Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
📌 သင့်ခွေးလေးတွေနဲ့ အချိန်ပေးဆော့ကစားဖို့ ဘယ်တော့မှ မမေ့ပါနဲ့
💬 ခွေးလေးတွေဟာ ကျွန်ုပ်တို့ရဲ့အကောင်းဆုံးသူငယ်ချင်းတွေသာမက၊ ကျန်းမာရေးအတွက် အကောင်းဆုံးလေ့ကျင့်ဖော်တွေပါ။
💬 သူတို့နဲ့အတူ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို ကိုယ်လက်လှုပ်ရှားမှုရစေရုံသာမက၊ စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေပါတယ်။
➡️ ခွေးတွေဟာ တက်ကြွပြီး လှုပ်ရှားရတာကို နှစ်သက်ကြပါတယ်။
🔸သူတို့နဲ့အတူ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ဘောလုံးကစားခြင်းတို့က သင့်ရော သင့်ခွေးလေးအတွက်ပါ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
🔸ခွေးလေးတွေနဲ့အချိန်ဖြုန်းခြင်းက စိတ်ချမ်းသာမှုကိုဖြစ်စေပြီး အောက်ဆီတိုစင်ဟော်မုန်းထွက်ရှိစေကာ စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။
🔸အတူတူလှုပ်ရှားရင်းနဲ့ သင့်နဲ့ခွေးလေးကြားက ချစ်ခင်မှုနဲ့ယုံကြည်မှု၊ အပြန်အလှန်သံယောဇဉ်များကို ပိုမိုတိုးတက်စေပါတယ်။
🔺သတိပြုရမယ့်အချက်များ
✅ ခွေးလေးရဲ့ကျန်းမာရေးနဲ့ လိုက်လျော ညီထွေရှိမယ့် လေ့ကျင့်ခန်းမျိုးကိုသာ ရွေးချယ်ပါ။
✅ အပူချိန်များတဲ့နေ့တွေမှာ ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပေးပါ။
💬 ခွေးလေးတွေနဲ့အတူ လေ့ကျင့်ခန်းလုပ်ခြင်းက ပျော်စရာကောင်းပြီး အကျိုးကျေးဇူးများစွာရှိပါတယ်။
ဒါကြောင့် ဒီနေ့ကစပြီး သင့်ရဲ့ချစ်စရာကောင်းတဲ့ကလေးတွေနဲ့အတူ ကျန်းမာရေးကောင်းဖို့ လှုပ်လှုပ်ရှားရှားနေထိုင်ကြရအောင် 🐕💖
တစ်ချို့ခွေးလေးတွေက ဘာလို့ လူစားသမျှ လိုက်စားချင်နေတာလဲ🐶❓
ဒီမေးခွန်းလေးကို ခွေးမွေးထားသူတိုင်း အကြိမ်ကြိမ်တွေးမိမှာပါ။
သင်စားနေတဲ့ အစားအသောက်ကို စိတ်ဝင်စားနေတဲ့ ခွေးလေးရဲ့ မျက်လုံးတွေက ချစ်စရာနဲ့ အရမ်းကောင်းတာပဲမလား 👀🤍
ဒါဟာ သူတို့ရဲ့ သဘာဝပါ။
➡️ သင့်ကို ယုံကြည်ပြီး သင်နဲ့အတူတူဖြစ်ချင်တဲ့ စိတ်က သူတို့ကို သင့်နဲ့တူအောင် (အစားအသောက်အထိ) လိုက်လုပ်စေတာပါ။
➡️ ခွေးလေးတွေဟာ သူတို့ရဲ့ မိသားစုဝင်တွေလို့သတ်မှတ်ထားတဲ့ သူတွေနဲ့အတူတူအရမ်းဖြစ်ချင်ကြတယ်။
➡️ ကျွန်တော်တို့ ထမင်းပွဲပြင်တဲ့အခါ သူတို့စားလို့မရမှန်းသိတာတောင် ထမင်းစားပွဲနား နေတာဟာ သူတို့ကို သူတို့ မိသားစု၀င်အဖြစ် သတ်မှတ်ခံချင်တာကြောင့်ပါ။
➡️ မိသားစုအားလုံးစုံတဲ့နေရာမှာ သူတို့လေးတွေလည်း အရမ်းနေချင်ကြပါတယ်။
➡️ တစ်ခါတလေ သူတို့ရဲ့စားချင်စိတ်ဟာ သင့်ကို စောင့်ရှောက်ချင်တဲ့ ဆန္ဒတစ်ခုလည်းဖြစ်နေမှာပါ။(သင်စားနေတာတွေ အန္တရာယ်ကင်းရဲ့လား ဆိုတဲ့ စိတ်နဲ့ပေါ့။)
အဲ့တာဆိုရင်တော့ ကိုယ့်အိမ်က ဘာနေနေအစားပုပ်ချင်နေတဲ့ ခွေးလေးတွေကို အများကြီး ပိုချစ်လိုက်တော့နော် ❤️🐾
အရမ်းဆိုးတဲ့ ခွေးလေးတွေကို ချစ်တတ်လာအောင် ဘယ်လိုသင်မလဲ? ❤️🐕
ခွေးလေးတွေက သူတို့ရဲ့သဘာဝအတိုင်း စူးစမ်းလိုစိတ်များပြီး တစ်ခါတစ်လေ "ဆိုးတယ်"လို့ ထင်ရတဲ့ အပြုအမူတွေ (ကိုက်တာ၊ ဟောင်တာ၊ ပစ္စည်းတွေဖျက်တာ) လုပ်တတ်ကြပါတယ်။
ဒါပေမယ့် ဒီလိုအပြုအမူတွေကို ပြောင်းလဲလာအောင် ပျိုးထောင်ပေးလို့ရပါတယ်။
ချစ်ခြင်းနဲ့ စတင်ပါ ❤️
ခွေးတွေက စိတ်ခံစားမှုအရမ်းမြင့်မားတဲ့သတ္တဝါတွေပါ။ သူတို့ကို ဆူပူဒေါသထွက်မယ့်အစား ချစ်ခြင်းနဲ့ နားလည်ပေးပါ။ သူတို့ရဲ့ဆိုးတဲ့အပြုအမူကို အာရုံမစိုက်ဘဲ၊ ကောင်းတဲ့အပြုအမူကို ချီးမွမ်းပေးပါ။
ပွေ့ဖက်ပါ၊ ချော့မြှူပါ 🐶
ခွေးလေးတွေက ကြင်နာစွာထိတွေ့ရတာကို အရမ်းနှစ်သက်ကြပါတယ်။ သူတို့ အနားယူနေတဲ့အချိန်မျိုး၊ ငြိမ်နေတဲ့ အချိန်မျိုးတွေမှာ လက်နဲ့ပွတ်သပ်ပေးပါ၊ ကောင်းတဲ့ စကားလုံးတွေနဲ့ ချော့ပါ။
ဆုချပါ 🎁
ခွေးလေးက ကိုယ်လုပ်စေချင်တဲ့ အပြုအမူလေးတွေလုပ်တဲ့အခါ သူတို့နှစ်သက်တဲ့မုန့်တစ်ခုခု ကျွေးပါ။ ဒါမှ သူတို့က "ဒီလိုလုပ်ရင် မုန့်စားရမယ်" ဆိုပြီး သင်ယူသွားမှာပါ။
စိတ်ရှည်ပါ ⏳
ခွေးလေးတွေက လူတွေရဲ့စကားကို ချက်ချင်းနားမလည်နိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် နားလည်ပေးပါ။ စိတ်ရှည်ရှည်နဲ့ အချိန်ပေးပါ။
အတူကစားပါ 🎾
ခွေးတွေက ကစားရတာကို အရမ်းကြိုက်ကြပါတယ်။ သူတို့ကို ဘောလုံး၊ ကြိုး စတာတွေနဲ့ အတူကစားပေးပါ။ ဒါမှ သူတို့က ပိုမိုရင်းနှီးတတ်လာပြီး စကားနားထောင်တဲ့ ချစ်စရာအကောင်လေးတွေ ဖြစ်လာမှာပါ။
"ဆိုးတယ်" လို့ထင်ရပေမယ့် ခွေးလေးတိုင်းမှာ ချစ်စရာလှို့၀ှက်ချက်လေးတွေ ရှိနေတတ်ပါတယ်နော်။
သူတို့ကို နားလည်ပေးဖို့၊ ချစ်ပေးဖို့နဲ့ စိတ်ရှည်ဖို့ပဲလိုပါတယ်။ ❤️
ဒီနည်းလမ်းတွေနဲ့ သင့်ရဲ့ခွေးလေးကို ပိုပြီးချစ်တတ်လာအောင် ပြုပြင်လို့ရပါတယ် 🐾
🔔ခွေးလေးတွေကို အိမ်တွင်းကုသနည်းနဲ့ ပြုစုရာမှာ သိထားသင့်တဲ့ အရေးကြီးတဲ့အချက်များ
ချစ်စရာခွေးလေးတွေ နေမကောင်းဖြစ်တဲ့အခါ အရေးပေါ်အခြေအနေတွေမှာ "အိမ်တွင်းကုသနည်း" တွေနဲ့ ချက်ချင်းသက်သာအောင် လုပ်ဆောင်ပေးတာက လိုအပ်ပါတယ်။
ဒါပေမယ့်—
⚠️ အိမ်တွင်းကုသနည်းတွေဟာ ယာယီသက်သာရန်သာ ဖြစ်ပြီး၊ အဓိက ရောဂါအရင်းအမြစ်ကို မကုသနိုင်ပါ။
🏥 ဆေးကုသမှုခံယူဖို့ အရေးကြီးတဲ့အကြောင်းရင်း
- လူတွေအတွက် ဘေးကင်းတဲ့ဆေးဝါးတချို့ဟာ ခွေးတွေအတွက် အဆိပ်ဖြစ်နိုင်ပါတယ်။
-ရောဂါလက္ခဏာသက်သာသွားရင်တောင် အတွင်းပိုင်းပြဿနာ (ဥပမာ ကိုယ်တွင်းအင်္ဂါတစ်ခုခုထိခိုက်ပျက်စီးခြင်း) ရှိနေနိုင်ပါတယ်။
➡️ တိရစ္ဆာန်ဆရာဝန်နဲ့ ပြသင့်တဲ့အချိန်
- ၂၄ နာရီအတွင်း မသက်သာတဲ့အခါ၊
- ရုတ်တရက် အစာမစားတဲ့အခါ၊
-တိလေးက ပုံမှန်ထက် အားနည်းလွန်းနေတဲ့အခါ
- သွေးအန်တာ၊ တက်တာ၊ အသက်ရှူကြပ်တာ စတဲ့ အရေးပေါ်လက္ခဏာတွေပြရင် ဆေးခန်းအမြန်ဆုံးသွားပါ။
❤️ အိမ်မှာဂရုစိုက်ရင်း ဆရာဝန်နဲ့ပြသဖို့ မမေ့ပါနဲ့
ခွေးလေးတွေရဲ့ကျန်းမာရေးဟာ သင့်ရဲ့ချစ်ခြင်းမေတ္တာနဲ့အတူ စဉ်းစားချင့်ချိန်ပြီး ဆန်းစစ်တတ်ဖို့လိုအပ်ပါတယ်။
အိမ်တွင်းကုသနည်းတွေက အရေးပေါ်သက်သာစေရန်ပြုစုတဲ့အခါမှာ အရေးပါပေမယ့် နောက်ဆုံးမှာတော့ တိရစ္ဆာန်ဆရာဝန်ရဲ့ အကြံဉာဏ်ကို ယူဖို့ အရမ်းအရေးကြီးပါတယ်။
❗သတိထားရမှာက လူသုံးဆေးဝါးများကို ကိုယ့်သဘောနဲ့ကိုယ် မတိုက်ရန်နှင့် တိုက်ကျွေးမည့် ဆေးဝါးကိုလည်း တိရစ္ဆာန်ဆေးကုဆရာ၀န်ရဲ့ ညွှန်ကြားချက်အရသာ အသုံးပြုပါ။
📌 အရေပြားရောဂါများဖြစ်သော ယားနာ၊ မှိုစွဲခြင်းတို့ဟာ စိုထိုင်းသောရာသီတွင် အဖြစ်များလေ့ရှိပါတယ်။
➡️ မိုးရာသီရောက်တဲ့အခါ ခွေးလေးတွေရဲ့ အရေပြားတွင် ဘက်တီးရီးယား/မှိုပိုးများ ပေါက်ဖွားလွယ်ပြီး ယားယံကာ အမွေးကျွတ်ခြင်း၊ အနာဖြစ်ခြင်းတို့ ခံစားရနိုင်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ ❓
✅ ခွေးလေးတွေကို ခြောက်သွေ့သောနေရာတွင် ထားပါ၊
✅ မိုးစိုပါက အမွှေးခြောက်အောင်သုတ်ပေးပါ။
✅ သူတို့အိပ်စက်ရာ နေရာကို ခြောက်သွေ့ပြီး သန့်ရှင်းအောင်ထားပေးပါ။
✅ တိများအတွက် သီးသန့်ထုတ်ထားသာ ပိုးသတ်လိမ်းဆေးများကို သုံးပေးပါ။
✅ သန့်ရှင်းရေး အထူးဂရုစိုက်ပေးပါ။
လာမဲ့ မိုးရာသီမှာလည်း သင့်တိလေးတွေနဲ့ ပတ်သတ်ပြီး ဂရုစိုက်ပါအုံးနော်🐶✨
📌ကြောင်လေးတွေကို ကျွေးသင့်တဲ့ အကောင်းဆုံးအစားအစာများ
ကြောင်လေးတွေဟာ ကျန်းမာပျော်ရွှင်ဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ လိုအပ်ပါတယ်။
ကြောင်တွေရဲ့ အစာအိမ်နဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေလည်း ရှိပါတယ်။
ဒါကြောင့် သင့်ကြောင်လေးကို ဘာတွေကျွေးသင့်လဲဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
➡️ ကြောင်တွေအတွက် အကောင်းဆုံးအစားအစာများ
✅ အသားဓာတ်ကြွယ်ဝတဲ့ အစားအစာများ
ကြောင်တွေဟာ အသားစား သတ္တဝါတွေ ဖြစ်တာကြောင့် ပရိုတင်းဓာတ်များများလိုအပ်ပါတယ်။
✅ ကြောင်အစာ (Commercial Cat Food)
ဈေးကွက်ထဲမှာ ကြောင်အစာခြောက် (Dry Food) နဲ့ အဆီအနှစ်ပါတဲ့အစာ (Wet Food) ဆိုပြီး ၂ မျိုးရှိပါတယ်။
- Wet Food က ရေဓာတ်ပါဝင်မှုများပြီး ကြောင်တွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။
- Dry Food က အချိန်ကြာကြာသိုလှောင်ထားနိုင်ပြီး သွားကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။
✅ အိမ်တွင်းပြုလုပ်ထားသော အစားအစာများ (Homemade Food)
- ကြက်သား၊ ငါးကို ပြုတ်ပြီး အနည်းငယ်ဆန်နဲ့ရောကျွေးနိုင်ပါတယ်။
- ကြက်ဥပြုတ်
သတိထားရန်
💬ရေသန့်သန့် အမြဲတိုက်ပါ။
💬အစာကို တစ်နေ့ ၂–၄ ကြိမ် ခွဲကျွေးပါ။
💬အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အစာ ရွေးချယ်ပါ။
ကြောင်လေးတွေ မတော်တဆထိခိုက်ဒဏ်ရာရပါက အိမ်တွင်းယာယီကုသမှု
✅ စိတ်တည်ငြိမ်အောင်ထားပါ။ ကုတ်တာ၊ ကိုက်တာမျိုး ရှိနိုင်တာကြောင့် သေချာထိန်းပါ။
✅ ဒဏ်ရာအနေအထားစစ်ဆေးပါ။ သွေးထွက်လျှင် ပတ်တီးဖြင့် ၅-၁၀ မိနစ်ဖိပါ။အရိုးကျိုး/ပုံပျက်လျှင် ဆရာဝန်သို့အမြန်သွားပါ။
✅ အနာကိုသန့်စင်ပါ။ဆားရည် (သို့) Chlorhexidine ဂွမ်းစသန့်နဲ့သုတ်ပါ။
✅ ပိုးမဝင်အောင်ကာကွယ်ပါ။ ကြောင်လေးတွေအတွက် သီးသန့် (Antibiotic Ointment) လိမ်းပြီး E-collar တပ်ပေးပါ။
✅ လူသုံးအကိုက်အခဲဆေး မတိုက်ပါနှင့်။ အနားယူခွင့်ပေးပါ။
❗ဆက်စောင့်ကြည့်ပါ။အနာနီရဲ/ပြည်တည် (သို့) အစာမစားလျှင် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့်ပြပါ။
ထိခိုက်အန္တရာယ်ဖြစ်စေမဲ့ ပစ္စည်းများကို ကြောင်လေးတွေနှင့်ဝေးအောင်ထားပါ။
⚠️ သတိပြုရန်: ပြင်းထန်ဒဏ်ရာတွေအတွက် ဆေးခန်းသို့ အမြန်ဆုံးသွားပါ။ 🐾