ဒီတစ်ညတော့ အနှောက်အယှက်ကင်းစွာ
မင်းအိပ်ပျော်နိုင်ပါစေ  ။
ကိုယ်ကတော့ ကိုယ့်နာကျင်မှုနဲ့ကိုယ်
ရှိပါစေတော့ကွယ် ။

#ဂန္ဓမာ

ရှမ်းမတွေလုပ်တဲ့ ငပိထောင်း "ပလာရာစပ်" လုပ်နည်း...။
ရေနဲ့ထမင်း ငပိထောင်းနဲ့တွဲစား အရသာရှိလိုက်တာနော်! ✅
ပြုလုပ်နည်းကို ကြည့်ကြရအောင် 👇👇

ပလာရာစပ်အတွက် ပါဝင်ပစ္စည်းများ.......
* ဂျင်းပါးပါးလှီး
* စပါးလင်ပါးပါးလှီး
* ကြက်သွန်နီ
* ကြက်သွန်ဖြူ
* ငရုတ်သီးခြောက်လှော်
* ရှောက်ရွက်ပါးပါးလှီး
* ငါးပိထောင်း (စိမ်းစားငပိ)

ပြုလုပ်နည်း.......
၁။ ဂျင်းပါးပါးလှီး၊ စပါးလင်ပါးပါးလှီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို မီးအပူပေးကာ မွှေးလာသည်အထိ လှော်ပါ။
၂။ လှော်ထားသော ပါဝင်ပစ္စည်းများကို ညက်သည်အထိ ထောင်းပါ။ ထို့နောက် ငါးပိထောင်း ကို ထည့်ပြီး မန်ကျည်းမှည့်ရည်၊ အချိုမှုန့်၊ ငါးငံပြာရည်တို့ဖြင့် နှစ်သက်သလို အရသာဖြည့်စွက်ပါ။ အရသာမြည်းစမ်းပြီးနောက် ရှောက်ရွက်ပါးပါးလှီးထားသည်များကို ထည့်လိုက်ပါက စားသုံးရန် အသင့်ဖြစ်ပါပြီ။

image

သိဖို့

image
44 w - Translate - Youtube

ဗေလု၀ ငြိမ်းချမ်း

44 w - Translate - Youtube

Ocean Animals for Kids | Learn all about the Animals and Plants that Live in the Ocean

ဂျပန်မှာတကယ်ရှိတဲ့ ကြောက်လန့်စရာ ဥမင်လှိုင်ခေါင်းကြီး #သရဲ#stories #mm#horror#သရဲဇာတ်လမ်း

44 w - Translate

တကယ်လို့များ "အပ်ပျောက်သွားရင် ဆင်နဲ့ ရှာပါ"
ဒီရှေးစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝရှိခဲ့တာ
ကြာပါပြီ။ သို့သော်ငြား အဲဒီစကားကို အရင်တုန်းကတော့ သာမန်အပေါ်ယံ အတွေးလေးနဲ့ တွေးမိခဲ့ဖူးပါတယ်။

“အပ်ကလေးတစ်ချောင်း ပျောက်တာများ ဆင်စီးပြီးရှာစရာလား”ဆိုတဲ့ အတွေးထက် ပိုပြီး နက်နက်နဲနဲ မတွေးမိ
မစဉ်းစားမိခဲ့ဘူး

နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့ အမြင်မှန်ရသွားခဲ့ရပါတော့တယ်။
(အပ်ပျောက်ရင် ဆင်နဲ့ရှာ)ဆိုတဲ့ ဝေါဟာရ စကားလေးဟာ အင်မတန်မှ လေးနက်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ပညာရှိ သူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့ အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ်။

တကယ်တော့”အပ်”ဆိုတာက လူတွေရဲ့အသုံးအဆောင်တစ်ခုဖြစ်တဲ့ အဝတ်ချုပ်တဲ့အပ်ကို ဆိုလိုတာမဟုတ်ပါဘူး။
ပညာရှိတွေပြောတဲ့”အပ်”ကတော့ လူတစ်ယောက်အတွက်နေ့စဉ်ကြုံတွေ့ ကြရတဲ့ လူမှုကိစ္စတွေများစွာထဲက မိမိမှာ
ပြောစရာကိစ္စရှိလာတဲ့အခါ

ပြောအပ် မပြောအပ် သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ
သွားအပ် မသွားအပ် နေစရာကိစ္စများနဲ့ကြုံတဲ့အခါ နေအပ်
မနေအပ် မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လိုအပ်
မလိုအပ် အစရှိတဲ့ လူမှုဝန်းကျင်မှာ နေ့စဉ်ထိတွေ့
ကြုံတွေ့နေရတဲ့ “အပ်” ပေါင်းများစွာတွေပါ။
တခါတရံ မိမိတို့မှာ လုပ်အပ် မလုပ်အပ် သွားအပ် မသွားအပ် စသည်တွေကို ဆုံးဖြတ်ရ ခက်ခဲနေတတ်ပါတယ်။

အဲဒီလိုအခက်အခဲကြုံလာရင် တနည်းအားဖြင့် “အပ်” ပျောက်နေရင် ခုနကပြောတဲ့ “ဆင်”ဆိုတဲ့အရာနဲ့ ရှာရပါမယ်တဲ့

“ဆင်” ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာ
မဟုတ်ပါဘူး။ နည်းမှန် လမ်းမှန် သင့်တင့်လျှောက်ပတ်တဲ့တွေးတောမှုလို့ခေါ်ရမယ့် (ဆင်ခြင်တုံတရား)ကို ဆိုလိုတာပါ။ အပ်ပျောက်နေရင် တနည်းအားဖြင့် မိမိမှာ
လုပ်အပ် မလုပ်အပ်နဲ့ ပြောအပ် မပြောအပ် စသည်
ဝေခွဲရခက်နေရင် (ဆင်ခြင်တုံတရား)လေးနဲ့
စဉ်းစားဆုံးဖြတ်ပါ။

(ဆင်ခြင်တုံတရား)ကိုဖြစ်ပေါ်စေဖို့ ပံ့ပိုးပေးတဲ့ အဓိကအကြောင်းတရားကတော့ (သတိနဲ့ ဉာဏ်ပညာ)ပါ။
အဲဒီတရား ၂ပါးကသာ မိမိတို့ရဲ့ပျောက်နေတဲ့”အပ်”ကို
ရှာဖွေပေးနိုင်မှာပါ။
ဒါကြောင့်မို့ ပျောက်နေတဲ့”အပ်”ကိုရှာဖွေဖို့ မိမိတို့မှာ
”ဆင်” ရှိဖို့လိုပါတယ်။ နည်းမှန်လမ်းမှန် သမာသမတ်ကျကျ စဉ်းစားတွေးခေါ် ချင့်ချိန်သုံးသပ်နိုင်မှု(အခံ) ရှိရပါမယ်။

အဲဒီ နည်းမှန်လမ်းမှန်တွေးခေါ် သုံးသပ်နိုင်စွမ်းဆိုတဲ့(အခံ)ကို ရရှိဖို့ရာ မှာမိမိတို့အနေနဲ့ (ကလျာဏ)မိတ်ဆွေ သူတော်ကောင်းမိတ်ဆွေရှိရပါမယ်။ ပညာရှိသူတော်ကောင်းဆရာများထံမှာ ကောင်းမြတ်တဲ့ လေ့လာသင်ယူမှုတွေ
ပြုလုပ်ရပါမယ်။

အဲဒီလို လေ့လာသင်ယူနိုင်အောင်လည်း နည်းမှန်
လမ်းမှန်တွေကို လက်ဆင့်ကမ်းပြောပြ ဟောပြနိုင်တဲ့
သူတော်ကောင်းပညာရှိတွေကို ပေါင်းဖော်
ဆည်းကပ်ရပါမယ်။ ပညာရှိ သူတော်ကောင်းတွေနဲ့ အဆွေခင်ပွန်းဖြစ်ရတာဟာ မိမိတို့အတွက် ပစ္စုပ္ပါန်ဘဝမှာရော တမလွန်ဘဝတွေအထိ ကောင်းကျိုးချမ်းသာကို
ဖြစ်စေပါတယ်။

ဒါကြောင့်မြတ်စွာဘုရားရှင်က
“အဆွေခင်ပွန်းကောင်းရှိသူဟာ မြင့်မြတ်တဲ့စရိုက်လက္ခဏာ မြင့်မြတ်တဲ့ အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက် ပြီးပြည့်စုံစေတယ်” လို့
(သဂါထာဝဂ္ဂ သံယုတ်ပါဠိကလျာဏမိတ္တ) သုတ်မှာ ဟောကြားတော်မူခဲ့ပါတယ်။

ထို့ကြောင့် မိတ်ဆွေ သူတော်ကောင်းအပေါင်းတို့မှာလည်း ကောင်းမွန်သော ကလျာဏမိတ္တတို့ဖြင့် ပေါင်းဖော်မှီဝဲပြီး
တခါတရံ ပျောက်နေတတ်တဲ့မိမိတို့ အပ်ကို ဆင်စီးပြီး ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ တောင်းဆုပတ္ထနာ အခါခါ ပြုလိုက်ပါကြောင်း......။

လေးစားစွာဖြင့် credit - မူရင်းရေးသားသူ

#လူငယ်တွေအောင်မြင်ဖို့
#လူငယ်တို့အတွက်မှတ်သားစရာ
#အပ်ပျောက်သွားရင်ဆင်နဲ့ရှာပါ
#crdphoto #foryoupageシ

image

အမရယ် အားမနာပါနဲ့ သူ့မှာညီမအပြင် ဘယ်နှစ်ယောက်ရှိလဲ ပွင့်ပွင့်လင်းလင်းသာပြောပါနော်

မီ : : ဒီလောက်ပဲညီမလေး (စာကြွင်း: : ခြေထောက်ပါထည့်တွက်ရန်)

image

ကြက်သားဘူးသီး ကာလသားချက်

ကြက်ကိုတော့ အိမ်ကြက်ပဲသုံးထားပါတယ် ကြက်သားထဲကို ဆား အရသာမူန့် ကြက်သားမူန့် ငံပြာရည် ငပိအနည်းငယ်ရောပြီး နှယ်ထားပါတယ်

ဘူးသီး ခရမ်းချဥ်သီး စပါးလင် နံနံပင် လှီးထားပါ

ကြက်သွန်နီ ကြက်သွန်ဖြူ ငရုပ်သီးခြောက်တို့ကို ညှက်နေအောင်ထောင်းထားပေးထားပါ

ထောင်းထားတဲ့ ငရုက်အနှစ်နဲ့ စပါးလင် ကြက်သားတွေကို ရောနှယ်ပြီး ဆီထည့် အရသာတွေထည့်ပြီး မာမာတင်းတင်းဖြစ်တဲ့အထိချက်ထားပေးပါ ရလာရင်တော့ ဘူးသီး ခရမ်းချဥ် ရေထည့်ပြီး နူးနေအောင်ချက်ပေးလိုက်ပါ နောက်ဆုံး နံနံပင်ထည့်ပြီး အပေါ့အရသာမြည်း လိုအပ်တာထပ်ထည့်ပါ အရမ်းအရသာရှိ့တဲ့ ကြက်သားကာလသားချက်လေး ရပါပြီးနော်

image

အသည်း၊ ကျောက်က'ပ်အတွက် ကောင်းမွန်တဲ့အပြင် က'င်ဆာကိုပါ တိုက်ဖျက်ပေးနိုင်တဲ့ သင်္ဘောသီးစေ့စားပေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ.........

သင်္ဘောသီးကိုစားတဲ့အခါမှာ အစေ့ကိုအမြဲတမ်းလွှင့်ပစ်လေ့ရှိပါတယ်။ သင်္ဘောစေ့ရဲ့ အကျိုးကျေးဇူးတွေကို သိပြီးရင်တော့ လွှင့်ပစ်တော့မှာမဟုတ်ဘူးလို့ တွေးမိပါတယ်။ ဘာလို့လဲဆိုတော့ သင်္ဘောစေ့မှာ ရောဂါပေါင်းများစွာကို ကုသပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါ၀င်နေလို့ပါပဲ။

သင်္ဘောသီးစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ.......

၁။ က'င်ဆာ
သင်္ဘောစေ့ဟာ က'င်ဆာတိုက်ဖျက်ရေးအတွက် အထူးကောင်မွန်တဲ့ ဆေးတစ်လက်ပါပဲ။ ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို တားဆီးပေးနိုင်ပြီး ရင်သားက'င်ဆာ၊ အူမကြီးက'င်ဆာ၊ သွေ;က'င်ဆာ ၊ ဆီ;ကြိတ်က'င်ဆာနဲ့ အဆုတ်က'င်ဆာဖြစ်ပွားမှုကို ပျောက်ကင်းစေနိုင်ပါတယ်။

၂။ အသည်းကျန်းမာရေး
သစ်သီးဖျော်ရည် (သို့) အစားအစာတွေထဲမှာ သင်္ဘောသီးစေ့ ၅ စေ့ ၆ စေ့လောက်ကို ရောပြီးစားပေးတာဟာ အသည်းခြောက်ခြင်းကို ကာကွယ်ပေးနိုင်ပြီး အသည်းကိုကျန်းမာစေပါတယ်။

၃။ ကျောက်က'ပ်ကျန်းမာရေး
သင်္ဘောစေ့ဟာ ကျောက်ကပ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုကို တိုးတက်ကောင်းမွန်စေပါတယ်။

၄။ ရောင်ရမ်းမှုကို သက်သာစေတဲ့ ဂုဏ်သတ္တိများ.....
သင်္ဘောစေ့မှာ ရောင်းရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိတွေပါ၀င်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာ၊ အရိုးအဆစ်တွေနာကျ'င်တာတွေကို သက်သာစေပါတယ်။

၅။ ဘက်တီးရီးယားကိုတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများ
သင်္ဘောစေ့မှာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ဂုဏ်သတ္တိတွေပါ၀င်ပြီး သွေးလွန်တုပ်ကွေး အူရောင်ငန်းဖျား စတဲ့ရောဂါတွေ အလွယ်တကူဝင်ရောက်ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

၆။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း
သင်္ဘောစေ့မှာ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေပါ၀င်နေပါတယ်။ သင်္ဘောသီးစေ့ကို တစ်နေ့တစ်ဇွန်းလောက် စားပေးသင့်ပါတယ်။

သင်္ဘောစေ့ကိုဘယ်လိုစားမလဲ....?
သင်္ဘောစေ့ကိုကြိတ်ပြီး နွားနို့၊ သစ်သီးဖျော်ရည် (သို့) အသုပ်တွေထဲမှာထည့်စားနိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး နဲ့ အထူးသတိပေးချက်........
ကိုယ်ဝန်ဆောင်မိခင်များ ရှောင်ရှားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမွေးလာတဲ့အခါ နို့ဖြတ်ရခက်ပါတယ်။ အရွယ်ရောက်လာပေမဲ့ နို့ဖြတ်မရဘဲ ဖြစ်စေတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များ သင်္ဘောစေ့မစားခင်မှာ ဆရာဝန်တွေနဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

Crd -

image