◼ မိုးသည်းထန်မှုများ၊ လေပြင်းများနှင့်အတူ ဝီဖာအပူပိုင်းမုန်တိုင်း ဗီယက်နမ်မြောက်ပိုင်းသို့ ဝင်ရောက်
အပူပိုင်းမုန်တိုင်း ဝီဖာသည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်းသို့ ဝင်ရောက်ခဲ့ပြီး ၎င်းနှင့်အတူ နိုင်ငံမြောက်ပိုင်းနှင့် အ လယ်ပိုင်းဒေသများသို့ မိုးသည်းထန်မှုများ ၊ လေပြင်းများလည်း သယ်ဆောင်လာခဲ့ကြောင်း သိရသည်။
ယင်းမုန်တိုင်းသည် တစ်နာရီလျှင် ၆၄ နှင့် ၁၀၂ ကီလိုမီတာကြား နှင့် တစ်ခါ တရံ ၁၃၈ ကီလိုမီတာ အထိ ရှိသော လေတိုက်နှုန်းဖြင့် နံနက် ၁၀ နာရီတွင် ကုန်းတွင်းသို့ ဝင်ရောက်ခဲ့သည်။
ထို့နောက် အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားခဲ့ကြောင်း သိရသည်။
ဝီဖာမုန်တိုင်း ပင်လယ်ပြင်တွင် ရှိနေစဉ် တနင်္လာနေ့က တိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ထားခဲ့သော်လည်း ညတွင်းချင်း အားနည်းသွားခဲ့ပြီးနောက် ဗီယက် နမ်သို့ မဝင်ရောက်မီ အပူပိုင်းမုန်တိုင်းအဖြစ် အ ဆင့် လျှော့ သတ်မှတ်ခဲ့သည်။
ယင်းမုန်တိုင်းကြောင့် ဟနွိုင်းမြို့တော် အရှေ့ဘက် ဟွန်ယန်းခရိုင်နေရာ တချို့၌ ဓာ တ်အားလိုင်းများ ပြို လဲ သွားခဲ့ပြီး ဒေသခံများက ၎င်းတို့မီးစက်များအ တွက် ဓာတ်ဆီ အပြေးအလွှားသွားဝယ်ခဲ့ကြကြောင်း အစိုး ရ မီဒီယာက ဖော်ပြသည်။
မုန်တိုင်း ကုန်းတွင်းသို့ ဝင်ရောက်လာချိန်မှာပင် ဟနွိုင်းမြို့လမ်းမများပေါ် လူသူကင်းရှင်းနေခဲ့ပြီး စီးပွားရေး လုပ်ငန်းများလည်း ပိတ်ထားခဲ့ကြသည်။
ဒေသခံများ နေအိမ်၌သာ နေကြရန် မြို့တော်အစိုးရက အကြံပေးထားပြီး ရေ ကြီးတတ်သောနေရာများရှိ တောင့်တင်းမှုမရှိသောအဆောက်အဦးများမှ လူများကို ပြောင်းရွှေ့ပေးထားခဲ့သည်။
မိုးရေချိန်စင်တီမီတာ ၅၀ ခန့်အထိ ရွာသွန်းနိုင်ကြောင်း အစိုးရမိုးလေဝသဌာနက ခန့်မှန်းထားသောကြောင့် ရေ ကြီး၊ ရေလျှံမှု နှင့် မြေပြိုမှုကဲ့သို့ အရေးပေါ် အခြေအနေများအတွက် တပ်ဖွဲ့ဝင် ၃၅၀၀၀၀ ကို အသင့် ထား ရှိခဲ့သည်။
ဝီဖာမုန်တိုင်းသည် ယနေ့ညတွင်လေဖိအားနည်း ရပ်ဝန်းအဖြစ် အားနည်းသွားမည်ဟု ဗီယက်နမ်ရာသီဥတုဌာနက ခန့်မှန်းထားသည်။
ရေကြီးရေလျှံမှုများနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် အကျယ်အဝန်းဟက် တာ ၁၅၀၀၀ ခန့်ရှိသော ရေလုပ် ငန်းကန်များ အန္တရာယ်ရှိနိုင်ကြောင်း အစိုးရမီဒီယာကဖော်ပြသည်။
ဝီဖာမုန်တိုင်း မဝင်ရောက်မီ ကမ်းရိုးတန်းပြည်နယ်များအရေးပေါ် အခြေအနေများအတွက် ပြင်ဆင်ထားကြရန် ဝန်ကြီးချုပ် ဖမ်မင်ချင်က တနင်္ဂနွေနေ့တွင် သတိပေးခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား- Agencies
#နိုင်ငံတကာသတင်း
