1 w - Translate

ကျီးကန်းတွေဟာ မထင်မှတ်ထားလောက်အောင် ဉာဏ်ရည်ထက်မြက်တဲ့ ငှက်တွေဖြစ်ပြီး မကြာသေးမီက ပြုလုပ်တဲ့ သုတေသနတွေအရ သူတို့ဟာ လူသားတွေအပေါ်တောင် အငြိုးထားတတ်တယ်လို့ဆိုပါတယ် ဝါရှင်တန်တက္ကသိုလ်မှ ဒေါက်တာ ဂျွန်မာဇလာ့ဖ် (Dr. John Marzluff) ဦးဆောင်တဲ့ လေ့လာမှုတွေအရ ကျီးကန်းတွေဟာ လူတစ်ဦးချင်းစီရဲ့ မျက်နှာတွေကို မှတ်မိနိုင်ပြီး အဲဒီလူတွေ သူတို့ကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာကိုပါ သိရှိနိုင်ကြပါတယ်
စမ်းသပ်မှုတစ်ခုမှာ မတူညီတဲ့မျက်နှာဖုံးတွေဝတ်ဆင်ထားတဲ့ သုတေသီတွေဟာ ကျီးကန်းတွေကို ထောင်ချောက်ဆင်ဖမ်းပြီး ခြေထောက်မှာ အမှတ်အသားလုပ်ခဲ့ကာ ပြန်လွှတ်ပေးခဲ့ပါတယ် နှစ်အတော်ကြာပြီးတဲ့နောက်မှာ အဲဒီ မျက်နှာဖုံးတွေ ဝတ်ဆင်ထားတဲ့ လူတွေကို မူလဖမ်းဆီးခံခဲ့ရတဲ့ ကျီးကန်းတွေသာမက အခြားကျီးကန်းတွေဆီကပါ ရန်လိုတဲ့ အပြုအမူတွေကိုတွေ့ရှိခဲ့ရပါတယ် ဒီတုံပြန်မှုတွေထဲမှာ ကျယ်လောင်စွာအော်မြည်ကြတာ နဲ့ စုပေါင်းတိုက်ခိုက်တာတွေ ပါဝင်ကြပါတယ်
ဒီအပြုအမူဟာ လွယ်လွယ်နဲ့ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး သုတေသနအဖွဲ့ရဲ့အဆိုအရ ဒီတုံ့ပြန်မှုတွေဟာ ငါးနှစ်ကျော်ကြာအောင် တည်ရှိခဲ့ပြီး အခြားကျီးကန်းအုပ်စုတွေဆီကိုပါ တဖြည်းဖြည်းပျံ့နှံသွားခဲ့တာလို့ဆိုပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image