1 y - Translate

❝ အတွေးလွန်ခြင်းဆိုတာ စိတ်ရောဂါတစ်မျိုးပါပဲ ❞

အကြောင်းအရာတစ်ခုကို မကောင်းတဲ့ဘက်ကနေ ထပ်ခါထပ်ခါ တွေးနေတာကို
အတွေးလွန်တယ်လို့ ခေါ်ပါတယ်။

ဖြစ်ပြီးသားကိစ္စကနေ မရုန်းထွက်နိုင်ဘဲ
အတွေးလွန်နေခြင်းနဲ့ မဖြစ်ရသေးတဲ့ကိစ္စကို
ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေခြင်းဆိုပြီး
အတွေးလွန်တဲ့ပုံစံ နှစ်မျိုးရှိပါတယ်။
အတွေးလွန်ခြင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေ
အများကြီးပါ။

- စိတ်ဖိစီးမှု အလွန်အမင်းမြင့်တက်လာမယ်။

- မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာမယ်။

- မှတ်ဥာဏ်မကောင်းတော့ဘဲ မေ့လျော့လာမယ်။

- အားငယ်စိတ်တွေ ပိုများလာမယ်။

- ကိစ္စတိုင်းကို မကောင်းတဲ့ဘက်ကချည်း
စဉ်းစားလာမယ်။

- အရာရာကို လွယ်လွယ်ကူကူ အရှုံးပေးလာမယ်။

- အိပ်ပျော်ဖို့ခက်ခဲလာမယ်။

- အစာစားလိုစိတ် ပျောက်ဆုံးလာမယ်။

- နှလုံးရောဂါ ရလာမယ်။

- စိတ်ရော ကိုယ်ပါ ပင်ပန်းဆင်းရဲလာမယ်။

အဆုံးမှာ သတ်သေတဲ့အထိ အခြေအနေ
ဆိုးနိုင်ပါတယ်။

အတွေးလွန်ခြင်းဟာ
ကျွန်တော်တို့ကြုံနေရတဲ့ ပြဿနာတွေအတွက်
မှန်ကန်တဲ့အဖြေကို မပေးပါဘူး။
တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးရာရောက်ပါတယ်။ကျွန်တော်တို့ရဲ့ဘဝကိုလည်း
အောက်ဆုံးထိရောက်အောင် ဆွဲချနိုင်ပါတယ်။လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ အချစ်ရေး၊
ဘယ်ကိစ္စမှာမဆို အတွေးလွန်ခြင်းက ကျွန်တော်တို့ကို ဒုက္ခရောက်စေနိုင်ပါတယ်။

ဒါကြောင့် အတွေးလွန်တတ်တဲ့စိတ် ရှိနေပြီဆိုရင်
မဖြစ်မနေကုသဖို့လိုအပ်ပါတယ်။
ကျွန်တော်လေ့လာထားတဲ့ အတွေးလွန်ခြင်းကနေ
ရုန်းထွက်နိုင်မယ့် နည်းလမ်းကောင်းတွေကို
ဝေမျှပေးချင်ပါတယ်။

(၁) မအိပ်ခင်မှာ ပျော်စရာအကြောင်းတွေပဲ
တွေးကြည့်ပါ။အိပ်ရာနိုးရင်လည်း ပျော်စရာကိစ္စကိုပဲ စပြီးတွေးပါ။နေ့တစ်နေ့ရဲ့အစနဲ့အဆုံးမှာ မကောင်းတဲ့အကြောင်းတွေ လုံးဝမတွေးပါနဲ့။

(၂) အတိတ်က မကောင်းတဲ့ကိစ္စတွေကို
ပြန်မတွေးမိအောင်နေပါ။အနာဂတ်ကိုလည်း ဘယ်တော့မှ ကြိုပြီး မစိုးရိမ်ပါနဲ့။
လက်ရှိအခြေအနေမှာပဲ အကောင်းဆုံးရှေ့ဆက်ဖို့ ကြိုးစားကြည့်ပါ။

(၃) ဘယ်သူမှ Perfect မဖြစ်ဘူးဆိုတဲ့အသိကို
ခေါင်းထဲထည့်ထားပါ။လောကကြီးမှာ အမှားကင်းတဲ့သူ၊ အပြစ်ကင်းတဲ့သူ၊ အားနည်းချက်ကင်းတဲ့သူ
ဆိုတာ မရှိပါဘူး။

(၄) အတွေးမလွန်ဖို့ သတိကပ်ထားပါ။
တစ်ခုခုကို ၅ မိနစ်ထက် ပိုတွေးနေမိပြီဆိုတာနဲ့
အဲ့ဒီအတွေးကို ဖြတ်တောက်လိုက်ပါ။
ပြီးရင် တစ်ခုခုလုပ်ပြီး အာရုံပြောင်းပါ။

(၅) ဘယ်အရာမဆို လုပ်နိုင်တယ်ဆိုတဲ့
ယုံကြည်ချက်ထားပါ။မှားရင် ပြန်ပြင်မယ်။
လဲကျရင် ပြန်ထမယ်။မလိုအပ်တာတွေ မစိုးရိမ်ပါနဲ့။ ကြိုမတွေးပါနဲ့။ခွန်အားရှိသမျှသာ ကြိုးစားပါ။

(၆) ဘယ်ကိစ္စမှာမဆို အကောင်းမြင်စိတ်မွေးပါ။
အကောင်းဘက်က တမင်လှည့်တွေးပါ။
အကောင်းမြင်ခြင်းက ကြီးတဲ့ပြဿနာကို သေးစေပြီး သေးတဲ့ပြဿနာကို ပပျောက်သွားစေပါတယ်။

(၇) တစ်ယောက်တည်းမနေပါနဲ့။
မိသားစု သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရှိနေပါစေ။စိတ်ညစ်စရာတွေကို ရင်ဖွင့်ပါ။
သူတို့နဲ့ တိုင်ပင်ပါ။အကြံဥာဏ်ယူပါ။

(၈) နေ့တိုင်း ကိုယ်ဝါသနာပါတာကို အနည်းဆုံး
မိနစ် ၃၀ လုပ်ပါ။TV ကြည့်တာ၊ Game ဆော့တာ၊ ပန်းချီဆွဲတာ၊ သီချင်းဆိုတာ၊ ဘာပဲဖြစ်ဖြစ် လုပ်ပြီး စိတ်ကို ပျော်အောင်ထားပါ။

(၉) နေ့တိုင်း အားကစားတစ်ခုခုလုပ်ပါ။
Gym ဆော့နိုင်ရင် အကောင်းဆုံးပါပဲ။
အားကစားလုပ်ခြင်းက စိတ်ရောကိုယ်ပါ
ကျန်းမာစေပါတယ်။

(၁၀) အစားကို အချိန်မှန်မှန်စားပါ။
ရေလည်း များများသောက်ပါ။
ညဘက် ၁၁ နာရီဆို မကောင်းတာတွေ မတွေးဘဲ
အိပ်ပါ။ ၈ နာရီပြည့်အောင် အိပ်ပါ။

ကျွန်တော်လည်း အခုဆိုရင် ဘာကိစ္စကိုမှ
အတွေးမလွန်တော့ပါဘူး။
အတွေးမလွန်တဲ့အခါ ဘဝကပိုပြီး
ပျော်ရွှင်စရာ ဖြစ်လာပါတယ်။
အားလုံး အတွေးလွန်ခြင်းမှ ကင်းဝေးကြပါစေ။

#credit_original_uploader
#just_sharing
#စာတိုပေစလေးများ
kalyar...

image

me : ငါဝလာလား သူငယ်ချင်း
my fri : မဝပါဘူးဟယ်
also me :

image
1 y - Translate

📖

image
1 y - Translate

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ
အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့
အယူအဆဟာ လွဲမှားနေပါတယ်။

တကယ်တော့ ခေါင်းဆောင်ဆိုတာ
နေရာအလိုက် တတ်ကျွမ်းသူတွေကို
စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ
အသုံးချတတ်ဖို့ပဲ လိုပါတယ်။

တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း ရှိရမှာဖြစ်သလို
မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင်
လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။

သုံးမရတဲ့ငယ်သားဆိုတာ မရှိဘူး
ငယ်သားကို လူမှန်နေရာမှန်
အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။

ခေါင်းဆောင်တစ်ယောက်အတွက်
ရှက်စရာအကောင်းဆုံးစကားက
ကိုယ့်လက်အောက်ကလူတွေ
သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။

အဲ့ဒီလိုပြောတဲ့သူတွေကို ကျွန်တော်အထင်လုံးဝမကြီးပါဘူး။
သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။

သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။
လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး
ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။

လက်အောက်က လူတွေရဲ့အမြင်ဟာ
ကိုယ်နဲ့ ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။

လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။

''မင်းက ဘယ်လောက်သိလို့လဲ'' ဆိုတဲ့
စကားကို ပြောတဲ့ ခေါင်းဆောင်ဟာ
မကြာခင် ကျဆုံးတော့မဲ့ခေါင်းဆောင် ဖြစ်ပါတယ်။

''သဘောကောင်းတယ်လို့ အပြောခံရရင်
အဲ့ဒီသူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး'' လို့
ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား လက်မခံနိုင်ပါဘူး။

ဥပမာပေးရရင် မိသားစုအတွင်းမှာဆို
အမိန့်တွေနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေနဲ့ နေထိုင်ကြတာ ဖြစ်ပါတယ်။

တစ်ယောက်မကြိုက်တာကို တစ်ယောက်ကမလုပ်တာ/
တစ်ယောက်ဖြစ်စေချင်တာကို တစ်ယောက်က
လုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။
မေတ္တာတရားနဲ့ အလိုက်တသိ လုပ်ပေးကြတာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း
ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင်
ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ်
သဘောမကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။
ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင်
ခေါင်းဆောင်တစ်ယောက်ဟာ သဘောကောင်းကောင်းနဲ့
အလုပ်လုပ်လို့ရပါတယ်။

တစ်ခု သတိပြုရမှာကတော့
ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။

ကိုယ်က သူ့ကိုယုံမှ သူကလဲ ကိုယ့်ကို ယုံပါလိမ့်မယ်။

လူတွေအများကြီး စိတ်ချမ်းသာအောင်
လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။

ကိုယ့်ကြောင့် လူတွေအများကြီး စိတ်ညစ်ရမယ်ဆိုရင်တော့ ဘုရားတရားတွေ ဘယ်လောက်လုပ်လုပ်
လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့
ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို သတိပြုရပါမယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ
တစ်ခြားအချက်တွေအပြင် လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး
သဘောကောင်းဖို့ အရေးကြီးပါတယ်။

#မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည် #စာဖတ်သူများကိုလေးစားလျက် #fyp
kalyar...

image
1 y - Translate

At his rally in Iowa on Friday, Pres. Trump announced there will be a UFC fight on the White House lawn as part of the celebrations for the 250th birthday of the U.S. next year.
"We're going to have a UFC fight. Think of this on the grounds of the White House,” he said. “We have a lot of land there."
Read more: https://abcnews.visitlink.me/ZJwxiz

image
1 y - Translate

ငလျင်ဒဏ်သင့်နေအိမ်များ ပြန်လည်တည်ဆောက်ရန် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးသွားမည်
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခုရှိ မြို့နယ် ၅၄ ခုမှာရှိတဲ့ ပြည်သူများ၏နေအိမ်များ ပြန်လည်ပြုပြင်ရန် အတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄၄ သန်း ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများ အသင်းအဖွဲ့ (၃/၂၀၂၅) ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါအစည်းအဝေးမှာ မြန်မာနိုင်ငံဘိလပ်မြေ ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက သုံးစွဲသူပြည်သူများ သယ်ယူစရိတ်သက်သာစေရေးအတွက် ဒေသအတွင်းရှိ ဘိလပ်မြေစက်ရုံများကို တာဝန်ပေးအပ်၍ ထုတ်လုပ်ဖြန့်ဖြူး ပေးသွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၈ ခုမှ ဘိလပ်မြေများ လိုအပ်ချိန်မှာ ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့တဲ့ စက်ရုံ၊ အလုပ်ရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေးအတွက် ကူညီ ဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့၍ စက်ရုံ၊ အလုပ်ရုံများ၏ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေကို သိရှိနိုင်ရန်နှင့် လိုအပ် ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်ရုံများသို့ ကွင်းဆင်းသွားရောက်၍ စက်အရန်ပစ္စည်းများ အချိန်မီရရှိရေး၊ ကုန်ကြမ်းသွင်းအားစုများရရှိရေး စတဲ့တို့ကိုကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဘိလပ်မြေ ထုတ်လုပ်သူများအသင်းနှင့် ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများအနေနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက် စဉ်တွေ့ကြုံရတဲ့အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

image

တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို ဒလိုင်းလားမား အတည်ပြုပြောဆို
*******************
(နိုင်ငံတကာ) ဇူလိုင် ၄
သူ ပျံလွန်တော်မူပြီးတဲ့နောက် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို ဒလိုင်းလားမားက မနေ့က အတည်ပြုပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး လူဝင်စားမယ့်သူကို အသိအမှတ်ပြုခွင့်ရှိတဲ့ တခုတည်းသော အဖွဲ့အစည်းကလည်း Gaden Phoderang Trust သာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါအဖွဲ့အစည်းဟာ ဒလိုင်းလားမား အစဉ်အလာနှင့် အဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တည်ထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုလိုမျိုး သူပြောဆိုခဲ့တာဟာ တရုတ်က ဒလိုင်းလားမားနေရာကို ဆက်ခံမယ့်သူကို ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့တာကို ဆန့်ကျင်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

တိဗက်ရိုးရာဓလေ့အရ ဒလိုင်းလားမားတစ်ဦး ပျံလွန်တော်မူပြီးရင် သူ့ရဲ့ ဝိဉာဉ်က ကလေးငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းကို ပြန်လည်ဝင်စားတယ်လို့ ယုံကြည်ကြတာလည်း ဖြစ်ပါတယ်။

image

တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို ဒလိုင်းလားမား အတည်ပြုပြောဆို
*******************
(နိုင်ငံတကာ) ဇူလိုင် ၄
သူ ပျံလွန်တော်မူပြီးတဲ့နောက် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို ဒလိုင်းလားမားက မနေ့က အတည်ပြုပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး လူဝင်စားမယ့်သူကို အသိအမှတ်ပြုခွင့်ရှိတဲ့ တခုတည်းသော အဖွဲ့အစည်းကလည်း Gaden Phoderang Trust သာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါအဖွဲ့အစည်းဟာ ဒလိုင်းလားမား အစဉ်အလာနှင့် အဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တည်ထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုလိုမျိုး သူပြောဆိုခဲ့တာဟာ တရုတ်က ဒလိုင်းလားမားနေရာကို ဆက်ခံမယ့်သူကို ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့တာကို ဆန့်ကျင်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

တိဗက်ရိုးရာဓလေ့အရ ဒလိုင်းလားမားတစ်ဦး ပျံလွန်တော်မူပြီးရင် သူ့ရဲ့ ဝိဉာဉ်က ကလေးငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းကို ပြန်လည်ဝင်စားတယ်လို့ ယုံကြည်ကြတာလည်း ဖြစ်ပါတယ်။

image

တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို ဒလိုင်းလားမား အတည်ပြုပြောဆို
*******************
(နိုင်ငံတကာ) ဇူလိုင် ၄
သူ ပျံလွန်တော်မူပြီးတဲ့နောက် တိဘက်ဗုဒ္ဓဘာသာခေါင်းဆောင်သစ်အဖြစ် လူဝင်စားပြန်ဖြစ်လာမယ်လို ဒလိုင်းလားမားက မနေ့က အတည်ပြုပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး လူဝင်စားမယ့်သူကို အသိအမှတ်ပြုခွင့်ရှိတဲ့ တခုတည်းသော အဖွဲ့အစည်းကလည်း Gaden Phoderang Trust သာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါအဖွဲ့အစည်းဟာ ဒလိုင်းလားမား အစဉ်အလာနှင့် အဖွဲ့အစည်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တည်ထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုလိုမျိုး သူပြောဆိုခဲ့တာဟာ တရုတ်က ဒလိုင်းလားမားနေရာကို ဆက်ခံမယ့်သူကို ရွေးချယ်သွားမယ်လို့ ပြောဆိုခဲ့တာကို ဆန့်ကျင်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

တိဗက်ရိုးရာဓလေ့အရ ဒလိုင်းလားမားတစ်ဦး ပျံလွန်တော်မူပြီးရင် သူ့ရဲ့ ဝိဉာဉ်က ကလေးငယ်တစ်ဦးရဲ့ ခန္ဓာကိုယ်အတွင်းကို ပြန်လည်ဝင်စားတယ်လို့ ယုံကြည်ကြတာလည်း ဖြစ်ပါတယ်။

imageimage
1 y - Translate

(၂၆)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး ကျင်းပ
*******************
(ပြည်တွင်း) ဇူလိုင် ၄
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၂၆)ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ယမန်နေ့ နံနက် ၈ နာရီတွင် တောင်ကြီးမြို့ တောင်ကြီးဟိုတယ်တွယ် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များနှင့် သယ်ဆောင် ရာလမ်းကြောင်းပြောင်းလဲမှုများကို သုံးသပ်ပြီး အထူးစစ်ဆင်ရေးစီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အထူးစစ်ဆင်ရေးအကြိမ် ၄၀ ဆောင်ရွက်ခဲ့ပြီး ယခုနှစ် မေ ၁ ရက်မှ စတင်၍ အထူးစစ်ဆင်ရေးတစ်ရပ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးထုတ်လုပ်မှုများ လျှော့ချနိုင်ရေး ပရီကာဆာဓာတုပစ္စည်းထိန်းချုပ်ရေးကို အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ပရီကာဆာ ဓာတုပစ္စည်းထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မူးယစ်ဆေးဝါးချက်လုပ် ရာဒေသများသို မရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများအပါအဝင် ထိုင်းနိုင်ငံနှင့်လည်း အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသကဲ့သို အနာဂတ်လူငယ်လူရွယ်များအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း သည်လည်း အရေးကြီးသော အချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့သည့် “ရေရှည်တည်တံ့သော အစားထိုးဖွံဖြိုးရေးနှင့် လူနေမှုဘဝဖွံဖြိုး ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ” အရ ထိုင်းနိုင်ငံအစိုးရက အစားထိုးဖွံဖြိုးရေးစီမံကိန်းလုပ်ငန်းများအတွက် ထောက်ပံ့ဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်မှသာ ဘိန်းစိုက်ပျိုးရာဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝအဆင်ပြေချောမွေ့လာပြီး ဘိန်းစိုက်ပျိုးမှု ပြဿနာများလည်း လျော့နည်းကျဆင်းလာစေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ မယ့်ဖားလုံဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားမြို့နယ်ရှိ အစားထိုးဖွံဖြိုးရေး စီမံကိန်းသည်ထိရောက်မှုရှိပြီး အောင်မြင်မှုများစွာ ရရှိနေသည့်အတွက် အဆိုပါစီမံကိန်းများအား ဆက်လက်ကူညီပံ့ပိုးစေလိုကြောင်း ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးစုတစ်စုတည်းကိုသာ ထိခိုက်စေခြင်းမဟုတ်ဘဲ ဒေသတစ်ခုလုံးမှ တစ်ကမ္ဘာလုံးအထိ ဆက်စပ်ထိခိုက်စေသောကြောင့် နှစ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှအတူ လက်တွဲဖြေရှင်းသွားရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ကြာမြင့်စွာတည်ရှိခဲ့သည့် ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက်ခိုင်မာစွာ တည်ရှိနေရန်အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံနှစ်ခု အမြင်တစ်ခုဖြင့် ပိုမိုတောက်ပသော မနက်ဖြန်များစွာအတွက် မူးယစ်ဆေးဝါးကင်းစင်သော ဒေသဖြစ်စေရေး ပူးပေါင်းဆောင်ရွက်သွားကြပါစို “Two Nations, One Vision – Collaborating for Brighter Tommorrows” ဆောင်ပုဒ်လေးအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Pol. Lt. Gen. Phanurat Lukboon (ဖန်နုရတ် လုပ်ကဘွန်း) က အဖွင့်အမှာစကား ပြောကြားရာတွင် အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သော မြန်မာကိုယ်စားလှယ် ၁၄ ဦးနှင့် ထိုင်းနိုင်ငံမှ Pol. Lt. Gen. Phanurat Lukboon (ဖန်နုရတ် လုပ်ကဘွန်း) ဦးဆောင်သော ကိုယ်စားလှယ် ၁၁ ဦးတို တက်ရောက်ပြီး နှစ်ဖက်ကိုယ်စားလှယ်များက နှစ်နိုင်ငံအကြား လတ်တလောဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးအခြေအနေနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အနာဂတ်ပူးပေါင်းဆောင်ရွက် နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးစိစစ်လေ့လာရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အစားထိုးဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးကိစ္စရပ်များနှင့် (၂၇) ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

image