19 w - Translate

ဂျယ်လီလို အေးအေးလေး လိမ်းရမယ့်....
Eaoron Pearl Caviar Cream (50g)- 38500k
Instock
Caviar နဲ့ Pearl ပြောင်းစပ်ထားတဲ့ Cream လေးဖြစ်ပြီး Brightening ဖြစ်စေတာကြောင့် အသားအရေ
မညီညာတာ ၊ အမဲစက်နဲ့ နေလောင်ထားတာတွေကို အထူးသက်သာစေပြီး အသားအရေကို စိုပြည်ဖြူဝင်းစေပါတယ်
ချွေးပေါက်တွေလည်းကျဉ်းစေပြီး တင်းတိတ်အမဲစက်တွေလည်းသက်သာစေပါတယ်
လိမ်းလိုက်တာနဲ့ စိုစိုလေးခံစားချက်ဖြစ်စေပြီး အဆီပြန်ခြင်းကိုလဲ ထိန်းပေးသလို အသားခြောက်တဲ့သူအတွက်လည်း အစိုဓာတ်ပေးပါတယ်
Skin Tone ကို ဖြူဝင်းစေပြီး Glow & Glass Skin လေးကိုရရှိစေတယ်
ဥလေးတွေလည်းများပြီး လက်ဖဝါးနဲ့ပွတ်လိုက်တာနဲ့ အရင်လိုဘဲ ဖြူဖြူလေးနဲ့ glow သွားတာပေါ့နော်...
Texture လေးက ဂျယ်လီလို အိအိလေးနော်

image
19 w - Translate

ဂျယ်လီလို အေးအေးလေး လိမ်းရမယ့်....
Eaoron Pearl Caviar Cream (50g)- 38500k
Instock
Caviar နဲ့ Pearl ပြောင်းစပ်ထားတဲ့ Cream လေးဖြစ်ပြီး Brightening ဖြစ်စေတာကြောင့် အသားအရေ
မညီညာတာ ၊ အမဲစက်နဲ့ နေလောင်ထားတာတွေကို အထူးသက်သာစေပြီး အသားအရေကို စိုပြည်ဖြူဝင်းစေပါတယ်
ချွေးပေါက်တွေလည်းကျဉ်းစေပြီး တင်းတိတ်အမဲစက်တွေလည်းသက်သာစေပါတယ်
လိမ်းလိုက်တာနဲ့ စိုစိုလေးခံစားချက်ဖြစ်စေပြီး အဆီပြန်ခြင်းကိုလဲ ထိန်းပေးသလို အသားခြောက်တဲ့သူအတွက်လည်း အစိုဓာတ်ပေးပါတယ်
Skin Tone ကို ဖြူဝင်းစေပြီး Glow & Glass Skin လေးကိုရရှိစေတယ်
ဥလေးတွေလည်းများပြီး လက်ဖဝါးနဲ့ပွတ်လိုက်တာနဲ့ အရင်လိုဘဲ ဖြူဖြူလေးနဲ့ glow သွားတာပေါ့နော်...
Texture လေးက ဂျယ်လီလို အိအိလေးနော်

image
image
image
image
image
19 w - Translate

တရုတ်က အဆင့်မြင့် chip ထုတ်တဲ့ EUV နည်းပညာ ကြိုးပမ်းနေ
ကမ္ဘာပေါ်မှာ EUV စက်တွေကို ထုတ်နိုင်တာ နယ်သာလန်က ASML ကုမ္ပဏီတစ်ခုပဲ ရှိပါတယ်။
EUV စက်တွေက semiconductor ထုတ်လုပ်ရေးမှာ 7nm အောက် nodes တွေနဲ့ အဆင့်မြင့် chips တွေ ထုတ်ရာမှာ သုံးပါတယ်။ silicon wafers ပေါ်မှာ short-wavelength အလင်းသုံးပြီး circuit patterns တွေ ပုံဖော်တာပါ။
အခုတော့ ASML ရဲ့ သိပ္ပံပညာရှင်အကြီးအကဲဟောင်း တရုတ်ပညာရှင် လင်းနန်က ဦးဆောင်ပြီး တရုတ်ပြည်တွင်းမှာ ကိုယ်ပိုင် EUV စက်ထုတ်နိုင်အောင် ကြိုးပမ်းနေပါတယ်။ လင်းက ၂၀၂၁ မှာ ပြည်တော်ပြန်ပြီး အဆင့်မြင့် photolithography နည်းပညာသုတေသနအဖွဲ့တစ်ခု ထောင်ပါတယ်။
လင်းနန်က တော်တော် ထူးချွန်တဲ့ ပညာရှင်ပါ။ ASML မှာ အလုပ်မဝင်ခင်က ၂၀၂၃ ရူပဗေဒနိုဗယ်ဆုရှင် အန်းန် လူလီယာရဲ့ တပည့်ဖြစ်ခဲ့ပြီး IC ထုတ်လုပ်ရေးဘက်ဆိုင်ရာ lithography အတွက် အလင်းအရင်းအမြစ် light source သုတေသနဘက် ၁၀ နှစ်ကျော် အတွေ့အကြုံ ရှိခဲ့ပါတယ်။
သူ့အဖွဲ့မှာ တရုတ်သိပ္ပံအကယ်ဒမီက Shanghai Institute of Optics and Fine Mechanics က ပညာရှင်တွေ ပါပါတယ်။ အခု ဒီပညာရှင်တွေဟာ Photolithography စက်ရဲ့ အဓိကအစိတ်အပိုင်း ဖြစ်တဲ့ လေဆာထုတ် ပလာစမာ EUV အလင်းအရင်းအမြစ်တစ်မျိုး ထုတ်နိုင်ပြီလို့ ပြောပါတယ်။
တရုတ်လေဆာဂျာနယ်မှာ ထုတ်ခဲ့တဲ့ စာတမ်းထဲမှာ လင်းနဲ့ သူ့အဖွဲ့က Solid-state laser ပေါ် အခြေခံထားတဲ့ ပလက်ဖောင်းကို တည်ဆောက်ထားတာလို့ ရေးထားပါတယ်။ ASML ရဲ့ စက်တွေက CO2 လေဆာက ထုတ်တဲ့ အလင်းကို သုံးတာပါ။
CO2 လေဆာတွေက ပါဝါ ၁၀ ကီလိုဝပ်ကျော် ထွက်ပြီး repetition ကြိမ်နှုန်း ပိုမြင့်ပါတယ်။ ပါဝါပိုမြင့်ပေမယ့် လျှပ်စစ်စွမ်းအင်အရရော ထုတ်လုပ်ရေး operation အရပါ စရိတ်ကြီးတယ်လို့ ဆိုပါတယ်။
Solid-state လေဆာတွေက အရွယ်အစားကျစ်လျစ်ပြီး စွမ်းအင်ထိရောက်မှုလည်း ပိုကောင်းသလို အနာဂါတ်မှာ ပါဝါ ဝပ် ၁၀၀၀၀ အဆင့်ကို ရောက်မယ်လို့ မျှော်လင့်ထားပါတယ်။ တရုတ်ပညာရှင်တွေကတော့ Solid-State လေဆာတွေဟာ CO2 လေဆာနေရာပါ အစားထိုးနိုင်မယ်လို့ စာတမ်းမှာ ရေးထားတာပါ။
ASML ကတော့ CEO ခရစ္စတိုဖီ ဖောကွတ်ကတော့ "EUV Light တချို့ ဖန်တီးတာက ဖြစ်နိုင်ပါတယ်။ EUV စက်တွေ ထုတ်ဖို့ တရုတ်အနေနဲ့ နောက်နှစ်တွေ နှစ်တွေ အများကြီး ကြာပါလိမ့်မယ်" လို့ ပြောပါတယ်။ သူ့စကား မှန်မမှန်ကို စောင့်ကြည့်ရမှာပါ။
အမေရိကန်ကူးသန်းရောင်းဝယ်ရေးအကြံပေးပုဂ္ဂိုလ် နာဇက် နီကတ်တာကတော့ တရုတ်သာ ASML ဆီကလို စက်ယန္တရားမျိုး ဝယ်မယ်ဆိုရင် သုံးနှစ်အတွင်း ပြန်ထုတ်နိုင်မယ်လို့ သတိပေးဖူးပါတယ်။ လောလောဆယ် ASML က အမေရိကန်ရဲ့ ဖိအားကြောင့် ၂၀၁၉ က စပြီး အဆင့်မြင့် EUV models တွေ တရုတ်ကို ရောင်းခွင့်ပိတ်ထားပါတယ်။

image

ရင့်ကျက်လာတာနဲ့အမျှ မကောင်းပြောတတ်တဲ့လူတွေရဲ့စကားတွေကို လျစ်လျူရှုတတ်လာတယ် ။ ရင်ကျင့်လာတာနဲ့အမျှ စကားပြောရင် ထိန်းထိန်းသိမ်းသိမ်း ပြောတတ်လာတယ် ။
ရင့်ကျက်လာတာနဲ့အမျှ အလုပ်တစ်ခုခုဆို အဓိကနဲ့သာမညကို ခွဲခြားတတ်လာတယ် ။ ရင့်ကျက်လာတာနဲ့အမျှ ကလေးဆန်တဲ့ အတွေးအခေါ် ယူဆချက်တွေကို ရှက်တတ်လာတယ် ။ ရင့်ကျက်လာတာနဲ့အမျှ ပြဿနာ ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆုံးဖြတ်တတ်လာတယ် ။ ရင့်ကျက်လာတဲ့အမျှ လောကဓံက ပေးတဲ့ အခက်ခဲတွေကို အတွေ့အကြုံပေါ်လိုက်ပြီး မတုန်လှုပ်တော့ဘူး ။ ရင့်ကျက်လာတာနဲ့အမျှ အလိုမကျတဲ့ အရာတွေအပေါ် သည်းခံတတ်လာပြီး တော်ရုံလောက်နဲ့ ဝမ်းမနည်းတတ်တော့ဘူး ။
ရင့်ကျက်လာတာနဲ့အမျှ နှလုံးသားနဲ့ စဉ်းစားတာထက် ဦးနှောက်နဲ့ ပိုစဉ်းစားတတ်လာတယ် ။ ရင့်ကျက်လာတာနဲ့အမျှ ထားတတ်ရမယ့်စိတ် ၊ နေတတ်ရမယ့် အပြုအမူတွေပါ ရင့်ကျက်စွာ ပြောင်းလဲလာတယ် ။
ရင့်ကျက်လာတာနဲ့အမျှ စိတ်ညစ်စရာတွေ့ရင်တောင် တုန်လှုပ်တာမျိုး သိပ်မဖြစ်တတ်တော့ဘူး ။ ရင့်ကျက်လာတာတဲ့နဲ့အမျှ ကိုယ့်ကိုယ်ကိုယ်သာ ပိုတန်ဖိုးထားတက် ဂရုစိုက်တတ်ပြီး ချစ်တတ်လာတယ် ။ ရင့်ကျက်မှုဆိုတာ အသက်အရွယ်နဲ့ မဆိုင်ပါဘူး ။ သင့်ရဲ့လောကဓံ ၊ ဘဝသင်ခန်းစာတွေကပေးတဲ့ အတွေ့အကြုံတွေ ၊ ဒဏ်ရာတွေ ၊ အခက်ခဲတွေကြောင့်သာ ရင့်ကျက်လာခဲ့တာပါ ။ တချို့လူတွေ အသက်ငယ်ပေမယ့် ရင့်ကျက်စွာ တွေးခေါ်နိုင်ပြီး ဆုံးဖြတ်နိုင်စွမ်း ရှိကြပါတယ် ။ တချို့ကြ အသက်ကြီးနေပေမယ့်လည်း ရင့်ကျက်စွာ မတွေးခေါ်နိုင် ၊ မဆုံးဖြတ်နိုင်သေးတဲ့လူတွေလည်း ရှိပါသေးတယ် ။ ဒါကြောင့် ရင့်ကျက်မှုက အသက်အရွယ်နဲ့မဆိုင်ပါဘူး ။
#ဘယ်တော့မှအရှုံးမပေးပါနဲ့ #nevergiveup
#tiffa #တီဖာ

image
19 w - Translate

တရုတ်က DeepSeek သုံးပြီး တိုက်လေယာဉ်သစ် ဒီဇိုင်းထုတ်နေ
AI သုံးပြီး သင်္ချာတွက်ခိုင်းတဲ့ အဆင့်မဟုတ်တော့ဘူး။ အဆင့်မြင့် စစ်ဘက်သုံးရဟတ်ယာဉ် ဒီဇိုင်းဆွဲတဲ့နေရာမှာပါ AI သုံးတဲ့အဆင့် ရောက်လာပြီ။
တရုတ်က သူ့နိုင်ငံထုတ် DeepSeek ပလက်ဖောင်းကို သုံးပြီး စစ်လေယာဉ်သစ်တွေ ပုံစံထုတ်နေတယ်လို့ ဆိုပါတယ်။ လေယာဉ်ဒီဇိုင်းထုတ်တဲ့အထဲ ပါတဲ့ Shenyang လေယာဉ်ဒီဇိုင်းအင်စတီကျူ့ဒ်က ဦးဆောင်ဒီဇိုင်းပညာရှင် ဝမ် ယုန်ချင်က ပြောတာပါ။
ဝမ်ပြောပုံအရဆို AI နည်းပညာက အသုံးချဖို့အတွက် ခိုင်မာတဲ့အလားအလာတွေ ပြသနေပြီ ဖြစ်သလို နောင်တစ်ချိန် လေကြောင်းဘက်ဆိုင်ရာ သုတေသနနဲ့ ဖွံ့ဖြိုးမှုအတွက်ပါ ချဉ်းကပ်မှုသစ်တွေ စိတ်ကူးစိတ်သန်းသစ်တွေ ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။
ဒီပညာရှင်က ဆယ်စုနှစ် ၄ ခုကြာအောင် စစ်တပ်သုံး ဖိုက်တာဂျက်တွေကို ဒီဇိုင်းထုတ်ပေးခဲ့သူပါ။ ဝမ် ဒီဇိုင်းထုတ်ပေးခဲ့တဲ့အထဲမှာ နာမည်ကြီး ရေတပ်သုံး J-15 Flying Shark နဲ့ J-35 ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပါပါတယ်။
AI က ပညာရှင်တွေကိုယ်စား ကရိကထများပြီး အချိန်ပေးရတဲ့ review tasks တွေ လုပ်ပေးတာဖြစ်လို့ ပိုအရေးကြီးတဲ့အလုပ်တွေကို သူ့အဖွဲ့သားတွေ ပိုအာရုံစိုက်နိုင်လာတယ်လို့လည်း ဝမ်က ပြောပါတယ်။
ကမ္ဘာ့ AI လောကကို ဗြောင်းဆန်သွားစေခဲ့တဲ့ deepSeek က အခုလည်း DeepSeek-R1 ရဲ့ အဆက် DeepSeek-R2 model ကို ထုတ်ဖို့လုပ်နေပါတယ်။ ဒီ model သစ် AI ကို ကွန်ရက်ခွဲလေးတွေအဖြစ် ပိုင်းပြီး အလုပ်တာဝန်ပေါင်းလုပ်ခိုင်းတဲ့ Mixture-of-experts (MoE) ဖွဲ့စည်းမှုနဲ့ ဖန်တီးထားပြီး ChatGPT -4o ထက် ၉၇.၃% ဈေးပိုသက်သာမယ်လို့ ပြောပါတယ်။
ဈေးသက်သာသလို performance မှာလည်း ChatGPT , Gemini နဲ့ Claude တို့ကို ယှဉ်နိုင်မယ်လို့ ပြောနေကြပါတယ်။ DeepSeek ရဲ့ R2 model က ဒီလထဲမှာ ချပြသွားမယ်လို့လည်း သတင်းထွက်ထားပါတယ်။

image
19 w - Translate

kemei hair clipper
✂️ အထွေထွေသုံးအတွက် Professional Hair Clipper အသစ်စက်စက်! ✂️
စျေးနုန်း ၈၀,၀၀၀ကျပ်
💯 အရည်အသွေးမြင့် Hair Clipper သုံးပြီး မိသားစုအတွက် နှင့် သင့်အိမ်မွေးတိရစ္ဆာန်များအတွက် ဆံပင်ညှပ်ခြင်းကို လွယ်ကူစွာ ပြုလုပ်လိုက်ပါ!
✨ ထူးခြားချက်များ:
✅ Cordless & Rechargeable - အားသွင်းနိုင်ပြီး 120 မိနစ်အထိ အသုံးပြုနိုင်သည်! 🔋
✅ Low Noise Motor - 50dB အောက် ဆူညံသံဖြင့် ကလေးနှင့် တိရစ္ဆာန်များကိုပါ စိတ်အေးချမ်းစွာ ညှပ်နိုင်သည် 🐶😺
✅ Sharp Blades - Stainless Steel နှင့် Ceramic Blades ဖြင့် ချောမွေ့စွာ ဖြတ်ညှပ်နိုင်သည် ✂️
✅ Adjustable Comb - ဆံပင်အရှည်အမျိုးမျိုးအတွက် လိုသလို ချိန်ညှိနိုင်သည်
✅ အသုံးပြုရလွယ်ကူ - ကလေး၊ လူကြီး၊ အိမ်မွေးတိရစ္ဆာန်များအတွက် သင့်တော်သည်

🎁 ပါဝင်သည့်ပစ္စည်းများ:
- Hair Clipper
- Charger (US
- Limit Comb 4 ခု
- Cleaning Brush
- User Manual

Grooming Kit! အိမ်တွင်ဖြစ်စေ၊ Professional အသုံးပြုရန်ဖြစ်စေ အဆင်ပြေစေမည်!
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
https://www.shop.com.mm/produc....ts/i117278258.html?s
#hairclipper #petgrooming #cordlessclipper #professionalgrooming #doggrooming #catgrooming #myanmarpetcare #အိမ်မွေးတိရစ္ဆာန်ထိန်းသိမ်းမှု

ပန်းမြိုင်လယ်က ဥယျာဉ်မှူး...တဲ့ ။ ဆရာ လယ်တွင်းသားစောချစ်ရဲ့ လက်ရာကောင်း တစ်ခုပါ ။ ကျွေးရွာတစ်ခုရဲ့ အလယ်တန်းကျောင်းကို တာဝန်ကျရောက်ရှိသွားတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဖြစ်ပုံပျက်ပုံတွေကိုရေးသားခြယ်မှုန်းထားတဲ့ ဝတ္ထုဇာတ်လမ်းလေး တစ်ပုဒ်ပါ ။
ကျောင်းဆရာရဲ့ နာမည်က ငြိမ်းချမ်းပါ ။ သူက ကျောင်းဆရာအလုပ် ရရချင်းမှာပဲ တာဝန်ခံအလယ်တန်းကျောင်းအုပ်အနေနဲ့ နယ်ကျောင်းတစ်ခုမှာ တာဝန်ကျပါတယ် ။
ကျောင်းကလေးက အဖက်ဖက်မှာ ချွတ်ခြုံကျနေပြီး မြေဖြူတောင် အလုံအလောက်မရှိတဲ့ စာသင်ကျောင်းကလေး ။ ဆရာ၊ ဆရာမ အင်အားကလည်း မလုံလောက် ။ ကျောင်းသားတွေကိုလည်းမထိန်းနိုင် ။ တက်ချင်တဲ့အချိန်တက်ပြီး ဆင်းချင်တဲ့အချိန် ဆင်းနေတဲ့ စာသင်ကျောင်းကလေးပါပဲ ။
ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ချွတ်ခြုံကျနေပြီး မူလတန်း အဆင့်ကိုတောင် ကောင်းကောင်း မလည်ပတ်နိုင်သေးတဲ့ အလယ်တန်းကျောင်း တစ်ခုပါပဲ ။
အဲ့သလို အစစအရာရာ နိမ့်ပါးနေတဲ့ စာသင်ကျောင်းကလေးကို အလယ်တန်းကျောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့
ညီလာအောင် အလုပ်ဝင်ခါစ ကျောင်းဆရာ တစ်ယောက်
ဘယ်လိုမွမ်းမံတယ် ၊ ဘယ်လို ပြုပြင်တယ် ၊ ဘယ်လိုတည်ဆောက်တယ်ဆိုတာကို အရေးအသားရိုးရိုးလေးတွေနဲ့ ဇာတ်လမ်းနဲ့အတူ စီးမြော သက်ဝင်လာအောင် ဆွဲခေါ်သွားနိုင်တဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါပဲ ။
ရိုးရိုး ယဉ်ယဉ်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေး
တစ်ယောက်လို ဒီစာအုပ်ကလည်း အရေးအသားရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိနေပါတယ် ။
အရေးအသား နဲ့ ရသ ၊ သုတ
ဝတ္ထုဖတ်ရင်းနဲ့ ဝမ်းနည်းမိ ၊ ဝမ်းသာမိ ၊ ဒေါသထွက်မိ ၊ ကြည်နူးမိ ။ ခံစားချက်ပေါင်းစုံပါပဲ ။ အအီပြေ ဟာသကလေးလည်း ပါလိုက်သေး ။
ဇာတ်သိမ်းပိုင်းကတော့ အထိဆုံးပါပဲ တစ်လျှောက်လုံး....
အောင့်လာခဲ့သမျှ မျက်ရည်တွေက ဇာတ်သိမ်ပိုင်းမှာ ကျတော့တာပါပဲ ။
(စာရေးဆရာက မျက်ရည်အတော်ခိုင်တဲ့ ကျွန်တော့်ကိုလည်း အလွတ်ပေးချင်ပုံ မရပါဘူး။)
ရသတင်ပဲလား...? မဟုတ်ပါဘူး။
ကျေးလက်သဘာဝနဲ့ တခြား ဗဟုသုတွေ၊ အတုယူစရာတွေကိုလည်း (အတုံးလိုက် အတစ်လိုက်မဟုတ်ဘဲ)
ပြေပြေပြစ်ပြစ်ကလေးနဲ့ ရင်ထဲရောက်အာင် ရေးဖွဲ့ထားနိုင်ပါတယ်။
🛑 ဘာ့ကြောင့်ဖတ်စေချင်တာလဲ
စာက ရှည်တယ် ဆိုတဲ့ အနေအထားကိုတော့ ရောက်နေပါပြီ။ ဒါပေမဲ့ ဒီစာအုပ်ကို ဖတ်ဖို့အတွက် ဘာ့ကြောင့်
ဆွဲဆောင်နေရတယ်ဆိုတာလေးကို ပြောခဲ့ပါရစေ။
ကျွန်တော်က အခြေခံပညာကျောင်းတွေကို တန်ဖိုးထားတယ်။ ချစ်လည်း ချစ်တယ်။ အခြေခံကျောင်းတွေက
လူ့အဖွဲ့အစည်းကိုပုံဖော် ပြုပြင်နိုင်တယ် လို့ ကျွန်တော်ယုံကြည်တယ်။
အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေက သူတို့လက်ထဲမှာလေ။ အရောင်တောက်မလား၊ အရောင်မှိန်မလား ဆိုတာကို အခြေခံပညာကျောင်းတွေက အများကြီး အဆုံးအဖြတ်
ပေးနိုင်တယ်လို့ မြင်တယ်။
🛑 ''စာသင်ကျောင်းဆိုတာ စာကိုပဲ
သင်တာမဟုတ်...
စိတ်ကိုပါ သင်ပေးရတယ်" တဲ့။
ဒီဝတ္ထုက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဝတ္ထုပါ။
စာအုပ်ထဲက နည်းနာတွေက စိတ်ကူးယဥ်မဟုတ်။ တကယ်လုပ်ခဲ့တဲ့...တကယ့်နည်းတွေပါ။ တကယ်လည်း အောင်မြင်ခဲ့ပါတယ်။
"စာကိုရော စိတ်ကိုရော အောင်အောင်မြင်မြင်သင်ကြားပေးနိုင်တဲ့ ကျောင်းတစ်ခု ဖြစ်အောင် ဘယ်လိုလုပ်မလဲ'' ဆိုတဲ့ မေးခွန်းကို အဖြေရှာနိုင်ဖို့ ဒီစာအုပ်က အများကြီး အထောက်အပံ့ပေးနိုင်ပါတယ်။
နောက်ပြီး...
ကျွန်တော်တို့ မိဘတွေနေရာရောက်လာရင် ကိုယ့်သားသမီးတွေကို စာရော စိတ်ရော သင်ပေးနေတဲ့ ဆရာ၊ဆရာမတွေကို ဘယ်လို ပူးပေါင်းကူညီနိုင်သလဲ...အနှောင့်အယှက်မဖြစ်အောင် ဘယ်လိုနေပေးရမလဲ ?
ကျွန်တော်တို့ ရပ်ထဲရွာထဲမှာ ဦးဆောင်သူဖြစ်လာရင်ရော ဘယ်လို ကူညီကြမလဲ ?
ကျွန်တော်ကတော့ ဒီစာအုပ်ဖတ်ရင်း အဲ့မေးခွန်းတွေအတွက် အဖြေရှာနိုင်ခဲ့ပါတယ်။
🛑 ဒါကြောင့်မို့လို ဒီစာအုပ်ကို တခြားလူတွေ
ဖတ်ကြရင် အကျိုးရှိကြမှာပဲဆိုတဲ့
စေတနာစိတ် အရငး်ခံလေးနဲ့
ခုလို စာအရှည်ကြီး ရေးခဲ့မိတာပါ😁။
ဒီအညွှန်းလေးကိုဖတ်ပြီး ဒီစာအုပ်ကို စိတ်ဝင်စားသွားတယ်၊ ဖတ်ဖြစ်သွားတယ်ဆိုရင် ကျွန်တော် ရေးရကျိုးနပ်ပါပြီ။
( ဆရာလယ်တွင်းသားစောချစ်သည် ဤ ပန်းမြိုင်လယ်က ဥယျာဥ်မှူးစာအုပ်ကို ၁၉၇၈ ခုနှစ်တွင်ရေးသား၍ စာပေဗိမာန်စာမူဆုပြိုင်ပွဲသို့ ပေးပို့ရာ စာပဒေသာ ပထမဆုရရှိခဲ့ပါသည်။ ၁၉၈၀ ပြည့်နှစ်တွင် စာပေဗိမာန်မှ စာအုပ်အဖြစ်ထုတ်ဝေခဲ့ရာတွင် ၁၉၈၀ ပြည့်နှစ်အတွက် အမျိုးသားစာပေဆုကို ရရှိခဲ့ပြန်ပါသည်။)
Review by Ko Ye Naing
#ပန်းမြိုင်လယ်မှဥယျာဥ်မှူး
#ဆရာလယ်တွင်းသားစောချစ်

image
19 w - Translate

#knowledge #ဗဟုသုတ

image
19 w - Translate

9.9.2009 . . . 9 ရက် 9 လ 2009 ခုနှစ်နေ့မှာထွက်ရှိခဲ့တဲ့ 9 ဆိုတဲ့ Animation ဇာတ်ကားလေးကို ဒီနေ့အတွက် တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးဟာ IMDb rating 7.1/10 အထိရရှိထားပြီး . Animation ကြိုက်တဲ့ ပရိတ်သက်ကြီးအတွက် စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ်ဆိုတာ ရဲရဲကြီးပြောချင် ပါတယ်။

ဇာတ်လမ်းရဲ့အကြောင်းအရာ အကျဉ်းကိုမပြောပြတာက ကောင်းလွန်းတဲ့အတွက် ပရိတ်သက်ကြီးကို spoiler အဖြစ်မခံဘဲ ကိုယ်တိုင်ခံစားကြည့်ရှုစေချင်လိုပါ။ ဒါရိုက်တာ Shane Acker ဖန်တီးထားပြီး အသံပိုင်းဆိုင်ရာ သရုပ်ဆောင်တွေကလည်း ဇာတ်လမ်းရဲ့ အနှစ်သာရထဲကတစ်ခုအပါအဝင်ပါဘဲ။

ဒီဇာတ်ကားလေးရဲ့နာမည်ပေးထားတာက 9 . ဇာတ်ကောင်အကောင်လေးတွေအရေအတွက်က 9 .
ထုတ်လုတ်တဲ့ Date ကလည်း 9.9.09 . ထူးခြားမှုလေးတွေနဲ့ပြည့်နှက်နေတဲ့ 9 Animation . . .

9 (2009)

ဇာတ်ကားလင့်
https://t.me/c/2186686827/300

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
19 w - Translate

အပြာရောင်ဝေလငါးတွေဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံးသော သတ္တဝါတွေဖြစ်ပေမဲ့လည်း သူတို့ရဲ့ လည်ချောင်းဟာ 4 လက်မ မှ 8 လက်မအထိသာကျယ်ပါတယ် အဲ့တာကြောင့် ၄င်းဝေလငါးတွေဟာ ပုစွန်ဆိတ် တွေ သို့မဟုတ် ငါးသေးသေးလေးများကိုသာ မျိုချနိုင်ပြီး စပျစ်သီးထက် ပိုကြီးတဲ့
အရာများကို တော့ မမျိုချနိုင်ကြပါဘူး
#knowledge #ဗဟုသုတ

image