28 ပတ် - ဘာသာပြန်ပါ။

တခြားသူတွေရဲ့ စိတ်ခံစားချက်ကိုသိမြင်နိုင်စွမ်း (Empathy) အားနည်းတဲ့ ရာသီခွင်များ 😊😊😊
လူတစ်ဦးချင်းစီရဲ့ စိတ်ခံစားချက်ကို နားလည်နိုင်မှုဟာ ရာသီခွင်တစ်ခုတည်းနဲ့ အပြည့်အဝ သတ်မှတ်လို့မရပါဘူး။ ဒါပေမယ့် တချို့ရာသီခွင်တွေမှာ သူတစ်ပါးရဲ့ စိတ်အခြေအနေကို သိမြင်နိုင်စွမ်း (Empathy) အားနည်းတတ်တဲ့ အချက်တွေ ရှိနိုင်ပါတယ်။ဒီလိုရာသီခွင်တွေမှာ မွေးဖွားသူတိုင်းဟာ စိတ်ခံစားချက် နားမလည်တတ်တာ မဟုတ်ပါဘူး။ တစ်ဦးချင်းရဲ့ မွေးဇာတာ၊ ဂြိုဟ်အခြေအနေ၊ ပြုစုပျိုးထောင်မှုနဲ့ အတွေ့အကြုံတွေပေါ်လည်း မူတည်ပါတယ်။ ဒါကြောင့် ရာသီခွင်တစ်ခုတည်းကို ကိုးကားပြီး လူတစ်ဦးရဲ့ စိတ်နှလုံးသားကို အပြည့်အဝ မဆုံးဖြတ်သင့်ပါဘူး။
(Taurus) ♉ ( ဧပြီလ ၂၀ရက် မှ မေလ ၂၀ရက် အတွင်းမွေးဖွားသူများ)
(Scorpio) ♏ ( အောက်တိုဘာလ ၂၃ရက် မှ နိုဝင်ဘာလ ၂၁ရက် အတွင်းမွေးဖွားသူများ )
(Leo) ♌ ( ဇူလိုင်လ ၂၃ရက် မှ ဩဂုတ်လ ၂၂ ရက်အတွင်း မွေးဖွားသူများ)
(Aquarius) ♒ ( ဇန်နဝါရီလ ၂၀ရက် မှ ဖေဖော်ဝါရီလ ၁၈ရက် အတွင်းမွေးဖွားသူများ )
Taurus, Scorpio, Leo, Aquarius ဒီရာသီခွင်တွေဟာ မိမိရဲ့အမြင်နဲ့ ယုံကြည်ချက်ကို ခိုင်မာစွာ စွဲကိုင်ထားတတ်ပြီး တခါတလေသူများရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုမိတတ်ပါတယ်။ သူတို့ရဲ့ ခေါင်းမာမှုကြောင့် တခြားသူတွေရဲ့ စိတ်ထိခိုက်မှုကို သတိမထားမိကြပါဘူး။
(Gemini) ♊ ( မေလ ၂၁ရက် မှ ဇွန်လ ၂ဝရက် အတွင်း မွေးဖွားသူများ )
Gemini တွေဟာ ဉာဏ်ရည်မြင့်မားပြီး ဆက်သွယ်ရေးကောင်းပေမယ့်၊ စိတ်ခံစားချက်ထက် အတွေးအခေါ် အချက်အလက်ကို ဦးစားပေးတတ်ပါတယ်။တစ်ခါတစ်လေ သူတို့ရဲ့ စိတ်လှုပ်ရှားမှု မြင့်မားတာကြောင့် တခြားသူတွေရဲ့ စိတ်ခံစားချက်ကို နားမလည်မိတတ်ပါဘူး။
(Sagittarius) ♐ ( နိုဝင်ဘာလ ၂၂ရက် မှ ဒီဇင်ဘာလ ၂၁ရက် အတွင်းမွေးဖွားသူများ)
ဒေါသထွက်လွယ်ပြီး ရိုးသားလွန်းတဲ့ Sagittarius တွေဟာ တစ်ခါတစ်လေ သူတစ်ပါးရဲ့ စိတ်ထိခိုက်နိုင်မှုကို မသိဘဲ ပြောမိတတ်ပါတယ်။ သူတို့ရဲ့ လွတ်လပ်မှုနဲ့ အရိုင်းဆန်တဲ့အပြုအမူကြောင့် တခြားသူတွေရဲ့ စိတ်ခံစားချက်ကို အာရုံမစိုက်မိတတ်ပါဘူး။
(Capricorn) ♑ ( ဒီဇင်ဘာလ ၂၂ရက် မှ ဇန်နဝါရီလ ၁၉ရက် အတွင်းမွေးဖွားသူများ)
လက်တွေ့ဆန်ပြီး ရည်မှန်းချက်ကြီးမားတဲ့ Capricorn တွေဟာ စိတ်ခံစားချက်ထက် ရလဒ်ကို ပိုအာရုံစိုက် တတ်ပါတယ်။သူတို့ရဲ့ တင်းကျပ်တဲ့ စည်းကမ်းနဲ့ အလုပ်အပေါ် အာရုံစိုက်မှုကြောင့် တခြားသူတွေရဲ့ စိတ်ခံစားချက်ကို လျစ်လျူရှုမိ တတ်ပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

ပညာရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်းမှာ အထူးချွန်ဆုံး ရာသီခွင်များ 📝📝📝
ပညာရေးနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုင်းမှာ အထူးချွန်ဆုံး ရာသီခွင်တွေကို တင်ပြပေးလိုက်ပါတယ်။အခုပြောပြမယ့် အကြောင်းအရာများက ယေဘူယျသဘောတရားများသာဖြစ်ပြီး တစ်ဦးချင်းရဲ့ Birth Chart (ဂြိုဟ်နေရာ၊ အိမ်တွင်းအခြေအနေ) အပေါ်လည်း မူတည်ပါတယ်။ လူတစ်ဦးချင်းရဲ့ ပညာရေးစွမ်းရည်က ရာသီခွင်တစ်ခုတည်းပေါ်တွင် မူတည်ခြင်းမရှိဘဲ ကိုယ့်ရဲ့ကြိုးစားမှု၊လေ့လာသင်ယူမှု၊ကိုယ့်မိသားစုအခြေအနေနဲ့လည်း ဆက်စပ်နေပါတယ်။ သင့်ရဲ့ ရာသီခွင်နဲ့ ကိုက်ညီမှုရှိလားဆိုတာ ကြည့်လိုက်ရအောင်နော်
(Gemini) ♊ ( မေလ ၂၁ရက် မှ ဇွန်လ ၂ဝရက် အတွင်း မွေးဖွားသူများ )
Gemini များရဲ့ ထူးချွန်တဲ့ အချက်က အလွန်စူးစမ်းလိုစိတ်များခြင်း၊ ဘာသာစကားအသစ် တတ်မြောက်လွယ်ခြင်း၊ဆက်သွယ်ရေးစွမ်းရည်မြင့်မားခြင်း၊ဘယ်ပညာရပ်ကိုမဆို အမြန်လေ့လာနိုင်ခြင်းတို့ ဖြစ်ပါတယ်။ Gemini များရဲ့ အားနည်းချက်ကတော့ စိတ်မရှည်ခြင်းနှင့် တစ်ခုတည်းကို အာရုံစူးစိုက်ရန် ခက်ခဲခြင်းတို့ဖြစ်ပါတယ်။
(Cancer) ♋ ( ဇွန်လ ၂၁ရက် မှ ဇူလိုင်လ ၂၂ရက် အတွင်း မွေးဖွားသူများ)
Cancer များရဲ့ ထူးချွန်တဲ့ အချက်က မှတ်ဉာဏ်ကောင်းခြင်း၊ စာနာနားလည်မှုမြင့်မားခြင်း၊ အနုပညာနှင့် စာပေတွင် ကောင်းစွာဖော်ပြနိုင်ခြင်းတို့ ဖြစ်ပါတယ်။Cancer များရဲ့အားနည်းချက်ကတော့ စိတ်ခံစားမှုများကို အလွန်အမင်းထိန်းချုပ်ထားခြင်း (သို့) စိတ်အားငယ်လွယ်ခြင်းတို့ ဖြစ်ပါတယ်။
(Virgo) ♍ ( ဩဂုတ်လ ၂၃ရက် မှ စက်တင်ဘာလ ၂၂ရက် အတွင်းမွေးဖွားသူများ )
Virgo များရဲ့ ထူးချွန်တဲ့ အချက်က အသေးစိတ်လေ့လာမှု၊အတွေးအခေါ်တိကျမှု၊ စိတ်ရှည်ပြီး အသေးစိတ်ကို ဂရုစိုက်နိုင်ခြင်း၊ ခွဲခြမ်းစိတ်ဖြာမှု စွမ်းရည်မြင့်မားခြင်းတို့ ဖြစ်ပါတယ်။ Virgo များရဲ့ အားနည်းချက်ကတော့ အလွန်အမင်း ပြီးပြည့်စုံမှုကို ရှာဖွေခြင်း (Perfectionism) ဖြစ်ပါတယ်။
(Aquarius) ♒ ( ဇန်နဝါရီလ ၂၀ရက် မှ ဖေဖော်ဝါရီလ ၁၈ရက် အတွင်းမွေးဖွားသူများ )
Aquarius များရဲ့ ထူးချွန်တဲ့ အချက်က တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားခြင်း၊ သိပ္ပံနှင့် နည်းပညာတွင် အထူးစိတ်ဝင်စားခြင်းနှင့် ဒဿန များကို စိတ်ဝင်စားတို့ ဖြစ်ပါတယ်။Aquarius များရဲ့ အားနည်းချက်ကတော့ လက်တွေ့ဘဝနှင့် ဝေးကွာတဲ့ အတွေးအခေါ်များ ရှိတတ်ခြင်း ဖြစ်ပါတယ်။
(Sagittarius) ♐ ( နိုဝင်ဘာလ ၂၂ရက် မှ ဒီဇင်ဘာလ ၂၁ရက် အတွင်းမွေးဖွားသူများ)
Sagittarius များရဲ့ ထူးချွန်သောအချက်က ဘာသာစကား၊ ဆက်သွယ်ရေး၊ဒဿနိကဗေဒ၊ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာမှုများတွင် စိတ်ပါဝင်စားမှု မြင့်မားခြင်း တို့ဖြစ်ပါတယ်။ Sagittarius များရဲ့ အားနည်းချက်ကတော့ အချိန်ကြာမြင့်စွာ အာရုံစိုက်ရန် ခက်ခဲခြင်း ဖြစ်ပါတယ်။
(Capricorn) ♑ ( ဒီဇင်ဘာလ ၂၂ရက် မှ ဇန်နဝါရီလ ၁၉ရက် အတွင်းမွေးဖွားသူများ)
Capricorn များရဲ့ ထူးချွန်တဲ့ အချက်က အသေးစိတ်လေ့လာမှု၊စည်းကမ်းရှိခြင်း၊ ရေရှည်ရည်မှန်းချက်များအတွက် ကြိုးစားနိုင်ခြင်းတို့ ဖြစ်ပါတယ်။ Capricorn များရဲ့ အားနည်းချက်ကတော့ ရှေးရိုးစွဲဆန်ခြင်း၊ ပြောင်းလဲမှုကို ခုခံတတ်ခြင်းတို့ ဖြစ်ပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

Your Name (2016)

(Kimono Na wa)

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်…

ကမ္ဘာအနှံအောင်မြင်မှုတွေရခဲ့ပြီး
Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ…

ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ…

ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်…

တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေးတာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြိုလေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတိုဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့…

အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်…

ဒါကို သူတိုတွေက အိပ်မက်လို ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့သူတိုနှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို ကြိုးစားကြပါတော့တယ်..

ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲသူတိုနှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့….

ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်…

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/hsumovie/9

image
28 ပတ် - ဘာသာပြန်ပါ။

The Deep House (2021)
=================

ကိုစပ်စုစိန်နဲ့သူ့ရည်းစားတိုဟာ ထူးဆန်းပြီး ကြောက်ဖိုကောင်းတဲ့နေရာ တွေကို အတူသွားစူးစမ်းကြပြီး ဗီဒီယိုတွေတင်နေကြတဲ့နှစ်ယာက်ပေါ့။ဖော်လိုဝါးတွေအတွက်ဆွဲဆောင်မှုရှိပြီး ကြည့်ရှူသူများလာစေမဲ့အရာကို ဖန်တီးဖို အကြံရသွားပါတယ်။ဒီလိုနဲ့ သူတိုတိုင်ပင်ပြီး ဗြိတိန်ကနေ ပြင်သစ်အထိတကူးတကလာပြီး စပ်စုစိန်လုပ်ကြပါတော့တယ်။

ဒီလိုနဲ့ပြင်သစ်အနောက်တောင်ပိုင်းလေးက ရေအောက်မြုပ်သွားတဲ့ မြိုကလေး(သို) ဖရက်စ်ရေကန်လေးကို နှစ်ယောက်သားသွားစပ်စုစိန်လုပ်ကြတဲ့အခါမှာတော့၊လျှိဝှက်သည်းဖိုဇာတ်ကားတွေကိုကြိုက်တတ်တဲ့သူတွေအတွက် ဇာတ်ကားလေးတစ်ကားပါလိုညွှန်းပါရစေ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/hsumovie/75

image
28 ပတ် - ဘာသာပြန်ပါ။

ပုဇွန်ထုပ်လှော်အစပ်ချက်

ကြက်သွန်နီညက်အောင်ထောင်းထားပေး။ငရုတ်သီးညှပ်ထားပေး။ ကြက်သွန်ဖြူ အတုံးပုံစံလေးလှီးထား။ ဆီထည့် ကြက်သွန်နီဆီသပ် အရောင်ရဲပြီဆို ပုဇွန်ထည့် ရေအနည်းငယ်ထည့် ဆား အချိုမှုန့် ငရုတ်သီးနဲ့ကြက်သွန်ဖြူထည့်။ အုပ်ထားပေး။ ရေခမ်းပြီးအနှစ်ကျပြီဆို စားလို့ရပါပြီ။

image
28 ပတ် - ဘာသာပြန်ပါ။

ပြည်ကြီးငါး(သို့)ကင်းမွန် ၃၀သားအတွက်ပါ
ဆီထမင်းစားဇွန်း၃ဇွန်းထဲကို ခရမ်းချဉ်သီး ကြက်သွန် လေးစိတ်ခြမ်း
ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပြီးဆီသတ်ပါ
သိပ်မနွမ်းခင်လေးမှာအရောင်နဲ့ အစပ်အတွက် ငြုပ်အစပ်ခြောက်တောင့်ကိုရေစိမ်ပြီးထောင်းထားတာထည့်ပါ ဖြတ်တောက်ဆေးကြောသန့်စင်ထားတဲ့ ပြည်ကြီးငါးထည့်ပါ ငံပြာရည်ထည့်ပါ အရသာမှုန့်ထည့်ပါ ရေထွက်လာပါလိမ့်မယ် အသားကျက်အောင်လုံးပေးပါ
အသားကျက်လောက်ပြီဆိုရင် ရေနဲနဲထပ်ထည့်ပါ ကြက်သွန်မြိတ်နဲ့ ငြုပ်အစိုတောင့်ထည့်ပါ
ရေ ရယ် အရသာရယ် ကိုယ့်စိတ်ကြိုက်မှာ သုံးဆောင်လို့ရပါပြီ
တရုတ်ဟင်းလို ချိုချဉ်ကြော်မဟုတ်ပါ
ဗမာဟင်းလိုမျိုး
ခရမ်းချဉ်သီးအချဉ်နဲ့ ငြုပ်ခြောက်တောင့် အစပ်နဲ့ ချက်ထားတဲ့ ချဉ်စပ်ဟင်းလေးပါ

image
28 ပတ် - ဘာသာပြန်ပါ။

ပြည်ကြီးငါး(သို့)ကင်းမွန် ၃၀သားအတွက်ပါ
ဆီထမင်းစားဇွန်း၃ဇွန်းထဲကို ခရမ်းချဉ်သီး ကြက်သွန် လေးစိတ်ခြမ်း
ကြက်သွန်ဖြူ ဓားပြားရိုက် ထည့်ပြီးဆီသတ်ပါ
သိပ်မနွမ်းခင်လေးမှာအရောင်နဲ့ အစပ်အတွက် ငြုပ်အစပ်ခြောက်တောင့်ကိုရေစိမ်ပြီးထောင်းထားတာထည့်ပါ ဖြတ်တောက်ဆေးကြောသန့်စင်ထားတဲ့ ပြည်ကြီးငါးထည့်ပါ ငံပြာရည်ထည့်ပါ အရသာမှုန့်ထည့်ပါ ရေထွက်လာပါလိမ့်မယ် အသားကျက်အောင်လုံးပေးပါ
အသားကျက်လောက်ပြီဆိုရင် ရေနဲနဲထပ်ထည့်ပါ ကြက်သွန်မြိတ်နဲ့ ငြုပ်အစိုတောင့်ထည့်ပါ
ရေ ရယ် အရသာရယ် ကိုယ့်စိတ်ကြိုက်မှာ သုံးဆောင်လို့ရပါပြီ
တရုတ်ဟင်းလို ချိုချဉ်ကြော်မဟုတ်ပါ
ဗမာဟင်းလိုမျိုး
ခရမ်းချဉ်သီးအချဉ်နဲ့ ငြုပ်ခြောက်တောင့် အစပ်နဲ့ ချက်ထားတဲ့ ချဉ်စပ်ဟင်းလေးပါ

image
28 ပတ် - ဘာသာပြန်ပါ။

ဒီဂနေ့ 🥲work out လဲမလုပ်ရ အစားလဲရှောင်စရာမလို ၃လနဲ့၁၀ပေါင်ကျတဲ့နည်းပြောပြပါမယ်။
December Sagittarius ♐️
March Pisces ♓️
August Virgo ♍️
April Aries ♈️
December Capricorn ♑️
November Scorpio ♏️
သူတို့နဲ့တွဲလိုက်ပါ အစားလဲ ရှောင်စရာမလိုပဲကိုမစားချင်ဘူး ဝိတ်ကျချက်က ဖင်ပါရူံ့တယ်🥲

28 ပတ် - ဘာသာပြန်ပါ။

တောင်သူတိုင်းစိုက်ပျိုးမယ့်အပင်ကို အစာကျွေးဖို့ မစဥ်းစားပဲ မြေကြီးကို🖤 အစာကျွေးဖို့ စဥ်းစားပါ 🤔
အထွက်နှုန်းတိုးဖို့ မြေဩဇာကျွေးတော့မယ်ဆို တောင်သူတွေ တွေးလိုက်တာက စျေးကွက်မှာ ရနိုင်မဲ့ ဓာတ်မြေဩဇာ တခုခု ကို အချိန်ကျ ကျွေးမယ်ပေါ့ ၊ တချို့ကျတော့လည်း မကျွေးနိုင်လို့ မကျွေးဘူးပေါ့။
တချို့ကလည်း တကယ်စနစ်တကျကျွေးတဲ့သူတွေရှိပါတယ်။
သီးနှံ အတွက် အာဟာရကျွေးတော့မယ် လို့စဥ်းစားလိုက်တဲ့ အခါတိုင်း လိုအပ်တဲ့ အချိန်မှာ လိုအပ်တဲ့ အမျိုးအစားကို လိုအပ်တဲ့နေရာနဲ့ လိုအပ်တဲ့ ပမာဏ ကို ထိထိရောက်ရောက်ကျွေးမယ် ဆိုရင်တော့ အပင်ကလည်း စားသုံးနိုင်ပြီး အလေ့အလွင့်လည်းမဖြစ် ပတ်ဝန်းကျင် ညစ်ညမ်းတာကိုလည်း လျော့ချပေးနိုင်မှာပါ။ ဥပမာ- ကလေး တစ်ယောက်ကောင်းစွာကြီးထွားဖို့ ၆ လသား၊ ၁ နှစ်သား ၊ ၅ နှစ်သား ၁၀ နှစ်သား အလိုက် လိုအပ်တဲ့ အစာအာဟာရကျွေးသလိုပါပဲ။
အခါလည်သား အရွယ် ကို ၅ နှစ်သား ကျွေးရမဲ့အစာ ကျွေးတဲ့အခါ အများကြီး အကျိုးသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။
🖤 မြေကြီးမှာလည်း အပင်စားသုံးနိုင်တဲ့ ပမာဏထက်ပို ကျွေးမိတဲ့ အခါ ပိုလျှံပြီး လေလွင့် သလို မြေကြီး ထဲမှာ ဓာတုပစ္စည်းတွေ စုပုံလာပြီး Heavy metal လို အဆိပ်အတောက်တွေ ဖြစ်လာတတ်ပါတယ်။
🖤ဒါကြောင့်မလို့ နည်းစနစ်မှန်မှန် မြေဩဇာအသုံးပြုခြင်းကို လိုက်နာစေချင်တဲ့ အပြင် အကြံပြုချင်တာက ကိုယ့် စိုက်ပျိုးမဲ့ မြေကြီးကို ကောင်းမွန်အောင်အရင်ပြုပြင်ထိန်းသိမ်းကြပါ။
အထက်မှာ ပြောခဲ့သလို အပင်တွေကြီးထွားဖို့အတွက် အစာအာဟာရကို မြေကြီးထဲကနေ ရရှိပါတယ်။
တောင်သူတွေ အနေနဲ့ မြေကြီးထဲရှိနေတဲ့ အပင်ရဲ့ အစာဟာ အပင်စားသုံးလိုရတဲ့ အ‌ခြေအနေဖြစ်နေအောင်လည်း ပြုပြင်ပေး သင့်ပါတယ်။ ဥပမာ- ကျွန်ုပ်တို့ လူတွေရဲ့ အစာက စပါး ဖြစ်တယ် ဆိုကြပါစို့။
အမှန်တကယ် ကျွန်ုပ်တို့ စားသုံးတာ က စပါးကနေ ဆန် အဖြစ်ကြိတ်ခွဲပြီး ထမင်းအဖြစ် ပြောင်းလဲထားတဲ့ အစာကိုစားသုံး ကြတာပါ။ အလားတူပါပဲအပင်တွေကလည်း မြေကြီးထဲကနေ မရှိမဖြစ်လိုအပ်တဲ့ အာဟာရ (၁၆) မျိုးကို နေရောင်ခြည် စွမ်းအင်နဲ့ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ၊ ရေ ကို အသုံးပြုပြီး အစာအဖြစ်ချက် ပြုတ်ကာ ကြီးထွားဖို့ အသုံးပြုပါတယ်။
အကယ်၍များ မြေကြီးထဲမှာ ရှိနေ တဲ့ အစာ အာဟာရတွေက အပင်က စုတ်ယူစားသုံးနိုင်တဲ့ ပုံစံ မဟုတ်ခဲ့ဘူး။ အပင်ရဲ့ အမြစ်တွေကနေ စုတ်ယူစားသုံးဖို့အတွက် ပတ်ဝန်းကျင် အခြေအနေ ကို မြေကြီးထဲမှာ ပြင်ဆင်မပေးထားဘူး ဆိုရင်တော့ ဆန်ဘယ်လောက်ရှိ ရှိ ထမင်း ငတ်တဲ့ အဖြစ်မျိုး ကြုံရတာမျိုးပဲ ဖြစ်နေမှာပါ။
🖤 မြေကြီးထဲမှာ အဆင့်သင့် (ဒါမှမဟုတ်) ကျွန်ုပ်တို့ ထည့်လိုက်တဲ့ မြေဩဇာတွေ ကို အပင်စားသုံးနိုင်အောင် ပြုပြင် ပေးတဲ့ အရာတွေ က ဘယ်အရာတွေလည်းဆိုရင်တော့ မြေသားပုံစံကောင်းစေပြီး ရေသွင်းရေးထုတ် ကောင်းစေတဲ့ ဆွေးမြေ့နေတဲ့ အော်ဂဲနစ် ပစ္စည်းတွေ၊ မြေကြီးထဲက အာဟာရတွေ ကို ကောင်းစွာ လည်ပတ်စေ ပြိုကွဲစေတဲ့ ဘက်တီးရီးယား၊ Fungi နဲ့ ပရိုတိုဇိုးဝါး လိုမျိုး အကျိုးပြု အဏုဇီဝတွေ နဲ့ ဒီ အကျိုးပြု အဏုဇီဝတွေကို ကောင်းစွာရှင်သန်စေပြီ အပင် အာဟာရ မျှတဲ့ အခြေနေကို ဖန်တီးပေးမဲ့ မြေကြီး ရဲ့ သင့်တင်တဲ့ ချဥ် ငန် ကိန်း ( soil pH) တို့ပဲဖြစ်ပါတယ်။
ကိုယ်စိုက်ပျိုးမဲ့ မြေကြီးထဲမှာ ရှိသင့်တဲ့ မြေချဥ် ငန်ကိန်း မရှိရင် ဒီထဲမှာ ရှင်သန်နိုင်မဲ့ အကျိုးပြု အဏုဇီဝတွေ မရှိတော့ပဲ တောင်သူတို့အနေနဲ့ မြေဩဇာ ဘယ်လောက်ထည့်ထည့် အပင်က စုတ်ယူ စားသုံးနိုင်မှာ မဟုတ်လို့ အပင်ဟာ ပိုးမွှားရောဂါ ခံနိုင်ရည်မဲ့ လာပြီး ရလာဒ်နေနဲ့ ကောင်းစွာ မကြီးထွားနိုင်လို့ ရရှိသင့်တဲ့ အထွက်နှုန်း နဲ့ ကောင်းမွန်တဲ့ အရည် အသွေးကိုလည်း ရနိုင်တော့မှာ မဟုတ်ပါ။
အကယ်၍ စိုက်ပျိုးမဲ့ မြေကြီးကို ကောင်းစွာ ဆွေးမြေ့နေတဲ့ အော်ဂဲနစ် ပစ္စည်းတွေနှစ်စဥ် ထည့်မယ်၊ ဓာတုဓာတ်မြေဩဇာလည်း လိုအပ်သလောက် စနစ်တကျအသုံးပြုမယ်ဆိုရင် မြေကြီးထဲ အဆိပ် အတောက်ဖြစ်တာတွေ မရှိတော့ပဲ မြေချဥ်ငန်နှုန်း ကောင်းလာပြီး မြေကြီးထဲက အကျိုးပြု အဏုဇီဝ လေးတွေရဲ့ စွမ်းအားပြည့် လုပ်ဆောင်မှု ကို အပင်က ပြည့်ပြည့်ဝဝ ခံစားရမှာပဲ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ မြေမှာ ပေါက်ရောက်ရှင်သန်တဲ့ အပင်ရဲ့ အမြစ်တွေက ကောင်းစွာ အာဟာရစုတ် ယူထောက်ပံ့နိုင်လို့ အပင်တွေက ပိုးမွှားရောဂါနဲ့ ရာသီဥတု ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိလာ မှာဖြစ်ပါတယ်။
ရလာဒ် အနေနဲ့ ပိုးမွှားရောဂါသတ်ဆေး ကို သွယ်ဝှိုက်သောနည်းနဲ့ လျော့ချနိုင်တဲ့ အပြင် အာဟာရမျှတစွာနဲ့ ရရှိနိုင်တဲ့အတွက် အသီးအပွင့် ကောင်းပြီး အထွက်လည်း တိုးလာနိုင်မှာ ဖြစ်ပါ တယ်။ ဒီနေရာမှာ တောင်သူတွေကို သတိထပ်ပေးချင်တာက ဘယ်လို ပစ္စည်းပဲဖြစ်ဖြစ် မြေကြီးထဲ စိုက်ခင်းထဲ သုံးတော့မယ်ဆို နည်းစနစ် ကျကျ နည်းလမ်းမှန်အောင် အသုံးပြုစေချင်ပါတယ်။ သာဓက အနေနဲ့ ပြောပြရမယ်ဆိုရင် တောင်သူ တစ်ယောက်က မြေချဥ်တာသက်သာဖို့ ထုံး ကို အသုံးပြုတယ် ဆို။ပါစို့ မစိုက်ခင်မြေပြင်တဲ့ အခါ ထုံးကို ဘယ်အချိန်မှာ ထည့်သင့်တယ် သေချာသိထားရပါမယ်။ တချိန်ကတောင်သူတစ်‌ယောက်က ထုံး မသုံးဘူးပြောပါတယ် အကျိုးမရှိဘူး အပင်လောင် တယ်ပြောပါ တယ်၊ မစိုက်ခင် ဘယ်လောက်ခြားပြီး ထုံးထည့်ပါသလဲ မေးတော့ ၊ ပျိုးမကြဲခင် ၃ ရက် အလိုပါတဲ့ ။ ထုံးဟာ ပူပါတယ် မြေကြီးထဲ သမသွားပြီး ကောင်းစွာ အကျိုးဖြစ်ဖို့ အနည်းဆုံး ၂ ပတ် ကြိုထည့်ပြီး မြေပြင်သင့်ပါတယ်။ ဒါ စပါးစိုက်တဲ့ တောင်သူတစ်‌‌‌ယောက်နဲ့ တွေ့တုန်းက ကြုံဖူးတာလေးပါ။ ဒီလို အဖြစ်မျိုး ကြုံရတဲ့ တောင်သူတွေ ဘယ်လောက်များပါပြီလဲ။ ဒီလိုမျိုး ကိုယ်သိသလောက်လုပ်ကိုင်ရင်း အခြေအနေတွေ ဆိုးဝါးမသွားခင် စာတွေဖတ်ပါ ဆွေးနွေးပါ တကယ် နားလည်တဲ့ စိုက်ပျိုးရေးပညာရှင် တွေကို မေးမြန်းပြီး ကိုယ့်လယ်ယာမြေ စိုက်ခင်းကို ပြုပြင်ပါ။ ကျန်းမာတဲ့မြေမှာ ကောင်းမွန်စွာရှင်သန် ပြီး အထွက်နှုန်းတိုးလာချင်တာ မှန်ရင်တော့ အပင်ကိုပဲ အစာ မကျွေးပဲ မိမိ စိုက်မဲ့ မြေကြီးကို အရင်ကောင်းမွန်အောင် ကျန်းမာအောင် ပြုပြင်ပေးဖို့ တိုက်တွန်း လိုက်ရပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

Bhavani Ward 1997 (2025) ဇာတ်ကားသစ်
(ဘာဝါနီလူနာဆောင်က သရဲမ)

IMDB - 8.8/10

သရဲကားခပ်ကြမ်းကြမ်းကိုမှကြည့်ရတာ နှစ်ခြိုက်ကြတဲ့ ပရိသတ်ကြီးတိုအတွက် လက်တလောအသစ်ထွက်ထားတဲ့ သရဲကားလေးအကြောင်းပြောချင်ပါတယ်။ ဒီကားလေးဟာ နိုင်ငံတကာက သရဲကားဝါသနာအိုးတွေအကြားမှာ ရီဗျူးကောင်းကောင်းရထားတဲ့ ဇာတ်ကားလေးပါ။

ဒီယာ ဆိုတဲ့ ဆရာဝန်မလေးနဲ့ အာဂျေးဆိုတဲ့ကောင်လေးတို   ချစ်သူတွေဖြစ်ပြီးနောက် ဒီယာတာဝန်ကျတဲ့ ဆေးရုံမှာ အင်မတန်သရဲခြောက်တဲ့ ဘာဝါနီ ဆိုတဲ့ လူနာဆောင်ရှိပါတယ် ဒီလိုနဲ့ ညကြီးအချိန်မတော် ဒဏ်ရာရလူနာရောက်လာလို ဘာဝါနီလူနာဆောင်ထဲ ဆရာဝန်မလေးတစ်ယောက်ထဲ ဆေးကုဖိုသွားတဲ့အခါ ဘာတွေ တွေ့လာခဲ့ရမလဲ......

ဒီယာဟာ အဲဒီလူနာဆောင်ထဲကထွက်ပြီး မကြာခင်မှာပဲ သရဲဝင်ပူးခံရပါတော့တယ် အဲဒီအခါ ချစ်ရသူကို သရဲလက်ထဲကနေ ဆွဲထုတ်ဖိုအရေး အာဂျေးတစ်ယောက် ဘယ်လိုတွေ ကြုံတွေ့ရမလဲ...... အဲဒီဘာဝါနီလူနာဆောင်ကြီးကရော ညဆို လူတွေဖြတ်မသွားရဲလောက်အောင် ဘာလို သရဲတအားခြောက်နေရလဲ....နောက်ခံသမိုင်းကြောင်းက ဘာတွေဖြစ်မလဲ......စတဲ့ စတဲ့ ပဟေဠိပေါင်းများစွာနဲ့ အထိတ်တလန့်ကြည့်ရှုခံစားရမှာပါ.....

ဒါ့အပြင် ဒီဇာတ်ကားလေးဟာ သရဲကားသီးသန့်ကြီးမဟုတ်ဘဲ အချစ်ဆိုတဲ့ စကားလုံးလေးနှစ်လုံးဟာ ဘယ်လောက်ထိ လေးနက်ကြောင်း တာဝန်ကြီးကြောင်းပါ ရိုက်ကူးပြထားတာမိုသည်းထိတ်ရင်ဖို သရဲကားကို အလွမ်းဓာတ်ခံနဲ့ ကြည့်ချင်သူများအတွက် ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Movie Link 🔽🔽🔽
https://t.me/movieworld20217/206

image