဆားနဲ့နယ်ပြီး ဇလုံထဲ ပေါက်ပေးပါ။
၂။ နာနာလေးပေါက်ပြီးမှ ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး အိတ်ကိုသေချာပိတ်ပါ။ လေပိုမရှိအောင် တင်းနေအောင် ချည်ပိတ်ပါ။
၃။ ပြီးလျှင် ခွက်တစ်ခုရဲ့အပေါ်ကနေ ဇကာခံပြီး ဇကာပေါ်ကနေ ငါးချဉ်ထုပ်ကိုတင်ပြီး အပေါ်ကနေ စဥ့်နှီးတုံးနဲ့ ဖိထားပါ။
၄။ မနက်တည်းက ငါးချဥ်ထုပ်ကို စဥ့်နှီးတုံးဖြင့် ဖိထားမည်ဆိုပါက ညရောက်ရင် ဇကာနဲ့ထိနေတဲ့ ကျွတ်ကျွတ်အိတ်ဖက်ကို ဓားနဲ့အပေါက်လိုက်ဖောက်ပါ။
၅။ အပေါက်များများဖောက်ပြီးသော ငါးချဥ်ထုပ်ကို ဇကာနဲ့ထိပြီးပြန်တင်ပြီးပါက အပေါ်ကနေ စဉ့်နှီးတုံးပြန်ဖိထားမှ အောက်ခံခွက်ထဲကို အရည်တွေကျလာပါလိမ့်မယ်။ ကျလာသောအရည်များကို သွန်ပေးပါ။
*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*
စလုပ်ကတည်းက ၂ ရက်၊ ၃ ရက်ဆို ချဉ်ပြီမို့ ကျွတ်ကျွတ်အိတ်ထဲကငါးချဥ်ကို ယူထုတ်ပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါက တစ်ပါတ် ၁၀ ရက်ထိ အထားခံပါသည်။
ငါးအသားတစ်ပိသာကို ဆား ၅ ကျပ်သား၊ ထမင်း၂၀ သားနဲ့လုပ်ပါက ၂ ရက်ဆိုချဉ်ပြီး အချဉ်ရည်ပိုကျကာ မာမာထုတ်ထုတ်လေးမို့ ပိုစားကောင်းပါတယ်။
ဒါက ဓာတုဆိုးဆေးမပါ၊ ဓာတုပစ္စည်း အရောအနှောမပါတဲ့ အိမ်လုပ်ငါးချဥ်လုပ်နည်းလေးပါ။
ငါးချဉ်ကို ကြော်စား၊ သုပ်စား၊ ဟင်းချက်စားကြပါတယ်။ ငါချဥ်သုပ်ကို ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်ဖြူဆီချက်၊ ငရုတ်သီးအကျက်မှုန့်၊ ပင်စိမ်း၊ နံနံပင်နဲ့ရောပြီး သုပ်စားပါက အနံ့မွှေးမွှေးလေးနှင့်မို့ ဘူးသီးဟင်းခါးနှင့် တွဲဖက်စားသောက်ပါက အလွန်လိုက်ဖက်လှပေသည်။
ရေးသားသူ #နှင်းဖြူဖြူ _ပင်လယ်ပြာ (ငါးဦးစီး)

image
1 y - Translate

လာမယ့် October လထဲမှာထွက်ရှိမယ့် "Don't Touch Kotesashi" Sports Ecchi anime

image
1 y - Translate

July 3 ရက်နေ့မှာတော့ Anime Expo 2025 ကျင်းပမှာဖြစ်ပြီးတော့ အဲ့ပွဲမှာ Anime ကြီးတေ​များစွာရဲ့ သတင်းတွေ ကြေညာချက်အသစ်တွေသိရတော့မှာဖြစ်ပါတယ်။

image
1 y - Translate

July 3 ရက်နေ့မှာတော့ Anime Expo 2025 ကျင်းပမှာဖြစ်ပြီးတော့ အဲ့ပွဲမှာ Anime ကြီးတေ​များစွာရဲ့ သတင်းတွေ ကြေညာချက်အသစ်တွေသိရတော့မှာဖြစ်ပါတယ်။

image
1 y - Translate

July 3 ရက်နေ့မှာတော့ Anime Expo 2025 ကျင်းပမှာဖြစ်ပြီးတော့ အဲ့ပွဲမှာ Anime ကြီးတေ​များစွာရဲ့ သတင်းတွေ ကြေညာချက်အသစ်တွေသိရတော့မှာဖြစ်ပါတယ်။

image
1 y - Translate

July 3 ရက်နေ့မှာတော့ Anime Expo 2025 ကျင်းပမှာဖြစ်ပြီးတော့ အဲ့ပွဲမှာ Anime ကြီးတေ​များစွာရဲ့ သတင်းတွေ ကြေညာချက်အသစ်တွေသိရတော့မှာဖြစ်ပါတယ်။

image
1 y - Translate

July 3 ရက်နေ့မှာတော့ Anime Expo 2025 ကျင်းပမှာဖြစ်ပြီးတော့ အဲ့ပွဲမှာ Anime ကြီးတေ​များစွာရဲ့ သတင်းတွေ ကြေညာချက်အသစ်တွေသိရတော့မှာဖြစ်ပါတယ်။

image
image
image
image

တရုတ်စတိုင် ပဲပြားအစပ်ကြော်😁

ပဲပြားကို ရေဆေး ပါးပါးလှီးပြီ အရသာဝင်အောင် ဆားလေးနဲနယ်ပြီ ကြော်ထားပါ

ခရမ်းသီးကို အနေတော်တုံးပြီ ခပ်စိပ်စိပ်လေးလှီးထားပါ
မုန်လာဥနီကို ပါးပါးလှီးထားပါ
ဒယ်အိုးထဲဆီထည့် ကြက်သွန်ဖြူဓားပြားရိုက်ထည့်မွှေ ငရုပ်သီးစိမ်းညှပ်ထည့် မုန်လာဥနီ ခရမ်းသီး ပဲပြားထည့်ပြီ ဟင်းချက်ဝိုင် ၁ဇွန်း ခရုဆီ ၁ဇွန်း ပဲငံပြာရည်အကြည် ၂ ဇွန်း သကြားအနည်းငယ် ထည့်မွှေ ကျက်ခါနီး ပဲငံပြာရည်အနောက်၁ဇွန်းထည့်ပြီ
အရသာမြည်း
ရပါပြီနော် ကြက်သွန်မြိတ်ရှိရင် ညှပ်ထည့်
တန်ဖိုးနည်းဟင်းလျာလေးတခွက်လည်းဖြစ် စားလို့လည်းကောင်း ဘာလိုသေးလဲ

image

ပဲပုတ်ခရမ်းချဥ်သီးထောင်း
ပဲပုတ်နှစ်ချပ်ကို မီးအေးအေးလေးနဲ့ ကျွတ်အောင်ကင်ထားပါတယ်
ငရုပ်သီးစိမ်းကိုအစပ်စားနိုင်သလောက်နဲ့ကြက်သွန်ဖြူလေးကိုလည်းလှော်ထားပါတယ်
ကိုင်းခရမ်းချဥ်သီးလေးသုံးလုံးလောက် ကိုလည်းမီးကင်ထားပါ
ပြီးရင်ကင်ထားတဲ့ပဲပုတ်ကိုမညှက်တညှက်လေးထောင်းပြီးလှော်ထားတဲ့ငရုပ်သီးစိမ်းနဲ့ကြက်သွန်ဖြူလေးထည့်ထောင်းပါ
ပြီးရင်ခရမ်းချဥ်သီးအခွံခွာပြီးထည့်ထောင်းပါ
အရသာအတွက်ဆားအချိုမုန့်ကိုယ်စိတိကြိုက်ထည့်ပါ
ငရုပ်သီးအကျက်မုန့်လေးနည်းနည်းထပ်ထည့်ပါ
ပြီးရင်ကြက်သွန်နီပါးပါးလှီးထားတာနဲ့နံနံပင်လေးဖြူပြီးရပါပြီရှင်

image

သက်သတ်လွတ် ပဲပြား အူတု ချိုချဉ်ကြော် ။

သက်သတ်လွတ်အူတု အခြောက် ဆယ်ခုလောက်ကို ရေနွေးပူပူ စိမ်ထားပါ။ နာရီဝက်လောက် ထားပြီးမှ အူတုတွေပွ လာရင်ဆယ်ထားပြီး ဆား နဲနဲဖြင့် နယ်ထားပါ။ ပဲပြား နှစ်တုံး ကိုလည်းဆေးပြီးသင့်တော်အောင်တုန်းပြီး ဆားအနည်းငယ်ဖြင့်နယ်ထားပြီး ကြော်ထားပါ။အူတု တွေလည်း ကြော်ထားပါ။ပြီးရင် ကိုယ်ထည့်ချင်တဲ့အသီးအရွက်တွေကို လှီးပြီး သန့်စင်ထားပါ။ကြော်ရန်အတွက် ဒယ်အိုးထဲမှာ ဆီ ထမင်းစားဇွန်းနှစ်ဇွန်းစာလောက်ထည့် ။ကြက်သွန်နီ လေးစိတ်စိတ် ထားတာထည့်။ ကြက်သွန်ဖြူ ငါးမွှာလောက် ထုပြီးထည့် ဥနီထည့် ပြောင်းဖူးထည့် ရေနွေး အနည်းငယ်ထည့် ပြီးမှ မုံညင်းထုတ် ထည့် အရသာအတွက် သက်သတ်လွတ်ငါးမှုန့် ပဲငံပြာရည် အကျဲ ဆား ထညက်မှုန်ှု့ ချစ်တို ငြုတ်ဆီ ထမင်းစားဇွန်း နှစ်ဇွန်း ချိုချဉ် ငြုတ်ဆီ နှစ်ဇွန်း တို့သင့်တော်အောင်ထည့်ပြီး ငြုတ်ပွ နဲ့ပန်းစိမ်းထည့်ပါ။ကိုယ်ထည့်ချင်လျင် ကော်မှုန့်ထမင်းစားဇွန်းတဇွမ်းစာကိုအရည်နဲနဲဖျော်ပြီးထည့်ပါ။ ရေစပ်စပ် နဲ့ဆူပွက်နေတဲ့ အချိန်မှာကြော်ထားတဲ့ အူတု နဲ့ပဲပြားထည့် ငြုတ်ကောင်းမှုန့်အနည်းငယ်ထည့် ။အရေစပ်စပ်နဲ့ ထည့်ထားတဲ့ဟင်းသီးဟင်းရွက်တွေ အရသာဝင်ပြီဆို စားလို့ရပါပြီ ။

image