19 w - Translate

km-232
✂️💈 Kemei KM-PG232 Professional Hair Clipper အသစ်စက်စက်! 💈✂️
စျေးနုန်း 80,000ks
💥 ပြီးပြည့်စုံသော Grooming အတွေ့အကြုံအတွက် Kemei KM-PG232 ကို ရွေးချယ်လိုက်ပါ! ဆံပင်၊ မုတ်ဆိတ်၊ မျက်နှာအမွှေးအမျှင်များအတွက် အထူးထုတ်လုပ်ထားသော ဤ Clipper သည် သင့်အား ဆွဲဆောင်မှုရှိသော ပုံပန်းသွင်ပြင်ကို ပေးစွမ်းမှာသေချာပါသည်! 😎

✨ ထူးခြားချက်များ:
✅ Professional-Grade Precision - Stainless Steel Blade ဖြင့် ချွန်ထက်ပြီး ချောမွေ့စွာ ဖြတ်ညှပ်နိုင်သည် (အပူမရှိ၊ မညစ်ပတ်) 🔪
✅ Cordless & Rechargeable - 900mAh Lithium Battery ဖြင့် 2 နာရီအားသွင်းရုံဖြင့် 150 မိနစ်အထိ အသုံးပြုနိုင်သည်! 🔋
✅ USB Charging - Power Bank, Computer စသည်ဖြင့် နေရာမရွေး အားသွင်းနိုင်သည် 💻
✅ Ergonomic Design - သက်တောင့်သက်သာနှင့် အသုံးပြုရလွယ်ကူသည် 🖐️
✅ Versatile Use - ဆံပင်၊ မုတ်ဆိတ်၊ Buzz Cut နှင့် Bald Head အတွက်ပါ အဆင်ပြေသည် 💇‍♂️
✅ LCD Display - အသုံးပြုမှုအခြေအနေကို အလွယ်တကူ သိရှိနိုင်သည်

🎁 ပါဝင်သည့်ပစ္စည်းများ:
- Kemei KM-PG232 Clipper
- USB Cable
- Limit Guides 4 ခု (1/3/4.5/6mm)
- Cleaning Brush

🔥 စွမ်းအားပြင်းထန်ပြီး ဆူညံသံနည်းပါးသော Motor ဖြင့် သင့်အား ပြီးပြည့်စုံသော Grooming အတွေ့အကြုံကို ပေးစွမ်းမည်! သူငယ်ချင်းများထံမှ ချီးကျူးမှုများ ရရှိရန် အသင့်ပြင်ထားပါ! 😍
https://www.shop.com.mm/produc....ts/i122242844.html?s
#kemeiclipper #hairclipper #professionalgrooming #cordlessclipper #mengrooming #barbertools #myanmargrooming #ဆံပင်ညှပ်စက်

19 w - Translate

လောကကြီးမှာ
လူတိုင်းက စေတနာနဲ့မတန်သလို
တစ်ချိုလူတွေကလဲ
အားနာခြင်းနဲ့ မထိုက်တန်ကြဘူး။
အဲ့တော့ သူတိုဆက်ဆံသလိုမျိုး
တန်ရာတန်ရာပဲ ပြန်ဆက်ဆံလိုက်
အဲဒါ ဒဏ်ရာကင်းတယ် ။

image

Singleဖြစ်တာကောင်းပါတယ် ဒါပေမယ့်နေ့တိုင်းကြီးကျ

image
19 w - Translate

ခက်ခဲချိန်မှာ
စိတ်ဓာတ်က အဓိကပဲ။

ပြည့်စုံချိန်မှာ
စိတ်ထားက အဓိကပဲ။

image

မနက်မိုးလင်းတာနဲ့
ညကငါစောစောအိပ်ခဲ့ရင်ကောင်းသား
ဆိုပြီး နောင်တရမိတယ်😶

image

ငါကရော ခံစားချက်မရှိဘူး တဲ့လား
ငါ့ခံစားချက်တွေကရော …
ငါကရော မနာကျင်တတ်ဘူး တဲ့လား
ငါ့အသွေးအသားတွေကရော …
တရားပါတယ် တရားပါတယ်လို့
ရေရွတ်ရင်း
ငါ့နည်းငါ့ဟန်နဲ့သဘောထားကြီးရင်း
အရာရာကို ခွင့်လွှတ် နားလည်ရင်း
အရာရာဟာ ငါမို့လို့ပါပဲလေ လို့
ငါ့ကိုငါနှစ်သိမ့်ခဲ့တယ် ။
#မယ်ညို

image
19 w - Translate

“ နား လည် မှု ဆို တာ ”
------------------------------
နားလည်မှုဆိုတာ
တော်ရုံနှလုံးသားနဲ့ မပေးနိုင်ဘူး

နားလည်မှုဆိုတာ
တကယ်ကြီးမြတ်တဲ့သူတွေဘဲပေးနိုင်တာ

တစ်ခါတလေ ကိုယ့်ဘက်ကမမှားလဲ
တောင်းပန်ပေးလိုက်တာတွေ

ကိုယ့်ဘက်က မလွန်လဲ
စခေါ်ပေးခဲ့ရတာတွေ

တုန့်ပြန်ချင်ပါလျှက်
မျိုသိပ်လိုက်ရတဲ့ ဝေဒနာတွေ

ကိုယ့်စိတ်နဲ့ကိုယ်
ပြ-တ်သားလိုက်ချင်ပေမယ့်
ကိုယ့်အတ္တထက် တဖတ်သူဘက်ကို
ဖြည့်တွေးပြီး လိုတာထက် စိတ်ကို
ပိုရှည်ပေးထားရတဲ့
ကိုယ်မှ အလျှော့မပေးရင်
ပြ-တ်တောက်သွားတော့မယ်
ဆက်ဆံရေးတွေ

ဒါကြောင့်
နားလည်မှုဆိုတာ
တော်ရုံလူ မပေးနိုင်ဘူးလို့ ပြောတာ

ဒါပေမယ့်
ကိုယ့်ပေါ်နားလည်မှု ပေးနိုင်တဲ့သူဆို
လူတွေက သိပ်တန်ဖိုး မထားတတ်ကြဘူး
အနိုင်ကျင့်ချင်ကြတယ်
အထက်စီးက ဆက်ဆံချင်ကြတယ်
ငါ့သဘော ငါ့ဆန္ဒ
နေရာတကာ ငါအမှန်ပဲလုပ်ချင်ကြတယ်

ဒါ က
အတိုင်းအတာတစ်ခုထိဘဲကောင်းတယ်
အတိုင်းအတာတစ်ခုကို ကျော်သွားတဲ့အခါ
ကိုယ့်ပေါ် တကယ်နားလည်ပေးနိုင်တဲ့သူတွေ
အလျှော့ပေးဆက်ဆံတဲ့သူတွေ
အနားက ထွက်သွားတဲ့အခါ
ဆုံးရွုံးသြားတဲ့အခါ
ကိုယ့်နားမှာ အထီးကျန်မှုနဲ့
အပေါ်ယံလူတွေဘဲ ကျန်ခဲ့လိမ့်မယ်

အဆင်ပြေနေချိန်
အနားမှာ အဖော်ရှိနေချိန်
တွဲထားတဲ့ လက်တွေ မြဲနေချိန်
ခဏမှာတော့
ဘယ်သူမှ ဂရုစိုက်စရာမလိုဘူး
အရေးလုပ်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့

ဒါပေမယ့်
ဘဝမှာ ဘယ်အရာမှာ အကြာကြီး
အမြဲတမ်း ရှိမနေနိုင်ဘူး
ပြောင်းလဲခြင်းတရားတွေဆိုတာ
ကြုံ လာ ရ ဦး မှာ ဘဲ

အဲ့အခါကျမှ
အတောင်ကျို၊းတဲ့ ငှက်လိုမျိုး
ဘယ်ကောင်းကင် ပျံရမှန်းမသိဖြစ်မယ်

ကိုယ်ဘယ်လိုစိတ်မျိုးထားလဲ
ကိုယ် ဘယ်လို တုန့်ပြန်မှုတွေ
ပြုတတ်သလဲ
ဘဝမှာ ဒါအရေးကြီးတယ်

ကိုယ့်အလှည့်ကျမှ
လူတွေက လုပ်ရက်လေခြင်းလို့
အပြစ်မတင်နဲ့လေ

ပြန်စဉ်းစားကြည့်ပေါ့
ကိုယ့်အလှည့်တုန်းကရော
ငါ လူတွေပေါ် ဘယ်လိုလုပ်ခဲ့လဲလို့

ဝဋ်တွေက တကယ်လည်တတ်ပါတယ်
တစ်ခါတလေ ဘဝတောင် မကူးလိုက်ဘူး

နားလည်ပေးတတ်စေချင်တယ်

ဒါထက် ကိုယ့်ပေါ်နားလည်ပေးတဲ့သူကို
ပို တန် ဖိုး ထား ပါ

လူတိုင်းကို နားလည်မပေးနိုင်ရင်တောင်
ကိုယ့်အပေါ်ကိုတကယ် စိတ်ရင်းအမှန်နဲ့
ပေါင်းတဲ့သူမျိုးကိုတော့ ပြန်တန်ဖိုးထား
နားလည်ပေးစေချင်တယ်

တကယ်တော့
နား လည် မှု ဆို တာ
နားလည်ခံရတဲ့သူက
ပျော် ဖို့ ကောင်း သ လောက်
နားလည်ပေးလိုက်ရတဲ့သူက
တစ်ခါတလေမှာ
နာကျင်နေရတတ်တယ်😥

ဒါကြောင့်
အနာကျင်ခံပြီး
နားလည်ပေးတဲ့သူကို ပိုတန်ဖိုးထားပါ

ဘယ်အရာကိုပဲဖြစ်ဖြစ်
မရှိတော့မှ တန်ဖိုးနားလည်လာမယ့်အစား
ရှိနေချိန်မှာ တန်ဖိုးထားပါ

တစ်ချို့အရာတွေက
မင်းဘဝထဲကို
အကြိမ်ကြိမ် ပြန်လာမှာ မဟုတ်ဘူး

နားလည်မှုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို
အမြဲ နားလည်ပေးနေရတဲ့သူတွေပဲ သိတယ်
အမြဲအနိုင်ယူနေတဲ့သူတွေ မသိဘူး ….....

#ဆရာအောင်သင်းစာပေများ

image

တကူးတကပို့ထားတဲ့စာတွေကို
တကူးတကပဲ ပြန်ဖျက်ခဲ့ရတာပါ
လူပဲသိမ်ငယ်ရတာမဟုတ်ပါဘူး
စာတွေလဲသိမ်ငယ်ရတာပါပဲ ….
ကိုယ့်ဆီကမှန်းသိလို့ ဝင်မဖတ်ခံရတဲ့ စာတွေဟာ ဘယ်လောက်တောင် အထိအရှများလိုက်မလဲ
ဘာတစ်ခုမှ ပြန်စာမရှိ
ဘာတစ်ခုမှ တရေးတယူမရှိ
ဒီလို ရှက်စရာကောင်းတဲ့နေ့စွဲတွေမှာ
တစ်ဖက်က လိုလိုလားလားမရှိတော့ဘူး ဆိုတာ
သေချာနေခဲ့ရင် ငါတို့ဟာ
အဲ့ဒီလိုကြီး လှည့်ပြန်ရတော့တာမဟုတ်လား ..
#မယ်ညို

image
19 w - Translate

တကယ်တော့ လူတွေက ရယ်ရတယ်
သူတို့အမြင်နဲ့တင်
ဆင်းရဲနုံချာတယ်ဆိုပြီး
နှိမ်ကြတယ်
အဲဒီ့လူကိုပဲ သူတို့မျက်လုံးထဲ
လူရာ၀င်တယ်ထင်လာတဲ့တစ်နေ့
အတင်းတွေ ခယကြပြန်ရော

တကယ်တော့ လူတွေကရယ်ရတယ်
သူတို့စိတ်နဲ့ အသက်ရှင် နေရင်တော့
တစ်ကမ္ဘာလုံးမှာ
အကောင်းဆုံးလူလို
ဆက်ဆံတတ်ကြတယ်
ကိုယ့်စိတ်ကိုချပြတဲ့တစ်နေ့
ကိုယ်က လူဆိုးကြီးဖြစ်သွားပြန်ရော

တကယ်တော့ လူတွေက ရယ်ရတယ်
အပေါ်ယံ ၀တ်စားထားသမျှကိုကြည့်ပြီး
သူတို့ပဲ
အလေးထားနေရာပေးကြတယ်
အပေါ်ယံပိုင်ဆိုင်မှုတွေ
ဘာမှမကျန်တော့တဲ့တစ်နေ့
သူတို့ပဲ... ရှောင်ဖယ်ကြပြန်ရော

တကယ်တော့လူတွေက ရယ်ရတယ်
အဲဒီ့လိုအကျင့်တွေရှိမှန်းသိလို့
ကွယ်ရာကျ နှာခေါင်းရှုံ့ကြပြီး
သူတို့ပဲ ဖက်လှဲတကင်း
ရင်းနှီးတဲ့ပုံစံ ဖမ်းကြပြန်ရော

တကယ်တော့ လူတွေဟာရယ်ရတယ်
အမှန်တွေပြောပြန်တော့လည်း
စိတ်ဆိုးကြသေးရဲ့........

တကယ်တော့ လူတွေဟာ
အင်မတန်ရယ်ရတဲ့ပြက်လုံးတစ်ခုလိုပါပဲ

တခါတခါ
အူလှိုက်သည်းလှိုက် ရယ်ပစ်ချင်စရာကောင်းတယ်
ကိုယ်ကတော့
အဲဒီလို...လူတွေကို
ခပ်လှောင်လှောင်ရယ်ပစ်လိုက်တာပဲ

ကိုယ်ရယ်ပစ်လိုက်လို့ စိတ်ဆိုးသွားတဲ့
လူအချို့လည်း
တစ်နေ့ သူတို့အလိုရှိတဲ့အခါ
ကိုယ့်ဆီ မျက်နှာချိုလာသွေးကြအုံးမယ်မလား

အဲဒါကြောင့်ပြောတာ
တကယ်တော့
လူတွေဟာ ရယ်ရတယ်လို့ပေါ့......

image

地震前的 မင်းကွန်းပုထိုးတော်ကြီး 🙏🙏

image