1 y - Translate

လူတစ်ယောက်မှာ အမြဲဖြူ စင်တယ်ဆိုတာ
မရှိပါဘူး ဒါပေမယ့် ဖြူ စင်အောင်တော့
အမြဲ ကြိုးစားပါ။

လူတစ်ယောက်ဟာ ဘယ်လောက်တော်တော်
အမြဲတန်းမှန်တယ် ဆိုတာ မရှိပါဘူး
ဒါပေမယ့် မှန်အောင်တော့ အမြဲကြိုးစားပါ။

လူတစ်ယောက်က အခြားသူအပေါ်
အမြဲ စိတ်ကောင်းထားနိူင်တယ် ဆိုတာမရှိပါဘူး
ဒါပေမယ့် ယုတ်မာတဲ့စိတ်မမွေးမိအောင် အမြဲ သတိထားပါ။

လူတစ်ယောက်က ကိုယ့်အပေါ်ကို
နိုင်ထက်စီးနင်းဆက်ဆံသူကို အမြဲ သည်းခံဖို့ဆိုတာ မလွယ်ပါဘူး
ဒါပေမယ့် ကိုယ်ကစပြီး မတရားမလုပ်မိအောင်
အမြဲကြိုးစားပါ။

လူ့လောကမှာ မုသားကင်းတဲ့ လူဆိုတာ

မရှိသလောက် ရှားပါးတယ်
ဒါပေမယ့် အတတ်နိူင်ဆုံး အလိမ်အညာနည်းအောင်တော့
အမြဲ ကြိုးစားပါ။

လူ့လောကမှာ ဟန်မဆောင်တတ်သူဆိုတာ
မရှိပါဘူး
ဒါပေမယ့် ကိုယ့်အတ္တကြောင့်မဟုတ်ဘဲ
အခြားသူ စိတ်ချမ်းသာအောင်တော့ အမြဲကြိုးစားပါ။

#crd

#ဘိုထိုင်အိမ်သာ ထိုင်ခုံမှ ကူးစက်ခံရနိုင်သော ရောဂါ ၅ မျိုး

#ဘိုထိုင်အိမ်သာထိုင်ခုံပေါ်မှာ ရောဂါပိုးမျိုးစုံရှိနေတတ်ပါတယ်။

#အဓိကအားဖြင့် ဗက်တီးရီးယား၊ တုပ်ကွေး၊ လည်ချောင်းနာပိုး ( စတရက်ကိုကော့ကပ်စ်) ၊ အီးကိုလိုင် (ဝမ်းပျက်ဝမ်းလျှောပိုး) အသည်းရောင်ပိုး၊ စတက်ဖလိုကော့ကပ်စ်၊ တိုက်ဖွိုက်ပိုး (ဆယ်မိုနယ်လား)၊ ရှိဂဲလားနဲ့ နိုဗိုဗိုင်းရပ်စ်တို့ရှိနေတတ်ကြပါတယ်။

#ဘိုထိုင်အိမ်သာထိုင်ခုံရဲ့ တစ်လက်မပတ်လည်တိုင်းမှာ ဗက်တီးရီးယား ၅၀ ကျော် ရှိနိုင်တယ်လို့ သိရပြီး သူ့ကြောင့်ရရှိနိုင်တဲ့ရောဂါတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

၁ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

#မသန့်ရှင်းတဲ့ ဘိုထိုင်အိမ်သာထိုင်ခုံမှတစ်ဆင့် ဆီးလမ်းကြောင်းထဲရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။

#ဆီးအိမ်၊ ဆီးထွက်ပြွန်နဲ့ ကျောက်ကပ်အထိတောင် ရောဂါပိုးကူးစက်နိုင်ပါတယ်။

၂ ။ မိန်းမကိုယ်အတွင်း ဗက်တီးရီးယားပိုး ကူးစက်ခြင်း

#မိန်းမကိုယ်နေရာမှာ ဗက်တီးရီးယားတွေ အလွန်အမင်းပေါက်ဖွားနေတဲ့အတွက် အဖြူဆင်းပြီး အနံ့နံစော်နိုင်ပါတယ်။

#မိန်းမကိုယ်နေရာမှာ အလွန်အမင်း ယားယံ နေတတ်ပြီး ပူစပ်ပူလောင် ခံစားရတတ်ပါတယ်။

၃ ။ ဆီးကျိတ်ရောင်ရမ်းခြင်း

#အမျိုးသားတွေရဲ့ဆီးကျိတ်က ဗက်တီးရီးယားပိုးကူးစက်ခံရတာကြောင့် ရောင်ရမ်းနေတတ်ကာ ပေါင်ခြံနေရာမှာ နာကျင်ပြီး တုပ်ကွေးကူးစက်ခံရသလို ကိုက်ခဲနေတတ်ပါတယ်။

၄ ။ လိင်မှတစ်ဆင့်ကူးစက်ရောဂါ STDs

#မသန့်ရှင်းတဲ့ အိမ်သာထိုင်ခုံမှတစ်ဆင့် လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကို ရရှိနိုင်ပါတယ်။

အများသုံးအိမ်သာသာမက ကိုယ်ပိုင်သုံးအိမ်သာတွေကလည်း မသန့်ရှင်းရင် STDs ရရှိနိုင်ပါတယ်။

STDs ကများသောအားဖြင့် အရေပြားချင်း ထိတွေ့ရာမှ (skin to skin contact) ကူးစက်တတ်လေ့ရှိပါတယ်။

၅ ။ မှက်ခရု ပေါက်ခြင်း

#မသန့်ရှင်းတဲ့ အိမ်သာထိုင်ခုံကြောင့် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အတွင်းမှိုပိုးတွေ အလွန်အမင်း ပေါက်ဖွားတတ်ပါတယ်။

#အိမ်သာစက္ကူကို အသုံးပြုရင် အနောက်မှအရှေ့သို့ ဆွဲသုတ်တာကို ရှောင်ကြဉ်ရပါမယ်။

#စအိုနေရာမှာ yeast တွေက အများဆုံးရှိနေတတ်တဲ့အတွက် အိမ်သာသုံးစက္ကူနဲ့ အနောက်မှအရှေ့ကို ဆွဲသုတ်လာရင် ရောဂါပိုးကို ဖြန့်ပေးလိုက်သလို ဖြစ်သွားပါတယ်
#credit
#ကျန်းမာရေး

image
1 y - Translate

လူတွေအကြောင်းသိချင်ရင် မွဲကြည့်လိုက်ပါ
ဘယ်မှာလဲ သူငယ်ချင်းကောင်း?
ဒီလောက်လမ်းဘေးမှာ ကလေးတစ်ဖက်နဲ့ ဒုက္ခရောက်နေတာတောင်မှ ကူညီပေးမယ့် မိတ်ဆွေသူငယ်ချင်း တစ်ယောက်မှ ပေါ်မလာဖူး
အရင်က ဇာတ်လမ်းတိုတွေမှာ သရုပ်ဆောင်ပီး ဆယ်လီတစ်ယောက် ဖြစ်ခဲ့သေးတာပဲ ဘယ်မှာလဲ သူရဲ့မိတ်ဆွေတွေ?

ဒီညီမလေးဆီကနေ သခ်န်းစာတွေ ယူဖို့ကောင်းတာက ကိုယ်ဒုက္ခရောက်နေစဥ်မှာ ဖေးမကူညီပေးမယ့် သူငယ်ချင်းမိတ်ဆွေ ငွေအားနဲ့မဟုတ်တောင်မှ
လူကိုယ်တိုင် ဖေးမနှစ်သိမ့်ပေးတတ်တဲ့ သူငယ်ချင်း မိတ်ဆွေရှိခဲ့ရင် အရင်ကထက် ပိုချစ်ပေးပါ ပိုတန်ဖိုးထားပါ
ရှိမှပေါင်း သာမှခင်တတ်တဲ့ မိတ်ဆွေ သူငယ်ချင်းတုတွေကို ခပ်ခွာခွာပဲ ဆက်ဆံလိုက်ပါ
လူတွေအကြောင်းက မွဲပီး ဆင်းရဲဒုက္ခရောက်တဲ့အချိန်မှ ပိုပြီးသိရတာ

#

1 y - Translate

လူတွေနဲ့ အလိုက်အထိုက်လေးပဲပေါင်းပါ
လိုတာထက် မပိုမိစေနဲ့
ကိုယ့်စေတနာတွေကို နားမလည်ရင်
ကိုယ်ပဲနာကျင်ရမယ်။
ရောပါများ တဲ့အခါ
"ပေါ" တယ်လို့ ထင်ကြ တယ်။
အားနာပါ များသွားတဲ့အခါ
"အ"တယ်လို့ထင် ကြမယ်။
သည်းခံပါ များလာတဲ့အခါ
တန်ဖိုးတွေ နားမလည်ကြတော့ဘူး
လိုတာထက် ပိုရောက်တတ်လာတယ်။
တကယ်တော့
မာနထားတာ မဟုတ်ဘူး
အတ္တကြီးတာ မဟုတ်ဘူး
သူ့တန်ရာ တန်ရာပဲ ပေါင်းသင်းဆက်ဆံတာ
ကောင်းပါတယ် ။
လူလူ ချင်း ကိုယ်ချင်းစာတတ်တဲ့
စိတ်မရှိတာတော့ ဘယ်ဟုတ်မလည်း
အရာရာက အတိုင်းအတာတစ်ခုထိပဲ
ကောင်းပါတယ် လိုတာထက်ပိုပြီး
ကောင်းပြလိုက်ရင် ကိုယ့်တန်ဖိုးက
အလိုလိုမဲ့သွားတာပါပဲ။
တစ်ကယ်တော့ဘဝမှာ
ကိုယ်ချင်းစာတတ်တဲ့ စိတ်နဲ့
နားလည်မှုလေးသာ
သွားလေရာမှာသယ်သွား
ဘယ်နေရာရောက်ရောက်
ဘယ်လိုလူမျိုးမဆို တန်းတူပေါင်းလို့ရပါ တယ်။
မရှိ မာနနဲ့ တော့ လူတိုင်းအပေါ်
မဆက်ဆံမိစေနဲ့
လူ့အောက်ကျို့လို့
မသေနိူင်ပါဘူး
လူတိုင်းအပေါ် ကိုယ့်စိတ်နဲ့နှိုင်းပြီး ကိုယ့်မရိုင်းမိစေ နဲ့
လူတိုင်းမှာ သူ့သိက္ခာနဲ့ သူကတော့ရှိကြပါတယ်။
သိက္ခာကျခံပြီး ပြန်မပြောပဲ
နေလိုက်တာကို
တုံးတယ်၊အတယ်လို့မထင်ပါနဲ့
လောကမှာ လူတစ်ချို့က ကိုယ်နဲ့မတူရင်
ဘယ်တော့မှ ပြိုင်မတုပဲ နှုတ်ဆိတ်ပြီး နေတတ်ကြလို့ပါ

image
1 y - Translate

ကိုယ့်ရဲ့ ကောင်းခြင်းလေးတွေ အတွက် တံခါးဖွင့်ထားပါ။ ✨
တစ်ခါတလေ မှာ မိမိတို့ ဘဝမှာ ရောက်ရှိလာဖို့ ရှိတဲ့ ကောင်းခြင်းတွေဟာ မိမိရဲ့ ပြုမူပြောဆို၊ လုပ်ဆောင် လိုက်တဲ့ လုပ်ရပ်တွေကြောင့်ပဲ အချိန်ကိုက်ရောက်ရှိမလာနိုင်ပဲ နှောင့်နှေးကြန့်ကြာနေတတ်ပါတယ်။
ကောင်းခြင်းတွေကို လက်ခံချင်တဲ့ လူသား မိမိဟာ ရောက်ရှိလာမယ့် ကောင်းခြင်းတွေကို လက်ခံနိုင်တဲ့စိတ်နှလုံးသား positive space အကျယ်အဝန်းရှိနေသင့်ပြီး လက်ခံဖို့ ထိုက်တန်တဲ့ သူ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ထိုက်တန်သူလေး ဖြစ်နေစေဖို့ မိမိရဲ့ အတွေး၊ အပြောနဲ့ လုပ်ရပ်တွေမှာ မေတ္တာဓာတ်လေး ပါဝင်နေဖို့ လိုအပ်ပါတယ်။ ✨
လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ များလာပြီး ကိုယ်ကျိုးကြည့်လာတာနဲ့ အမျှ လုပ်ဆောင်သမျှ အရာရာတိုင်းမှာ မေတ္တာ စေတနာ ပါဝင်ခြင်း မရှိတော့ပဲ အတွင်းစိတ်မှာ အတ္တ၊ မာန လေးတွေ ဖုံးလွှမ်းလာတာကို သတိမပြုမိကြပဲ ရှင်သန်နေထိုင်နေကြပါတော့တယ်။
မိမိရဲ့ တစ်နေ့တာမှာ တွေးလိုက်တဲ့ အတွေးတွေဟာ Negative thought တွေ များနေလား၊ ပြောလိုက်တဲ့ စကားတွေမှာ သူတစ်ပါးအတွက် ထိခိုက်စေမှုတွေ ပါဝင်နေလား၊ လုပ်လိုက်တဲ့ အပြုအမူတွေ မှာ မကောင်းတဲ့ ရည်ရွယ်ချက်တစ်ခုပါဝင်နေလား ဆိုတာ
တစ်နေ့တာ ပြီးဆုံးတိုင်း စမ်းစစ်ကြည့်သင့်ပါတယ်။
Negative ဆောင်တဲ့ အတွေးတွေ၊ လုပ်ရပ်တွေ ပါဝင်နေတယ် ဆိုရင်တော့ သတိထားပြီး လျော့ချသွားဖို့ရန် လိုအပ်ပါတယ်။
ပူလောင်ပြီး အလိုမကျနေတဲ့ စိတ်လေးဟာ ကောင်းခြင်းတွေ ရောက်ရှိလာမယ့် လမ်းကြောင်းလေးရဲ့ တံခါးကို ပိတ်ထားလိုက်ခြင်းပဲ ဖြစ်ပါတယ်။
ကြည်လင်အေးချမ်းနေတဲ့ စိတ်လေးနဲ့ မိမိလုပ်ဆောင်ဖို့ ရှိနေတဲ့ လုပ်ဆောင်နိုင်တဲ့ အရာကို တစ်ဆင့်ချင်း လုပ်ဆောင်သွားရင်တော့ မိမိရဲ့ ရရှိလာရမယ့် ကောင်းခြင်းတွေ တစ်နည်းအားဖြင့် လူ့လောကထဲမှာ ရှင်သန်နေထိုင်နေစဉ်အတွင်း ကောင်းမွန်တဲ့ အထောက်အပံ့ resources လေးတွေ ရလာမှာပဲ ဖြစ်ပါတယ်။ ✨
ဖြစ်လာသမျှ အခက်အခဲတွေ၊ စမ်းသပ်ချက်တွေ ကို ကြုံတွေ့လာရတဲ့ အခါ လောက ကမ္ဘာမြေရဲ့ ဖြစ်ပြီးရင် ပျက်နေတတ်တဲ့ Flow ကို သိရှိနေဖို့ လိုအပ်ပါတယ်။
မိမိက အပူတပြင်း နဲ့ မိမိမှာ ဖြစ်ပေါ်လာနေတဲ့ အခက်ခဲတွေကို လက်မခံနိုင်ပဲ ဝမ်းနည်းပူဆွေးမှုတွေနဲ့လည်း ပိတ်မိနေတတ်ပြန်ပါသေးတယ်။ ဒါဟာ ပေါ်ပေါက်လာတဲ့ ပြဿနာအတွင်းမှာ လည်ပတ်သွားခြင်းပါပဲ။ အရာရာကို သူ့ Flow နဲ့ သူ လွတ်လပ်စွာ စီးဆင်းနေစေပြီး ကြံ့ခိုင်သန်မာသော စိတ်ဓာတ်နဲ့ မိမိ လုပ်စရာ ရှိတာတွေကို ဆက်ပြီး လုပ်ဆောင်သွားပါလို့ အကြံပေးချင်တာပါပဲ။ မိမိ အတွက် ရောက်ရှိလာမယ့် ကောင်းခြင်းတွေဟာ အချိန်ကိုက် ရောက်ရှိလာပါလိမ့်မယ်။ ✨
လူ့လောက ရဲ့ နေထိုင်နည်း အမှန်ကို သိရှိပြီး အေးချမ်းစွာ နေတတ်ဖို့၊ မှန်ကန်တဲ့ Positive စိတ်ထားနဲ့ နေထိုင်နေပြီး ကောင်းခြင်းတွေနဲ့ ထိုက်တန်တဲ့ မိမိ အတွက် ရရှိရမယ့် ဆုလာဘ်လေးတွေ အချိန်မှန်လေး ရောက်ရှိနိုင်စေဖို့ ရည်ရွယ်ရင်း ရေးသားလိုက်ရပါတယ်နော်။ ✨✨✨
Crd...

🛑#မိမိခန္ဓာကိုယ်ကိုကြည့်ပြီး ကိုယ်တွင်းရောဂါများအား ခန့်မှန်းခြင်း 🛑
======================
+Public Health+

🎈၁. မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ်
မထနိုင်ဘူးဆိုရင်..
- အဆုတ်
- နှလုံး ရောဂါ ရှိနိုင်သည်။

🎈၂. မနက်အိပ်ယာထတွင် ခြေလက်များ ထုံကျဉ် သလိုလို လေးလံသလိုလို ဖြစ်နေရင်..
- ဆီးချိုရောဂါ
- ကျောက်ကပ်ရောဂါ ရှိနိုင်သည်။

🎈၃. မနက်အိပ်ယာထ ခေါင်းတွေအုံ မျက်စိတွေ ကြည့်မကောင်း အကြောတွေတက် ဖြစ်နေလျင်..
- သွေးတိုးရောဂါ
- နှလုံးသွေးကြောကျဉ်းရောဂါ ရှိနိုင်သည်။

🎈၄. ပူပန်စရာ အထူးမရှိပဲ ညစဉ် အိပ်မပျော်သလို အိပ်ရေးမဝသလို ဖြစ်နေလျင်..
- အစာအိမ် နှင့်
- သည်းခြေအိတ် ရောဂါ ရှိနိုင်သည်။

🎈၅. အမြဲ တခုခုအလိုမကျခြင်း ဒေါသအထွက် မြန်ခြင်း စိတ်တိုခြင်း ဝမ်းနည်းခြင်း ငိုချင်နေခြင်း တို့ဖြစ်နေလျင်..
- စိတ်ကျရောဂါ
- အသည်းအားနည်းရောဂါ ရှိနိုင်သည်။

🎈၆. ရင်းသားအရွယ်အစားပုံမှန်ထက်ကြီးသော
မိန်းခလေးများ..
-ရင်သားကင်ဆာ ဖြစ်နိုင်သည်။

🎈၇. လက်မောင်း ခြေသလုံး ပုံမှန်ထက် တုတ်လွန်း ဝလွန်းသော မိန်းခလေးများ..
- သားအိမ်
- အသည်း
-သရက်ရွက် ရောဂါရှိ နိုင်ပါသည်။

🎈၈. မျက်လုံးမို့အစ်ခြင်း မျက်နှာ အဆီပြန်လွန်းပါက
- လိင်ပိုင်းဆိုင်ရာရောဂါနှင့်
- အသည်းအဆီဖုံးရောဂါ ရှိနိုင်ပါသည်။

🎈၉. ပုံမှန်လက်စွပ်များ ဝတ်မရ ၊ ချွတ်မရတော့သည်အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက..
- ဂေါက်ရောဂါ ကဲ့သို့
- အဆစ်မြစ်ရောင်ရောဂါ ရှိ နိုင်ပါသည်။

🎈၁၀.သွားများ မျက်စိများ ဝါလာခြင်း လက်သည်း ခြေသည်းခွံများ ဝါလာပါက..
- အသည်းရောင် အသားဝါ
- B ပိုး C ပိုး ရှိနိုင်ပါသည်။

🎈၁၁. မိန်းခလေးများ ဆီးကျဉ်ခြင်း မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း ရေအိတ် အလုံး တည်ခြင်းများ ဖြစ်နေပါက..
- သားအိမ်ကင်ဆာ ဖြစ်နိုင်ပါသည် ။

🎈၁၂.ယောက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း ဆီးမထိန်းနိုင် ဖြစ်ပါက..
- ဆီးကျိတ်ကြီးခြင်း
- ကျောက်ကပ် နှင့် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်သည်။

🎈၁၃.ထိုင်ရာမှ ထ ရာ၌ မူးခြင်းမိုက်ခြင်း ဖြစ်ပါက.
- သွေးအားနည်းရောဂါ
- အဆုတ်ရောဂါ ရှိနိုင်ပါသည်။

Credit
#ကျန်းမာရေးဗဟုသုတရကြပေ
#crd_to_owner_with_respect

image

မင်္ဂလာနေ့လယ်ခင်းပါ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၉-၇-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်သည့် နေ့စဉ်မြစ်ရေခန့်မှန်းချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်........

imageimage
1 y - Translate

သင်ဘယ်လောက်ပင် ချမ်းသာပါစေ …..
ရွှေငွေ ကျောက်သံ ပတ္တမြားတွေနဲ့ ဘယ်လောက်ပင် ပြည့်စုံနေပါစေ ဗိုက်ဆာတဲ့ အခါ သင်စားမှာက ထမင်းသာဖြစ်ပြီး …..
ည အချိန်ရောက်လို့ အိပ်ချင်တဲ့အခါ မှာလည်း အဲဒီ ခင်ဗျားတို့ချမ်းသာတဲ့ ပိုင်ဆိုင်တဲ့ ငွေကြေးဉစ္စာပေါ်မှာ အိပ်မှာမဟုတ်ဘူး ……
ကုတင် အိပ်ယာပေါ်မှာ အိပ်မှာဖြစ်တယ် ….
ညအချိန်မှာ အိပ်စက်ကြပြီး ….
မနက်မိုးလင်းရင် ထကြရမှာဖြစ်ပြီး သေသွားတဲ့အခါ သင်္ဂြိုလ်လိုက်ကြမှာဖြစ်ပါတယ် …..
ကနေ့ သင် အိမ် ၄ လုံး ၅ လုံးပိုင်မယ် ….
ဘဏ်ထဲမှာမလည်း မြောက်မားစွာသော ပိုက်ဆံတွေနဲ့ ရွှေငွေ ကျောက်သံ ပတ္တမြားတွေ ဘယ်လောက်ပင် ပြည့်စုံနေပါသေ …..
ဝါသနာပါလို့ တစ်ကိုယ်လုံးရွှေတွေ အပြည့် ဆင်မြန်နိုင်ပါစေ …..
အဲထပ်ပို ချမ်းသာချင်လို့နေ့မနား ညမား ကြိုးစားရှာခဲ့ရင်လည်း ….
နောက်ဆုံးမှာတော့ အားလုံးထားခဲ့ရမှာပဲမဟုတ်လား ….
စားတဲ့အခါလည်း ထမင်းပဲလေ …
ခင်ဗျား ဗိုက်တစ်ခါပြည့်အောင်စားပြီးရင် ထပ်ပို့စားနိုင်သေးလား ..
အိပ်တဲ့အခါလည်း ကုတင်တစ်လုံးတည်း အိပ်တာပဲ ….
ခင်ဗျား တစ်ညတည်း ကုတင် ၂ ခု ခွအိပ်လို့လား ….
ဒါကြောင့် အရာရာ ဟာ ငွေကြေးဥစ္စာ ပြည့်စုံနေယုံနဲ့ ပြီးမသွားပါဘူး ….

image
1 y - Translate

မြန်မာဘုရားဖူးများသွား​လေ့ရှိ​သောဝပ်ပါက္ကနာမ်ဘုရားကြီး

ယ​နေ့ ဝါဆိုလပြည့် ဓမ္မစကြာ​နေ့တွင် ဘန်​ကောက်ရှိ ဝပ်ပါက္ကနမ် ဘုရားကြီးတွင် မြန်မာဘုရားဖူးများဖြင့်စည်ကားလျှက်ရှိသည်။

ယ​နေ့သည် အလုပ်ပိတ်ရက်မဟုတ်​သော်လည်း ထိုင်း​ရောက် ​ရွှေ့​ပြောင်းလုပ်သားအချို့က အလုပ်ချိန်ကို ည​နေပိုင်း​ပြောင်းထားပြီး မနက်ကိုဘုရားသို့လာကြသည်။

ဘုရားဖူးများကို ရှမ်း၊ ပအို့ဝ်တိုင်းရင်းသားဝတ်စုံများ၊ မွန်ဝတ်စုံများဖြင့်လာဖူးသူများကိုလည်း​တွေ့ရသည်။

လက်ရှိတွင် ထိုင်​တော်မူဘုရားကြီးအားမွမ်းမံ​နေချိန်ဖြစ်​သော်လည်း နံနက်၁၀နာရီခန့်တွင် သီလ​ပေး​လေ့ရှိသည်။ စ​နေ၊ တနင်္ဂ​နွေများတွင်​တော့ဘုရားဖူးများ​လေ့ရှိသည်။

ဘုရားကြီးတွင် ပြတိုက်ကိုပါ ဆွဲ​ဆောင်မှုရှိ​အောင်ခင်းကျင်းထားသဖြင့် ဘုရားဖူးများပိုစိတ်ဝင်စားကြခြင်းဖြစ်သည်။

​မြေ​အောက်ရထား MRT အပြာလိုင်းစီးလာပါက Bang Phai ဘန်းဖိုင် မှတ်တိုင်တွင်ဆင်းပြီး ၁၀မိနစ်ခန့်လမ်း​လျှောက်လျှင်​သော်လည်း​ကောင်း၊ ရထားမှတ်တိုင် ထွက်​ပေါက် (၁)မှ ထွက်၍ တက္ကစီ ဌားစီးလျှင် ၆မိနစ်ခန့်ဖြင့် လွယ်ကူစွာရောက်သည်။

ဘုရားကြီးသည် ​ကျောက်ဖရားထဲစီးဝင်​သော ​မြောင်းသွယ်​ဘေးတွင်ရှိ​သော​ကြောင့် ​မြောင်းတ​လျောက် လှေဖြင့်​ဘုရားဖူးလိုပါကလည်း ရသည်။

imageimage
1 y - Translate

M3Gan 2.0 ရုံရိုက် မြန်မာစာတန်းထိုးရပါပြီ

ကမ္ဘာကြီးကို AI က ဖျက်ဆီးပစ်ဖို့ ကြိုးစားတဲ့အခါ
M_3-g_a-n ဇာတ်ကား အပြီး ၂နှစ်အကြာမှာ ဇာတ်အိမ်ပြန်တည်ထားပါတယ် ။

ဇာတ်လမ်းအကျဉ်း အရ - သောင်းကြမ်းသွားတဲ့ စက်ရုပ် မန်ဂယ် ရဲ့ တီထွင်ဖန်းတီးသူ ဂျန်မာ ဟာ ဝန်ကြီးများရဲ့ စောင့်ကြည့်မှုကို ခံနေရပါတယ် ။

ထိုသို့ဖြစ်စဉ်မျိုးကို ထပ်မံမဖြစ်ပွားရင် ကာကွယ်ဖို့အတွက် ခုခံရေးစစ်တပ် က "အမီလီယာ" စစ်တပ်အဆင့်မီ စက်ရုပ် လက်နက် တစ်ခုကို ဖန်တီးလိုက်ပါတယ်။

အစပိုင်းမှာတော့ အမီလီယာ ဟာ အမိန့်နာခံကာ လုပ်ဆောင်ခဲ့ပေမဲ့ ကြာလာတာနဲ့အမျှ သူမရဲ့ အသိစိတ်ဟာ ပိုမိုတိုးတက်လာခဲ့ပြီး အမိန့်ကိုမနာခံတော့ဘဲ ကမ္ဘာကြီးကို ဖျက်စီးပစ်ဖို့ လုပ်ဆောင်လာပါတော့တယ် ။

စစ်တပ်အဆင့်မီ စက်ရုပ်လက်နက် ဖြစ်တာကြောင့် လူအင်အားနဲ့ချရင် မရနိုင်တာကို သိနဲ့ ဂျန်မာ တစ်ယောက်ဟာ မယ်ဂန် ကိုပြန်အသက်သွင်းပြီး ပိုပြီးကြမ်းတမ်း ၊ မြန်ဆန် ၊ သန်မာတဲ့ စနစ်တွေထည့်ကာ အမီလီယာ နဲ့ ရင်ဆိုင်ခိုင်းပါတော့တယ် ။

👇ချန်နယ်လေး အရင် Join ပေးပါနော်။

https://t.me/Filmandseriesworldshave

{{{{ ကြည့်ရှုရန် ဒီလင့်ကို နှိပ်ပါ 👇 }}}}

https://t.me/Filmandseriesworldshave/136

♥️♥️ အသဲလေးတွေ ပေးခဲ့ပါဦးနော် ♥️♥️

image