" ဘဝမှာ အမှားဆိုတာ မရှိဘူး ။ သင်ခန်းစာပဲရှိတယ် ။ ဘဝမှာ အနုတ်လက္ခဏာဆောင်တဲ့ အ​တွေ့အကြုံဆိုတာ မရှိဘူး ။ တိုးတတ်ဖို့ ၊ သင်ယူဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ပိုထိန်းချုပ်တတ်နိုင်ဖို့ အခွင့်အရေးတွေပဲ ရှိတယ် ။ ရုန်းကန်မှုတွေက အင်အား ဖြစ်လာတယ် ။ နာကျင်ခြင်းဆိုတဲ့အရာတောင်မှ အကောင်းဆုံးဆရာ ဖြစ်နိုင်တယ် "
ဒီစာအုပ်ကို ဖတ်မိလိုက်တာ နောင်တရတယ် ။ သိနေတာကြာပြီ ခုမှ ဖတ်မိရလေခြင်းဆိုတဲ့ အဖတ်နောက်ကျလေခြင်းဆိုတဲ့ နောင်တမျိုးပါပဲ ။
ဖာရာရီလမ်းခွဲ တဲ့ ။ စာအုပ်နာမည်လေးက ကဗျာဆန်ဆန်လေးပါပဲ ။ နာကြင်ဖွယ် လမ်းခွဲတစ်ခုခုကို ရည်ရွယ်ပြီး ရေးသားထားတဲ့ ဝတ္ထုလို့ တွေးထင်စရာပေါ့ ။
ကျနော်လည်း အရင်က ဒီလိုပဲ ထင်ထားခဲ့တာပါ ။ ဖတ်ကြည့်လိုက်တော့မှာ ကိုယ် ထင်ထားတာနဲ့ လုံးဝ ကွဲလွဲနေကြောင်းသိလိုက်ရတယ် ။ အို.. ဖာရာရီလမ်းခွဲဆိုတာ
နာကျင်စရာ တစ်စုံတစ်ခုနဲ့ လမ်းခွဲခြင်းကို ရေးသားထားတာမှမဟုတ်ဘဲ ပျော်ရွှင်ဖို့ အောင်မြင်ဖို့ အတွက်
အကောင်းဆုံး ဆေးနည်းတစ်ခု ဘဝအဓိပ္ပါယ်အစစ်ကို တွေ့ရစေမယ့် စိတ်ရဲ့သော့ချက်တစ်ခုကို လမ်းညွှန်ထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်နေပါတယ် ။
နိုင်ငံကျော် ထိတ်ထိတ်ကြဲ ရှေ့နေကြီး ဂျူလီယန်မန်တဲလ် ဆိုတဲ့လူတစ်ယောက်ဟာ စည်းစိမ်ဥစ္စာတွေ အောင်မြင်မှုတွေ နဲ့ လူတိုင်း လိုချင်မက်မောစရာတွေကိုပိုင်ဆိုင်ပြီး လိုလေသည်မရှိ ပြည့်စုံတဲ့ဘဝတစ်ခုကို ရရှိထားခဲ့တယ် ။ ငွေကြေးဥစ္စာတွေ ရာထူးစည်းစိမ်တွေနဲ့
ပြည့်ပြည့်စုံစုံနေရပေမယ့်လည်း အသက် ၅၃ နှစ်အရွယ် ဂျူလီယန်ဟာ အသက် ၇၀ အရွယ် အဖိုးအိုတစ်ယောက်လို အိုစာနေခဲ့တယ် ။ သူ့အလုပ်ရဲ့ ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်ပျက်စီးတာတွေ ရှိလာတာပေါ့ ။ တစ်နေ့ ဂျူလီယန်ဟာ သူ့အလုပ်ဖြစ်တဲ့ တရားရုံးအတွင်းမှာပဲ နှလုံးထဖောက်ပြီး လဲကျသွားခဲ့တယ် ။ ဒီမတိုင်ခင်ကမှ စိတ်ဒဏ်ရာတစ်ခုကိုလည်း သူ ရနေခဲ့တယ် ။ နောက်ဆုံး သူ့အလုပ်ကိုတောင် စွန့်လွှတ်လိုက်ရတယ် ။ ဒီလိုနဲ့ ဂျူလီယန်ဟာ သူပိုင်ဆိုင်သမျှတွေကို ရောင်းချပြီး ရှေးဟောင်း ယဥ်ကျေးမှု ရှေးဟောင်းအလေ့အထတွေပေါတယ် ။ အိန္ဒိယကို ထွက်ခွာခဲ့တယ် ။ ဒီနောက် ဟိမဝန္တာတောနက်ထဲမှာရှိတဲ့ သူတော်စင်ကြီးတွေနဲ့ဆုံပြီး ဘဝရဲ့အဓိပ္ပါယ်ကို ရှာတွေ့သွားခဲ့တယ် ။ တကယ်အောင်မြင်တဲ့ဘဝ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုယူရသလဲဆိုတဲ့အချက်ကို
ပိုင်ပိုင်နိုင်နိုင် သိသွားခဲ့တယ် ။
အရာရာတိုင်းဟာ အကြောင်းမဲ့ဖြစ်ခဲ့ကြတာ မဟုတ်ဘူး
ဘဝမှာ ဖြစ်ပျက်သမျှအရာတိုင်းမှာ အကြောင်းပြချက်ရှိပြီး ကျရှုံးမှုတိုင်းမှာလည်း သင်ခန်းစာယူစရာတွေ ကိန်းဝပ်နေပါတယ် ။ ဘယ်လိုကျရှုံးမှုပဲဖြစ်ဖြစ် ကျရှုံးမှုတိုင်းဟာ လူတစ်ယောက် တိုးတက်ဖို့ အမြဲအသုံးဝင်ပါတယ် ။ ပြီးဆုံးသွားတဲ့ အတိတ်တွေအတွက် ဘယ်တော့မှ နောင်တမရပါနဲ့ ။ အဲဒီအစားအတိတ်ဟာ ကိုယ့်ကို ဘဝအကြောင်းသင်ပေးနေတဲ့ ဆရာတစ်ယောက်အဖြစ်သာ စိတ်ထဲသတ်မှတ်ထားပါ ။
ဒါကတော့ ဂျူလီယန်ကို သူတော်စင်တစ်ယောက်
ပြောခဲ့တဲ့စကားပေါ့ ။ စိတ်ဆိုတာ အကောင်းဆုံးအစေခံပါ ။ ဒါပေမယ့် အဆိုးရွားဆုံး သခင်လည်း ဖြစ်နေတတ်တယ် ။ ဒါက ဂျူလီယန် ပြောခဲ့တဲ့စကားပါပဲ ။
ဆရာမိုးရှင်းရဲ့ ဖာရာရီလမ်းခွဲ ဆိုတဲ့ ဒိီစာအုပ်လေးဟာ သေချာတာကတော့ တစ်ခါဖတ်ပြီး မေ့ပစ်ရမယ့်စာအုပ်မဟုတ်ပဲ အကြိမ်ကြိမ်ပြန်ဖတ်ပြီး စွဲမြဲနေရမယ့်စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ ။ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေ အလေ့အကျင့်တွေ နည်းလမ်းတွေဟာ ကျနော်တို့ လျှောက်လှမ်းနေတဲ့ ဘဝမှာ စစ်မှန်တဲ့အောင်မြင်မှုတွေ စိတ်ချမ်းသာပျော်ရွှင်မှုတွေကို ရှာတွေ့ဖို့ အကောင်းဆုံး အထောက်အကူ ဖြစ်စေပါတယ် ။
#ရိပ်ငြိမ်
#ဖာရာရီလမ်းခွဲ
#မိုးရှင်း

image

ခွင့်လွှတ်တာ နဲ့ (Chance) အခွင့်အရေး ပေးတာက တူသလိုလိုနဲ့ မတူပါဘူး ။
လူတွေကို ခွင့်လွှတ်ပေးတဲ့ အကြိမ်အရေအတွက် များသွားခဲ့ရင် ငါ ဘာလုပ်လုပ် သူ ခွင့်လွှတ်မှာပဲ ။ သူက ငါ့ကို ချစ်တာခင်တာပဲဆိုပြီး ခင်ဗျားကို တန်ဖိုးမထားတော့ဘဲ လျှော့တွက်လာလိမ့်မယ် ။
နောက်ပိုင်း စော်ကားတဲ့ အဆင့်ထိကို ဖြစ်လာပါလိမ့်မယ် ။ အဲဒါကို ပေတေပြီး ခွင့်မလွှတ်ချင်နဲ့ ။ ချစ်တာချစ်ပါ ခင်တာခင်ပါ ။ နွားအကျမခံပါနဲ့ ။ တစ်ခါတလေ နည်းနည်း မှားမိတာမျိုးနဲ့ ခင်ဗျားအပေါ် လုပ်လို့ရလို့ကို ဂရုမစိုက်ဘဲ လုပ်နေတာက မတူပါဘူး ။
တစ်ခါတလေ မှားမိတဲ့လူကို ခွင့်လွှတ်သင့်ပေမယ့် လုပ်လို့ရလို့ကို ခင်ဗျားအပေါ် လုပ်တဲ့သူကိုကျ ခွင့်မလွှတ်
သင့်ဘူး ။ အခွင့်အရေးပဲ ပေးသင့်တော့တယ် ။ ကျွန်တော်ကတော့ အမြဲခွင့်လွှတ်ရတာကို မကြိုက်ဘူး ။ အခုနောက်ပိုင်း လူတွေကို အခွင့်အရေးပဲ ပေးတော့
တယ် ။
တစ်ခါမှားတယ် ခွင့်လွှတ်တယ် ။ နှစ်ခါမှားတယ် သံယောဇဉ်ပေါ်မူတည်ပြီး ခွင့်လွှတ်ချင် ခွင့်လွှတ်ဦးမယ်။ နောက်တစ်ခါကျ အခွင့်အရေးလောက်ပဲ ထပ်ပေးဖြစ်တော့တယ် ။ ထပ်မှားရင် စော်ကားတာဖြစ်သွားပြီ ။ စော်ကားရင်ကျတော့ ဘယ်လောက်ပဲ ချစ်ခင်ရတဲ့သူ
ဖြစ်ဖြစ် ဘဝထဲက ထုတ်ပစ်နိုင်အောင် ကြိုးစားလိုက်တယ် ။
ချစ်သူရည်းစားဖြစ်ဖြစ် ၊ သူငယ်ချင်းဖြစ်ဖြစ် မကောင်းရင် စွန့်ပစ်ပါ ။ မကောင်းမှန်းသိသိနဲ့ အားနာပြီး ဆက်မပေါင်းဖြစ်ပါနဲ့ ။ အားနာပြီးဆက်ပေါင်းရင် ကိုယ်ပဲ ဆက်ပြီး ခံနေရမှာပါ ။
ကိုယ့်အပေါ် စော်ကားတဲ့လူတွေကို မုန်းဖို့တော့ မလိုအပ်ဘူး ။ မပတ်သက်ဘဲ နေနိုင်ဖို့ပဲ လိုတာပါ ။
ကျွန်တော်ကတော့ အဲလိုလူတွေကို ချစ်ခြင်း ၊ မုန်းခြင်း မရှိဘဲ လမ်းလျှောက်ထွက်ရင်း မျက်မှန်းတန်းမိလို့ ပြုံးပြနှုတ်ဆက်တဲ့ လူတစ်ယောက်အဆင့်လောက်မှာပဲ ထားဖြစ်တော့တယ် ။ မစွန့်လွှတ်နိုင်သေးလို့ ၊ သူတို့မရှိရင် မဖြစ်လောက်ဘူးလို့ ခင်ဗျား ထင်‌ကောင်းထင်နေလိမ့်မယ်
မထင်ပါနဲ့ ။ ဘဝထဲက ထုတ်ပစ်လိုက်ပါ ။ တစ်ခါတလေကျတော့ ကိုယ့်အနားမှာ မကောင်းတဲ့သူတွေ ရှိနေရင်
ကောင်းတဲ့သူတွေကပါ ကိုယ့်ကို ရှောင်သွားတတ်ကြပါတယ် ။ ဒီတော့ ပိုကောင်းတဲ့သူတွေ အနားရောက်လာဖို့ ကိုယ့်အနားက မကောင်းတဲ့လူတွေကို ဘဝထဲက ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ ။
#hope #sintnyi

image

လူတွေက လွတ်လပ်မှုနဲ့ စည်းကမ်းဆိုတာ
မသဲကွဲကြပါဘူး ။
လွတ်လပ်ခွင့်ဆိုတာ ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ရင်ကိုယ်ခံဆိုတဲ့ သဘောမဟုတ်ပါဘူး ။
သင့်အိမ်မှာ သင့်စိတ်ကြိုက် ကာရာအိုကေ သီချင်းအော်ဆိုတာ သင့်လွတ်လပ်ခွင့်ပါ ။ သို့သော် အဲဒီသီချင်းသံကြောင့် ဘေးအိမ်တွေ အနှောင့်အယှက်ဖြစ်ခဲ့ရင်တော့ သူများလွတ်လပ်ခွင့်ကို ချိုးဖောက်မိတာပါပဲ ။
ဒါကြောင့် စည်းကမ်းရှိရှိ လွတ်လပ်စွာ နေပါ ။
#ပီတိ (ပေကြီး)

image
24 w - Translate

တရုတ်နိုင်ငံရှိ Tianjin Binhai စာကြည့်တိုက်ဟာ အံ့မခန်းဗိသုကာလက်ရာတစ်ခုအဖြစ်ရှိနေရုံသာမက အကျယ်အဝန်းအားဖြင့် ကမ္ဘာပေါ်မှာအကြီးဆုံး စာကြည့်တိုက်ဆိုပြီးသတ်မှတ်ထားပါတယ် Tianjin မြို့မှာ တည်ရှိပြီး ၎င်းစာကြည့်တိုက်ဟာ စာအုပ်ပေါင်း ၁.၂ သန်းကျော်ကို ထားရှိထားကာ စတုရန်းပေ ၃၆၀,၀၀၀ နီးပါးကျယ်ဝန်းပါတယ်
ဒီစာကြည့်တိုက်ဟာ ကျောင်းသားတွေ၊ စာဖတ်သူတွေသာမကဘဲ ကမ္ဘာလှည့်ခရီးသွားတွေကိုပါဆွဲဆောင်ထားတဲ့နေရာတစ်ခုဖြစ်ပါတယ်
#knowledge #ဗဟုသုတ

image
24 w - Translate

Prague မြို့ မှာ ရှိတဲ့ Prague Orloj နက္ခတ်နာရီဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ကျော်ကတည်း ကနေ ဒီနေ့အချိန်ထိ လည်ပတ်နေဆဲဖြစ်ပါတယ် ၁၄၁၀ ပြည့်နှစ်က တပ်ဆင်ခဲ့တဲ့ Prague Orloj နက္ခတ်နာရီဟာ အချိန်ကိုသာ ပြသတာမဟုတ်ဘဲ နေ နဲ့ လ ရဲ့အနေအထား၊ ရာသီခွင် နဲ့ အထူးပွဲတော်ရက်တွေကိုပါ ပြသပေးပါတယ်
၄င်းရဲ့ရှုပ်ထွေးတဲ့ မျက်နှာပြင်ဟာ အလယ်ခေတ် အင်ဂျင်နီယာပညာ နဲ့ အနုပညာဒီဇိုင်း လက်ရာမြောက်မှုရဲ့ ပြယုဂ်တစ်ဘဲခုဖြစ်ပါတယ်
#knowledge #ဗဟုသုတ

image
24 w - Translate

ဒီ အီသီယိုးပီးယားသမ္မာကျမ်းစာကို သက်တမ်းအရင့်ဆုံး နဲ့ အပြည့်စုံဆုံး ခရစ်ယာန်သမ္မာကျမ်းစာအဖြစ် အသိအမှတ်ပြုထားပါတယ် ၎င်းကို ခရစ်နှစ် ၅ ရာစုခန့်ကတည်းက ရေးသားထားကာ ဆိတ်သားရေပေါ်မှာ စေ့စပ်သေချာစွာ ရေးသားထားပြီး ဒီနေ့အချိန်ထိ ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်
ဒီကျမ်းစာရဲ့ အထူးခြားဆုံးအချက်မှာ ၎င်းဟာ ပထမဆုံး သရုပ်ဖော်ပုံများပါရှိတဲ့ ကျမ်းစာဖြစ်ခြင်းပါ ခရစ်ယာန်ကျမ်းစာ နဲ့ ပုံပြင်ပြောခြင်း ပေါင်းစပ်ထားတဲ့ အစောဆုံးပုံစံတွေထဲမှ တစ်ခုဖြစ်ပါတယ်
ရာစုနှစ်များစွာကြာအောင် ဘာသာရေး ဆိုင်ရာ အမွေအနှစ်တစ်ခုကို ပဋိပက္ခ တွေကြားထဲမှ ဒီနေ့အချိန်ထိ ထိန်းသိမ်းထားနိုင်တာဟာ အလွန်လေးစားဖို့ကောင်းလှပါတယ်
#knowledge #ဗဟုသုတ

image
24 w - Translate

၁၉၂၀ ပြည့်နှစ်အလွန် ဒီနေ့ခေတ်လို ရေပိုက်တွေနဲ့ဆေးတဲ့ ကားရေဆေးဆိုင် တွေ မပေါ်သေးခင်တုန်းက ယာဉ်မောင်းတွေဟာ လမ်းပေါ်က ဖုန်တွေ၊ မြေမှုန့်တွေကို ဆေးကြောဖို့ တခြားနည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြပါတယ် သူတို့ဟာ "Auto Wash Bowl" လို့ခေါ်တဲ့ တိမ်ပြီး စက်ဝိုင်းပုံ ရှိတဲ့ ရေကန်လေးထဲကို ဖြည်းဖြည်းချင်း လှည့်ပတ်မောင်းကာ ကားအောက်ပိုင်းက ရွှံ့တွေနဲ့ ဖုန်တွေကို သန့်စင်ကြတာပါ

ကားဘီးတွေနဲ့ ကားအောက်ပိုင်းတွေ သန့်ရှင်းသွားပြီဆိုတာနဲ့ သူတို့ဟာ ကားအပေါ်ပိုင်းကိုတော့ လက်နဲ့ သေသေချာချာဆေးကြောကြပါတယ် ဒါဟာ ကားထိန်းသိမ်းမှုတွေမှာ အစောပိုင်းခေတ်က ရိုးရှင်းတဲ့ တီထွင်မှုတစ်ခုဖြစ်ပါတယ်

#knowledge #ဗဟုသုတ

image

အအီပြေ ဝက်သားမျှစ်ချဉ်ဟင်းတစ်ခွက်

ဝက်သားမျှစ်ချဉ်ဆိုတာ အသံကြားတာနဲ့ သွားရည်တောင်ကျလာလောက်တဲ့ထိကို မြန်မာထမင်းနဲ့တွဲဖက်စားရတဲ့ဟင်းလျာတွေထဲမှာ နာမည်ကြီးတဲ့ ဟင်းတစ်မယ်ပါ။ နာမည်ကြီးသလောက် ချက်ရတာလည်း အပန်းမကြီးတဲ့အပြင် အိမ်ရှင်မတွေအတွက် လွယ်ကူလွန်းတာမို့ ချက်နည်းလေးကိုလည်း ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ 4 ဦးစာ
ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)
ကြက်သွန်ဖြူ (အမြွှာကြီးတစ်မြွှာ) (ထောင်းထားပါ)
ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ ဇွန်းခွဲ
ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ ၅ ကျပ်သား
စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ချင်း လက်တစ်ဆစ်
ရေ တစ်လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ
ပထမဆုံး ဝက်သားကို အတုံးအနေတော်တုံးပြီး ကြက်သားမှုန့်၊နနွင်း၊သကြားတို့နဲ့ လုံးနယ်ထားပါ။ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းကို ရောထောင်းပြီး ဆီပူထဲ ထည့်ဆီသတ်ပါ။တစ်မိနစ်ခန့်ကြာတာနဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ငါးပိစိမ်းစားထည့်ကာ ဝက်သားလုံးထားတာ ထည့်မွှေပါ။ဝက်သားနဲ့ဆီသတ်ထားတဲ့အနှစ်တွေလုံးသွားပြီဆိုတာနဲ့ မျှစ်ချဉ်ထည့်မွှေပါ။နောက်ဆုံးမှ ရေတစ်လီတာခန့်ထည့်ပြီး ဝက်သားနူးအိအောင် မိနစ် ၂၀ခန့် မီးအားကောင်းကောင်းလေးနဲ့ ဆီကျန်ရေကျန်လေး ချက်ထားပါ။ကျက်တာနဲ့ အရသာရှိပြီး နူးအိနေတဲ့ ဝက်သားမျှစ်ချဉ်ဟင်းလေးကို မိသားစုတွေ ငါးပိရည်လေးနဲ့ ဝိုင်းဖွဲ့နယ်ဖတ်စားနိုင်ပါပြီ။

image

ခရမ်းသီးနှပ်🍆🍆

ခရမ်းသီး
ပုဇွန်ခြောက်
ကြက်သွန်နီပါးပါးလှီး
နနွင်းမှုန့်
ငရုပ်သီးအရောင်တင်မှုန့်
ဆီ
အချိုမှုန့်
ဆား

ခရမ်းသီး ၄ ခြမ်း ခြမ်းပြီး ဆားနဲ့ ဆေးရေစစ်ထား

အိုးထဲ ဆီထည့် ကြက်သွန်နီပါးပါးလှီးထားတာထည့် နနွင်းအနည်းငယ်ထည့် ငရုပ်အရောင်တင်မှုန့်ပါထည့်ပြီး ဆီသတ် ငရုပ်သီးအရောင်ရဲလာရင် ခရမ်းသီးထည့် ဆီမွှေးသတ် ၃ မိနစ်လောက်ကြာရင် ပုဇွန်ခြောက်/ အချိုမှုန့် / ဆား ရေအနည်းငယ်ထည့်ပြီး အဖုံးလေးအုပ်ထား အရည်များများစားချင်ရင် ရေအနည်းငယ်ချန်ချက် ဆီပြန်စားချင်ရင်တော့ ရေခမ်းအောင် ချက်လိုက်ရုံလေးပဲ

image

ရခိုင်ငပိထောင်း

မိမိနှစ်သက်ရာလငါးပုဇွန်ဂဏန်းတမျိုးမျိုး
ငရုပ်သီးစိမ်း ကုလားနံနံ အာပူရွက် ဂျင်းပင်စိမ်း စပါးလင်အနည်းငယ်
ပိကောင်းကောင်း ပဒဲကောအနည်းငယ်ထည့်
ဆား အရသာမူနိ့စားရင်ထည့် နနွင်းပါရုံ
နံနံပင် ပုရာသီး
နံနံပင်သံပုရာသီးမှလွဲ၍ကျန်တန်ဆာပလာများနူးအောင်ရေခမ်းပြုတ်ပါ
ပြီးရင်ထောင်း နံနံပင်ထည့်ထောင်း စားခါနီးမှသံပုရာရည်ညှစ်ထည့်
မည်သည့်အတို့အမြုတ်နဲ့မဆိုလိုက်ဖတ်တဲ့ မွှေးပျံ့တဲ့ရခိုင်ငပိထောင်း
လေးရပါပြီ😋

image