23 ပတ် - ဘာသာပြန်ပါ။

Congressional Democrats are demanding that Department of Education Secretary Linda McMahon cooperate with the agency’s Office of Inspector General review of the Trump administration’s efforts to overhaul the agency.
In a letter first obtained by ABC News, a group of Democrats on the Education, Oversight, Homeland Security and Governmental Affairs, and Appropriations committees in the House and Senate sent the secretary a letter accusing her of stonewalling the agency’s inspectors general.
https://abcnews.go.com/Politic....s/democrats-accuse-m

image
23 ပတ် - ဘာသာပြန်ပါ။

HAPPY BIRTHDAY: Actor Angelina Jolie is 50 today. https://abcnews.link/YIR6wzH

image
23 ပတ် - ဘာသာပြန်ပါ။

A 4-year-old girl receiving "lifesaving medical treatment" in the U.S. was granted humanitarian parole for one year, allowing her and her mother to remain in the country, the child's attorneys announced on Tuesday.
Read more: https://abcnews.link/ikob682

image
23 ပတ် - ဘာသာပြန်ပါ။

ON THIS DAY: In 1989, a largely student-led pro-democracy protest in China's Tiananmen Square faced a bloody, military crackdown, marking a turning point for Chinese Communist control of the country's political reforms.
The following day, the famous images of the "tank man," a Beijing protester who stopped a column of tanks advancing on the square, became symbolic of the infamous event. https://abcnews.link/ZfsoJhW

image

တောင်ကိုရီးယား အတိုက်အခံခေါင်းဆောင် လီဂျေးမြောင် သမ္မတရွေးကောက်ပွဲ အနိုင်ရဖွယ်ရှိ
ဆိုးလ်၊ ဇွန်-၃-၂၀၂၅
ရတီ(VOM)
တောင်ကိုရီးယား သမ္မတရွေးကောက်ပွဲမှာ အတိုက်အခံ ကိုယ်စားလှယ်လောင်း လီဂျေးမြောင်က အနိုင်ရဖို့ရှိနေတယ်လို့ ကနဦးရွေးကောက်ပွဲ ရလဒ်စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးလ်ရဲ့ စစ်အုပ်ချုပ်ရေးကြေညာချက်ကြောင့် ထွက်ပေါ်လာတဲ့ နိုင်ငံရေးအကျပ်အတည်းတွေအကြားမှာ သမ္မတသစ်ရွေးကောက်ပွဲ ပြုလု်ပခဲ့တာဖြစ်ပါတယ်။
မဲရုံတွေကို မနက် ၆ နာရီမှာ စတင်ဖွင့်လှစ်ခဲ့ပြီး မဲရုံပေါင်း ၁၄၀၀၀ ကျော်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ပွဲဟာ အတိုက်အခံ ဒီမိုကရက်တစ်ပါတီနဲ့ အာဏာရ ကွန်ဆာဗေးတစ် ပြည်သူ့ပါတီတို့အကြား အဓိကပြိုင်ဆိုင်မှုလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
ဒီဇင်ဘာလအတွင်းက သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးလ်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုနောက်ပိုင်း နိုင်ငံရေးအကျပ်အတည်းတွေ၊ ဆန္ဒပြမှုတွေ ၊ ရာထူးအပြောင်းအလဲ ၊ အရေးယူမှုတွေနဲ့အတူ လပေါင်းများစွာ သဘောကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
သမ္မတသစ်ဖြစ်လာမယ့်သူဟာ နိုင်ငံတွင်း သဘောထားကွဲလွဲမှုတွေနဲ့ မဟာမိတ်အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေကြားက စီးပွားရေးမတည်ငြိမ်မှုတွေကိုပါ ကိုင်တွယ်ဖြေရှင်းရဖို့ရှိနေပါတယ်။
Ref:BBC

image
23 ပတ် - ဘာသာပြန်ပါ။

နယ်မြေမတည်ငြိမ်မှုကြောင့် ပုဂံ - ညောင်ဦးဒေသ ခရီးသွားဧည့်သည် ဝင်ရောက်မှုနည်းပါး
ဇွန် ၄ - ၂ဝ၂၅
KKO(VOM)
လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့တဲ့
ပုဂံ - ညောင်ဦးဒေသတဝိုက်က နယ်မြေဒေသအခြေအနေအချို့ကြောင့် ခရီးသွားဧည့်သည်ဝင်ရောက်မှုနည်းပါးနေပြီး လက်ရှိပုဂံမြို့ပေါ်အခြေအနေကတော့ တည်ငြိမ်လျက်ရှိတယ်လို့ ပုဂံမြို့နေ ဒေသခံတွေက VOM ကို ပြောပါတယ်။
"အခုလက်ရှိ ပုဂံ - ညောင်ဦး အခြေအနေတွေကကောင်းပါတယ်။‌အေးချမ်းပါတယ်၊မြို့ပေါ်ကဘာမှမဖြစ်ဘူး။တိုက်ပွဲတွေမရှိဘူး။ ပုဂံမှာ ပုံမှန်အတိုင်းပါပဲ။ ဖြစ်တဲ့နေရာတွေက ပုပ္ပါးနဲ့ နီးတယ် ပြောတယ်။ကျောက်ပန်းတောင်းနဲ့ ပုဂံကြားကကျေးရွာတွေနားလို့ ပြောတယ် ။ခရီးသည်ဝင်ရောက်မှုကတော့ အခုကမိုးရာသီလည်းဖြစ်တော့နည်းပါတယ်။ အွန်လိုင်းမှာလည်း သတင်းတွေကမျိုးစုံဆိုတော့ ခရီးသွားတွေက ဒီပုဂံဘက်ကိုလာရမှာကြောက်သွားတာမျိုးလည်းရှိတယ်။ ဒါပေမယ့် ဧည့်သည်အချို့ကတော့လာကြပါတယ်။ ဟိုတရက်က ပုဂံရထားဆိုက်တယ်။ခရီးသွားတွေသိပ်ပါမလာဘူးပြောတယ်။ ပုဂံကို ရထားခရီးစဉ်ရော Express ကားတွေရော ပုံမှန်အတိုင်းပြေးဆွဲပေးနေတယ်။ ပုဂံမြို့ ပေါ်မှာကတော့ ဘာမှမဖြစ်ပါဘူး၊အေးချမ်းပါတယ်"လို့ ပုဂံဒေသခံတယောက်က VOM ကို ပြောပြပါတယ်။
အခုဇွန် ၁ ရက်နေ့က ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသ၊ ညောင်ဦးမြို့နယ် ၊ပုဂံမြို့သစ်တောင်ပိုင်းရှိ ဂန့်ဂါရွာမှာ ပဋ္ဌာန်းပွဲအတွက် အစည်းဝေးလုပ်နေတဲ့ အုပ်ချုပ်ရေးမှူးပါတဲ့အဖွဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်တခုဖြစ်ပွားခဲ့တာပါ။အဲဒီဖြစ်စဉ်ကြောင့် လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေလည်းရှိခဲ့တာပါ။
"တနေ့က ဖြစ်တဲ့ ဂန့်ဂါဆိုရင် ပုဂံမြို့သစ်ရဲ့ တိုးချဲ့ရပ်ကွက်တောင်ဘက်ဖြစ်​တယ်။ အခုကခရီးသွားတွေသာမျှော်နေရတာက အလုပ်တခုခုဆို ပုဂံနဲ့ညောင်ဦးက မြို့ခံ ယောကျ်ားလေးတွေဆို ကိစ္စမရှိဘဲ အပြင်မထွက်ဘူးတဲ့ ကြောက်လို့တဲ့ အဲလိုတွေတော့ဖြစ်နေတယ်"လို့ ပုဂံဒေသခံတယောက်က ဆက်ပြီးပြောပြခဲ့ပါတယ်။
ပုဂံဒေသဟာ ယူနက်စကိုစာရင်းဝင် ရှေးဟောင်းယဥ်ကျေးမှုအ‌မွေအနှစ်ဒေသဖြစ်လို့ ပုဂံဒေသမှာတိုက်ပွဲတွေဖြစ်ပွားလာမှာကိုလည်း ဒေသခံတွေကမလိုလားဘူးလို့ ဆိုပါတယ်။
"ပုဂံမြို့ဟောင်းနဲ့ ညောင်ဦးက တဆက်တည်းပါ။ပုဂံမြို့သစ်က သူက သပ်သပ်ပါ။ ပုဂံဒေသဆိုတာကလည်း ပြောရရင်ခရီးသွားတွေကိုမျှော်ကိုးပြီး လုပ်ကိုင်ဝမ်းစာရှာရတဲ့မြို့လေ၊ခရီးသွားတွေမလာရင်ဘာမှလုပ်မရတဲ့မြို့ပါ။ အခုလိုဖြစ်စဉ်တွေဖြစ်တော့ ခရီးသွားတွေကလာတာကျဲသွားတာပေါ့။ဒေသခံတွေလည်းအလုပ်ပါးတာပေါ့"လို့
ပုဂံဒေသခံတယောက်က ထပ်ပြီး ပြောပြခဲ့ပါတယ်။
ယနေ့ အထိတော့ ပုဂံ - ညောင်ဦးဒေသတဝိုက်နဲ့ ပုဂံမြို့ပေါ်တွေမှာတော့ အေးအေးချမ်းချမ်းရှိနေပြီး ဘုရား၊စေတီ၊ပုထိုးတွေလည်းဖွင့်ထားသလို ခရီးသွားတွေအတွက် ဟိုတယ်နဲ့ တည်းခိုခန်းတွေကိုလည်း ပိတ်ထားခြင်းမျိုးမရှိဘဲ ပုံမှန်အတိုင်းဖွင့်လှစ်ပေးထားတယ်လို့ ပုဂံ - ညောင်ဦး ဒေသခံတွေထံက‌နေသိရပါတယ်။
ပုဂံ - ညောင်ဦးဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အခုထိတော့ ပုဂံဒေသဟာ အေးအေးချမ်းချမ်းရှိနေတဲ့ အတွက် ခရီးသွားဧည့်သည်တွေအနေနဲ့လာရောက်လည်ပတ်လို့ ရတယ်လို့ လူမှုကွန်ရက်ပေါ်က ပုဂံဒေသခရီးသွားဂရုတွေမှာဖိတ်ခေါ် နေတာကိုလည်းတွေ့ရပါတယ်။
ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန
(ပုဂံရုံးခွဲ)ရဲ့ထုတ်ပြန်ချက်အရ ပုဂံခရီးစဉ်ဒေသကို ၂၀၂၃ ခုနှစ်ထက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ခရီးသွားဘုရားဖူးဧည့်သည်ဦးရေ တသန်းကျော် ပိုမိုလာရောက်လည် ပတ်ခဲ့တယ်လို့လည်း သိရပါတယ်။
ယခုနှစ်အစောပိုင်းဖေဖော်ဝါရီလ မှာလည်း မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်အတွင်းက ပုဂံမြို့မှာ တရားရုံးထုတ်လုံခြုံရေးယူဖို့ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေသေနတ်နဲ့ အပစ်ခံရလို့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးသွားခဲ့တဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့သလို ချောက်မြို့အနီးနဲ့ ချောက် - ညောင်ဦးကားလမ်းပေါ်မှာ ထိတွေ့တိုက်ပွဲအချို့ယခုနှစ်ပိုင်းအတွင်းမှာဖြစ်ပွားခဲ့တာပါ။
ယမန်နှစ်ကုန် ဒီဇင်ဘာလအတွင်းမှာလည်း နယ်မြေဒေသအခြေအနေအချို့ကြောင့် မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်အတွင်းက ပုပ္ပါးတောင်မကြီးပေါ်သို့ ခရီး သွားတွေတက်ရောက်ခွင့်ကို ခေတ္တပိတ်ထားခဲ့ရမှုတွေလည်းရှိခဲ့တာဖြစ်တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။

image

သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေကို အခွန် ၅၀ ရာခိုင်နှုန်းကောက်မယ့် အစီအစဉ် ဒေါ်နယ်ထရန့် စတင်
ဝါရှင်တန်၊ ဇွန်-၄-၂၀၂၅
ရတီ(VOM)
အမေရိကန်ကို တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံသွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခို်ငနှုန်း ကောက်ခံမယ့် အမိန့်တရပ်ကို သမ္မတ ဒေါ်နယ်ထရန့်က ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုအခွန်ကောက်ခံမှုဟာ မော်တော်ယာဉ်တွေကနေ စည်သွပ်ဗူးတွေထိ သတ္တုသွင်းကုန်တွေအပေါ် မတ်လနောက်ပို်ငး ဒုတိယအကြိမ် အခွန်တိုးမြှင့်ကောက်ခံလိုက်တာပါ။ ဒီကနေ့မှာ စတင်သက်ဝင်မှာ ဒီအစီအမံဟာ အမေရိကန်သံမဏိလုပ်ငန်းရဲ့ အနာဂတ်ကို လုံခြုံစေဖို့ ရည်ရွယ်ကြောင်း ထရန့်က ပြောပါတယ်။
ဒါပေမယ့်လည်း ဒီလိုကာကွယ်မှုဟာ အမေရိကန်ပြင်ပရှိ သံမဏိထုတ်လုပ်သူတွေအပေါ် အနှောက်အယှက်ဖြစ်စေနိုင်ပြီး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံတွေဆီကနေ လက်တုံ့ပြန်မှုတွေ ရင်ဆိုင်ရနိုင်ကာ အမေရိကန်ဖောက်သည်တွေအတွက်လည်း ကုန်ကျစရိတ်များနိုင်တဲ့အပေါ် စိုးရိမ်မှုတွေရှိနေပါတယ်။
အခွန်ကောက်ခံမှုကို တိုက်ရိုက်သက်ရောက်မှုရှိတဲ့ ကုမ္ပဏီတွေကတော့ ဒါဟာ .ယာယီ သို့မဟုတ် စေ့စပ်ညှိနှိုင်းဖို့ အစီအမံများ ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ ထရန့်ရဲ့ အခွန်ကောက်ခံမှုမှာ ဗြိတိန်ကတော့ အခွန် ၅၀ ရာခိုင်နှုန်းလက်ရှိအစီအစဉ်ကနေ ကင်းလွတ်ခွင့်ရခဲ့ပြီး ဒါဟာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး သဘောတူညီချက်ကြောင့် ဖြစ်ပါတယ်။
မတ်လအတွင်းက ပထမအကြိမ် အခွန်တိုးမြှင့်ကြောင်း ကြေညာပြီးနောက် ဥရောပသမဂ္ဂ နဲ့ ကနေဒါတို့လို နိုင်ငံတွေဟာ အမေရိကန်ရဲ့ ထုတ်ကုန်ပစ္စည်းအချို့အပေါ် စည်းကြပ်ခွန်တွေ လက်တုံ့ပြန်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ အမေရိကန်ဟာ ဥရောပသမဂ္ဂပြီးရင် ကမ္ဘာပေါ်မှာ သံမဏိအများဆုံး တင်သွင်းတဲ့နိုင်ငံဖြစ်ပြီး ကနေဒါ၊ ဘရာဇီး၊ မက္ကဆီကိုနဲ့ တောင်ကိုရီးယားတို့ထံကနေ သတ္တုအမြောက်အများ တင်သွင်းနေပါတယ်။
ထရန့်ဟာ သူ့ရဲ့ ပထမအကြိမ် သမ္မတသက်တမ်းအတွင်းမှာလည်း အမေရိကန်စက်မှုလုပ်ငန်းတွေကို ကာကွယ်ဖို့ဆိုကာ သံမဏိအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနဲ့ အလူမီနီယံအပေါ် အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံခဲ့ပါတယ်။
Ref:BBC

image
23 ပတ် - ဘာသာပြန်ပါ။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ဇွန် ၁၃ ရက်မှာ ထုတ်ပြန်ဖွယ်ရှိ
ဇွန် - ၄ ၊ ၂၀၂၅
GG (VOM)
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၁၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးသွားဖွယ်ရှိတယ်လို့ ပညာရေးဝန်းထမ်း အသိုင်းအဝိုင်းက သိရပါတယ်။
အောင်စာရင်းတွေကို မနက် ၄ နာရီကစပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်တဲ့ www.myanmarexam.org မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်သလို မနက် ၆ နာရီမှာဆိုရင် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ စာစစ်ဌာန ကျောင်းတွေမှာလည်း ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
ဝေးလံတဲ့ ဒေသတွေက စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် ကောင်းစွာမရရှိတဲ့ စာစစ်ဌာနတွေရဲ့ အောင်စာရင်းကိုတော့ မြန်မာ့အသံရေဒီယို အစီအစဉ်ကနေလည်း အောင်စာရင်း ထွက်တဲ့နေ့မှာ ကြေညာပေးမယ်လို့ဆိုပါတယ်။
အောင်စာရင်းထွက်ရှိမယ့်အပေါ် ဖြေဆိုထားတဲ့ ပြည်မြို့မှာ ကျောင်းသူတစ်ယောက်က " ရင်ခုန်တာပေါ့။ခုနှစ်ဒီဘက်မှာသချင်္ာမေးခွန်း သတ်ထားတာဆိုတော့ကြောက်မိတယ်။ဆရာမကလည်းဒီနေ့ဖုန်းဆက်လာတယ် သချင်္ာနဲ့ကျသူများတယ်ပြောတော့ပိုကြောက်မိတယ်။ဂုဏ်ထူးဆိုရင်တော့ရူပဗေဒကိုမှန်းထားတယ်။"လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲက စနစ်သစ်နဲ့ဖြေဆိုရတဲ့ ဒုတိယကြိမ်မြောက် စာမေးပွဲ ဖြစ်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသားကျောင်းသူပေါင်း ၁၅၀၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံစာစစ် ဦးစီးဌာနက‌တော့ စာမေးပွဲအောင်စာရင်း ထုတ်ပြန်မယ့် နေ့ရက်ကို တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်းနဲ့ နေ့ရက်ကို ကြေညာပေးသွားမယ်လို့ အသိပေးထားပါတယ်။
စနစ်သစ်နဲ့ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာတုန်းကတော့ စာမေးပွဲဖြေဆိုသူဦးရေ စုစုပေါင်း ၁၂၈၈၂၀ ဦးရှိပြီး အောင်မြင်သူဦးရေ ၇၄၅၉၂ ဦး အောင်မြင်ခဲ့ပါတယ်။
ဓာတ်ပုံ - MOI

image
23 ပတ် - ဘာသာပြန်ပါ။

လားရှိုးမှာ မြန်မာ့စီးပွားရေးဘဏ် ပြန်ဖွင့်ပေမယ့် ငွေထုတ်လို့ အဆင်မပြေသေး
ဇွန် ၄၊ ၂၀၂၅
Shy V(VOM)
လားရှိုးမှာ မြန်မာ့ စီးပွားရေးဘဏ် ပြန်ဖွင့်ပြီဖြစ်ပေမယ့် အခု ရက်ပိုင်းအတွင်း ငွေ ထုတ်လို့ အဆင်မပြေသေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။
"မြန်မာ့ စီးပွားရေးဘဏ်က ဖွင့်ထားပြီး။ ကြာဝောင် ကြာနေပြီ။ ဒါပေမယ့် ပိုက်ဆံ ထုတ်လို့ မရသေးဘူး။ ငွေ မရှိဘူးလို့ ပြောတယ်။" လို့ ပင်စင် ထုတ်မယ့် အမျိုးသမီး တယောက်က ပြောပါတယ်။
လေယာဉ် လာမှငွေထုတ်လို့ ရမယ်၊ ငွေ သားက သယ်လာမှ ရှိမယ်လို့လည်း ကြားရပြီး လောလောဆယ် ထုတ်ဖို့ ငွေသား မရှိသေးတာလို့ သိရကြောင်း သူက ပြောပါတယ်။
"ဘဏ်ကတော့ ဖွင့်ပါတယ်။ မကြာမီ ရက်ပိုင်းအတွင်း ငွေ ထုတ်လို့ ရတော့မယ်လို့ ကြားတယ်။ ဒီရက်ပိုင်း ထုတ်လို့ ရမှာပါ" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောကါတယ်။
ဘဏ်မှာ ဌာနဆိုင်ရာတွေရဲ့ လစာနဲ့ ငွေကြေးဆိုင်ရာကိစ္စအပြင် ပင်စင်လစာ၊ လူထုတွေရဲ့ ငွေစုငွေလွှဲ ငွေထုတ်တွေကို ပြန်လည် ဝန်ဆောင်မှု ပေးသွားမယ်လို့ သိရတယ်လို့ ဆိုပါတယ်။
လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်ကို ဇွန်လ ၃ ရက်နေ့ မနက် ၉ နာရီကစ ဘဏ်လုပ်ငန်းေတွကို ဆောင်ရွက်ပေးသွားမှာဖြစ် ပေမယ့် ဆက်သွယ်ရေး ဖုန်းလိုင်း နဲ့ အင်တာနက်လိုင်း တွေ သိပ်အဆင်မပြေသေးတာကြောင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ နှောင့်နှေးကြန့်ကြာ ခက်ခဲ နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
လားရှိုးမြို့ပေါ်က ဘဏ်တွေကို MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ မြို့သိမ်း တိုက်ပွဲ ထိုးစစ်ဆင်လာတဲ့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်း ကစ ပိတ်သိမ်းထားခဲ့တာဖြစ်ကာ အုပ်ချုပ်ရေးပိုင်းကို နစကလက်လွှဲရယူပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
Photo Crd# ဒေသခံ

image
23 ပတ် - ဘာသာပြန်ပါ။

ရွှေပြည်သာ Joy Time စက်ရုံလုပ်သားတွေ လုပ်ခလစာ တိုးမြှင့် တောင်းဆိုမှု ပြေလည်မှုရရှိ
ဇွန် ၄ - ၂၀၂၅
SN (VOM)
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ ဗိုလ်တိုက်ချွန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ Joy Time (Myanmar) Garment အထည်ချုပ်စက်ရုံက အလုပ်သမားတွေ လုပ်ခလစာ တိုးမြှင့်ရရှိရေး တောင်းဆိုမှု ပြေလည်မှု ရရှိခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
စက်ရုံအထည်ချုပ် အလုပ်သမားတွေက အနည်းဆုံး အခကြေးငွေ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်၊ ညနေပိုင်းက စတင်ပြီး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
“တောင်းဆိုတာကို စက်ရုံဘက်က ညှိနှိုင်းပေးတယ်။ အခု ပြေလည်သွားပါပြီ။ တောင်းဆိုမှု သုံးရက်အကြာပေါ့၊ ဇွန် ၂ ရက်နေ့ကပဲ ညှိနှိုင်းပြီး အဆင်ပြေသွားတာပါ။ သူတို့ တောင်းဆိုတာက အဓိက က အနည်းဆုံး အခကြေးငွေ တသောင်းသုံးထောင် ရရှိဖို့ပေါ့။ ဒါပေမယ့် တောင်းဆိုမှုတွေကိုတော့ ပြန်ပြီး ညှိနှိုင်းပေးရတာတွေတော့ ရှိတာပေါ့။ ကိုယ့်ဘက်က တိုးလိုက်၊ သူ့ဘက်က လျှော့လိုက်နဲ့ ဒီလိုပဲ လုပ်ရတာဆိုတော့ တောင်းဆိုမှု အပြည့်အဝတော့ မရခဲ့ဘူး” လို့ အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
အလုပ်သမားတွေဘက်က စတင် တောင်းဆိုခဲ့တာမှာ အနည်းဆုံးလုပ်ခကြေးငွေ တသောင်းသုံးထောက်ကျပ်၊ အချိန်ပိုကြေး တနာရီကို ၂၅၀၀ ကျပ်၊ ရက်မှန်ကြေး ခြောက်သောင်းကျပ် ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အနည်းဆုံးလုပ်ခကြေးငွေ ဒေးကြေး တသောင်းတထောင် ငါးရာကျပ်၊ အချိန်ပိုကြေး တနာရီ ၂၂၀၀ ကျပ်နဲ့ ရက်မှန်ကြေး ငါးသောင်းကျပ် ပေးဖို့ အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီမှု ရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“အခုတော့ သူတို့ စက်ရုံဘက်က တိုးပေးတဲ့ ပမာဏအတိုင်း အလုပ်သမားတွေက လက်ခံလိုက်ပါတယ်။ ရက်မှန်ကြေး‌ရော၊ အချိန်ပိုကြေးတွေရောပေါ့။ အလုပ်သမားတွေဘက် တောင်းဆိုတာတွေကတော့ ဒါကတော့ စက်ရုံတိုင်းနီးပါး ဒီပမာဏကိုပဲ ပုံမှန် ကြမ်းခင်းဈေးအနေနဲ့ တောင်းကြတာပေါ့။ အဲဒီအပေါ်မှာ စက်ရုံ တရုံနဲ့တရုံက ပေးတဲ့ skill မတူကြတော့ အဲဒါတွေအပေါ်မှာ အလုပ်ရှင်က အလုပ်သမားတွေနဲ့ အကောင်းဆုံး ညှိနှိုင်းသွားတာပါပဲ” လို့ သူက ပြောပါတယ်။
Joy Time အထည်ချုပ်စက်ရုံမှာ XSide , SOUTHBLUE , LC WAIKIKI , mavi စတဲ့ အမှတ်တံဆိပ်တွေကို မြန်မာလုပ်သားတွေက ချုပ်လုပ်ပေးရတာဖြစ်ပြီး လက်ခစား (CMP) စနစ် အထည်ချုပ်စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။
“အခုက တရုံလုံး ရတာ။ အကုန်လုံးပဲ။ ပြီးတော့ အရင်တုန်းက ပိတ်ရက်တွေရော၊ တခြား အစိုးရ ရုံးပိတ်ရက်တွေရော ဒေးကြေးမရဘူး။ လစာထဲက ဖြတ်တယ်။ အခုက အစိုးရ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်တွေ အတွက်ပါ ဒေးကြေး တသောင်းတထောင့်ငါးရာ ရတာပါ။ တကယ်လို့ ကိုယ်က ခွင့်ယူလို့ရှိရင်လည်း လူမှုဖူလုံရေးခွင့်တို့ဘာတို့ပေါ့၊ အဲဒါမျိုးကိုလည်း ဒီ ဒေးကြေးက အကျိုးခံစားခွင့် ရှိတယ်။ ရက်မှန်ကြေးကလည်း တသောင်း ထပ်တိုးပေးတယ်” လို့ စက်ရုံအလုပ်သမား တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် လာပ်လစာ လုံလောက်မှု မရှိတဲ့အတွက် အလုပ်သမားတွေအနေနဲ့ အခုလို တောင်းဆိုမှုတွေ ပြုလုပ်နေရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စက်မှုဇုန်အသီးသီးက စက်ရုံတိုင်းလိုလိုမှာ လုပ်ခလစာ တိုးမြှင့် တောင်းဆိုမှုတွေ ပြုလုပ်နေကြတာဖြစ်ပြီး အခုလို တောင်းဆိုနေကြမှုတွေနဲ့ ပတ်သက်လို့ တချို့ စက်ရုံတွေဟာ အလုပ်သမား အားလုံး တညီတညွတ်တည်း တောင်းဆိုနေကြတာ ရှိသလို တချို့သော သက်ရုံတွေကတော့ စက်ရုံ အလုပ်သမားဦးရေရဲ့ ထက်ဝက် (ဒါမှမဟုတ်) သုံးချိုး၊ တချိုးလောက်သာ ပါဝင် တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သက်လို့ အလုပ်သမားအရေး ဆောင်ရွက်သူက “အဲဒီလို တောင်းဆိုမှု မလုပ်ဘဲ ကျန်နေကြတဲ့သူတွေက သူတို့ရဲ့ supervisor ကို အားနာတာတွေရယ်၊ အဲဒီ super က လုပ်ငန်းရှင်ကို အားနာတာတွေရယ်၊ နောက်တချက်ကတော့ တွက်ကပ်တာပေါ့။ အပြင်ကိုထွက်၊ အလုပ် မလုပ်ဘဲ တောင်းဆိုနေကြတဲ့သူတွေကို တချို့ လုပ်ငန်းရှင်တွေက အဲဒီနေ့အတွက် ဒေးကြေးထည့်မပေးဘူး။ အဲဒီတော့ ဒေးကြေးပြုတ်မှာစိုးလို့ မထွက်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ဒါဟာ ‌ရေသာခို၊ အချောင်သမားစိတ်ဓာတ်ကို ပြသတာသာဖြစ်ပြီး အလုပ်သမား လောကမှာတော့ ဒီလို စိတ်ဓာတ်မျိုးတွေ မရှိစေချင်ဘူးလို့ သူက ပြောပါတယ်။
“သူတို့စိတ်ထဲမှာ နင်တို့တောင်း၊ ငါတို့ရမှာပဲ၊ ငါတို့ကတော့ လက်ရှိ ရနေတဲ့ငွေကို အဆုံးရှုံးမခံနိုင်ဘူး ဆိုတဲ့ စိတ်မျိုးပေါ့။ အဲဒီလို စိတ်မျိုး မရှိစေချင်ဘူး။ တောင်းနေတဲ့သူတွေက လက်ရှိ ကုန်ဈေးနှုန်းနဲ့ အားလုံး အဆင်ပြေစေမယ့် လမ်းကြောင်းမျိုးကို ရွေးပြီးတော့ တောင်းနေတဲ့အချိန်မှာ ညီညွတ်မှုကို ပြသဖို့လိုတယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့ကလည်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန် အပိုင်း (၂) မှာ ဖွင့်လှစ်ထားတဲ့ ချန်းရိ (Tsang Yih) ဖိနပ်စက်ရုံက အလုပ်သမား ၆၀၀၀ ကျော် လုပ်ခလစာ တိုးမြှင့်ပေးဖို့ ခုနစ်ရက်ကြာ တောင်းဆိုမှု ပြုလုပ်ခဲ့တာမှာ အဆင်ပြေမှု ရရှိခဲ့ပါတယ်။
ဒါအပြင် အဲဒီ မေလအတွင်းမှာပဲ ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ဂုံမင်းမြောင်ဟွာရှိန် အထည်ချုပ်စက်ရုံ၊ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က Bontech Manufacturing Garment ကုမ္ပဏီလီမိတက်နဲ့ ရွှေပြည်သာ၊ ဝါးတရာစက်မှုဇုန်ထဲက GTIG အထည်ချုပ်စက်ရုံ ငါးရုံရဲ့ လုပ်ခ အခြေခံနှုန်းထား တပြေးညီ သတ်မှတ်ရေး တောင်းဆိုမှုတွေလည်း ပြေလည်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo - STUM

image