တစ်ဘဝမှာ လူတစ်ယောက်ထဲဟာ
တခြားသူတစ်ယောက်ရဲ့
ဘဝတွေဆီကလွှင့်ပစ်တာကို
ဘယ်နှခါလောက်ခံရပြီးမှ
စိတ်နာတတ်သွားမှာလဲ ကျွန်တော်သိချင် ။

ဘဝမှာ နောက်ကျသွားပြီ ဆိုတာ

တကယ်ရှိတယ်

ပြောရမဲ့အချိန်မှာ ပြောသင့်တဲ့စကားကို

ပြောဖြစ်အောင် ပြောပါ

ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်

မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်။

အနီးနားမှာ ရှိပြီး
မချစ်ပေးနိုင်မှတော့
အဝေးကနေပဲ
တယုတယချစ်ပေးရတာပေါ့...
ကြယ်လေးတွေဆို
ဝေးနေတော့
ကြည့်ရသိပ်လှတယ်မလားး

1 y - Translate - Youtube

Funny videos of CATS🐱 and DOGS🐶 Best funny videos of ANIMALS 🤣2025

‎ကြယ်တွေကို ရေတွက်တုန်းက
‎ဒီဇင်ဘာ ခြောက်ရက် အတွေးထဲ
‎နှင်းမြူတွေ ၀ိုင်းကြီးပတ်ပတ် ။

‎ပထမတစ်ခါ အသည်းကွဲတယ်
‎ဒုတိယတစ်ခါ အသည်းကွဲတယ်
‎နောက်ထပ် တတိယ စတုတ္ထ ။

‎ဘယ်နှစ်ကြိမ်လည်း ဘယ်နှစ်ခါမြောက်လည်း အတွေးထဲက လိပ်ပြာလေး လက်ဖ၀ါးထဲ ‎အုပ်မိုးထားချင်တယ် ။



လောကကြီးထဲမှာ
ခေါင်းစဥ်နဲ့စာကိုယ်မကိုက်ညီတဲ့
သမိုင်းကြောင်းတွေအများကြီးရှိတယ်
အထူးသဖြင့် ကျုပ်ရေးတဲ့သမိုင်းကြောင်းတွေ....။

မေ့ပစ်ဖို့ ကြိုးစားရင်း
တကယ်
မေ့သွားရင်ဘယ်လို လုပ်မလဲ လို့ တွေးမိတယ်  ။

အမှတ်တရတွေကို မမှတ်မိတော့ရင်
ထိုင်ဖူးတဲ့နေရာဟောင်းတွေကို မေ့သွားရင်
မင်းကြိုက်တတ်တဲ့အရာတွေ သတိမရတော့ရင်
မင်းအပြုံးတွေကို အလွတ်မရတော့ရင်
မင်းခြေသံတွေကို နားမစွင့်တတ်တော့ရင်
မင်းပါးချိုင့်လေးကို မလွမ်းတတ်တော့ရင်
မင်းကြင်နာမှုတွေကို မလိုအပ်တော့ရင်

ကြောက်စရာပဲ
တကယ် ကြောက်စရာပါပဲ ။

1 y - Translate - Youtube

Funny Dogs watching TV compilation 🤣🤣 #funnydogvideo #funnyvideo

ဒေဝီရေ...
ကိုယ်ကျန်းမာပါစေ...
စိတ်ချမ်းသာပါစေကွယ်...
ကျွန်တော်ဆုတောင်းပေးနေပါတယ်...
ထာဝရထပ်ပိုတဲ့ အချိန်တိုင်းမှာ...
ဒေဝီ့ကို ကျွန်တော် ချစ်နေပါမယ်...
ဒေဝီကို ကျွန်တော် ဂရုစိုက်နေပါ့မယ်...

တိုက်ဆိုင်မှုတွေရှိလာတိုင်း
အတိတ်ကမပိုင်ဆိုင်ရတဲ့
တစ်စုံတစ်ယောက်ကို သတိရတယ်

ပြန်လိုချင်လားလို့မေးရင်
ဟင့်အင်းလို့ဖြေမိမယ်ထင်တယ်

ဘာလို့ဆို အခုကိုင်ထားတဲ့
လက်ကလေးက ပိုနွေးတယ်
ပိုအေးချမ်းတယ်လေ

ချစ်ခဲ့ဘူးလားလို့မေးရင်
အင်း...ချစ်ခဲ့ပါတယ်
မနေ့ကအထိပေါ့။