တစ်တားလစ်ခ် တို့အဘိုးဟုတ်သေးလား (#ပြီး)

ဒီဇာတ်လမ်းသစ်ကြောင့် တစ်တားလစ်ခ် ရုပ်ကြွင်းက အရေးမပါတော့ဘူးလား။ ကျွန်တော်တို့က လူထုကြားမှာ လက်ရှိ ပျံ့ပွားနေတဲ့ “ကုန်းတိရစ္ဆာန်အစ တစ်တားလစ်ခ်က” ဇာတ်လမ်းကိုတော့ သံသယနဲ့ စဉ်းစားသင့်ပေမယ့်၊ ဒီ ရုပ်ကြွင်းတွေက အရေးပါနေဆဲပါ။ ဘာလို့လဲဆိုတော့ ပေါင်းဆုံဆင့်ကဲဖြစ်စဉ် (convergence) သဘောကြောင့်ပါ။ သက်ရှိမျိုးနွယ်တွေဟာ ခပ်ဆင်ဆင် မျက်နှာပေးမှုဖိအားတွေနဲ့ ကြုံရတဲ့အခါ ခပ်ဆင်ဆင်ပဲ ပြုပြင်ပြောင်းလဲ ကြတယ်ကိုး။
ဥပမာ ငါးမန်းရဲ့ ကျောဆူးတောင်ရယ်၊ လင်းပိုင်ရဲ့ ကျောအတောင်ရယ်ကို ကြည့်ပါ။ ဘယ်နို့တိုက်သတ္တဝါမှာမှ ကျောအတောင် မရှိပေမယ့် ရေသတ္တဝါ ဖြစ်လာတဲ့ လင်းပိုင်မှာ ငါးမန်းလို ကျောအတောင် ဖြစ်လာတယ် မို့လား။ အစ်သီယိုဆော ခေါ်တဲ့ ဒိုင်နိုဆောတွေနဲ့ ခေတ်ပြိုင် အဏ္ဏဝါတွားသွားသတ္တဝါတွေကလည်း အပေါ်ယံအားဖြင့် လင်းပိုင်နဲ့ ဆင်ပြီး၊ သူတို့မှာလည်း ကျောအတောင်ရှိတယ်။ ဒိုင်နိုဆောနဲ့ ခေတ်ပြိုင် တယ်ရိုဆောနဲ့ ဒီနေ့ခေတ် လင်းနို့တွေကော။ သူတို့ အတောင်တွေကလည်း လက်ချောင်းအရှည်ကြီးနဲ့ လက်ချောင်းကြားက အရေပြား ပါးပါးလေးတွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်လား။ နည်းနည်းတော့ ကွာမှာပေါ့။ တယ်ရိုဆောက လက်သူကြွယ် အရှည်ကြီး တစ်ခုတည်းနဲ့ အတောင်လုပ်တယ်။ လင်းနို့က လက်ချောင်းအားလုံးကို သုံးတယ်ကိုး။
ပေါင်းဆုံဆင့်ကဲဖြစ်ပေါ်မယ့် မျိုးနွယ်နှစ်ခုဟာ သိပ်နီးစပ်ရင် (မျိုးခွဲထွက်တာ မကြာသေးရင်) သူတို့ရဲ့ ပေါင်းဆုံး လက္ခဏာတွေက ပိုလို့တောင် တိုက်ဆိုင်ဦးမယ်။ ဥပမာ နို့တိုက်သတ္တဝါတွေထဲက သားပိုက်ရှဉ့်ပျံ (sugar glider) နဲ့ ရှဉ့်ပျံအစစ် ဆင်သလိုပေါ့။ ဒီမျိုးနွယ်တွေရဲ့ ဘိုးဘေးတွေက ဒိုင်နိုဆောခေတ်တည်းက ခွဲထွက်ခဲ့ကြပေမယ့်၊ သစ်ကိုင်းတွေပေါ်မှာနေရတဲ့ ဘဝကြောင့် နှစ်မျိုးလုံးမှာ လေဟုန်စီးတဲ့ အရေပြားတွဲဆက်တွေ ချွတ်စွပ်နီးပါး ဖွံ့ဖြိုးလာပါတယ်။
တစ်တားလစ်ခ်နဲ့ အပေါင်းပါ အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေက ခြေလေးချောင်း ပီပီပြင်ပြင် မရလိုက်ဘဲ မျိုးသုဉ်း သွားရှာတယ်။ သူတို့ဟာ ခြေလေးချောင်း တိရစ္ဆာန်တို့ရဲ့ တိုက်ရိုက်ရှေ့ပြေးတွေ မဟုတ်ရင် တောင်မှ၊ ငါးကနေ ကုန်းပေါ်တက်တဲ့ ကနဦးအဆင့်တွေကတော့ ဒီရုပ်ကြွင်းတွေမှာ မှတ်တမ်းတင်ရစ်ပါမယ်။ လက်ရှိမှာ ကျွန်တော်တို့ ခြေလေးချောင်း တိရစ္ဆာန် (အစစ်) တွေရဲ့ တကယ့် ရှေ့ပြေးတွေကို မတွေ့သေးဘူးပဲ ထားဦး၊ ကျွန်တော်တို့ အတွက် တစ်တားလစ်ခ်ဟာ စင်ပြိုင် ခြေလေးချောင်း ဆင့်ကဲဖြစ်စဉ်ကို လေ့လာနိုင်မယ့် အခွင့်အရေး တစ်ခုဖြစ်ပါတယ်။
အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေရဲ့ ဆင့်ကဲဖြစ်စဉ် အဆင့်တိုင်းက ကျွန်တော်တို့ ဘိုးအေတွေမှာကော ပေါင်းဆုံဆင့်ကဲဖြစ်စဉ် သဘောအရ စင်ပြိုင်ဖြစ်ခဲ့သလား။ ဒါဆိုရင်ကော ဘယ်လောက် ဆင်တူမလဲ။ သားပိုက်ရှဉ့်ပျံ့နဲ့ ရှဉ့်ပျံအစစ်လို ချွတ်စွပ်နီးပါး တူမလား။ ဒါဆိုရင်တော့ တစ်တားလစ်ခ်ဟာ တို့ရဲ့ ဘိုးအေ မဟုတ်တောင်မှ၊ ကျွန်တော်တို့ ဘိုးအေးတွေ ပြောင်းလဲပုံကို တစ်တားလစ်ခ်ကနေ သွယ်ဝိုက်သောအားဖြင့် သိနိုင်ပြီပေါ့။ ဒါမှမဟုတ်၊ တယ်ရိုဆောနဲ့ လင်းနို့ လို အနည်းငယ်စီ ကွဲလွဲတဲ့ ပေါင်းဆုံမှုမျိုးလား။ ဆီလိုအပေါက်ရှာတတ်တဲ့ ဆင့်ကဲဖြစ်စဉ်ဟာ ရှိပြီးသား လက္ခဏာတွေကို သုံးပြီး တစ်မျိုးထက်မက ထုဆစ်နိုင်တာကို အထက်က ဥပမာတွေမှာ မြင်ရပြီပဲ။ ဆင့်ကဲဖြစ်စဉ်ဟာ ကနဦး အသားစိုင်ရေယက်ရှိငါးတွေရဲ့ ခြေလေးချောင်းအမျိုးနီးငါး လက္ခဏာရပ်တွေကို သုံးပြီး တစ်တားလစ်ခ်နဲ့ မတူမယ့်၊ ခြေလေးချောင်းသတ္တဝါ လုပ်နည်း နောက်တစ်ခုများ ကြံစည်ခဲ့ဖူးသလား။ ဒါဆိုရင်တော့ အမ်စီယန်ခေတ် သို့မဟုတ်၊ ပရာ့ဂီးယန်း ခေတ် (Pragian Age) ထဲက ကျွန်တော်တို့ မတွေ့ရသေးတဲ့ ဘိုးအေရုပ်ကြွင်းမှာ စိတ်ဝင်စားစရာ လျှို့ဝှက်ချက်တွေ ရှိဦးမယ် ထင်ပါရဲ့။
ကိုးကား
-----
1. Beznosov, P. A., Clack, J. A., Lukševičs, E., Ruta, M., & Ahlberg, P. E. (2019). Morphology of the earliest reconstructable tetrapod Parmastega aelidae. Nature, 574(7779), 527–531. https://doi.org/10.1038/s41586-019-1636-y
2. Niedźwiedzki, G., Szrek, P., Narkiewicz, K., Narkiewicz, M., & Ahlberg, P. E. (201. Tetrapod trackways from the early Middle Devonian period of Poland. Nature, 463(7277), 43–48. https://doi.org/10.1038/nature08623
3. McGhee Jr., G. R. (2013). When the Invasion of Land Failed: The Legacy of the Devonian Extinctions (The Critical Moments and Perspectives in Earth History and Paleobiology) (Illustrated ed.). Columbia University Press.

image

imageimage
+14

တစ်တားလစ်ခ် တို့အဘိုးဟုတ်သေးလား (အပိုင်း၃)
သို့သော် ဒီအတိုင်းသာ ဟုတ်ရင်ဘယ်လိုလုပ်မလဲ။ တစ်တားလစ်ခ်ဟာ ခြေလေးချောင်း တိရစ္ဆာန်ကျောရိုးလည်း မရှိဘူး။ သူ့ရေယက် တွေကလည်း လတ်လတ်ဆတ်ဆတ် တီထွင်ထားတဲ့ လက္ခဏာ မဟုတ်ဘူးပေါ့။ နောက်ထပ် စဉ်းစားစရာ တစ်ချက်အနေနဲ့ ဂိုဂိုနေးဆတ် ဟာ ပင်လယ်ငါးပါ။ ပင်လယ်ငါးမှာတည်းက လက်မောင်းရိုး၊ လက်ဖျံရိုးတွေ ရှိနေပြီဆိုတော့၊ စမ်းချောင်း ရေတိမ်တိမ်မှာ ကူးဖို့ ပေါ်လာတဲ့ လက္ခဏာသစ် မဟုတ်တော့ဘူးပေါ့။
ပိုလန်က ခြေရာတွေကြောင့် အရင် သဲလွန်စတွေကို ပြန်အဓိပ္ပာယ်ကောက်ဖို့ လိုလာပြီလား။
အဲဒီ့အထောက်အထားသစ်ကြောင့် ခြေလေးချောင်းသတ္တဝါ ပေါ်ပေါက်ပုံဟာ အရင်လို မရိုးရှင်းတော့ပါ။ တစ်တားလစ်ခ်နဲ့ အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေက ခြေလေးချောင်း တိရစ္ဆာန်ခြေရာတွေထက် သက်တမ်းနုလွန်းနေတယ်။ ဒါကြောင့် အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေကနေ ဆင်းသက်ခဲ့ပုံ မရပါ။ ရှင်းရှင်းပြောရရင်၊ ငါး ကနေ ကျွန်တော်တို့ ခြေလေးချောင်း တိရစ္ဆာန် ဖြစ်လာတဲ့ ရုပ်ကြွင်းအဆင့်ဆင့်က လက်ရှိမှာ တွေ့ကို မတွေ့ရသေးတာပါ။ တစ်တားလစ်ခ်ကို ရှာတွေ့တဲ့အချိန်မှာ ဝမ်းသာရပေမယ့် ပိုလန်ခြေရာတွေကြောင့် ပြန်မသေချာတော့တာပါ။ ဒီရုပ်ကြွင်းတွေက ဒီဗိုနီယန်ဦးပိုင်း ကျောက်လွှာတွေမှာ ရှိနေနိုင်ပါတယ်။
ဒီခြေရာရုပ်ကြွင်းတွေကြောင့် ခြေလေးချောင်းတိရစ္ဆာန် ဆင့်ကဲဖြစ်စဉ်ကို အောက်ပါအတိုင်း ပြန်ပြင်ရပြီပေါ့။ ခြေလေးချောင်းတိရစ္ဆာန်တွေဟာ မြစ်ဝကျွန်းပေါ် ရေငန်နဲ့ ပင်လယ်ရေပြင်ကျယ် နှစ်ခုလုံးမှာ နေထိုင်တဲ့ ရှေ့ပြေး အသားစိုင် ရေယက်ရှိငါးကနေ ဆင်းသက်တယ်။ သူတို့ရဲ့ ဆင့်ကဲဖြစ်စဉ်ဟာ ရေချိုစမ်းချောင်းတွေမှာမဟုတ်ဘဲ မြစ်ဝကျွန်းပေါ် ဒေသလို ရေငန်ပတ်ဝန်းကျင်မျိုး ပိုဖြစ်နိုင်တယ်။
၂၀၁၉ခုနှစ်မှာတော့ ရုရှားမြောက်ပိုင်းမှာ ခြေလေးချောင်း တိရစ္ဆာန်ရုပ်ကြွင်းတစ်ခု ထပ်တွေ့ပါတယ်။ သုတေသီတွေက အစောဆုံး ခြေလေးချောင်း တိရစ္ဆာန် ခန္ဓာဗေဒကို သိချင်ရင် အစောဆုံးနဲ့ အရိုးအပြည့်စုံဆုံး ဖြစ်တဲ့ အကန်သိုစတက်ဂါကိုပဲ ကြည့်ရတာပါ။ သူက နှစ် ၃၆၅သန်း သက်တမ်းရှိတယ်။ ပါမာစတက်ဂါ (Parmastega) လို့ အမည်ရတဲ့ အခု ရုရှားရုပ်ကြွင်းကလည်း အရိုးအတော်စုံတဲ့အပြင် နှစ် (၇)သန်းလောက် စောပါတယ်။ သူ့ဟာ အကန်သိုစတက်ဂါ လိုပဲ ရေထဲက မထွက်သေးတဲ့ (လမ်းမလျှောက်နိုင်သေးတဲ့) ခြေလေးချောင်း တိရစ္ဆာန်ပါ။ ဒါပေမယ့် ပါမာစတက်ဂါ ဟာ အဲဒီ့တုန်းက ဘော်လတိကား တိုက်ကြီးရဲ့ အရှေ့မြောက်ဘက်က ရေငန်အိုင်တွေမှာ နေခဲ့ပါတယ်။ ဒီတော့ အစောဆုံး ပြည့်စုံတဲ့ ခြေလေးချောင်း တိရစ္ဆာန်ရုပ်ကြွင်းမျိုးစိတ်ဟာ ရေငန်မျိုးနွယ်ပေါ့။ ခြေလေးချောင်း တိရစ္ဆာန်ဟာ ပင်လယ်ကမ်းရိုးတန်းနဲ့ ကျတ်ငန်ရေ (မငန်တငန်) ပတ်ဝန်းကျင်မှာ စခဲ့တယ်ဆိုတဲ့ အယူအဆကို ပါမာစတက်ဂါက ထပ်မံပံ့ပိုးနေပါတယ်။
အဲဒီ့ ဆင်းသက်ပုံ အဆင့်ဆင့်ကို ပြမယ့် ရုပ်ကြွင်းတွေ ကတော့ မရှိသေးဘူး။ အတည်ပြုဖို့ အတွက် အနည်းဆုံးတော့ အိုင်ဖယ်လီယန်ခေတ် နဲ့ ယုဂ်ဦးပိုင်း (အမ်စီယန်ခေတ်) ကျောက်လွှာတွေမှာ ရှာသင့်တယ်။ လက်ရှိမှာ အစောဆုံး ခြေလေးချောင်း တိရစ္ဆာန် အပါအဝင် ခြေလေးချောင်း တိရစ္ဆာန်ရုပ်ကြွင်းအများစုဟာ ယူရာမေရိကားက ဖြစ်တယ်။ ဒါကြောင့် ခြေလေးချောင်း တိရစ္ဆာန် မျိုးနွယ်ဟာ ယူရာမေရိကားမှာ စတင်ပေါ်ပေါက်တယ်လို့ ယူဆရတယ်။ ရေငန်နေမျိုးနွယ် ဖြစ်တာမို့၊ ဖရက်စ်နီးယန်းခေတ် (ဒီဗိုနီယန်နှောင်းပိုင်း) တစ်လျှောက်မှာ တရုတ်နဲ့ ဩစတြေးလျ အထိကို ပျံ့နှံ့သွားတယ်လို့ ပြောနိုင်တယ်။ ဒါကတော့ ပိုလန်ခြေရာတွေက ပြောပြတဲ့ ဇာတ်လမ်း အသစ်ပါ။
ဒီဇာတ်လမ်းမှာ အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေက ဘယ်လိုဖြစ်သွားမလဲ။ အစောပိုင်း ခြေလေးချောင်းအမျိုးနီးငါးတွေ ကိုယ်တိုင်က ရေငန်ဖြစ်ပြီး တရုတ်ပြည်အထိ တွေ့ရပေမယ့်၊ ပိုအဆင့်မြင့်တဲ့ တစ်တားလစ်ခ်တို့လို အယ်လ်ပစ္စတိုစတက်ဂဲလီးယန်း ခြေလေးချောင်းအမျိုးနီးငါးတွေကိုတော့ ယူရာမေရိကား ပြင်ပမှာ မတွေ့ရသေးဘူး။ သူတို့က လက်ရှိအထောက်အထားအရ ရေချိုနဲ့ မြစ်ဝကျွန်းပေါ်မှာသာ နေပုံရတယ်။ ကျွန်တော်တို့ ခြေလေးချောင်း တိရစ္ဆာန် အစစ်တွေဟာ ကျွန်တော်တို့ကို အတုခိုးချင်တဲ့ အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေနဲ့ ယူရာမေရိကားပေါ်မှာ နှစ် (၁၀)သန်းလောက်တော့ ခေတ်ပြိုင် နေထိုင်ပုံ ရတယ်။ ဘာလို့လဲဆိုတော့၊ အယ်လ်ပစ္စတိုစတက်ဂဲလီးယန်းတွေက ဖရက်စ်နီးယန်းခေတ်အကုန်မှာ စတင်တဲ့ ဒီဗိုနီယန်ယုဂ်နှောင်းပိုင်း အစုအပြုံလိုက် မျိုးသုဉ်းမှုကြီးမှာ ပျက်သုဉ်းသွားတာကိုး။
သူတို့သာ မပျက်သုဉ်းရင် ဒီနေ့မှာ ခြေလေးချောင်း သတ္တဝါ အုပ်စုကြီး နှစ်ခု ဖြစ်နေမှာပါ။ ငါး၊ ခြေလေးချောင်း မျိုးနွယ် (၁) နဲ့ (၂) ဆိုပြီးတော့ပေါ့။ ကန်အစ်ချ်သီးစ်မှာ လက်ဖျံရိုး ရှိတဲ့ သက်သေ မရှိလို့၊ တစ်တားလစ်ခ်ရဲ့ ရေယက်တွေက ကိုယ်ပိုင် တီထွင်မှုတွေလို့ပဲ သဘောထားကြီးပေးပါဦး။ ဒါဆိုရင်တော့ ဂိုဂိုနေးဆတ် က ခြေလေးချောင်း သတ္တဝါဖြစ်ချင်တဲ့ တတိယမြောက် အုပ်စု ဖြစ်လာပါပြီ။ ကျွန်တော်တို့က ရုပ်ကြွင်းမှတ်တမ်း အဓိပ္ပာယ် ကောက်ပုံတွေကို အသေးစိတ် လေ့လာရင် ငါးကနေ တစ်တားလစ်ခ်၊ အဲဒီ့ကနေ ကုန်းနေရေနေသတ္တဝါ ဖြစ်လာတယ်လို့ ဆိုရအောင် မရိုးရှင်းကြောင်း တွေ့ရပါမယ်။ ဒီဗိုနီယန်ယုဂ်ဟာ ကုန်းဂေဟစနစ်တွေ ဖွံ့ဖြိုးတဲ့ကာလ ဖြစ်တယ်။ အစေ့ထုတ်အပင်တွေ ပေါ်လာတယ်။ အင်းဆက်နဲ့ တခြားအာသရိုပေါ့တွေ ပေါက်ပွားနေပြီ။ ဒီတော့ ကျောရိုးရှိသတ္တဝါတွေကလည်း ကုန်းပေါ်တက်ဖို့ တာဆူနေချိန်ဖြစ်တယ်။ ဒါကြောင့် အသားစိုင်ရေယက်ရှိငါး တွေမှာ ကုန်းပေါ်ကို တက်ဖို့ တစ်ခုမကတဲ့ မျိုးနွယ် တွေကနေ စင်ပြိုင် ကြိုးစားကြတယ်လို့ ကျွန်တော်တို့ သဘောပေါက်နိုင်ပါတယ်။
#ဆက်ရန်