ယနေ့ခေတ် အသက် ၂၀ အရွယ် အမျိုးသားတွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေက အသက် ၇၀ အရွယ် အမျိုးသားတွေရဲ့ ဟော်မုန်း ပမာဏ နဲ့ တူညီနေတယ်လို့ လေ့လာမှုတွေကဖော်ပြနေပါတယ်
ဒီလို ဟော်မုန်းကျဆင်းမှုဟာ သာမန်ကျဆင်းမှုတစ်ခုမျှသာ မဟုတ်ဘဲ အမျိုးသားတစ်ယောက်ရဲ့ စွမ်းအား၊ စိတ်ခံစားမှု၊ မျိုးပွားနိုင်စွမ်း၊ ကြွက်သား နဲ့ ကျန်းမာရေးအတွက်ပါ သက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်
ကျွမ်းကျင်သူတွေက ဒီလိုဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းအမျိုးမျိုးကို ပြောဆိုနေကြပြီး ၎င်းတို့မှာ အထိုင်များလာခြင်း၊ အာဟာရမပြည့်ဝတဲ့ အစားအသောက်တွေစားသုံးခြင်း ၊ နာတာရှည်စိတ်ဖိစီးမှု၊ အိပ်ရေးမဝခြင်း တို့အပြင် တစ်ကိုယ်ရည်သုံးပစ္စည်းတွေမှာ ပါဝင်တဲ့ endocrine-disrupting chemicals (ဟော်မုန်းကို အနှောင့်အယှက်ပေးတဲ့ ဓာတုပစ္စည်းများ) နဲ့ အဆက်မပြတ်ထိတွေ့မှုတို့ကြောင့်ဖြစ်နိုင်တယ်လို့ပြောဆိုထားပါတယ်
ဒီလိုဟော်မုန်းကျဆင်းလာခြင်းပုံစံမျိုးသာ ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုရင် နောက်ထပ် နှစ် ၅၀ အကြာ အမျိုးသားတွေရဲ့ ဟော်မုန်းပမာဏဟာ ဘယ်လိုဘယ်ပုံဖြစ်လာမယ်ဆိုတာ စိုးရိမ်စရာတစ်ခုအဖြစ်ရှိနေပါတယ်
