19 w - Translate

ဒုံးပျံအသစ်လွှတ်တင်ရန် Blue Origin စီစဉ်နေ
-----------------------
ဆယ်စုနှစ် နှစ်ခုနီးပါး ငြိမ်သက်နေတဲ့ ဖလော်ရီဒါရှိ လွှတ်တင်ခုံပေါ်မှာ Blue Origin ကုမ္ပဏီက တီထွင်ထားတဲ့ အကြမ်းဖျင်း ပေ ၃၂၀ ရှိပြီး New Glenn အမည်ရှိ ဒုံးပျံအသစ်လွှတ်တင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း CNN သတင်းမှာ ဖော်ပြထားးပါတယ်။

New Glenn လွှတ်တင်မှုအောင်မြင်ရင် SpaceX ရဲ့ ကာလရှည်ကြာစွာကြီးစိုးထားတဲ့ အာကာသလုပ်ငန်းနယ် ပယ်ကို အချိန်ခဏလေးအတွင်းမှာ လွှမ်းမိုးသွားစေဖို့ မျှော်မှန်းထားကြောင်း Blue Origin ကုမ္ပဏီ တည်ထောင် သူJeff Bezos က ပြောကြားထားပါတယ်။ New Glenn ကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ Cape Canaveral Space Force စခန်းကနေ လွှတ်တင်ဖို့ စီစဉ်ထားပြီး ပထမအဆင့် ဒုံးပျံဘေးကင်းစွာ ဆင်းသက်နိုင်ဖို့အတွက် Jacklyn အမည်ရှိ ပလပ်ဖောင်းကနေတစ်ဆင့် လမ်းညွှန်ပေးမှာဖြစ်ပါတယ်။

Blue Origin ကုမ္ပဏီဟာ SpaceX လိုပဲ ကုန်ကျစရိတ်တွေကို လျှော့ချဖို့အတွက် ပထမအဆင့် ဒုံးပျံအားမြှင့်စက် တွေကို ပြန်လည်ရယူဖို့အပြင် ပြန်လည်ပြင်ဆင် အသုံးပြုဖို့အတွက်လည်း ကြိုးပမ်းသွားမှာဖြစ်တယ်လို့ Blue Origin ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

image

imageimage
19 w - Translate

တစ်ယောက်ယောက်ကို ဆွဲထားရတာ
အရမ်းအောက်ကျနောက်ကျနိုင်မှန်းတော့
ကျွန်တော်တို့လည်း သိပါတယ်။

ဒါပေမယ့်လည်း
အချစ်ဆုံးတစ်ယောက်ဖြစ်နေခဲ့တော့
ကျွန်တော်တို့ဟာ ကိုယ့်သိက္ခာလည်း ကိုယ်မငဲ့နိုင်ခဲ့ကြဘူး။

#မိုးနေ

image
19 w - Translate

ပေးတဲ့လက်ပဲ ဖြစ်ချင်တဲ့ လူမျိုးပါ။
တစ်ခုခုဆို ငါဘာလုပ်ပေးနိုင်လဲ
ဆိုတာပဲ တွေးပြီး လုပ်ပေးနိုင်တာဆို
လုပ်ပေးလိုက်တယ်။

လူတစ်ဦးကို ချစ်တာပဲဖြစ်ဖြစ်
ခင်မင်တာပဲဖြစ်ဖြစ် သူတို့ဆီကနေ
ငါဘာရမလဲဆိုတဲ့ စိတ်မျိုး မရှိဘူး။
ငါ့ဖက်က ဘာပေးနိုင်မလဲဆိုတာပဲ
စဉ်းစားပါတယ်။

မိသားစုမှာဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေး
မှာဖြစ်ဖြစ် သူတို့လိုအပ်လာချိန် ငါဘာ
ကူညီပေးနိုင်မလဲပဲ အမြဲတွေးထားတယ်။
ကူညီပြီးရင် တစ်ဖက်လူဆီက ဘာပြန်ရမလဲလို့
မမျှော်လင့်တတ်ဘူး။

ငါအကောင်းဆုံး ကူညီပေးလိုက်နိုင်တယ်။
တစ်ဖက်မှာလည်း အဆင်ပြေသွားတယ် ဆိုရင်
ရပါပြီ ။ ကိုယ့်စေတနာကို အသိအမှတ်ပြုခြင်း၊
မပြုခြင်းတွေ ၊ ကိုယ်မတွေးဘူး ။ အဓိက က ကိုယ်သည်
စေတနာသန့်သန့်နဲ့ ဖြူစင်သော မေတ္တာများဖြင့်သာ
ကူညီပေးကမ်းနိုင်ဖို့ကိုပဲ အမြဲရှေးရှုထားသည်။

ပေးကမ်းနိုင်သော လက်တစ်စုံအဖြစ်နဲ့
အမြဲကြိုးစားရှင်သန်နေပါမယ်။

Credit
Aung Thu

image
19 w - Translate

တန်ဖိုးရှိအောင်နေမှ တန်ဖိုးရှိတယ်ထင်ခဲ့တာ။
ဘယ်ဟုတ်မလဲ
တန်ဖိုးသိတဲ့လူလက်ထဲရောက်ရင်
ဘယ်လိုဖြစ်တည်မှုပဲဖြစ်ဖြစ် တန်ဖိုးရှိတယ်တဲ့။

💭 || 5.1.2025

image
19 w - Translate

သုံးပွင့်ဆိုင်လာရင်ဒီကောင်မကြီးကိုထားခဲ့လိုက်ပါ ငါအရက်သောက်ဖို့အကြောင်းပြချက်ရတာပေါ့🥴🥴

image
19 w - Translate

အေးလေအေးလေ

#အကိုမေ

image
19 w - Translate

နာကျင်မှုတွေထဲမှာလည်း
ကိုယ့်ချစ်သူဆီကရတဲ့နာကျင်မှုဟာ
မြတ်နိုးစရာကောင်းတဲ့နာကျင်မှုတစ်ခုပဲ
ဘယ်လောက်ထိတောင်လဲဆိုရင်
နာကျင်နေမှန်းသိလျက်နဲ့
မစွန့်လွတ်နိုင်အောင်လက်မလွတ်နိုင်တဲ့အထိပဲ။

#depayy

image
19 w - Translate

အဓိကကတော့ ကိုယ့်အတွက်ဆိုတဲ့ စိတ်ကလေးရှိနေဖို့ပါပဲ..။

လူတစ်ယောက်က သူ့ဘာသာ ဘာကြီးဖြစ်နေပါစေ
သူ့မှာဘာတွေရှိနေလဲဆိုတာထက် သူက ကိုယ့်ကို
ဘာတွေပေးချင်တဲ့ လူလဲဆိုတာက ပိုပြီး အရေးပါလိမ့်မယ်။

သူ့မှာအများကြီးရှိနေလည်း ကိုယ့်အတွက် တစ်ခုမှမပေးချင်တဲ့လူကပေးမှာမဟုတ်ဘူး။ ကိုယ့်အတွက်ပေးချင်တဲ့လူကတော့ သူ့မှာဘာမှမရှိရင်တောင် ကိုယ့်အတွက်ဆိုပြီး ကြိုးစားပေးလိမ့်မယ်။

ချစ်ခြင်းမေတ္တာကအစ ဘဝရဲ့တစ်သက်တာ အရာအားလုံး အဆုံးပဲ။

ချစ်မပြတတ်ပါဘူး၊ ဂရုမစိုက်ပြတတ်ဘူး၊ အလိုက်မသိတတ်ဘူးဆိုတဲ့လူကလည်း တကယ်တမ်းကိုယ်နဲ့နီးစပ်ချင်ရင်တောင် ကိုယ်သူ့အချစ်ကိုယုံကြည်လာအောင် သူလုပ်ပြလိမ့်မယ်။

ကိုယ့်ဆီကိုရောက်လာတဲ့လူတွေဆီမှာ ပြည့်စုံမှုတွေပါလာဖို့မလိုဘူး ကိုယ့်အတွက်ဆိုတဲ့စိတ်တွေရှိနေဖို့ပဲ လိုတယ်..။

သိပ်ပြီးစကားပြောကောင်းတဲ့လူဖြစ်စေဦးတော့
ကိုယ့်အတွက်သာ ကောင်းမွန်တဲ့မေတ္တာတွေရှိမနေရင်
သူ့ဆီက ချိုသာတဲ့စကားကိုကြားရမှာမဟုတ်ဘူး။

ဟင်းချက်ကောင်းတဲ့လူကလည်း ချက်ကျွေးချင်စိတ်ရှိမှချက်ကျွေးမှာပါ..။ ကိုယ့်ကိုချက်ကျွေးချင်တဲ့လူကတော့ သူဟင်းတစ်ခွက်ချက်တတ်ဖို့ ကြိုးစားလိမ့်မယ်..။

လူတိုင်းကတော့ ဒဏ်ရာတွေရှိတာပါပဲ။
ကိုယ့်နဲ့နီးဖို့က သူ့ဒဏ်ရာတွေထက်ပိုအရေးကြီးနေရင်တော့ သူကအချစ်တတ်ဆုံးလူတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။

ဘဝလိုအပ်ချက်တွေလည်းဒီအတိုင်းပဲ
သူ့မှာ ဘာတွေရှိလဲဆိုတာထက်သူက ကိုယ့်အတွက်
ဘာတွေဖြည့်ဆည်းပေးချင်လဲဆိုတာက အရေးကြီးတယ်။

အဲ့လိုပဲ သူ့အတွက်ဆိုတဲ့ စိတ်ကလေးလည်းရှိဖို့
မမေ့နဲ့။

#htethtetshwesin

💭 || 5.1.2025

image
19 w - Translate

လူတွေကပြောကြတယ် တစ်ယောက်ယောက်ကို
စောင့်နေရတာက နာကျင်ရတယ်တဲ့
တစ်ချို့လူတွေကတော့ တစ်ယောက်ယောက်ကို
မေ့ဖျော||က်ရတာက နာကျင်ရတယ်တဲ့။

ဒါပေမယ့်ဘယ်အချိန်ကအနာကျင်ရဆုံးလဲမင်းသိလား
စောင့်ရမလား မေ့ရမလားတောင်
သေချာမသိတဲ့အချိန်က အနာကျင်ရဆုံးပဲ။

💭 || 4..1.2025

image