Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
=================================
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
----------------------------------------------------------------------------------
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေပါသည်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
-------------------------------------------------------------------------------------
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်၂၀-၂၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင် မှ မိုင် ၄၀။
လှိုင်းအခြေအနေ။ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။
လှိုင်းအမြင့်။ ၁၀ ပေမှ ၁၄ ပေခန့်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
--------------------------------------------------------------------------------------
မိုးလေ၀သအခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။
ရေပြင်လေ။ အနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင်၂၀-၂၅ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်မှ မိုင် ၄၀။
လှိုင်းအခြေအနေ။ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။
လှိုင်းအမြင့်။ ၁၀ ပေမှ ၁၄ ပေခန့်။
Cloud Store ဆိုတာဘာလဲ?🤔
Cloud store (သို့) cloud storage ဆိုတာက အင်တာနက်ပေါ်မှာ ဒေတာတွေကို သိမ်းဆည်းပေးတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
Cloud Store ၏ အဓိကလက္ခဏာများ
1. အင်တာနက်မှတဆင့် အသုံးပြုခြင်း - မည်သည့်နေရာကမဆို အင်တာနက်ရှိရုံနဲ့ သုံးနိုင်ပါတယ်
2. ရုပ်ပိုင်းဆိုင်ရာ သိမ်းဆည်းစရာမလို - Hard disk, USB စတာတွေ မလိုအပ်ပါ
3. စီမံခန့်ခွဲမှုလွယ်ကူခြင်း - ဖိုင်တွေကို လွယ်လွယ်ကူကူ share လုပ်နိုင်၊ ပြန်လည်ရယူနိုင်ပါတယ်
Cloud Store အမျိုးအစားများ
1. ပုဂ္ဂလိက Cloud Storage (Dropbox, Google Drive, iCloud)
2. လုပ်ငန်းသုံး Cloud Storage (AWS S3, Microsoft Azure Blob Storage)
3. Hybrid Cloud Storage (တစ်ပိုင်းကိုယ်ပိုင်၊ တစ်ပိုင်း cloud)
Cloud Store ၏ အကျိုးကျေးဇူးများ
- စရိတ်သက်သာခြင်း - Server တွေဝယ်စရာမလိုပါ
- စိတ်ချရမှု - Data backup အလိုအလျောက်လုပ်ပေးပါတယ်
- ပူးပေါင်းအလုပ်လုပ်နိုင်မှု - ဖိုင်တွေကို တစ်ချိန်တည်း လူများစွာနဲ့ ဝင်ရောက်ပြုပြင်နိုင်ပါတယ်
Cloud storage ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ နည်းပညာတစ်ခုဖြစ်ပြီး သင့်ရဲ့ဖိုင်တွေကို လုံခြုံစွာ သိမ်းဆည်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။။😊
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈
သည်းခံမနေနဲ့တော့!! 🚽 အိမ်သာပိတ်တာနဲ့ အနံ့ဆိုးတာတွေ ဖြေရှင်းနည်း!
အိမ်သာမပိတ်အောင် ကာကွယ်ပြီး သန့်ရှင်းမွှေးပျံ့အောင် ထားနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
ဒီနည်းလမ်းဟာ အိမ်သာပိတ်ဆို့မှု၊ အနံ့ဆိုးများ၊ ရေညှိနဲ့အဝါရောင်အစွန်းအထင်းများ၊ ခြနဲ့ပိုးမွှားများ၊ ပုရွက်ဆိတ်နဲ့ အင်းဆက်များ၊ ပိုးဟပ်များ၊ အိမ်မြှောင်နဲ့ တောက်တဲ့များ စတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
လိုအပ်တဲ့ပစ္စည်းများ........
* ပန်းကန်ဆေးဆပ်ပြာရည် - စားပွဲတင်ဇွန်း ၁ ဇွန်း
* မုန့်ဖုတ်ဆိုဒါ (သို့) အဝတ်လျှော်ဆပ်ပြာမှုန့် -
စားပွဲတင်ဇွန်း ၂ ဇွန်း
* ရှာလကာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
* ဆား - စားပွဲတင်ဇွန်း ၁ ဇွန်း
* သန့်ရှင်းတဲ့ရေ - လောင်းချဖို့
✅ အိမ်သာပိတ်ဆို့ခြင်းနဲ့ အနံ့ဆိုးများ ကာကွယ်နည်း....
အိမ်သာတက်ပြီးတဲ့အခါ (သို့) အိမ်သာက အနံ့ဆိုးထွက်နေတဲ့အခါ ဒီနည်းလမ်းအတိုင်း ချက်ချင်းလုပ်ဆောင်နိုင်ပါတယ်။
* ပန်းကန်ဆေးဆပ်ပြာရည် (စားပွဲတင်ဇွန်း ၁ ဇွန်း) ကို
အိမ်သာခွက်ထဲအရင်ထည့်ပါ။
* အဝတ်လျှော်ဆပ်ပြာမှုန့် (သို့) မုန့်ဖုတ်ဆိုဒါ
(စားပွဲတင်ဇွန်း ၂ ဇွန်း) ထည့်ပါ။
* ရှာလကာရည် (စားပွဲတင်ဇွန်း ၂ ဇွန်း) နဲ့ ဆား
(စားပွဲတင်ဇွန်း ၁ ဇွန်း) တို့ကို ဆက်တိုက်ထည့်ပါ။
ဒါဆိုရင် အိမ်သာပိတ်ဆို့ခြင်းကို ဖြေရှင်းပေးနိုင်တဲ့
အစွမ်းထက်အရည်ကို ရရှိပါပြီ။
* အဲဒီအရည်ကို အိမ်သာခွက်ထဲ လောင်းထည့်ပြီး ၂-၃ မိနစ်
လောက် ထားပေးပါ။ ညဘက်မှာ တစ်ညလုံးထားရင်တော့
ပိုကောင်းပါတယ်။
* မနက်ကျရင် သန့်ရှင်းတဲ့ရေနဲ့ ဆက်လောင်းချလိုက်ပါ။
(သို့) ရေဆွဲချလိုက်ပါ။
ဒီနည်းလမ်းက အိမ်သာအနံ့ဆိုးတွေကို ဖယ်ရှားပေးပြီး ပိတ်ဆို့တာကို ကောင်းစွာကာကွယ်ပေးနိုင်ပါတယ်။ အဝါရောင်အစွန်းအထင်းတွေရှိတဲ့နေရာမှာတော့ စပရေးဗူးထဲထည့်ပြီး ပက်ဖျန်းနိုင်ပါတယ်။ အဝါရောင်အစွန်းအထင်းတွေကို သက်သာစေပါတယ်။
✅ အိမ်သာကြမ်းပြင်နဲ့ အခြားအစွန်းအထင်းများအတွက်..
အိမ်သာကြမ်းပြင် သန့်ရှင်းရေးအတွက် ရေတစ်ခွက် (သို့) နှစ်ခွက်နဲ့ ဒီအရောအနှောကို ရောပြီး တွဲဖက်တိုက်ချွတ်နိုင်ပါတယ်။ အိမ်သာကြမ်းပြင်နဲ့ အိမ်သာခွက်ကို အနံ့ဆိုးကင်းစင်အောင် သန့်ရှင်းပေးနိုင်ပါတယ်။
ဒီနည်းလမ်းက စရိတ်သက်သာပြီး ထိရောက်မှုရှိပါတယ်။ အိမ်သာပိတ်ဆို့ခြင်းကို ကာကွယ်ပေးသလို ပိုးမွှားတွေ၊ ခြင်တွေ၊ ပုရွက်ဆိတ်တွေ၊ ပိုးဟပ်တွေ၊ အိမ်မြှောင်နဲ့ တောက်တဲ့တွေကိုလည်း မောင်းထုတ်ပေးနိုင်ပါတယ်။
အိမ်သာပိတ်ဆို့ပြီး အနံ့ဆိုးတွေထွက်နေရင် စမ်းကြည့်သင့်ပါတယ်။ ဒါက ကောင်းမွန်တဲ့ ဖြေရှင်းနည်းတစ်ခုပါ။
🦊 "Even legends bleed when love is real." 🦊
🎬 TALE OF THE NINE TAILED – OFFICIAL TRAILER
Starring: Lee Dong Wook & Jo Bo Ah
The mythical K-drama returns with a powerful blend of romance, folklore, and fate. Tale of the Nine Tailed follows Lee Yeon (Lee Dong Wook), a centuries-old gumiho—nine-tailed fox—living among humans and battling ancient threats from the spirit realm. Jo Bo Ah stars as Nam Ji Ah, a sharp and fearless producer entangled in a destiny written long before her birth.
The trailer unveils breathtaking visuals of mystical forests, glowing fox fires, and supernatural showdowns as past and present collide. Love, memory, and sacrifice hang in the balance as Lee Yeon faces a greater evil that threatens both realms.
🌌🦴 Verdict: Visually stunning and emotionally resonant—Tale of the Nine Tailed weaves myth and modern love into a hauntingly beautiful journey.
⭐️⭐️⭐️⭐️ (4/5)
#taleoftheninetailed #leedongwook #joboah #kdramafantasy #gumiholegend #officialtrailer
ဘန်ကောက်မြို့က သေနတ်ပစ်ခတ်မှု သေဆုံးသူရှိတယ်လို့ဆို
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ချက်တူချက်အရပ်မှာ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူရှိတယ်လို့ ထိုင်းထောက်လှမ်းရေးဗျူရို (CIက ကြေညာပါတယ်။
ဘန်ကောက်ပို့စ် သတင်းအပါအဝင် ထိုင်းသတင်းဌာနတချို့မှာတော့ လုံခြုံရေး ၄ ဦး သေဆုံးတယ်လို့ သတင်းဖော်ပြနေပါတယ်။
သေဆုံးမှုနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်နက်ငယ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ပစ်ခတ်ခံထားသူတွေလို့ ယူဆရတဲ့ လဲကျနေတဲ့ အမျိုးသား နှစ်ဦးအနီးနားကနေ ထွက်ခွာသွားတဲ့ရုပ်သံကိုလည်း ထိုင်းထောက်လှမ်းရေးဗျူရိုက သူတို့ရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။
"တန်ဖိုးရှိသော စာ"
၁။ ဘဝဆိုတာ တိုက်ပွဲတစ်ခုလိုပါပဲ
လဲနေရင် ပြန် ထနိုင်အောင် ကြိုးစားပါ။
၂။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ
ဖြေရှင်းနေကြရတဲ့ ဘဝပုစ္ဆာတွေ ရှိပါတယ်
ဘယ်လိုဖြေရှင်းမလဲဆို တာ အဓိကကျပါတယ်။
၃။ တခါတလေ မဖြစ်ချင်တာတွေ
ဖြစ်လာရတဲ့ အခါ အကောင်းဆုံးရင်ဆိုင်
ကျော်ဖြတ်လိုက်ပါ။
၄။ ဖြစ်ချင်တာထက်
ဖြစ်သင့်တာကို ဦးစားပေး လုပ်တာ
ပိုကောင်းပါတယ်။
၅။ အမှားတစ်ခုလုပ်မိတဲ့အခါ ဝန်ခံတတ်ပါစေ။
၆။ ဘဝသီအိုရီတွက်ချက်ရတဲ့အခါ
မှားမှာကို မ ကြောက်ပါနဲ့ အမှားဆိုတာ
အတွေ့အကြုံရဲ့ ဆရာ တစ်ဆူလိုပါပဲ။
၇။ ဘယ်အလုပ်ကိုပဲလုပ်ရသည်ဖြစ်စေ
တန်ဖိုး ထားတက်အောင် ကြိုးစားပါ။
၈။ ပညာရှာတဲ့အရွယ်ပညာရှာ
ကြင်ရာရှာတဲ့ အရွယ် ကြင်ရာရှာပါ
ပညာရှာတုန်း ကြင်ရာမရှာမိပါစေနဲ့
ချစ်တာတစ်ခုတည်းနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့
ဆိုတာ မလုံလောက်သေးဘူး။
၉။ အသိပညာအတွက် မရှက်ပါနဲ့
ပညာရှာပမာ သူတောင်းစားတဲ့။
၁၀။ သင့်ပတ်ဝန်းကျင်ရှိ
လူအချို့က သင် အောင်မြင်တာကို
အသိအမှတ်ပြုဖို့ မေ့နေကြပြီး သင်ကျရှုံးတဲ့
အချိန် လက်ညိုးထိုးဖို့ စောင့်ကြည့်
နေကြလိမ့်မယ်။
၁၁။ လူတိုင်းကို မယုံမိပါစေနဲ့
သင်နဲ့ပတ်သက်သူ တိုင်း လက်ထဲမှာ
မမြင်နိုင်တဲ့ ဓားတစ်လက်ရှိနေ တတ်တယ်။
၁၂။ ကိုယ့်အပေါ်အမှားလုပ်မိတဲ့အခါ
ခွင့်လွှတ်နိုင် ဖို့ ကြိုးစားလိုက်ပါ။
၁၃။ ငွေကြေးနဲ့ပတ်သက်ရင်
လူတိုင်းအပေါ် အယုံ မလွယ်ပါနဲ့။
၁၄။ အားနာရင် ခါးပါတတ်တယ်
မဖြစ်နိုင်ရင် လိမ်မားပါးနပ်စွာ ရဲရဲငြင်းဆိုပါ ။
၁၅။ မဖြစ်နိုင်တာကို မမျှော်လင့်ပါနဲ့မျှော်လင့်
ချက်က တနေ့ ဒုက္ခပေးတတ်တယ်။
၁၆။ ချစ်တော့ ချစ်ပါ နှလုံးသားနဲ့ အရင်ခံစား
ပြီးမှ ဦးနှောက်က ပြတ်ပြတ်သားသား
ဆုံးဖြတ် လိုက်ပါ။
၁၇။ ပေးကမ်းပါ စွန့်ကျဲပါ တစုံတခုပြန်ရဖို့
မမျှော် လင့်ပါနဲ့။
၁၈။ လူတိုင်းကို မချစ်နိုင်ရင်တောင်
မမုန်းမိအောင် ကြိုးစားပါ။
၁၉။ စေတနာနဲ့မထိုက်တန်ခဲ့ရင်
ဥပေက္ခာနဲ့ ပေးဆပ်လိုက်ပါ
စိတ်အေးချမ်းပါတယ်။
၂၀။ မဖြစ်နိုင်ဘူးဆိုတာတွေ လက်ခံပါများလာရင်
ဖြစ်နိုင်တာတွေ ကွယ်ပျောက်သွားတတ်တယ်။
၂၁။ အပြောမကောင်းရင်တောင်
နားထောင် ကောင်းသူဖြစ်အောင် ကြိုးစားပါ။
၂၂။ နည်းနည်းပြောပြီး များများနားထောင်ပါ။
၂၃။ မပေးကမ်းနိုင်ရင်တောင်
တတ်နိုင်သလောက် ကူညီပေးလိုက်ပါ
လက်တစ်စုံဟာ ယူဖို့အတွက် ဖြစ်သလို
ပေးကမ်းတတ်ဖို့လည်း လိုပါတယ်။
၂၄။ ချွေတာသင့်တာ ချွေတာပြီ
စုဆောင်းသင့် တာ စုဆောင်းပါ ။
ရေတစ်စက်တန်ဖိုး ရေငတ်မှ သိသလို
ငွေတစ်ကျပ်တန်ဖိုး ငွေပြတ်မှ သီလာလိမ့်မယ်။
၂၅။ မသိရင် သိသလိုမနေပါနဲ့
မသိရင်မေးပါ အမေးရှိရင် အဖြေတစ်ခုတော့
ရလာမှာပဲ။
၂၆။ တနေ့ စာဖတ်ချိန်သီးသန့်ထားပါ
စာဖတ်ခြင်း ဖြင့် ဦးနှောက်လေ့ကျင့်
ပျိုးထောင်ပါ။
၂၇။ သူဘယ်လိုလူလဲဆိုတာထက်
ငါဘယ်လိုလူ လဲဆိုတာ သုံးသပ်ပါ။
၂၈။ သူတပါးက လက်ညိုးမထိုးခင် ကိုယ်က
လက်မထောင်နိုင်အော ကြိုးစားပါ။
၂၉။ အချိန်မီကျေးဇူးတင်စကားပြောဖို့
မမေ့သင့် သလို တောင်းပန်စကားပြောဖို့လည်း
ဝန်မလေးမီ ပါစေနဲ့။
၃၀။ လူအချို့က ဝေဖန်လာရင် လက်ခံနိုင်ဖို့
ကြိုးစားပါ။
အောင်မြင်တဲ့လူတစ်ယောက်က
ပတ်ဝန်းကျင် ရဲ့ ဝေဖန်ခြင်းဒဏ်
ခံနိုင်ရည်ရှိကြရတယ် ။
ရဲရဲ ရင်ဆိုင်ဖြတ်ကျော်ပါ။
#ဗန်းမော် သိန်းဖေ Page မှ ပြန်လည်မျှဝေခြင်းသာဖြစ်သည်။
မူရင်းရေးသားသူအား #credit ပေးပါသည်။
မိုးရွာသွန်းမှုနှင့် မြစ်ရေကြောင့် တောင်ပေါ်ဒေသ ကလော အပါ မြို့ ၆ မြို့ ထက်မနည်း ရေကြီးနေ
။ ။ မြန်မာနိုင်ငံတွင် မိုးရက်ဆက်ရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်နေမှုများကြောင့် တောင်ပေါ်ဒေသ ကလောမြို့အပါဝင် မြို့ ခြောက်မြို့ထက်မနည်းတွင် ရေကြီးမှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံက သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် တပတ်နီးပါးကြာ မိုးရွာသွန်းခဲ့ပြီးနောက် ယနေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းမှစ၍ ကလောချောင်းရေ မြင့်တက်ကာ ရေကြီးမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
“ ကလောချောင်းက ရပ်ကွက် ( ၂ ) ၊( ၃ ) ၊ ( ၄ ) ၊ ဘူတာတွေနဲ့ အနီးမှာရှိတာ။ အခုရေကြီးနေတာက ရပ်ကွက် ( ၂ ) ဘက်ခြမ်းတွေ။ အိမ်တွေထဲလည်း ရေတွေ ဝင်နေပြီ” ဟု ကလောဒေသခံတဦးက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းအထိ ကလောမြို့တွင် မိုးရွာသွန်းမှု ရှိနေဆဲဖြစ်သည့်အတွက် ရေကြီးမှုများ ဆက်ဖြစ်နိုင်ပြီး ဒေသခံများအနေဖြင့် ရေဘေးသတိပြုကြရန် ၎င်းက တိုက်တွန်းသည်။
ပြီးခဲ့သည့် နှစ်ကလည်း တောင်ပေါ်ဒေသ ကလောမြို့တွင် ရေကြီးခဲ့ပြီး ထိုရေများသည် အင်းလေးကန်သို့ စီးဝင်သည့်အတွက် အင်းလေးကန်အတွင်း ရေကြီးနစ်မြှုပ်မှုများ ကြုံတွေ့ခဲ့သည်။
လက်ရှိတွင်လည်း အင်းလေးကန်ရေမျက်နှာပြင် ၌ ယနေ့နံနက်ပိုင်းမှစ၍ ရေတိုးလာနေကြောင်း ဒေသတွင်း သတင်းရစ်မြစ်များက ပြောသည်။
အလားတူ ပင်လောင်းမြို့၊ ကျိုင်းတုံမြို့၊ တောင်ငူမြို့၊ မဒေါက်မြို့၊ တာချီလိတ်မြို့ နှင့် ဘားအံမြို့တို့ရှိ ရပ်ကွက်အချို့တွင် မြစ်ရေမြင့်တက်မှုနှင့် မိုးရွာသွန်းမှုများကြောင့် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ တာချီလိတ်မှာတော့ မယ်ဆိုင်ချောင်းရေက ဒီနေ့ မနက်မှာ စိုးရိမ်ရေမှတ်ကို ငါးပေကျော် ရောက်နေပြီ။ လက်ရှိတော့ အနိမ့်ပိုင်းရပ်ကွက် ခုနစ် ခုနဲ့ ကျေးရွာတွေမှာ ရေဝင်ရောက်နေပြီ။ နှစ်နိုင်ငံကူးတဲ့ အမှတ် ( ၁ ) တံတားလည်း ရေကျော်လို့ ပိတ်ထားရတယ်” ဟု တာချီလိတ်သတင်းရင်းမြစ်က ဆိုသည်။
မဒေါက်မြို့ ဒေသခံတဦးကလည်း “ စစ်တောင်းမြစ်ရေမြင့်တက်လာတဲ့အတွက် မဒေါက်တမြို့လုံး ရေကြီးနေပြီ။ ရေမကြီးတာ မြို့ရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ကျန်တယ် ” ဟု ပြောသည်။
ရေကြီးနေသည့် ဒေသများတွင် ဒေသခံလူမှုကူညီရေးအဖွဲ့အစည်းများနှင့် ဒေသခံများ ပူးပေါင်းကာ ကူညီမှုများ ပြုလုပ်ပေးနေကြသည်။
“ တောင်ငူမြို့မှာက ရေဝင်ရောက်နေတဲ့ မြစ်ဘေးက အနိမ့်ပိုင်းရပ်ကွက် နေ ပြည်သူတွေကို ရွေ့ပြောင်းတာတွေနဲ့ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်တာတွေ လုပ်နေတယ်။ တချို့ ရေမဝင်သေးတဲ့ နေရာတွေကလူတွေလည်း ကြိုရွေ့ပြောင်းဖို့ အသိပေးနေပါတယ်။ လက်ရှိကတော့ အစားအစာတွေ အရေးပေါ်လိုအပ်နေပါတယ်” ဟု တောင်ငူမြို့အခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောသည်။
စစ်ကောင်စီမိုးဇလဌာန၏ ယနေ့နံနက် ၇ နာရီ ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်တွင် နောက် နှစ် နှစ်ရက်အတွင်း မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှုများ ဆက်ရှိနိုင်ကြောင်း အသိပေးသည်။
ယနေ့ နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ရောက်ရှိနေသည့် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၊ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့တို့တွင် နောက် တရက်အထိ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလက ဖော်ပြထားသည်။
မိုးရွာသွန်းမှုများနှင့် မြစ်ရေမြင့်တက်မှုများ ဆက်ရှိနိုင်သည့်အတွက် မြစ်ကမ်းအနီးနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများတွင် ကြိုတင်ရှောင်ရှားကြရန် မိုးလေဝသဌာနများက တိုက်တွန်းထားသည်။
#ပြည်တွင်းသတင်း
#ရေကြီးနစ်မြှုပ်
#မိုးလေဝသ