ထိုင်းစတိုင် ငပိထောင်း ငံပြာရည် လုပ်နည်း
(ရှေးဟောင်းနည်း) ‼️
ပါဝင်ပစ္စည်းများ.........
- ငရုတ်သီးခြောက် ၇၀ ဂရမ်
- ကြက်သွန်ဖြူ ၂၀၀ ဂရမ်
- ကြက်သွန်နီ ၂၂၀ ဂရမ်
- ငါးပိ လက်ဖက်ရည်ဇွန်း တစ်ဝက်
- ထန်းလျက် လက်ဖက်ရည်ဇွန်း တစ်ဝက်
- အရသာမှုန့်
- အချဉ်ရည် (သံပုရာရည် သို့ ရှာလာကာရည်)
ပြုလုပ်နည်း.........
ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံနွှာပြီး ရေဆေးကာ ကြော်လိုက်ပါ။
ကြော်ပြီးသွားရင် ထုတ်ယူပြီး ငရုတ်သီးခြောက်ကို ထပ်ကြော်ပါ။
ငရုတ်သီးကို ကျည်ပွေ့ထဲထည့်ပြီး ထောင်းပါ။ ပြီးရင် ကြော်ထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူကို ထည့်ပြီး ထောင်းပါ။
ငါးပိ၊ ထန်းလျက်၊ အရသာမှုန့်တို့ကို ထည့်ပြီး ထောင်းပါ။
နောက်ဆုံးမှာ သံပုရာရည်ထည့်ပါ။ အရသာကို စိတ်ကြိုက်ချိန်ထည့်ပါ။ ဒါဆိုစားကောင်းတဲ့ ထိုင်းငပိထောင်း စားလို့ရပါပြီ။
ငံပြာရည်ကို စားတဲ့အခါမှ ထည့်ပါ။ ငံပြာရည်နဲ့ ရောစားနိုင်ပါတယ်။
