22 w - Translate

The U.S. Marshals Service has arrested a 31-year-old Dominican man suspected in a quadruple homicide in New York in which two of the victims were children, ages two and four, officials said.
https://abcnews.go.com/US/us-m....arshals-arrest-domin

image
22 w - Translate

JUST IN: Israeli forces have recovered the bodies of two hostages held by Hamas and returned them to Israel, Israeli Prime Minister Benjamin Netanyahu said in a statement.
Judy Weinstein-Hagi and Gadi Hagi were a couple from kibbutz Nir Oz close to the Gaza frontier, and were both dual Israeli-American citizens.
Read more: https://abcnews.link/jUIdA94

image
22 w - Translate

BREAKING: Israeli forces have recovered the bodies of two hostages held by Hamas and returned them to Israel, Israeli Prime Minister Benjamin Netanyahu said in a statement.
Judy Weinstein-Hagi and Gadi Hagi were a couple from kibbutz Nir Oz close to the Gaza frontier and were both dual Israeli-American citizens.
Read more:
https://abcnews.go.com/Interna....tional/israel-recove

image
22 w - Translate

ပြည်တွင်း မြေဩဇာတင်သွင်းထုတ်လုပ်ခွင့် မှတ်ပုံတင် ၇,၆၀၀ ကျော် ခွင့်ပြုထား

(ပြည်တွင်း) ဇွန် ၅
မြေဩဇာကော်မတီအနေဖြင့် ပြည်တွင်းမြေဩဇာတင်သွင်းခွင့်နှင့် ထုတ်လုပ်ခွင့်ကို လုပ်ငန်းလုပ်ကိုင်လိုသူ ပေါင်း ၇,၆၀၀ ကျော်ကို လုပ်ငန်းမှတ်ပုံတင်ထုတ်ပေးထားပြီး လုပ်ကိုင်ခွင့်ပြုထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

ထပ်မံလျှောက်ထားလိုသူများကို စိစစ်၍ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ မြေဩဇာများ တင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်နှင့် တင်ပို့ခွင့်များကို လျှောက်ထားသူက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမှာဖြစ်သလို လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ ပြည်ပကုမ္ပဏီ၏ စံချိန်စံညွှန်းပြည့်မီကြောင်း အာမခံချက်၊ ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေး ပြည့်မီကြောင်း ကတိဝန်ခံချက်၊ မြေဩဇာနမူနာနှင့် မြေဩဇာအိတ်ခွံ နမူနာ စသဖြင့် လိုအပ်ကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအနေနဲ့ ပြည်တွင်းမှာ တင်သွင်းဖြန့်ဖြူးမည် ဆိုပါက ကုန်သွယ်ရေးဦးစီးဌာနမှာ သွင်းကုန်လိုင်စင်ပြန်လည်လျှောက်ထားနိုင်ဖို့အတွက်ကို စိုက်ပျိုးရေးဦးစီးဌာနရဲ့ မြေဩဇာစစ်ဆေးရေးအဖွဲ့မှ ထောက်ခံစာများကို ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြေဩဇာ ကော်မတီအနေနဲ့ ပြည်တွင်းမှာ မြေဩဇာတင်သွင်းမှု၊ ထုတ်လုပ်မှုလုပ်ငန်းများအတွက် ခွင့်ပြုထားတဲ့ ကုမ္ပဏီပေါင်း ၅၂၈ ခုရှိပြီး မှတ်ပုံတင်အစောင် ၇,၆၂၆ စောင်ဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနကနေ သိရပါတယ်။

image

တံတားနှစ်စင်းဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့်ဖောက်ခွဲရေးပစ္စည်းများမှာ အခြားနိုင်ငံမှထုတ်လုပ် ထားသည့် ပစ္စည်းများဖြစ်ဟု ရုရှားပြော

(နိုင်ငံတကာ) ဇွန် ၅
ရုရှားနိုင်ငံအတွင်းရှိ တံတားနှစ်စင်း ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ အခြားနိုင်ငံမှထုတ်လုပ်ထားသည့် ပစ္စည်းများဖြစ်ကြောင်း ရုရှားထောက်လှမ်းရေးကော်မတီအကြီးအကဲ အလက်ဇန္ဒား ဘက်စတီခင် က ဇွန်လ ၄ ရက်တွင်ပြောကြားလိုက်သည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုကို ယူကရိန်းထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှု တွင် လူခုနစ်ဦးသေဆုံးခဲ့ကြောင်း ဘက်စတီခင် က သမ္မတဗလာဒီမာပူတင်နှင့် ကျင်းပသည့် အစိုးရအဖွဲ့ဆွေးနွေးပွဲ၌ ပြောကြားခြင်းဖြစ်သည်။

ရုရှားနိုင်ငံအတွင်းဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှု သုံးခုစလုံးတွင် ရရှိခဲ့သည့် သက်သေအထောက်အထား များအရ အဆိုပါတိုက်ခိုက်မှုများအား ယူကရိန်းထောက်လှမ်းရေးအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကို သက်သေပြ လျက်ရှိသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများတွင် အသုံးပြုခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ ဖေဗုံးများဖြစ်ပြီး ယင်းဗုံးများသည် အဖျက်စွမ်းအား ပြင်းထန်သည့် TNT ၁၅ ကီလိုဂရမ်ရှိကြောင်း သိရသည်။

ရုရှားနိုင်ငံရှိ ဒေသနှစ်ခုတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းက ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များကို ရုရှားအာဏာပိုင်များက စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

image
22 w - Translate

နေပြည်တော်မှာ ရစ်ချ်တာစကေး ၃.၈ အဆင့် ငလျင် အနည်းငယ်လှုပ်ခတ်

(ပြည်တွင်း) ဇွန် ၅
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေးအနီးက Royal Myanmar ဂေါက်ကွင်းအတွင်းမှာ အင်အား ၃.၈ အဆင့်ရှိ ငလျင် နည်းငယ်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည့် ယနေ့ ဇွန် ၅ ရက် နံနက် ၈ နာရီ ၁၁ မိနစ်ခန့်သည့် ကျောင်းသားကျောင်းသူများ ကျောင်းတက်ချိန်နှင့်တိုက်ဆိုင်နေသဖြင့် သပြေကုန်းအနီးတဝိုက်ရှိကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းအဆောက်အအုံမှ ထွက်ပြေးလာသည့် အခြေအနေများနှင့် မိဘများက ကျောင်းပြင်ပတွင် စုရုံးရောက်ရှိနေသည့်အခြေအနေများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“သပြေကုန်းဘက်မှာလှုပ်သွားတာလို့ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ သိ‌တောင်မသိလိုက်ဘူး သတိမထားမိလိုက်တာလည်းဖြစ်မှာပေါ့ ဖြစ်ရၕင်တောင် “ဒုတ်”ဆိုသလောက်ပဲရှိမှာပါ” လို့လယ်ဝေးမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

အင်အားပြင်းငလျင်ကြီး လှုပ်ခတ်မှုအပြီးတွင် ဇွန် ၅ ရက် နံနက်အထိ နောက်ဆက်တွဲ ငလျင် ၁၈၇ ကြိမ်ခန့်အထိ လှုပ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

22 w - Translate

ကလေးလေဆိပ်၌ အထောက်အထားမဲ့ ရွှေတုံးများ သိမ်းဆည်းရမိ +++++
ကလေးမြို့၊ ကလေးလေဆိပ်မှာ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိတဲ့ ရွှေတုံး ၁၆ ပဲရည် ၂၆ တုံး သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ သိရပါတယ်။
ရွှေတုံးတွေ အပါအဝင် သိမ်းဆည်းရမိခဲ့တဲ့ ရွှေထည်ပစ္စည်းလေးမျိုးရဲ့ ခန့်မှန်းတန်ဖိုးက ကျပ် ၂.၃ ဘီလီယံကျော် တန်ဖိုးရှိတယ်လို့် ဆိုပါတယ်။
တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့က လက်ရှိမှာတော့ မြန်မာ့သတ္တုတွင်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါ တယ်

image

ယူကရိန်းသမ္မတနဲ့ ထိပ်သီးဆွေးနွေးပွဲ ပူတင်ပယ်ချ
မော်စကို၊ ဇွန်-၅-၂၀၂၅
ရတီ(VOM)
အပစ်အခတ်ရပ်စဲရေး သို့မဟုတ် ထိပ်သီးဆွေးနွေးပွဲအတွက် ယူကရိန်းရဲ့ အဆိုပြုချက်တွေကို ရုရှားသမ္မတ ပူတင်က ပယ်ချလိုက်ပြီး အကြမ်းဖက်မှုကိုအားကိုးတဲ့ သူတွေနဲ့ ဘယ်သူမှ မညှိနှိုင်းဘူးလို့ ပြောပါတယ်။
တူရကီမှာ ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးမှုကို ဦးဆောင်ခဲ့တဲ့ ပူတင်ရဲ့လက်ထောက် မက်ဒင်စကီးက ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး သမ္မတကို အစီရင်ခံခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ ပူတင်နဲ့ ဇီလန်စကီး ထိပ်သီးဆွေးနွေးအတွက် ပြင်ဆင်ရေး ရက် ၃၀ သို့မဟုတ် ရက် ၆၀ ကြာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တယ်လို့ ပြောပါတယ်။
မကြာသေးခင်ရက်အတွင်း ရုရှားအနောက်ခြမ်း ဘရန့်စ်နဲ့ ကာ့စ်ဒေသတွေမှာ တံတားတွေ ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် လူခုနှစ်ယောက်သေဆုံးခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခို်ကမှုဖြစ်တယ်လုပ ပူတင်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ယာယီလုပ်လိုက်ရင် ယူကရိန်းအနေနဲ့ အနောက်နိုင်ငံလက်နက်တွေကို ပြင်ဆင်ဖို့နဲ့ အခြားအကြမ်းဖက်မှုတွေအတွက် ပြင်ဆင်နိုင်ခြေရှိတယ်လို့ ရုရှားသမ္မတက ပြောပါတယ်။ ယခင်ကလည်း ပူတင်ဟာ ဇီလန်စကီးကို သက်တမ်းကုန်နေတဲ့ ယူကရိန်းသမ္မတဆိုပြီး ဆွေးနွေးရေးကို ပယ်ချခဲ့ပါတယ်။
ဒီအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတ ပူတင်တို့ဟာ မနေ့က တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပြီး ယူကရိန်း ငြိမ်းချမ်းရေးအတွက် အဖြေမထွက်သေးပေမယ့် အပြုသဘောဆောင်ကြောင်း ထရန့်က ပြောပါတယ်။
မကြာသေးခင်ရက်ပိုင်းအတွင်း ယူကရိန်းဟာ ရုရှားစစ်အခြေစိုက်စခန်းလေးခုရှိ ဗုံးကြဲလေယာဉ်တွေကို ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့ပြီး ဒီကိစ္စအပေါ် ပူတင်က လက်တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ ဒေါ်နယ်ထရန့်က သတိပေးထားပါတယ်။

image

ဂါဇာမှာ ခြွင်းချက်မရှိ အပစ်ရပ်ရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း အမေရိကန် ဗီတိုအာဏာသုံးပြီး ပယ်ချ
ဂါဇာစီးတီး၊ ဇွန်-၅-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာ ခြွင်းချက်မရှိ အမြဲတမ်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။
ဂါဇာရှိ အစ္စရေးဓါးစာခံတွေ ပြန်လွှတ်ပေးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ဝင်ရောက်မှု ကန့်သတ်ထားတာတွေကို ရုပ်သိမ်းပေးဖို့အချက်တွေပါဝင်တဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီဝင် အခြားအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံက ထောက်ခံခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်မူကြမ်းဟာ အပစ်အခတ်ရပ်စဲရေးအတွက် သ့တမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို ပျက်ပြားစေပြီး ကုလသမဂ္ဂဟာ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်မထားဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က ပြောပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ အီးယူတို့ကတော့ ဟားမတ်စ်တို့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။
ဟားမတ်စ်တို့ကို ပြစ်တင်ရှုတ်ချဖို့ ပျက်ကွက်တဲ့ ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို ထောက်ခံမှာမဟုတ်ဘူးလို့ အမေရိကန်သံအမတ် ဒိုရိုသီရှီယာက ပြောပါတယ်။ လက်ရှိမှာတော့ ဂါဇာမှာ အကူအညီဖြန့်ဝေမှုအပေါ် စိုးရိမ်ပူပန်မှုတွေ ကြီးထွားနေပြီး လူနှစ်သန်းကျော်ဟာ အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
ဗြိတိန်သံအမတ် ဘာဘရာ၀ုဝဒ်ကတော့ ဂါဇာမှာ ဆိုးရွားတဲ့ အခြေအနေတွေကို အဆုံးသတ်ဖို့လိုကြောင်းနဲ့ ရေရှည်နိုင်ငံရေးအခြေရရှိဖို့ အကောင်းဆုံးနည်းလမ်းအဖြစ် အပစ်အခတ်ရပ်စဲရေးကို လိုလားတာကြောင့် ထောက်ခံခဲ့တာလို့ ဆိုပါတယ်။
Ref:BBC

image

#နိုင်ငံတကာသတင်း
◼ယူကရိန်းတိုက်ခိုက်မှုများအပါ်တုံ့ပြန်ရလိမ့်မည်ဟု ထရန့်အားပူတင်ပြောကြား
ရုရှား၏ နျူကလီးယားလက်နက်သယ်ဆောင်နိုင်သော ဗုံးကြဲလေယာဉ်များအပေါ် ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့မှုများအား ၎င်းအနေဖြင့် တုံ့ပြန်သွားရမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား ယမန်နေ့တွင် ပြောကြားပြီး တစ်ဖက်တွင်လည်း ယူကရိန်းနှင့် ငြိမ်းချမ်း‌‌ရေးဆွေးနွေးပွဲများမှာ အသုံးဝင်ကြောင်း ၎င်းက ဆိုသည်။
မော်စကိုနှင့်ကိဗ် နှစ်ဖက်စလုံးအပေါ် ထရန့်၏ ချော့တစ်လီခြောက်တစ်လှည့်ပြောဆိုမှု လေးလကြာခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲမှာ ပိုမိုပြင်းထန်လာခဲ့သည်။
ယူကရိန်းက တံတားများကို ဖောက်ခွဲဖျက်ဆီးပြီး ဆိုက်ဘေးရီးယားအတွင်းပိုင်းနှင့် ရုရှား မြောက်ဖျားစွန်းတွင် ထား ရှိသော ရုရှား၏ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများအား တိုက်ခိုက်ခဲ့ပြီးနောက် ယူ ကရိန်း ခေါင်းဆောင်များက ငြိမ်းချမ်း‌‌ရေးလိုချင်သည်ဟု ၎င်းအနေဖြင့် မထင်ကြောင်း ပူတင်က ယမန်နေ့တွင် ပြောသည်။
ယူကရိန်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပူတင်က ထိပ်တန်းဝန်ကြီးများနှင့် မော်စကိုတွင် ဆွေးနွေးပြီးနောက် မကြာမီ ၎င်းအနေဖြင့် ပူတင် နှင့် တစ်နာရီ ၁၅ မိနစ်ကြာ ဖုန်းပြောခဲ့ကြောင်း နှင့် ယူကရိန်းတိုက်ခိုက်မှုများအကြောင်းအပြင်အီရန်အရေး ကိုပါ ဆွေးနွေးခဲ့ကြောင်း ဒေါ်နယ်ထရန့် က ပြောသည်။
“ ရုရှားနိုင်ငံမှာ ရပ်ထားတဲ့ လေယာဉ်တွေကို ယူကရိန်းက တိုက်ခိုက်ခဲ့တာနဲ့ နှစ်ဖက်စလုံးမှာ ဖြစ်ပေါ်နေတဲ့ တခြားတိုက်ခိုက်မှုတွေအကြောင်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ကောင်းမွန်တဲ့ ပြောဆိုမှုပါ။ ဒါပေမယ့်လည်း ငြိမ်းချမ်း‌ရေးချက်ချင်းရမယ့်ဆီ ဦးတည်မယ့် ပြောဆိုမှုတော့ မဟုတ်ပါဘူး။” ဟု ဒေါ်နယ်ထရန့်က ဆိုရှယ်မီဒီယာတွင် ပြောသည်။
ရုရှားကလည်း မကြာသေးမီသီတင်းပတ်များအတွင်း ယူကရိန်းအပေါ် ကြီးကျယ်‌သော လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
“ မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ လေယာဉ်ကွင်းတွေအပေါ် တိုက်ခိုက်မှုတွေကို သူ့အနေနဲ့ တုံ့ပြန်သွားရလိမ့်မယ်လို့ သမ္မတပူတင်က တော်တော်လေးပြင်းပြင်းထန်ထန် ပြောပါတယ်” ဟု ထရန့် က ပြောသည်။
ထိုအတောအတွင်း ယူကရိန်းက ပြတ်တောက်သွားအောင် လုပ်ဖို့ ကြိုးပမ်းနေပေမယ့်လည်း မော်စကိုနဲ့ ကိဗ်ကြားအပစ်ရပ်ဆွေးနွေးပွဲတွေက အကျိုးရှိကြောင်း ရုရှားခေါင်းဆောင်က ထရန့်အား ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ပူတင်၏ လက်ထောက်ဖြစ်သူ ယူရီအူရှာနော့ဗ် က ပြောသည်။
ငြိမ်းချမ်း‌‌ရေး အစီအစဉ်များကို ဖော်ပြထားသော စာချွှန်လွှာများအား နှစ်ဖက်အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း နှင့် ၎င်းတို့ကိုလေ့လာပြီးပါကလည်း နှစ်ဖက်ဆက်လက်ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း အူရှာနော့ဗ် က ဆက်ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image