#ကြက်သား ကို ဒီလို ချဥ်ချဥ်စပ်စပ်လေး နဲ့ စားကောင်းအောင် ချက်နည်း😋😋
ကြက်သားချဥ်စပ်ချက်ဖို့လိုတာလေးတွေက
ကြက်အသားချည်းသေးသေးတုံးရန်
ကြက်သွန်နီ
ဖြူ
ဂျင်း
ငရုတ်အရောင်တင်မှုန့်
ငရုတ်လေးစိပ်ကွဲ
ခရမ်းချဥ်သီး
ဆား
အချိုမှုန့်
ပဲငံပြာရည်အနောက်
ပဲငံပြာရည်အကြည်
ငံပြာရည်
သကြား
ဗင်နီကာ
ရှမိးနံနံ
တို့ လိုပါမယ်
#ပြုလုပ်နည်း
ကြက်ရင်ပုံကို အသားလွှာပြီး သေးသေးတုံးပါ
ဆား၊ အချိုမှုန့် ပဲငံပြာရည်အနောက် အကြည်
ငံပြာရည်တို့နဲနယ်ထားပါ
ဂျင်း ကြက်သွန်နီဖြူကို ထောင်းထားပါ
ဆီအိုးတည် ဆီဆူရင် ထောင်းထားတဲ့ကြက်သွန်ထညိ့ပါ
ကြက်သွန်နွမ်းရင် ငရုတ်သီးအရောင်တင်မှုန်နဲ့ ငရုတ်သီးလေးစိပ်ကွဲထည့်ပြီး ဆီသတ်ပါ
ပြီးရင် ကြက်သားထည့်လုံးပါ
ကြက်သားလုံးရေခမ်းရင် ဗင်နီကာနဲ့သကြားနဲနဲထည့်ပါ ရေထည့်ပြီး အသားနူးအောင်တည်ပါ
အသားနူးရင် ခရမ်းချဥ်သီး အစိပ်လေးတွေတုံးပြီးထည့်ပါ
ဆီပြန်ရင် ရှမ်းနံနံအူပ်ပါ
ဒါဆို ကြက်သားချဥ်စပ်လေးရပါပြီ
ကြက်သားချဥ်စပ်က ချဥ်ရမယ် စပ်ရပါမယ်
ဒါကြောင့် အဲ့နှစ်ခု အရသာပေါ်အောင်ချက်မှ စားကောင်းပါမယ်နော်
.မှတ်ချက် ကြက်သားအစား ဝက်သားကိုလည်း ဒီနည်းအတိုင်း ချက်စားနိုင်ပါတယ်

image

#အီကြာကွေး လုပ်နည်းလေးပါ လိုအပ်ရင် Save ထားပါ😋😋
‌တရုတ်အစားအစာတမျိုးဖြစ်တဲ့အီကြာကွေးကိုစင်္ကာပူမလေးရှားမှာလည်းနေရာတိုင်းမှာရောင်းချထားတာတွေ့နိုင်ပါတယ်။ပဲနို့နဲ့လိုက်ဖက်တဲ့မနက်ခင်းစာလည်ြး ဖစ်ပါတယ်။
အီကြာကွေးလုပ်နည်းကတေ ယာက်နဲ့တယောက်မတူတဲ့လုပ်နည်းတွေရှိပါတယ်။အိမ်ရှင်မများမိမိအိမ်သားတွေကိုသန့်ရှင်းလတ်ဆတ်စွာလုပ်ကျွေးနိုင်ဖို့မိရိုးဖလာလုပ်လာတဲ့နည်းကိုမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (ပုံပါ၁၅ချောင်းစာ)
********
ဂျုံ - ၅၀၀ ဂရမ်
ရေ သို့ နွားနို့ - ၃၅၀ ml
ဆား - လ္ဘက်ဇွန်း တစ်ဇွန်း
သကြား - ၃ ဇွန်း စားပွဲဇွန်း
ဆီ - ၂ဇွန်း စားပွဲဇွန်း
Yeast - လ္ဘက်ဇွန်းတဝက်
Baking powder - လ္ဘက်ဇွန်းတဇွန်း
ကြက်ဥ - တစ်လုံး
ပြင်ဆင်ပြုလုပ်ပုံ
***********
1.ခွက်တခုတွင်နွားနို့ကိုခပ်နွေးနွေးအပူပေးပြီးyeastထည့်ကာဖျော်ထားပါ။
ဇလုံတခုတွင်ပါဝင်ဂျုံဆားသကြားကြက်ဥဆီbakingpowderတို့ကိုထည့်ပြီးသမအောင်မွေပေးပါ။နို့နွေးနွေးနှင့်yeastရောစပ်ထားသည်ကိုထည့်ပြီးသမအောင်မွေပေးပါ။
ဂျုံသားများဟာအလွန်ပျော့နေရပါ့မယ်
❀ ဤအဆင့်တွင်ပလပ်စတစ်ဖြင့်အုပ်ပြီးရေခဲသေတ္တာတွင်တညနှပ်ထားပြီးကျန်အဆင့်များကိုမနက်ကြော်ခါနည်းအချိန်မှသာဆက်လုပ်နိုင်သည်။2.ပြီးလျှင်ဂျုံသားအားလုံးကိုစားပွဲပေါ်တင်ကာလက်ဖြင့်ဖိချေပြီးရေခြောက်လာသည်ထိ၁၅မိနစ်ခန့်နှယ်ပေးပါ။
❀ ❀ အီကြာကွေးပြုလုပ်ရာမှာအရေးကြီးဆုံးအချက်ကဂျုံနှယ်တဲ့အချိန်ဖြစ်ပါတယ်။3.ရေခြောက်ပြီးလက်တွင်မကပ်စားပွဲတွင်မကပ်တော့သောအနေထားရပါကဂျုံဖြူးပြီးလေးထောင့်အနေခေါက်ကာရေစိုဖန့်ဖန့်အဝတ်သို့မဟုတ်ပလပ်စတစ်ဖြင့်အုပ်ပြီးမိနစ် ၃၀ မှ ၄၅ မိနစ်ထိအပွခံထားပါ။4.လိုအပ်သောအပွအနေထားရပါကစားပွဲတွင်ဂျုံမှုန့်ဖြူးကာခေါက်ထားသောလေးထောင့်အနေထားအတိုင်းအောက်ဘက်မှလက်လျိုပြီးလိုအပ်သောအထူအနေထားထိဆွဲဖြန့်ပေးပါ။အထူးအပါးညီအောင်ဖြန့်ပါ။လိုအပ်ပါက၁၀မိနစ်ခန့်ပြန်ပွအောင်ထားပါ၊ 5.အပေါ်ယံမျက်နှာပြင်မခြောက်အောင်အဝတ်ပါးအုပ်ထားပါ။ကြော်ရန်ဆီအိုးအဆင်သင့်တည်ထားပါ။6.ဆီပူပါကဖြန့်ထားသောဂျုံကိုတစ်လက္မအကျယ်ခန့်ဖြတ်ပေးပါ။ဖြတ်ပြီးသားဂျုံကိုအလယ်မှထပ်ပိုင်းပိုင်းကာတစ်ပိုင်းကိုရေစွတ်ပေးပြီးကျန်တပိုင်းကိုအပေါ်မှထပ်တင်ပေးပါ။အရှည်ပြုလုပ်လိုပါကနှစ်ချောင်းထပ်ပါ။ပြီးလျှင်ခေါက်ဆွဲစားသောတူဖြင့်ထပ်ထားသောဂျုံသားကိုအပေါ်မှဖိပေးပါ။ပြီးလျှင်လက်ဖြင့်ကိုင်ပြီးမိမိလိုချင်သောအရှည်အနေထားထိသာသာဆွဲပြီးဆီပူထည့်ချကြော်ပါ။7.ဆီပူထည်းချကြော်စဉ်တူဖြင့်မုန့်ကိုပွလာစေရန်လှုပ်ခပ်ထိုးဆွပေးရပါမယ်။ရွှေဝါရောင်ရသည်ထိကြော်ပြီဆယ်ယူဆီစစ်ကာပူပူနွေနွေးသုံးဆောင်နိုင်ပါပြီ။
❀ ရာသီဥတုအရမ်းမပူပြင်းပါကညတွင်နယ်ထားပြီးအပွခံထားကာမနက်မှပြန်နယ်အပွခံကာပြုလုပ်နိုင်ပါတယ်။
❀ ရေခဲသေတ္တာအလွန်မအေးသောအထပ်တွင်လည်းထားနိုင်ပြီးကျန်လုပ်နည်းအဆင့်များအားလုံးတူတူပင်ဖြစ်ပါတယ်။

image

#ငါးသေတ္တာ ကို စားမြိန်အောင် ဒီလို #ငါးပိချက် လေး ချက်စားကြည့်ပါ 😋😋
(ထမင်းကုန် တို့စရာဟင်းသီးဟင်းရွက်တွေကို မြန်မြန်ကုန်စေတဲ့ အရသာရှိပြီး ထမင်းမြိန်တဲ့ ဟင်းတစ်မျိုးပါ) 😋
ပြုလုပ်နည်း.......
* ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီအနည်းငယ်ထည့်ပါ။
* နှုတ်နှုတ်ဆိတ်ထားတဲ့ ကြက်သွန်ဖြူ ၅၀ ဂရမ်ကို ထည့်ပြီး
မွှေးလာတဲ့အထိ ဆီသတ်ပါ။
* ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ၅၀ ဂရမ်ကို ထည့်ပြီး
နှစ်မျိုးလုံးကို မွှေးပြီး ရွှေဝါရောင်သန်းလာတဲ့အထိ
အတူတူဆီသတ်ပါ။
* ငါးသေတ္တာ ၂ ဘူး ထည့်ပြီး အားလုံးရောသမအောင်မွှေပြီး
ငါးသေတ္တာတွေကို ကြေသွားအောင် ချေပေးပါ။
* ပြီးရင် ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပါ။
- မန်ကျည်းမှည့်အနှစ် စားပွဲဇွန်း ၂ ဇွန်း
- ငရုတ်သီးမှုန့် စားပွဲဇွန်း ၂ ဇွန်း
- ငါးငံပြာရည် စားပွဲဇွန်း ၁ ဇွန်း
- သကြားဖြူ စားပွဲဇွန်း ၁ ဇွန်း
- အချိုမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်
* ပါဝင်ပစ္စည်းအားလုံးကို မီးအေးအေးလေးနဲ့
သမအောင် ရောမွှေပါ။
* အရသာမြည်းကြည့်ပြီး လိုအပ်တာကို ထပ်ထည့်နိုင်ပါတယ်။
* ငါးပိချက်အနှစ်ရအောင် မီးအေးအေးလေးနဲ့
ပိုပြီးပျစ်လာအောင် ခနလောက် တည်ထားပေးပါ။
* သံပရာရည် စားပွဲဇွန်း ၁ ဇွန်း
(ဒါမှမဟုတ် နှစ်သက်ရာပမာဏ) ထည့်နိုင်ပါသည်။
* နှစ်သက်ရာ ငရုပ်သီးအစိမ်း/အနီတောင့် အနည်းငယ်ထည့်ပါ။
ပြီးရင် ပန်းကန်လုံးထဲ ခပ်ထည့်ပြီး ပူပူနွေးနွေးထမင်းဖြူနဲ့ လတ်ဆတ်တဲ့ ခရမ်းချဉ်သီး၊ သခွားသီး၊ နံနံပင် ဒါမှမဟုတ် နှစ်သက်ရာ တို့စရာ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။
အရမ်းလိုက်ဖက်ပြီး အရသာရှိပါတယ်။
ထမင်းအိုးက ကုန်ပြန်ပြီး.........!😁

image

#ကြက်သားတုမ်ယမ်းချက်နည်း
ချဥ်စပ်မွှေးလေးနဲ့ သောက်လို့အရမ်းကောင်းတဲ့ဟင်းရည်လေး
ကြက်ဥကြော််လေးနဲ့ တအားလိုက်သောလေး
ချက်ရတာလည်း အရမ်းလွယ်တဲ့ဟင်းလေး..
လိုအပ်တဲ့ပါပစ္စည်းများ........
- သံပုရာသီး
- ပဒဲကော
- စပါလင်
- ရှောက်ဘီလူးရွက်
- ခရမ်ချဉ်သီး
- ကြက်သွန်နီ
- ရှမ်းနံနံ
- ကိုယ်အဆင်ပြေတဲ့ မှို
ချက်နည်း........
အရည်ကို ကိုယ်လိုသလောက်ထည့်ပြီးဆူအောင်တည်ပါ။
ပြီးရင် ကြက်သွန်နီ လေးစိတ်ကွဲ၊ ခရမ်းချဉ်သီး လေးစိတ်ကွဲ၊ ပဒဲကောနဲ့ စပါလင်လှီးထည့်၊ ရှောက်ရွက်ထည့်၊ တုန်ယမ်းခဲထည့်ပါ။ (မရှိရင်ဆားနဲ့ကြက်သားမုန့်ပဲထည့်ပါ။)
ရေဆူအောင်တည်ပြီး ကြက်သားတွေထည့်ပါ။
ကြက်သားထည့်ပြီး မိနစ်နှစ်ဆယ်လောက်ဆို ကိုယ်ကြုက်တဲ့မှိုထည့်ပါ။ အရသာအတွက် ငံပြာရည်ထည့်ပါ။
ပြီးရင်နိုစိမ်း သို့မဟုတ် အုန်းနို့ထည့်ပါ။
မှိုတွေကျက်ရင် ငရုပ်သီးအလှော်တောင့် သို့မဟုတ် ငရုပ်သီးစိမ် တောင့် ကြိုက်တာထည့်ပါ။
နောက်ဆုံး အရသာလေးမြည်းကြည့်ပြီး ရှမ်းနံနံပင်နဲ့ ရှောက်ဘီလူးရွက်လေးခပ်ပေးပြီးရင် ရပါပြီးရှင့်....။
မီးပိတ်ပြီး ကိုယ်အချဉ်ကြိုက်သလောက် သံပုရာသီးညှစ်ထည့်ပြီး စားကောင်းတဲ့ ကြက်သားတုမ်ယမ်းလေး စားလို့ရပါပြီးရှင့်....

image
23 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အလုပ်​ဗီဇာ သက်တမ်းတိုးလုပ်ဆောင်ရမည့် ထိုင်းရောက်မြန်မာလုပ်သားများအတွက်နေထိုင်အလုပ်လုပ်ခွင့် ခြောက်လထပ်တိုး
အလုပ်ဗီဇာသက်တမ်းတိုး လုပ်ဆောင်ရမည့် ထိုင်းရောက်မြန်မာလုပ်သားများအတွက် နေထိုင်အလုပ်လုပ်ခွင့် ခြောက်လထပ်တိုးပေးလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံကုန်သွယ်ရေးဘုတ်အဖွဲ့က မြန်မာဘက်မှ အတည်ပြုချက်အား စောင့်ဆိုင်းနေသည့် မြန်မာလုပ်သား ၁ ဒသမ ၈ သန်းအတွက် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်နှင့်အလုပ်လုပ်ခွင့်အား ခြောက်လထပ်မံတိုးမြှင့်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ အလုပ်လုပ်ကိုင်ခွင့် ဗီဇာကုန်ဆုံးခဲ့သည့် မြန်မာလုပ်သား များအတွက် ထပ်မံသက်တမ်းတိုးလုပ်ငန်းစဉ် လုပ်ဆောင်ရန်ထိုင်းအစိုးရက လာမည့် ဩဂုတ် ၁၃ ရက်အထိယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေးထားပြီး အချိန်မီ မလုပ်ဆောင်ပေးနိုင်သည့်အတွက် ထိုင်းအစိုးရက နောက်ထပ် ခြောက်လထပ်မံတိုးပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာအလုပ်သမား သက်တမ်းတို လုပ်ဆောင်ထားသူများအနေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်မှ ၂ဝ၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ ထပ်မံယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး အဆိုပါအလုပ်သမားများမှာ ကျန်းမာရေးစစ်ဆေးမှုခံယူရန်၊ ကျန်းမာရေးအာမခံရယူရန်၊ မှတ်ပုံတင်မှတ်တမ်း အချက်အလက်များ Update လုပ်ရန်နှင့် ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် သက်သေခံကတ်ပြား ရယူရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

image

ဒီလိုခေတ်ထဲ ရောက်နေတာ
-----------------------------------------
တိရစ္ဆာန်ကို လူလိုဆက်ဆံ
လူကို တိရိစ္ဆာန်လိုဆက်ဆံတဲ့ခေတ်
အမေများနေ့ လိုင်းပေါ်မှာတင်ပေမယ့်
မြေပြင်မှာဘိုးဘွားရိပ်သာ တိုးလာတဲ့ခေတ်
တဏှာကို မေတ္တာနဲ့အချိုသတ်ပြီး
မိဘမဲ့ဂေဟာ တိုးလာတဲ့ခေတ်
အမှန်ပြောရင် လူမုန်းများပြီး
မုသားပြောမှ လူချစ်လူခင် များတဲ့ခေတ်
ရုပ်ဝတ္ထုနောက်ကိုလိုက် မပြည့်နိုင်တဲ့
အလိုဆန္ဒတွေကို ဖြည့်ရင်း
စိတ်ဓာတ်တွေ ပိုပိုပျက်ပြားတဲ့ခေတ်
ငွေကိုဘုရားလို ကိုးကွယ်ပြီး
ဘုရားကို စော်ကားဖို့ ဝန်မလေးတဲ့ခေတ်
ဆေးဝါးတွေ ခေတ်မှီပေမယ့်
ရောဂါတွေသာ ပိုပိုတိုးလာတဲ့ခေတ်
ရှင်နေတုန်းမှာ မုဒိတာမပွားပဲ
သေခါမှ ဂရုဏာပွားတဲ့ခေတ် ။

image

#မင်္ဂလာနံနက်ခင်းမှာကံကောင်းကြပါစေ

image

*မျက်စိနှစ်ဖက်လုံး စုံလုံးကန်းတဲ့သူ*
( ကုသိုလ်မရ ဝမ်းမဝတဲ့သူ)
မျက်စိနှစ်ဖက်လုံး စုံလုံးကန်းတဲ့သူဆို
တာ ပစ္စုပ္ပန်ဘဝ ရပ်တည်ရေးအတွက်
ပစ္စည်းဥစ္စာကိုလဲ ရအောင်မရှာတတ်၊
ကြီးပွားတိုးတက်အောင် မလုပ်တတ်။
သံသရာနောင်ရေးအတွက်လည်း ကေ
ာင်းမှုကုသိုလ်တရားများကို ရအောင်
မရှာတတ်၊ ရှာနည်းကိုလည်း နားမလ
ည်၊ဘဝကို ရေစုံမျှောပြီး. အကုသိုလ်
အလုပ်တွေနဲ့ အချိန်ကုန်နေတဲ့သူဟာ
မျက်စိနှစ်ဖက်လုံး စုံလုံးကန်းနေတဲ့သူ
-တဲ့။
*မျက်စိ တစ်ဖက်ကန်းနေတဲ့သူ*
( ကုသိုလ်မရ ဝမ်းသာဝတဲ့သူ)
မျက်စိတစ်ဖက် ကန်းနေတဲ့သူက ပစ္စု
ပ္ပန်ဘဝအတွက် ပစ္စည်းဥစ္စာကိုတော့
ရအောင် ရှာဖွေစုဆောင်းတတ်တယ်၊
ကြီးပွားတိုးတက်အောင် လုပ်တတ်တ
ယ်၊ဒါပေမယ့် သံသရာနောင်ရေးအတွ
က် ကောင်းမှုကုသိုလ်တရားများကို
လုံးဝ စိတ်မဝင်စား၊တရားသဘောကို
ဘာမှ နားမလည်၊ ကောင်းမှုကုသိုလ်
တရား လုံးဝမလုပ်၊အဲဒီပုဂ္ဂိုလ်က မျ
က်စိ တစ်ဖက်ကန်း၍ တစ်ဖက်မြင်သူ
လို့ဆိုတယ်၊ အမြင်မပြည့်စုံသေးလို့
လူဖြစ်ရကျိုး မနပ်သေးပါဘူး။
*မျက်စိ နှစ်ဖက်လုံးမြင်တဲ့သူ*
(ကုသိုလ်လဲရ ဝမ်းလည်းဝတဲ့သူ)
မျက်စိ နှစ်ဖက်လုံး မြင်တဲ့သူကျတော့
ပစ္စုပ္ပန်ဘဝ. ရပ်တည်ရေးအတွက်လ
ည်း ပစ္စည်းဥစ္စာကို ရှာဖွေ စုဆောင်း
တတ်တယ်၊ ကြီးပွားတိုးတက်အောင်
လုပ်တတ်တယ်၊
ကောင်းမှုကုသိုလ်တရားစွမ်းအားများ
ကိုလည်း ရအောင်ယူတတ်တယ်၊ သံ
သရာ နောင်ရေးအတွက် ဘဝအနှစ်
ကောင်းမှုကုသိုလ်တရားများကို ရအေ
ာင် ထုတ်ယူတတ်တယ်၊
အဲဒီပုဂ္ဂိုလ်ကျတော့ မျက်စိ နှစ်ဖက်
လုံးမြင်သူလို့ခေါ်တယ်၊ နှစ်ဖက်လုံး
မြင်အောင်ကြည့်တတ်တယ်၊ ပစ္စုပ္ပန်
ဘဝ ရပ်တည်ရေးအတွက်လည်း ကြီး
ပွားတိုးတက်အောင် လုပ်တတ်တယ်။
သံသရာနောင်ရေးအတွက်လည်း သံ
သရာက ဒီလောက်ရှည်တယ်၊ဒီလော
က်ကြမ်းတမ်းတယ်၊အန္တရာယ်က အ
လွန်ပေါများ,အဆင်း အတက်က သိ
ပ်ပေါ, အကွေ့အကောက်တွေကထူ,
ဆူးငြောင့်ခလုတ်တွေက အလွန်များ
ဆိုတာကို နားလည် သဘောပေါက်
ပြီးတော့ -
သံသရာခရီးမှာ ဒါန ဘယ်လောက်ပါ
မှ လောက်မယ်၊ သီလ ဘယ်လောက်
ပါမှ လုံခြုံမယ်၊အဆိုးလောကဓံ မုန်
တိုင်းတွေက အလွန် တိုက်ခတ်လွန်း
လို့ အလွန်ပေါလွန်းလို့ သမာဓိအင်
အား ဘယ်လောက်တော့ ပါမှ စိတ်
အေးရလိမ့်မယ်လို့ ခန့်မှန်းတွက်ချက်
ချပြီး သေသေချာချာ အကွက်စေ့
အောင်,ဒေါင့်စေ့အောင် ကြိုတင်ပြင်
ဆင် စုဆောင်းထားတတ်တယ်၊အဲဒီ
ပုဂ္ဂိုလ်ကို မျက်စိ နှစ်ဖက်မြင်သူ,အမြ
င်ပြည့်စုံသူလို့ခေါ်တယ်။
တိပိဋက ယောဆရာတော် ဩဝါဒ
အရှင်ပညာတိက္ခ(ယော)

image
ThawZinSoe shared a post  
124 yrs - Translate

ဆိုးပြီ

23 w

23 w - Translate

Law enforcement discovered a cache of weaponry and armor, including a machine gun and grenade launchers, along with Nazi paraphernalia during a raid of a home in Washington state, authorities said Tuesday.
https://abcnews.go.com/US/wire....Story/fbi-discovers-

image