နေ့စဉ် လူနေမှု ဘဝ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ကြရာတွင် စကားပြောဆိုမှုနှင့် ကင်းလွတ်၍ မရစကောင်းပါ ။ နေ့စဉ် စာရေးသူ ဆိုသည်မှာ များစွာ ရှားပါး လှသော်လည်း လူတိုင်း နီးပါး နေ့စဉ် တစ်နည်းမဟုတ် တစ်နည်းဖြင့် စကားပြောဆို ဆက်ဆံ ဆောင်ရွက်နေကြပါတယ် ။ ဘဝတွင် ဦးဆောင်မှု အဆင့်ကို ရည်မှန်းထားသူတိုင်း စကားပြောဆိုမှု ပညာကို မဖြစ်မနေ လေ့လာထားကြဖို့ လိုအပ်ပါတယ် ။
စကားပြောဆိုမှု ပညာလို့ဆိုတဲ့နေရာမှာ နေ့စဉ် ဆက်ဆံပြောဆို နေကြသည့် စကားများအစ ၊ အစည်းအဝေး အခမ်းအနားများတွင် လုပ်ငန်းဆိုင်ရာ စီးပွားရေးဆိုင်ရာ တင်ပြပြောဆို ဆွေးနွေးမှုများအလယ် လူထုအကြားစင်မြင့်ထက်မှ ဟောပြောမှုများအထိ ပါဝင်ပါတယ် ။ စကားပြောဆိုခြင်းဟာ သင်က အခြားသူများကို ဆက်သွယ်ဆောင်ရွက်ခြင်းပါပဲ ။ သင်က လူအများကို ဆက်သွယ် ဆောင်ရွက်နိုင်လေလေ ဖွံ့ဖြိုးတိုးတက်အောင်မြင်လေလေပါပဲ ။ သင်က သင့်ရဲ့ မြို့တစ်မြို့စာက လူတွေကို ဆက်သွယ် ဆောင်ရွက်နိုင်ရင် သင့်ရဲ့ မြို့ အတိုင်းအတာနဲ့ သင် အောင်မြင်ပါမယ် ။ သင်က တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ ဆက်သွယ်ဆောင်ရွကနိုင်ရင် သင့်အနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ အောင်မြင်ပါမယ် ။ တကယ်လို့ သင်က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်ရင် သင့် အနေနဲ့ တစ်ကမ္ဘာလုံး အတိုင်းအတာ အောင်မြင်မှာ ဖြစ် ပါတယ် ။
စကားကိစ္စရပ်တစ်ခုမှာ စကားအပြောအဆို ကောင်းမွန် မှန်ကန်မှုကြောင့် ပိုမိုအဆင်ပြေသွားနိုင်သလို ၊ အပြောအဆို မှားယွင်းညံ့ဖျင်းမှုကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်ပွားသွားနိုင်ပါတယ် ။
စောလူးမင်း နှင့် ငရမန်ကန်းတို့ ကြွေအံ့ ကစားရာတွင်
ငရမန်ကန်းကချည်း နိုင်နေသဖြင့် စောလူးမင်းက
“ငရမန်ကန်း သင် ယောကျာ်းကောင်း မှန်လျှင် သင်စား ရတဲ့ ပဲခူးကနေ ပုန်စားချေ” ဟု စကားဆိုမိသဖြင့် မလိုလားအပ်သည့် ငရမန်ကန်း၏ ပုန်ကန်မှု ပေါ်ပေါ်လာခြင်းမျိုး ဖြစ်ပါတယ် ။
ထို့အတူ အမတ်ကြီး ဦးပေါ်ဦးကဲ့သို့ စကား အပြောအဆို မှန်ကန် ကောင်းမွန်၍ ဘုရင့် အမျက်တော် ပြေပျောက်ခြင်းမျိုးများလဲ များစွာရှိပါတယ် ။ ဒါ့ကြောင့်မို့ စကားပြောဆိုခြင်းဟာ လုပ်ငန်းဆောင်တာများ ပြီးမြောက်အောင်မြင်ဖို့အတွက် များစွာ အခရာကျနေပါ တယ်။
မိတ်ဆွေစကားပြောဆိုခြင်းဟာ အနုပညာ တစ်ရပ် ဖြစ်ပါတယ် ။ လူတိုင်း စကားပြောစွမ်းရည် ကောင်းနိုင်ပါတယ် ။ လူမှုရေး ၊ စီးပွားရေးနယ်ပယ်အသီးသီးတွင် စကားစွမ်းရည်မြှင့်တင် အောင်ပြင်လိုသူများအတွက်..
#စကားစွမ်းရည်
#လင်းသိုက်ညွန့် (မြန်မာ့မြေ)

image