Good Samaritans helped save stranded plane crash victims on Monday after their aircraft went missing over a mountain range in Alaska.
https://abcnews.go.com/US/3-su....rvivors-rescued-icy-

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Good Samaritans helped save stranded plane crash victims on Monday after their aircraft went missing over a mountain range in Alaska.
https://abcnews.go.com/US/3-su....rvivors-rescued-icy-
ကျောက်ဆောင်အောက်က မြို့ - (Setenil de las Bodegas)
စပိန်နိုင်ငံတောင်ပိုင်း၊ အန်ဒါလူစီယာဒေသရဲ့ လှပတဲ့ရှုခင်းတွေကြားမှာ ထူးခြားအံ့ဖွယ်ကောင်းတဲ့ မြို့လေးတစ်မြို့ ရှိပါတယ်။
အဲ့ဒါကတော့ ဆယ်တန်နီးလ် ဒယ်လာစ် ဘိုဒယ်ဂါစ် (Setenil de las Bodegas) လို့ အမည်ရတဲ့ မြို့လေးပါ။ ဒီမြို့လေးရဲ့ထူးခြားချက်ကတော့ ကြီးမားတဲ့ ကျောက် ဆောင်ကြီးတွေအောက်မှာ အိမ်တွေကို ဆောက်လုပ်ထားတာပါပဲ။
ရာစုနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့တဲ့ ဒီမြို့လေးဟာ သဘာဝတရားနဲ့ လူသားတွေရဲ့ လိုက်လျောညီထွေစွာ နေထိုင်မှုရဲ့ ပြယုဂ်တစ်ခုပါပဲ။
အန်ဒါလူစီယာခေတ် မှာ မြို့အဖြစ် စနစ်တကျ တည် ဆောက်ခဲ့ပြီး၊ Rio Trejo မြစ်ကြောင်းတလျှောက် ကျောက်ဆောင်တွေ ထိုးထွက်နေတဲ့နေရာမှာ အိမ်တွေကို တည်ဆောက်ခဲ့ကြတာပါ။
ဒီလိုကျောက်ဆောင်တွေအောက်မှာ အိမ်ဆောက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ သဘာဝရဲ့ အအေးနဲ့အပူဒဏ်ကို ကာကွယ်ဖို့ပါပဲ။
နွေရာသီမှာဆိုရင် ကျောက်ဆောင်ကြီးတွေက နေရောင် ခြည်ကို တိုက်ရိုက်မကျရောက်အောင် ကာကွယ်ပေးလို့ အေးမြပြီး၊ ဆောင်းရာသီမှာတော့ ကျောက် ဆောင်တွေက နွေးထွေးမှုကို ထိန်းသိမ်းပေးပါတယ်။
ဆယ်တန်နီးလ်မြို့လေးဟာ လှပတဲ့ ကျောက်ဆောင်လမ်းကြားတွေ၊ အိမ်ဖြူဖြူလေးတွေနဲ့အတူ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းကြောင်းတွေလည်း ရှိပါတယ်။
ကျောက်ဆောင်တွေအောက်မှာ ဖွင့်လှစ်ထားတဲ့ စား သောက်ဆိုင်တွေ၊ ဘားတွေမှာ ဒေသထွက် ဝိုင်နဲ့ tapas လို့ခေါ်တဲ့ အမြည်းတွေကို မြည်းစမ်းရင်း မြို့လေးရဲ့ သမိုင်းကြောင်းကို လေ့လာနိုင်ပါတယ်။ လက်ရှိမှာတော့ ဆယ်တန်နီးလ်မြို့လေးမှာ လူဦးရေ ၂,၇၀၀ ဝန်းကျင် နေထိုင်လျက်ရှိပါတယ်။
သင်ဟာ သမိုင်းကြောင်းကို စိတ်ဝင်စားသူ၊ သဘာဝအလှကို မြတ်နိုးသူ ဒါမှမဟုတ် ထူးခြားတဲ့ အတွေ့အကြုံကို ရှာဖွေနေသူဆိုရင်တော့ ဆယ်တန်နီးလ်မြို့လေးဟာ သင့်အတွက် မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
#knowledgezone
Night at the Museum: Kahmunrah Rises Again (2022)
သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့
ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး
လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။
၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက
၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့
နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။
၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ
အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့
တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။
ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့
လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။
ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန်
နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက်
တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။
တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး
ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့
ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။
ဒါကိုအဖေဖြစ်သူလာရီက ပြတိုက်ညစောင့်လုပ်ဖို့ သူ့ကိုတိုက်တွန်းလာတဲ့အခါ…
ညစောင့်အလုပ်စတဲ့ပထမညရဲ့ အရေးအကြီးဆုံးတာဝန်က
မြေအောက်ခန်းကိုဆင်းပြီး ကုန်တင်ကုန်ချတံခါးကို သော့ခတ်ရမှာပေမဲ့
မြေအောက်ခန်းကိုကြောက်နေတဲ့နစ်ခ်တစ်ယောက် ထုံးစံအတိုင်း လွဲဖြစ်အောင်လွဲရင်းနဲ့
အဖေ့ရဲ့ရန်သူတော်ကြီး ခါမူရာလွတ်သွားအောင် လုပ်မိတဲ့အခါမှာတော့…
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်နေတဲ့ teenage crisisနဲ့ နစ်ခ်တစ်ယောက်
ပြတိုက်ထဲကဗရုတ်တစ်သိုက်နဲ့အတူ ခါမူရာကိုတစ်ကျော့ပြန် ပြန်လည်ရင်ဆိုင်လို့ ကမ္ဘာကြီးကိုကယ်တင်နိုင်ပါ့မလားဆိုတာ
အားလုံးအတူတူကြည့်ရှုရင်း ရယ်မောခြင်းနဲ့ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်ပါ။
ဇာတ်ကားလင့်
https://t.me/c/2186686827/194
Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl
Death PhD 2024
Horror • 1h 46m
မကြာခင်မှာ PhDဘွဲ့ရကြတော့မဲ့ ကျောင်းသားတွေကို အတန်းထဲမှာ ဆရာဖြစ်သူက ကမ်းလှမ်းချက်တစ်ခုပေးလာပါတယ်။
အဲဒါကတော့ သူတို့အနေနဲ့ ၇နှစ်တာပရောဂျက်ကို စောစောပြီးချင်ရင် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ Sugarland Houseမှာ တစ်ညအိပ်ဖို့ပါပဲ။
အဲဒီအိမ်မှာ တစ်ညအိပ်ပြီး သူတို့တွေ့သမျှကို မှတ်တမ်းယူထားနိုင်ရင် လာမဲ့ ဘွဲ့နှင်းသဘင်ပွဲမှာ သူတို့ကိုပါ ဘွဲ့ပေးအပ်မှာဖြစ်တယ်လို့ ကမ်းလှမ်းလာပါတယ်။
ကျောင်းသားတွေကလည်း ဘွဲ့စောစောရချင်တော့ သူတို့အနေနဲ့ Sugarland Houseမှာ တစ်ညတာနေဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲဒီအိမ်ကြီးကို တစ်ညတာ သွားနေရင်း ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲဆိုတာ ကိုတော့ Premium Movies Channel မှာဆက်လက်ကြည့်ရှုလိုက်ရအောင်..🖤
အရမ်းကြည့်ကောင်းတဲ့ အချစ်ဂီတာ ရုပ်ရှင်ဇာတ်ကားကောင်းလေးတစ်ကား
La La Land
2016 ‧ Musical/Romance ‧ 2h 8m
La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။ပွဲဦးထွက်ရုံဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။
La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ။
ကင်မရာမန်းအသစ်လေး ရနေပြီဆိုတဲ့ ဖေဖေနေတိုးတို့ မိသားစု 🥰🥰🥰
ဂုဏ်ရှိန်တိုးလေးရဲ့ တိုးတက်လာတဲ့ ပုံစံလေးတွေကို ပြောပြလာတာပါ။ ဂုဏ်ရှိန်တိုးလေးက ကိုယ်တိုင်ဖုန်းကိုကိုင်ပြီး ဓာတ်ပုံရိုက်ချင်နေတဲ့ ကင်မရာမန်းအသစ်လေးဖြစ်တယ်လို့ ဆိုပါတယ်။ ဖေဖေ၊ မေမေတို့နဲ့အတူ နယ်မြို့လေးတစ်မြို့မှာ စတိုင်ထုတ်နေတဲ့ ဂုဏ်ရှိန်တိုးရဲ့ ပုံလေးတွေကိုလည်း ဖော်ပြထားပါသေးတယ်
နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရမည်
နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုနိုင်သည့် အသုံးစရိတ်များကို ဦးစားပေးသုံးစွဲရမည်ဟု နစက ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၂၄ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုက်ရိုက်အထောက်အကူပြုနိုင်သည့် အသုံးစရိတ်များဖြစ်သော အခြေခံအဆောက်အအုံဆိုင်ရာ လမ်းတံတား၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးတို့၌ ဦးစားပေးသုံးစွဲရမည်ဟု မှာကြားသည်။
" နိုင်ငံတော်ရဲ့မူဝါဒအရ သုံးစွဲရမယ့်အသုံးစရိတ်တွေ၊ ပြည်သူအတွက် အရေးတကြီးဆောင်ရွက်ပေးဖို့လိုအပ်တဲ့ အသုံးစရိတ်တွေ၊ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းပေါများစေရေးနဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတွေကိုအထောက်အကူပြုတဲ့ အသုံးစရိတ်တွေ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေနဲ့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင်အားပေးမြှင့်တင်နိုင်မယ့် အသုံးစရိတ်တွေကို လိုအပ်ချက်နဲ့အညီ နိုင်ငံတော်က နှစ်စဉ်ခွင့်ပြုပေးနေပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာရေး နှစ်အတွင်း ရငွေလျာထားချက်ကိုပြည့်မီကျော်လွန်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကာ အသုံးစရိတ်ခွဲဝေလျာထားပေးသည့် ရန်ပုံငွေများကိုလည်း သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွက် အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးဖြစ်စေရန်စိစစ်၍ စီမံခန့်ခွဲသုံးစွဲရေးသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏တာဝန်ဖြစ်သည်ဟု ပြောသည်။
" ပြည်သူတွေကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမယ့် လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့အချိန်ကာလအ တွင်း အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်မှသာ နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်မှုကိုအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ တစ်မျိုးသားလုံးရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနဲ့ဝန်ဆောင်မှုတန်ဖိုး(GDP)ကို ကျပ်(၁၇၁၄၉၈)ဘီလီယံရရှိဖို့မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း (၃)ရာခိုင်နှုန်းရရှိဖို့မျှော်မှန်းထားပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။