1 w - Translate

e-ID စနစ်သည် ပြည်သူလူထုကို စောင့်ကြည့်ရန် ရည်ရွယ်လုပ်ဆောင်သည်ဟူသော သတင်းများသည် အခြေအမြစ်မရှိသော ဝါဒဖြန့်မှုများသာဖြစ်သည်ဟု လဝကထုတ်ပြန်
********************
(ပြည်တွင်း) ဇူလိုင် ၂၂
e-ID စနစ်သည် ပြည်သူလူထုကို စောင့်ကြည့်ရန် ရည်ရွယ်လုပ်ဆောင်သည်ဟူသော သတင်းများသည် အခြေအမြစ်မရှိသော ဝါဒဖြန့်မှုများသာဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

e-ID စနစ်နှင့်ပတ်သက်၍ အချို့သောလူမှုကွန်ရက်စာမျက်နှာများတွင် “ e-ID စနစ်သည် ပြည်သူများကို စောင့်ကြည့်ရန်” ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း မဟုတ်မမှန် ဝါဒဖြန့်ချိလျက် ရှိသည်ကို တွေ့ရှိရကြောင်း၊ e-ID စနစ်သည် ပြည်သူလူထုကို စောင့်ကြည့်ရန် ရည်ရွယ်လုပ်ဆောင်သည်ဟူသော သတင်းများသည် အခြေအမြစ် မရှိသော ဝါဒဖြန့်မှုများသာဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

e-ID စနစ်၏ အဓိကရည်ရွယ်ချက်မှာ အချိန်/နေရာမရွေး မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် သက်သေခံနိုင်သည့် Digital Platform တစ်ခုအဖြစ် ဆောင်ရွက်ပေး ရန်အတွက်ဖြစ်ကြောင်း၊ e-ID စနစ်၏ အဓိကလုပ်ဆောင်ချက်မှာ လူပုဂ္ဂိုလ်ဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို လုံခြုံစွာစီမံခန့်ခွဲနိုင်ရန်နှင့် နိုင်ငံသားများ၏ အထောက်အထားကို မှန်ကန်တိကျစွာ အတည်ပြုပေးနိုင်ရန်အတွက်ဖြစ်ပြီး ဥပမာအားဖြင့်၊ ဘဏ်တွင် ငွေလွှဲ၊ ငွေထုတ်ပြုလုပ်ရာတွင်ဖြစ်စေ၊ အစိုးရဝန်ဆောင်မှုများ ရယူရာတွင်ဖြစ်စေ၊ သို့မဟုတ် မဲပေးရာတွင် ဖြစ်စေ မိမိ၏ အထောက်အထားကို Online/Offline စနစ်များဖြင့် လွယ်ကူလျင်မြန်စွာ သက်သေပြနိုင်ပြီး၊ မိမိမည်သူ မည်ဝါဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာဖြင့် အာမခံနိုင်စေရန် ရည်ရွယ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

e-ID စနစ်ဆိုသည်မှာ နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မွေးသက္ကရာဇ်၊ အဘအမည်၊ အမိအမည်၊ ကျား/မ စသည့် Demographic အချက်အလက်များနှင့် Biometrics အချက်အလက်များဖြစ်သည့် လက် ၁၀ ချောင်းလက်ဗွေ၊ မျက်စိသူငယ်အိမ်၊ မျက်နှာသွင်ပြင်တို့ကို ကောက်ယူ ပေါင်းစပ်၍ ဂဏန်း ၁၀ လုံး ပါဝင်သည့် Unique Identification (UID) နံပါတ်ထုတ်ပေးသည့်စနစ်တစ်ခုဖြစ်ကာ လူတစ်ဦးလျှင် UID နံပါတ် တစ်ခုသာရရှိမည်ဖြစ်ပြီး ၎င်းနံပါတ်သည် ဘဝတစ်သက်တာလုံးအတွက် အသုံးပြုရမည့် နံပါတ်တစ်ခု ဖြစ်ကြောင်း သိရပါတယ်။

image