လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့ ဒါရိုက်တာ အကြောင်း Charlize Theron ထုတ်ဖော်ပြောကြား
Charlize Theron ဟာ “The Old Guard 2” ရုပ်ရှင်ရဲ့ Promotion အတွက် “Call Her Daddy” Podcast မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး သူမရဲ့ အစောပိုင်းသရုပ်ဆောင်ဘဝမှာ ဒါရိုက်တာတစ်ယောက်က သူ့အပေါ် လိင်ပိုင်းဆိုင်ရာ အပြုအမူတွေလုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို ပြန်လည်ဖွင့်ဟခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို သူမက ၂၀၁၉ ဧပြီလတုန်းက “The Howard Stern Show” မှာ ပထမဆုံး ပြောခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူမက ရုပ်ရှင်တစ်ကားအတွက် စမ်းသပ်သရုပ်ဆောင်ဖို့ စနေနေ့ညမှာ ဒါရိုက်တာတစ်ယောက်ရဲ့ အိမ်ကို သွားဖို့ အေဂျင်စီက ပြောခဲ့လို့သွားခဲ့ပါတယ်။ ဒါရိုက်တာက အိပ်ရာဝတ်စုံနဲ့ တံခါးဖွင့်ပြီး သူမရဲ့ ဒူးပေါ်ကို လက်တင်ခဲ့ပါတယ်။ Theron က ချက်ချင်း ထထွက်လာခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီတုန်းက သရုပ်ဆောင်ဖို့ စမ်းသပ်ကတယ်ဆိုတာ ဘယ်လိုလဲ ကျွန်မ မသိဘူး” လို့ Theron က “Call Her Daddy” မှာ ပြောပါတယ်။ “သရုပ်ဆောင်ဖြစ်ဖို့ ဘယ်လိုလုပ်ရလဲဆိုတာ မသိခဲ့ဘူး... အေဂျင်စီက ရုပ်ရှင်တစ်ကားအတွက် စမ်းသပ်သရုပ်ဆောင်ဖို့ စနေနေ့ညမှာ သွားရမယ်လို့ ပြောတယ်။ ဒါရိုက်တာရဲ့ အိမ်မှာ လုပ်ရမယ်တဲ့။ ကျွန်မရဲ့ စိတ်ထဲက အသံတစ်သံက ‘ဒါ မဖြစ်သင့်ဘူး’ လို့ ပြောပေမယ့်၊ နောက်ထပ်အသံတစ်ခုက ‘ဒါ ဖြစ်နိုင်တာပဲလေ’ လို့ ပြန်ပြောနေတယ်။”
ဒီအကြောင်းကို Theron ပြောပြီးနောက်ပိုင်း ဒီ ဒါရိုက်တာက ဖုန်းဆက်ပြီး သူဒီလိုလုပ်ခဲ့တာက အထင်အမြင်လွဲကြောင်းရှင်းပြဖို့ပြောခဲ့တယ်လို့သိရပါတယ်။ Theron ကတော့ ဒီအကွက်တွေက ရိုးနေပါပြီဆိုပြီး ပြန်လည်ချေပခဲ့တယ်ဆိုတဲ့ အကြောင်းကိုပါပြောခဲ့ပါတယ်။

image
1 y - Translate

ချစ်သူ Jay ဆီက တန်ဖိုးကြီး စိန်လက်စွပ် နဲ့ လက်ထပ်ခွင့် အတောင်း ခံလိုက်ရလို့ အရမ်းပျော်​နေတဲ့ သရုပ်ဆောင် ခြူးလေး 😍💍👰
#ဝမ်းသာလိုက်တာ...မကြာခင် အဖြူရောင်သတို့သမီးလေးအဖြစ်မြင်တွေရတော့မယ်☺❤❤

image

“Squid Game” ရဲ့ ဖန်တီးသူက Season 3 ရဲ့ အဆုံးသတ်ကို အမေရိကန် spinoff တစ်ခုအတွက် ရည်ရွယ်ပြီး ရေးထားတာမဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။
"ကျွန်တော်က အဲဒီဇာတ်ဝင်ခန်းကို ရှိုးအတွက် ထိရောက်တဲ့ အဆုံးသတ်ဖြစ်စေချင်လို့ ရေးခဲ့တာပါ၊ တခြားဘာ အတွက်မှ ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး " လို့ပြောလာပါတယ်။

image

အပိုင်း ၁ မှာတင် Rating 100% ရထားတဲ့ The Sandman Season 2

image
1 y - Translate

အသက်(၄၇)နှစ်အရွယ် ကလေးသုံးယောက်အမေ လို့ မထင်ရအောင်နုပျိုပြီး လှပနေတဲ့ အောင်သမာဓိစိန်ရွှေရတနာဆိုင်က မဖြူဖြူအောင် 😍❤️
ချမ်းသာတဲ့သူတွေကြလည်း နုပျိုပြီး လှလိုက်တာနော်

image
1 y - Translate

ထီ ၁၄ ဆောင် ထိုးတာ ၁၄ ဆောင်လုံး ကံထူးခဲ့တဲ့ အဆိုတော် နိုင်းဝမ်း 🤗🤗
ကံကောင်းချက်ပဲဟေ့ ရေပေါရာ မိုးရွာပ😁
#နိုင်းဝမ်း

image
1 y - Translate

ပြုပြင်ထားတာမှ မကြာသေးတဲ့ အရမ်းလှတဲ့ နှာခေါင်းလေး ရေကူးပြီး ချော်လဲလို့ ဒဏ်ရာရသွားတဲ့ နေဆန်း...😰
"ဘန်ကောက်ရောက်ရောက်ချင်း ရေကူးပီးချော်လဲတာနှာခေါင်းထိသွား ချက်ချင်းဆေးရုံသွားရတယ် 🥺
ဘန်ကောက်အလုပ်အတွက် ၅ရက်နားရမည်နော် 🥺🙏
Edit...နှာခေါင်းစစ ခွဲထားတဲ့သူတွေ အရမ်းဂရုစိုက်ပါနော် 🙏" ဆိုပြီး နေဆန်းက အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
#naysann

image
1 y - Translate

Tribal abstract tattoo designs 😍

image
1 y - Translate

Tribal abstract tattoo designs 😍

image
1 y - Translate

Tribal abstract tattoo designs 😍

image