28 ပတ် - ဘာသာပြန်ပါ။

A 9-year-old girl was attacked by a shark while snorkeling off the coast of Florida, with the animal nearly biting her entire hand off, her family said.
Read more: https://abcnews.visitlink.me/e_P5J7

image
28 ပတ် - ဘာသာပြန်ပါ။

Forever chemicals have come under growing scrutiny in recent years because they build up in the body and may trigger health problems.
https://abcnews.go.com/US/expo....sure-forever-chemica

image
28 ပတ် - ဘာသာပြန်ပါ။

Caine က ချိန်ကွင်းတွေကိုဖြုတ်ထားရတဲ့အကြောင်းတွေကတော့ Caine ဟာ ယောင်ပြီး သာမန်လူတွေလိုချိန်ကွင်းနဲ့ချိန်ပြီးပစ်နေမှာဆိုးလို့ရယ် ၊ ချိန်ကွင်းတွေကသံနဲ့ပြုလုပ်ထားတာကြောင့် ပေါ့ပါးအောင်ဖြုတ်ထားတာဖြစ်ပါတယ် ။

image
28 ပတ် - ဘာသာပြန်ပါ။

LATEST: The IDF said Israel's "preemptive strike" against Iran comes after intelligence identified that Iran has "significantly advanced towards obtaining a nuclear weapon," alleging this capability would allow them to act against Israel.
Israel estimates Iran now has enough enriched material for 15 nuclear bombs, an Israeli official familiar with the operation told ABC News.
Follow live updates:

https://abcnews.go.com/Interna....tional/live-updates/

image
28 ပတ် - ဘာသာပြန်ပါ။

Martin Scorsese ရဲ့ ၁၉၉၇ ခုနှစ်က အော်စကာဆန်ခါတင်ခံရတဲ့ “Kundun” ရုပ်ရှင်ကို ဒီနှစ် Tribeca Film Festival မှာ ဇွန်လ ၆ ရက်နေ့ကပြသခဲ့ပါတယ်။
နောက်ပြီး ဒီပွဲကို Martin Scorsese ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့လည်းသိရပါတယ်။
“Kundun” ဆိုတဲ့ ရုပ်ရှင်က ဝေဖန်သူတချို့ဆီက သာမန်အဆင့်လောက်နဲ့ အကဲဖြတ်ခံရပြီး၊ ဆုကြီးတွေလည်းရခဲ့တာမျိုးမရှိပါဘူး။ နောက်ပြီး ဒီဇာတ်ကားရဲ့ နှစ်နှစ် အလိုက “Casino” လို ဇာတ်ကားမျိုး မျှော်လင့်ခဲ့ရတဲ့ ပရိသတ်တွေကိုလည်း စိတ်ပျက်ခဲ့ရပါတယ်။
“Kundun” က ဒလိုင်းလားမား (၁၄ ယောက်မြောက်) ရဲ့ ဘဝနဲ့ တရုတ်ဖိအားတွေ ကြီးထွားလာချိန်မှာ တိဘက်ကို ဦးဆောင်ဖို့ ကြိုးစားမှုတွေကို ပြသထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ တွေးစရာတွေအများကြီးပါဝင်ခဲ့သလို နိုင်ငံရေးတွေမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
တရုတ်အစိုးရဟာ ဒလိုင်းလားမားကို ခွဲထွက်ရေးသမားနဲ့ နိုင်ငံရေးခြိမ်းခြောက်မှုအဖြစ် မြင်တာမို့ ဒီရုပ်ရှင်ထုတ်လုပ်မှုကို ဒေါသထွက်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၆ မှာ Scorsese က ရိုက်ကူးမှုစတင်တယ်ဆိုတဲ့ သတင်းထွက်လာတာနဲ့ Disney (ရုပ်ရှင်ဖြန့်ချိသူ) ကို တရုတ်သံရုံးက ဆက်သွယ်ခဲ့ပြီး ဒီရုပ်ရှင်က တရုတ်ရဲ့ အချုပ်အခြာအာဏာကို စော်ကားတယ်လို့ စွပ်စွဲပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။
The New York Times နဲ့ အင်တာဗျူးမှာ Disney ရဲ့ CEO Michael Eisner ရဲ့ ပြောကြားချက်အရ “တရုတ်မှာ ကျွန်တော်တို့ရဲ့ စီးပွားရေးအားလုံး တစ်ညတည်းနဲ့ ရပ်တန့်သွားတယ်” လို့ ဝန်ခံခဲ့ပါတယ်။ Scorsese ကိုယ်တိုင်လည်း ဒီရုပ်ရှင်ကြောင့် တရုတ်နိုင်ငံထဲ ဝင်ခွင့်ပိတ်ပင်ခံထားရတယ်လို့ သိရပါတယ်။
၁၉၉၈ မှာ Eisner က တရုတ်ဝန်ကြီးချုပ် Zhu Rongji နဲ့ တွေ့ဆုံပြီး ရုပ်ရှင်ကို ရုံတင်ပြသဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် “သတင်းဆိုးက ရုပ်ရှင်ကို ရိုက်လိုက်ပြီ၊ သတင်းကောင်းက ဘယ်သူမှ မကြည့်ဘူး” လို့ ပြောခဲ့တာတွေရှိခဲ့ပါတယ်။
ဒါပေမယ့် ကိစ္စတွေက ဒီမှာ မပြီးခဲ့ပါဘူး။ တရုတ်က Disney ကို ဖိအားဆက်ပေးပြီး တရုတ်ရုပ်ရှင်နှစ်ကားရဲ့ ဖြန့်ချိခွင့်ကို ဝယ်ယူဖို့နဲ့ “Mulan” ကို ဥရောပမှာ မြှင့်တင်ဖို့ တရုတ်ဖျော်ဖြေရေးအဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခိုင်းခဲ့ပါတယ်။
ဒါ့အပြင် “Kundun” ဆိုတဲ့ ဒီရုပ်ရှင်ကို ၂၇ နှစ်ကြာသွားတဲ့အထိ Disney မှာ ပြသခဲ့ခြင်းမရှိခဲ့သလို ဘယ် Platform မှာမှ Blue Ray တို့ အကြည် Version မျိုးတို့နဲ့ ယနေ့ အချိန်အထိ ထုတ်လွှင့်တာမျိုးတွေလည်းမရှိခဲ့ပါဘူး။

image
28 ပတ် - ဘာသာပြန်ပါ။

Disney ကတော့ ပွဲကြမ်းနေပါပြီ
လက်ရှိမှာ AI တွေ တော်တော်လေးခေတ်ထနေတာဆိုတော့ သူ့ Animation တွေထိလို့ အခုဆိုရင် AI ကုမ္ပဏီ Midjourney ကို တရားစွဲထားပါတယ်။
ဒါ့အပြင် ဒီကိစ္စကို Universal Studio ကလည်း အလားတူ တရားစွဲထားပါသေးတယ်။
အကြောင်းကတော့ ဇာတ်ကောင်တွေနဲ့ ပုံတွေ၊ ဗီဒီယိုတွေ ဖန်တီးနိုင်တဲ့ ကိရိယာတွေကို မူပိုင်ခွင့်မရှိပဲ အလွဲသုံးစားလုပ်ပြီးဖန်တီးနေလို့ အခုလို တရားစွဲရတာလို့ သိရပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

Ballerina ရုပ်ရှင်အကြောင်း ပြောရမယ်ဆိုရင် သာမန်ကြည့်လို့ရတဲ့ အဆင့်လောက်လို့ပဲဆိုရမှာပါ။ အရမ်းကြီးကောင်းနေတာမျိုးလည်း မဟုတ်ပါဘူး။
အခုဆို ရုပ်ရှင်ရဲ့ သုံးသပ်ချက်တွေအရ Rotten Tomatoes မှာ ၇၆% ရထားပြီး Metacritic မှာ ၆၂ ရထားပါတယ်။ ဒီရလဒ်က သင့်တော်တယ်လို့ ထင်ရပါတယ်။ ဖွင့်ပွဲပိတ်ရက်မှာ ဒေါ်လာ ၂၅ သန်းကနေ ၃၀ သန်းလောက် ရလိမ့်မယ်လို့ ခန့်မှန်းထားပြီး ထုတ်လုပ်ဖို့ ဘတ်ဂျက်အနေနဲ့ ဒေါလာ သန်း ၉၀ သန်းဒေါ်လာ ကုန်ကျခဲ့တယ်လို့သိရပါတယ်။
ဒီရုပ်ရှင်က John Wick ဇာတ်လမ်းတွဲရဲ့ဆက်နေတဲ့ ဇာတ်လမ်းဖြစ်ပြီး Wick: Chapter 3 – Parabellum နဲ့ John Wick: Chapter 4 ကြားက အဖြစ်အပျက်တွေကို အခြေခံထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာ Ana de Armas က အဓိကဇာတ်ကောင် Eve အဖြစ် သရုပ်ဆောင်ထားပြီး သူက ဖခင်ဖြစ်သူ သေဆုံးမှုအတွက် လက်စားချေဖို့ လုပ်ကြံသတ်ဖြတ်သူဖြစ်လာတဲ့ ballerina
တစ်ယောက်ပါ။ သရုပ်ဆောင်တွေထဲမှာ Ian McShane, Anjelica Huston နဲ့ Gabriel Byrne တို့လည်း
ပါဝင်ထားပါသေးတယ်။
ဒီ ရုပ်ရှင်ရဲ့ ပထမပိုင်းက လက်စားချေတဲ့ ဇာတ်လမ်းဟောင်းပုံစံကြောင့် နည်းနည်းအားမရဖြစ်ရပြီး ဒုတိယပိုင်းမှာတော့ ဖျော်ဖြေမှုပိုရှိတဲ့၊ ကာတွန်းဆန်ဆန် အက်ရှင်မြင်ကွင်းတွေနဲ့ ပြန်လည်ပြင်ဆင်ထားတာတွေ့ရပါတယ်။ အကွက်ကျကျ တိုက်ခိုက်မှုတွေနဲ့ Keanu Reeves က John Wick အဖြစ် ပြန်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။
ထူးခြားတဲ့အခန်းတွေကတော့ မျက်နှာဖုံးပါတီမှာ သေနတ်ပစ်ခတ်မှုတွေ၊ ဆီးနှင်းတွေဖုံးနေတဲ့ အယ်လ်ပိုင်းရွာထဲမှာ မီးလျှံသေနတ်နဲ့ တိုက်ခိုက်မှုတွေ၊ မီးလောင်နေတဲ့ ဘုန်းကြီးကျောင်းထဲမှာ နောက်ဆုံးထိပ်တိုက်ရင်ဆိုင်မှုတွေပါ။ ဒီရုပ်ရှင်က အလွန်အကျွံ Action တွေသုံးထားပေမယ့် ဇာတ်လမ်းကတော့ ကြည့်ရှုသူတွေကြားထဲမှာ အတော်လေးအဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။
ဒီရုပ်ရှင်ကို ပြန်လည်ရိုက်ကူးမှုတွေ အများကြီး လုပ်ခဲ့ရတယ်လို့ သိရပြီး Chad Stahelski က John Wick နဲ့ ဇာတ်လမ်းကို တော်တော်လေးကိုက်ညီအောင် အများကြီးဖန်တီးခဲ့ရတယ်လို့သိရပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

ဇွတ် Hype နေပေမယ့် သာမာန်ပါပဲ Predator: Killer of Killers
Predator: Killer of Killers ကို အမှန်တိုင်းပြောရရင် Blue Eye samurai တို့ Twilight of the Gods တို့လောက် မကြိုက်တာ အမှန်ပါပဲ။
ဘာကြောင့်လဲဆိုရင် Predator တွေကို Nerf ထားလို့ပါ။ Predator တွေက ဒီဇာတ်ကားထဲမှာ ဧည့်သည်သရုပ်ဆောင်တွေလိုပဲ ဟန်ရေးပြနေတာနဲ့ အချိန်ကုန်နေတာတွေ့ရပါတယ်။ အဓိက ဇာတ်ကောင်တွေကလည်း ပြောရမယ်ဆိုရင် ဒုတိယ ဇာတ်လမ်းဖြစ်တဲ့ samurai ညီနောင်နှစ်ကောင်လောက်ပဲကြမ်းပြသွားတာပါ။ ရှေ့ဆုံးဇာတ်လမ်းနဲ့ နောက်ဆုံး လေယာဥ်မောင်းတဲ့ ဇာတ်လမ်းကတော့ Predator တွေမိုက်သလောက် ဇာတ်လမ်းကို ပေါ့ရွှတ်ရွှတ်နဲ့လုပ်သွားသလိုတောင် ခံစားရပါတယ်။
အဆိုးဆုံးကတော့ ထောင်ထဲမှာ အတူတူထားပြီး Predator တွေရဲ့ General လို ကောင်နဲ့ချတာတောင် Predator ကို Nerf ထားတဲ့ အထိပါပဲ။ ဇွတ် Hype နေကြတာကလည်း နောက်ဆုံး Credit Scene လောက်ပဲလို့ မြင်မိပါတယ်။ ကျန်တာတွေကတော့ သာမာန် Animation တစ်ကားထက်မပိုပါဘူး။
Predator တွေရဲ့ ထုံးစံအရတော့ သွေးထွက်သံယိုများများ သတ်တာဖြတ်တာကြမ်းကြမ်းတွေနဲ့ ဇာတ်လမ်းကို စိတ်လှုပ်ရှားစရာ အမဲလိုက်တာတွေကို ဦးတည်ထားပေမယ့် အခုလာတဲ့ Aniamtion ကတော့ အမဲလိုက်တာထက် သန်မာတဲ့ သားကောင်ရယ်၊ တိုက်ခိုက်နိုင်တဲ့ သူတွေကိုရွေးပြီး လိုက်တိုက်ခိုက်တဲ့ပုံစံလို့ မြင်မိပါတယ်။
ဆိုရမယ်ဆို ဇာတ်လမ်းက အရမ်းမြန်ပြီး သွက်တဲ့ဘက်သွားထားတာရယ်၊ တစ်ဦးချင်းစီ ဇာတ်လမ်းကို သေချာမပြနိုင်တာရယ်၊ နောက်ပြီး ဇာတ်လမ်းက သာမာန် Animation လောက်ပဲဆိုတော့ ကြည့်ပျော် ရှုပျော်အဆင့်ပဲရှိတယ်လို့ခံစားရပါတယ်။
Timeline ကတော့ Prey ကကောင်မလေး သေနတ်က အခု Predator: Killer of Killers မှာ လေယာဥ်မောင်းထွက်သွားပြီး သေနတ်ပါသွားတာကနေ Predator 2 မှာ သေနတ်ကိုပြန်ပြသွားပြီး နောက်ဆုံးထွက်လာမယ့် Predator: Badlands အထိကို အကုန်ချိတ်သွားမယ့် အနေထားမှာရှိပါတယ်။
အချိတ်ဆက်တွေကတော့ တော်တော်လေးကောင်းပြီး အချိန်မပုတ်တဲ့ ရုပ်ရှင်ဆိုပေမယ့် သာမာန် Animation တစ်ကားထက် မပိုတဲ့ ရုပ်ရှင်လို့ပဲပြောလို့ရပါတယ်။
Rating ကတော့ 7.6/10 ရထားပြီး ကြည့်ပျော်ရှုပျော်ရှိတဲ့ ဇာတ်ကားတစ်ကားလို့ သတ်မှတ်လို့ရပါတယ်။

image
28 ပတ် - ဘာသာပြန်ပါ။

“Mortal Kombat 2” ရုပ်ရှင်က စမ်းသပ်ကြည့်ရှုသူတွေကို “Avengers: Endgame” လိုမျိုး အော်ဟစ်ပြီး ထိုင်ခုံကနေ ခုန်ထွက်လာအောင် စိတ်လှုပ်ရှားစေခဲ့တယ်လို့ ဇာတ်ညွှန်းရေးဆရာက ပြောပါတယ်။
“တိုက်ပွဲတွေ၊ အဆုံးသတ်ပုံတွေ၊ အံ့အားသင့်စရာတွေ၊ သေဆုံးမှုတွေ… ကျွန်တော်တို့ အရာအားလုံးကို ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။”

image
28 ပတ် - ဘာသာပြန်ပါ။

Marvel Fan တွေကို ခေါင်းရှုပ်အောင်လုပ်လိုက်တဲ့ Kevin Feige
Marvel Studios ရဲ့ အကြီးအကဲ Kevin Feige က Thunderbolts* ရဲ့ post-credits scene မှာ ပေါ်လာတဲ့ Fantastic Four ရဲ့ အာကာသယာဉ်နဲ့ ပတ်သက်ပြီး အားလုံးကို ခေါင်းရှုပ်သွားစေတဲ့ စကားတစ်ခွန်းပြောခဲ့ပါတယ်။
ရုပ်ရှင်ထဲမှာတော့ New Avengers အဖွဲ့အသစ်က Fantastic Four ရဲ့ အာကာသယာဉ် Excelsior က ကမ္ဘာဆီ ချဉ်းကပ်လာတာကို ဖန်သားပြင်ပေါ်မှာ ကြည့်နေကြပါတယ်။ ဒါက Marvel Phase 6 ကို စတင်မယ့် The Fantastic Four: First Steps နဲ့ MCU ရဲ့ ကျန်တဲ့အပိုင်းတွေ ဘယ်လိုဆက်စပ်မလဲဆိုတဲ့ အရိပ်အမြွက်ကြီးတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် Feige က Empire Magazine (Culture Crave ကတစ်ဆင့်) “သူတို့ရဲ့ ယာဉ်က Excelsior ပါ၊ MCU ထဲမှာ Fantastic Four ရဲ့ အာကာသယာဉ်တစ်စီးရောက်လာတယ်... ဒါပေမယ့် အဲဒီယာဉ်က Fantastic Four ရဲ့ ယာဉ်ဖြစ်မယ်လို့ ကျွန်တော် သေချာမပြောနိုင်ဘူး” လို့ ပြောခဲ့ပါတယ်။
ဒီလိုပြောတဲ့အတွက် Marvel Fan တစ်ချို့ ခေါင်းစားသွားခဲ့ပြီး လာမယ့် F4 နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။
ဆိုတော့ လာမယ့် Fantastic Four အပြင် နောက်ထပ် Fantastic Four တစ်ဖွဲ့လည်း ရှိနေနိုင်သေးတယ်ဆိုတဲ့ အရိပ်အမြွက်တစ်ခုပြလိုက်သလိုတော့မြင်မိပါတယ်။ နောက်ပြီး ပင်မ MCU ထဲမှာလည်း Fantastic Four တွေက အစောကြီးထဲက ရှိနေနိုင်သေးတာလားဆိုတာကလည်း စဥ်းစားစရာပါပဲ။
ဒီ အကြောင်းအရင်းအမှန်တွေသိချင်တယ်ဆိုရင် The Fantastic Four: First Steps ကို ဇူလိုင် ၂၅ ရက်နေ့မှာ စောင့်ကြည့်ရမှာပါပဲ။

image