မအူပင်နှင့်ဇလွန်တွင် မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းပိတ်ထားရ
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်နဲ့ ဇလွန်မြို့နယ်မှာ မြစ်ရေမြင့်တက်ဝင်ရောက်မှုကြောင့် စာသင် ကျောင်း ၁ ကျောင်း ပိတ်လိုက်ရပြီး နေအိမ်တွေနဲ့စာသင်ကျောင်းတွေထဲ စတင်ရေဝင် ရောက်နေတယ်လို့ တိုင်းပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဆက်မပြတ် မိုးရွာသွန်းနေမှုနဲ့ တိုးမြစ်ရေ မြင့်တက်ဝင်ရောက်လာမှုကြောင့် မအူပင် မြို့နယ်ထဲက အောက်ထုံး ကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာကသာယာကုန်း အခြေခံ ပညာမူလတန်းကျောင်းကို ဇူလိုင် ၂၁ ရက်က စတင်ပိတ်ထားရတယ်လို့ ဆိုပါတယ်။

