"2017 ခုနှစ် စမ်းချောင်းမှ ခြောက်လှန့်မှု"📌(သူတိုပြောပြတဲ့ အကြောင်းအရာများ S03 EP09)

ယခုချိန်ဝယ်ဆင်ခြင်ဖွယ်
မရဏာနုဿတိ
☠☠☠☠☠☠☠☠☠
မရဏဿတိ
( မရဏာနုဿတိ) အကျိုး ၁၂မျိုး ။
၁. သေခြင်းကို အဖန်ဖန်အထပ်ထပ် နှလုံးသွင်းမှုအစွမ်းဖြင့် အဖန်တလဲလဲမှီဝဲခင်းဟူသည့် အာသေဝနပစ္စည်းကို ရ၏။ သေခြင်း၌အာရုံရှိသော သတိကိုတည်၏။
၂. နီဝရဏတို့ငြိမ်းကုန်ပြီး စျာန်အဂ်ါထင်ရှားစွာဖြစ်ပေါ်လာ၏ ။ ဥပစာရစျာန်ကိုရရှိပါ၏။
၃. အဖန်တလဲလဲအားထုတ်သောရဟန်းယောဂီတို့သည် အမြဲမပြတ်မမေ့မလျော့ခြင်းဖြစ်ပေါ်ပါ၏။
၄. အလုံးစုံသော ဘဝဂတိ ( ဘုံဘဝကိုးပါး) ၌ မမွေ့လျော်ခြင်းဟူသော အမှတ်သညာကို ရရှိပါ၏။
၅. အသက်၌ ကပ်ငြိတွယ်တာခြင်းဟူသည့် နိကန္တိတဏှာကို ပယ်စွန့်ပါ၏။
၆. မကောင်းမှုကို စပ်ဆုပ်ပါ၏။
၇. သိုမှီးသိမ်းဆည်းမများခြင်းသည် ဖြစ်၏။
၈. ပစ္စည်းပရိက္ခရာတို့၌ ဝန်တိုမှုကင်းရ၏။
၉. ထိုယောဂီအားလည်း အနိစ္စသညာသည်လည်း လေ့လာခြင်းသို့ ရောက်၏။
၁၀. ထိုအနိစ္စသညာကို လေ့လာခြင်းကြောင့် ဒုက္ခသညာ,အနတ္တသညာ,တို့သည်လည်း ထင်ရပါ၏။
၁၁. မရဏဿတိကမ္မဋ္ဌာန်းကို မပွားများသူတို့သည် သေခါနီးကာလ၌ သားရဲ,ဘီလူး,မြွေ, ဓားပြ, သူခိုး, လူသတ်သမားတို့၏ ရုတ်တရက်အနှိပ်စက်ခံရသကဲ့သို့ - ကြောက်ခြင်း,ထိတ်လန့်ခြင်း, တွေဝေခြင်းသို့ ရောက်ရပါ၏။
မရဏဿတိပွားသူတို့သည် ကြောက်ခြင်း, ထိတ်လန့်ခြင်း, တွေဝေခြင်း,မရှိဘဲ သေကြရပါ၏။
၁၂. အကယ်၍ မျက်မှောက်ဘဝ၌ အမြိုက်နိဗ္ဗာန်ကို မရသည်ရှိသော် ခန္ဓာကိုယ်ပျက်ကြွေ၍ သေသည်၏နောက်၌ သုဂတိဘဝသို့ ရောက်ရပါ၏။
အသိများတိုးပွား၍ အကျင့်များကို ကျင့်ကြံနိုင်ကြပါစေလို့...
စေတနာဖြင့် -* အမြတ်နွယ် *

image
37 w - Translate - Youtube

နောက်ဘဝမှာများဆုံခဲ့ရင် - ဂရေဟန်

နောက်တစ်ခါ show ပွဲသွားရင်
ဒါမျိုးလေး သွားကြနော်...

image
37 w - Translate

မေတ္တာအကျိုး (၁၁) မျိုး

မေတ္တာဘာဝနာကို ကြိမ်ဖန်များစွာ ပွားများအားထုတ်သော ပုဂ္ဂိုလ်အား ရရှိနိုင်သော အကျိုးတရား (၁၁)ပါး

(၁) သုခံ သုပတိ - ချမ်းသာစွာ အိပ်စက်ရခြင်း။
(၂) သုခံ ပဋိဗုဇ္ဈတိ - ချမ်းသာစွာ နိုးထရခြင်း။
(၃) န ပါပကံ သုပိနံ ပဿတိ - အိပ်မက်ဆိုးများ မမြင်မက်ခြင်း။
(၄) မနုဿာနံ ပိယော ဟောတိ - လူတို့ ချစ်ခင်ကြခြင်း။
(၅) အမနုဿာနံ ပိယောဟောတိ - နတ်တို့ ချစ်ခင်ကြခြင်း။
(၆) ဒေဝတာ ရက္ခန္တိ - နတ်တို့၏စောင့်ရှောက်မှုကို ခံရခြင်း။
(၇) နာဿ အဂ္ဂိ ဝါ ဝိသံ ဝါ သတ္တံ ဝါ ကမတိ - မီး၊ အဆိပ်၊ ဓား လက်နက် စသော အန္တရာယ်များ မကျရောက်နိုင်ခြင်း။
(၈) တုဝဋံ စိတ္တံ သမာဓိယတိ- လျင်မြန်စွာ စိတ်၏ တည်ကြည်မှုကို ရရှိခြင်း။
(၉) မုခဝဏ္ဏော ဝိပ္ပသီဒတိ- ကြည်လင်ရွှင်ပြသော မျက်နှာရှိခြင်း။
(၁၀) အသမ္မုဠှော - မတွေဝေပဲ သေရခြင်း။
(၁၁) ဥတ္တရိ အပ္ပဋိဝိဇ္ဈန္တော ဗြဟ္မလောကူပဂေါ ဟောတိ - အရဟတ္တမဂ်ဖိုလ် မရသေး၍ မေတ္တာစျာန်ဖြင့် သေလျှင် ဗြဟ္မာ့ပြည်သို့ လားရောက်ရခြင်း။
လင်္ကာ -
အိပ်, နိုး ချမ်းသာ၊ ကောင်းစွာအိပ်မက်၊
ချစ်လျက်လူနတ်၊ စောင့်လတ်နတ်များ၊
မမီး-ဆိပ်-ဓားတို့ ရှောင်ရှားကိုယ်မှာ၊
လျင်စွာစိတ်တည်၊ ရွှင်ကြည်မျက်နှာ၊
သေကာမတွေ၊ လားလေဗြဟ္မာ၊
ဆယ့်တစ်ဖြာသည်၊ မေတ္တာပွားမှု အကျိုးတည်း။

image
37 w - Translate

S Line တစ်ကြောင်းမှ မရှိလို့ ဒီလို အထင်သေး အနှိမ်ခံရမဲ့သူလေးတွေကို mention ခေါ်ကြည့်ပါလား 😆😆😆

#slinedrama

image
37 w - Translate

မွန်ဂိုလီးယားတွင်မြေရှားအသစ်တစ်မျိုးကို တရုတ်ကတွေ့ရှိ

ဝူဟန်၊ ဇူလှိုင် ၁၈

တရုတ်ဘူမိဗေဒပညာရှင်အဖွဲ့တစ်ဖွဲ့သည် တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မြေရှားပါးသတ္တုသိုက်အကြီးစားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

Huanghoite-(Nd) အဖြစ် နိုင်ငံတကာ သတ္တုဗေဒအသင်းကြီးက တရားဝင်အမည်ပေးထားသည့် မြေရှားသည် နီအိုဒီမီယမ်သတ္တု အဓိကပါဝင်ထားသည့် ကာဗွန်နိတ်ဓာတ်သတ္တုတစ်မျိုးဖြစ်ပြီး လျှပ်စစ်ကား‌ မော်တာများနှင့် ကမ်းလွန်လေအားတာဘိုင်များကို ပံ့ပိုးပေးသည့် အရေးကြီးသော သံလိုက်သတ္တုဖြစ်သည်။

တရုတ်နိုင်ငံ၊ ဝူဟန်ရှိ တရုတ်ဘူမိသိပ္ပံတက္ကသိုလ် (ဝူဟန်) နှင့် မွန်ဂိုလီးယား အတွင်းပိုင်း ဘူမိဗေဒ စစ်တမ်း အင်စတီကျုမှ သုတေသီများသည် ကမ္ဘာ့အကြီးဆုံး မြေရှားသတ္တုတွင်းဖြစ်သည့် Bayan Obo သတ္တုစိမ်း သတ္တုသိုက်အတွင်း အဆိုပါသတ္တုတွင်း၏ အလယ်ပိုင်း၌ ယခုသဘာဝအရင်းအမြစ်မြေရှားအသစ်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဖွဲ့ကို ဦးဆောင်သူ ဇောင် လိုင်ရှီ က တွေ့ရှိမှုသည် ယင်းသတ္တုသိုက်၏ အနုစိတ်သော ဘူမိဓာတုဗေဒနှင့် အရင်းအမြစ်အမျိုးမျိုး ကွဲပြားမှုကို ထင်ဟပ်စေသည်ဟု ဆိုထားသည်။

image
37 w - Translate

သူတော်ကောင်း လက္ခဏာ(၅)ပါး

(၁) မိမိအပေါ်ပြုဖူးသော သူတစ်ပါး၏ ကျေးဇူးကိုသိခြင်း။
(၂) ထိုကျေးဇူးကိုလည်း တစ်ဖန်ပြန်လည် ပေးဆပ်ခြင်း။
(၃) မိတ်ကောင်းဆွေကောင်း ဆရာကောင်း ရှိခြင်း။
(၄) ထို မိတ်ကောင်းဆွေကောင်း ဆရာကောင်း ကို စွဲမြဲစွာ မှီဝဲဆည်းကပ်နည်းယူခြင်း။
(၅) ဆင်းရဲဒုက္ခရောက်နေကြရသော ပုဂ္ဂိုလ်တို့အား ကြင်ကြင်နာနာ ပြုစုစောင့်‌ရှောက်ခြင်း။
ဤအချက်များနှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို သူတော်ကောင်းဟူ၍ ဘုရားအစရှိသော သူတော်သူမြတ်တို့သည် ချီးမွမ်းမြွက်ဆိုတော်မူကြလေကုန်၏။

လင်္ကာ -
"ကျေးဇူးသိတတ် ကျေးဇူးဆပ်
မိတ်မြတ်မိတ်ကောင်း ရှိပါစေ။
မိတ်ကောင်းကိုပဲ အသဲစွဲ
မှီဝဲဆည်းကပ် နည်းယူစေ။
ဒုက္ခရောက်သူ ကြုံတွေ့မူ
ယုယုယုယ ပြုစုလေ
သူတော်ကောင်းလက္ခဏာ ဤငါးဖြာ
ကိုယ့်မှာပြည့်ဝ ဖြည့်ကြလေ။"

ပါဠိတော် -
"ယော ဝေ ကတညူ ကတဝေဒိ ဓီရော၊
ကလျာဏမိတ္တော ဒဠှဘတ္တိ စ ဟောတိ၊
ဒုခိတဿ သက္ကစ္စ ကရောတိ ကိစ္စံ၊
တထာဝိဓံ သပ္ပုရိသံ ဝဒန္တိ"

image

ပါဝင်ပစ္စည်း ၃ မျိုးတည်းနဲ့ အိမ်မှာလုပ်စားနိုင်တဲ့ ရေခဲမုန့်!

ပူပြင်းတဲ့ရာသီဥတုမှာ အပူဒဏ်ကို ပြေပျောက်စေဖို့ ဒီရေခဲမုန့်လုပ်နည်းလေးကို လုပ်စားကြည့်ပါနော်........😋🔥🔥🔥

ပြုလုပ်နည်းအဆင့်ဆင့်.........
၁။ Milo (မိုင်လိုနို့ဘူး) ၁၈၀ မီလီလီတာဘူး ၄ ဘူး
(စုစုပေါင်း ၇၂၀ မီလီလီတာ) ကို အိုးထဲသို့ ထည့်ပါ။
၂။ ပြောင်းဖူးမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပါ။
နို့ဆီ ၅၀ မီလီလီတာ (လိုအပ်ရင်ထပ်ထည့်နိုင်ပါသည်)
တို့ကို ထည့်ပြီး ပြောင်းဖူးမှုန့်ပျော်ဝင်သွားသည်အထိ
သမအောင် မွှေပါ။
၃။ မီးအလယ်အလတ်ဖြင့် အပူပေးပြီး အရောအနှောများ
ပျစ်လာသည်အထိ တည်ပါ။ အနှစ်များပျစ်လာပါက
မီးပိတ်ပြီး အအေးခံထားပါ။
၄။ အနှစ်များကို အဖုံးပိတ်နိုင်သော ဘူးထဲသို့ထည့်ပြီး
ရေခဲသေတ္တာ၏ ရေခဲခန်းထဲတွင် ရေခဲမုန့်ခဲသည်အထိ
ထည့်ထားပါ။
၅။ ခဲသွားသောအခါ ရေခဲသေတ္တာထဲက ထုတ်ပြီး ဓားဖြင့်
အတုံးသေးသေးလေးများ ဖြစ်အောင် လှီးပါ။
၆။ ထို့နောက် ရေခဲမုန့်သား နူးညံ့ချောမွေ့စေရန် ဖျော်စက်ဖြင့်
ကြိတ်ပါ။ ပြီးရင် အဖုံးပိတ်နိုင်သည့် ဘူးထဲကို ပြန်ထည့်ပါ။
၇။ ထို့နောက် ရေခဲသေတ္တာ၏ ရေခဲခန်းထဲတွင် ၅-၆ နာရီခန့်
ထပ်မံထည့်ထားပြီး ရေခဲမုန့် ခဲသည်အထိ စောင့်ပါ။
၈။ ပြီးရင်တော့ ခပ်ပြီး စားသုံးနိုင်ပါပြီ.........။😋

image