နေထိုင်မကောင်းတဲ့အခါ သတိပြုပါ
ဝိညာဏ်ချုပ်ခါနီးလေ
ခန္ဓာကိုယ်ကြီးက
အသက်ရှူရတာ ပင်ပန်းတယ်။
ပိုပြီးတော့ ဆင်းရဲတယ်။
မဆင်းရဲပေဘူးလား။
အော်... ခန္ဓာရတဲ့ ပုဂ္ဂိုလ်
အင်မတန် ဆင်းရဲပါလား
သတိပညာလို့
သတိတစ်လုံး ရှေ့ကထားပြီးတော့ကာ
အဲဒီ ဆင်းရဲတာ မသိနိုင်ဘူးလား။
သိရင် နောက်တစ်ဖန် ခန္ဓာမျိုးကား
ရချင်သေးရဲ့လား။
အဲဒီလို စီစစ်ပြီးတော့ သတိပြုတဲ့အခါ
ဒေါသစိတ်က ဖြစ်သေးရဲ့လား။
အဲဒါ စိတ်မနာတာကွဲ့။
စဉ်းစားဖို့ မကောင်းလား။
အဲဒါ သတိပညာ ဥာဏ်မြေကတုတ်
ပညာချွန်းအုပ်ကဲ့သို့ အုပ်
ပညာချွန်းနဲ့ အုပ်တော့ကာ
မဂ်စိတ် ဖိုလ်စိတ်နဲ့ ဝိညာဏ် ချုပ်ရင်
အဲဒါ သောတာပန်ဖြစ်ရင်
နတ်အရိယာ၊ ဗြဟ္မာအရိယာ ဖြစ်နိုင်တယ်။
ဆက်ပြီးတော့မှ သောတာပန်၊ သကဒါဂါမ်
အနာဂါမ် အဲဒီလိုဆက်ရင်
ရဟန်းက်ိစ္စ ပြီးနိုင်တယ်နော်။
မဂ်စိတ်နဲ့ ဖိုလ်စိတ်နဲ့ ဝိညာဏ်ချုပ်ဖို့
အရေးကြီးတယ်။
ဓမ္မနောက်ပိတ် ဒါနကုသိုလ် သီလကုသိုလ်နဲ့
ဝိဉာဏ်ချုပ်ဖို့နော်။
အဲဒါကြောင့်
နေထိုင်မကောင်းတဲ့အခါ သတိပြုပါ။
အလေ့အကျင့်လုပ်ပါ။
📌 အဂ္ဂမဟာကမ္မဌာနာစရိယ မုံလယ်ဆရာတော်ဘုရားကြီး
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image

ဘဝကြီးမှာ ဘာတွေလိုချင်လဲလို့ မေးလာတဲ့အခါ....
“ အေးချမ်းမှု ” ဒီအတိုင်း “စိတ်အေးချမ်းမှု” လို့ဖြေမိမှာ
ဘာမှမတွေးဘဲ ငြိမ်ငြိမ်သက်သက်လေးနဲ့ အရာအားလုံးကို အရှိကိုအရှိအတိုင်း လက်ခံပြီး နေ့ရက်တိုင်းကို အေးအေးချမ်းချမ်း ဖြတ်ကျော်သွားနိုင်ဖို့ပဲ တွေးနေမိတယ် ။
ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မပေးဘဲ ဘယ်သူကမှလည်း စိတ်အနှောင့်အယှက်မပေးဘဲ ဒီတိုင်းလေးပဲ အေးအေးချမ်းချမ်းလေး နေ့ရက်တွေကို ကုန်ဆုံးသွားချင်တော့တယ် ။
ဒီလောက်ပါပဲ...

image

image

image

image

image

image
Htet6 shared a post  
125 yrs

51 w

အိပ်မပျော်သူများအတွက် ပူစီနံရွက်
အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျွန်မလုပ်နေကျဆေးနည်းလေး ပေးပါရစေ။
အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေရှည်မှာ မကောင်းပါဘူး။ ဒီနိုင်ငံမှာဆို အိပ်ဆေး လုံးဝ မပေးပါဘူး။ အရင်ကတော့ နွားနို့ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင် အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။ မဆိုးပါဘူး။ ဒါပေမယ့် နွားနို့သိပ်မကြိုက်တတ်တဲ့ ကျွန်မအတွက် သိပ်အဆင်မပြေပါဘူး။
ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကို မေးရတော့တာပေါ့။ သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာအရွက် ၅ ရွက် ၆ ရွက်ကို ထည့်ပြီး ခပ်နွေးနွေးလေး အနေအထားရောက်ရင် သောက်ပြီး အိပ်ယာထဲ ဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့။
တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။ အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်။ သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကျစေပါတယ်တဲ့။
🥰 ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။
မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....
အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။
(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။
(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။
(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။
(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။
(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာတွေ့ရပါတယ်

image

image
51 w - Translate

hub
🔌✨ 8-IN-2 USB A & USB C Hub Type-C Docking Station 💻🎮
စျေးနုန်း ၄၅၀၀၀ကျပ်။
**Multifunctional Adapter for Laptop, Desktop & Gaming Consoles**

💡 မိမိရဲ့ Laptop, Desktop, Gaming Console တွေမှာ Keyboard, Mouse, Flash Drive, Printer, SD/TF Card, Headphone စတဲ့ USB Devices တွေကို တစ်နေရာတည်းကနေ ချိတ်ဆက်နိုင်တဲ့ 8-IN-2 USB Hub ဖြစ်ပါတယ်။
🔋 USB 3.0 Port ဖြင့် 5Gbps အမြန်နှုန်းဖြင့် Data Transfer လုပ်နိုင်ပြီး၊ SD Card နဲ့ TF Card ကို တစ်ခုချင်းစီ အသုံးပြုနိုင်ပါတယ်။
🎧 3.5mm Audio Port ပါဝင်တာကြောင့် Headphone သို့မဟုတ် Speaker ချိတ်ဆက်ပြီး အသံအရည်အသွေးမြင့် Entertainment ရယူနိုင်ပါတယ်။
🧊 အလွယ်တကူ သယ်ဆောင်နိုင်တဲ့ Compact Design နဲ့ Metal Body ဖြစ်တာကြောင့် ရုံးသုံး၊ အိမ်သုံး နှစ်မျိုးလုံးအတွက် အထူးသင့်တော်ပါတယ်။

✅ USB-A & USB-C Combo Input – မည်သည့် Device မဆို ချိတ်ဆက်လို့ရ
✅ SD/TF Card Reader – File Backup လုပ်ဖို့အတွက် အဆင်ပြေ
✅ 3.5mm Audio Port – အသံအရည်အသွေးမြင့်
✅ Sleek & Durable Design – သယ်ဆောင်ရလွယ်ကူ
✅ Laptop များစွာနှင့် ကိုက်ညီမှုရှိ (MacBook, Dell, HP, Lenovo, ASUS, Huawei, Xiaomi, Samsung စသည်)

📌 **သတိပြုရန်**
- SD Card နဲ့ TF Card ကို တစ်ချိန်တည်း မသုံးနိုင်ပါ
- 2TB ထက်ကြီးတဲ့ Hard Drive မဖတ်နိုင်ပါ
- Power Requirement 5V 900mA ထက်မကျော်ရ
- USB 3.0 နဲ့ WiFi 2.4GHz တို့အကြား Signal ချင်းထိခိုက်မှုရှိနိုင်ပါသည်
📞 #shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
www.shop.com.mm/shop/zaycho
#usbhub #typechub #dockingstation #laptopaccessories #gaminggear #techgadget #usb3fasttransfer #sdcardreader #audioport #compactdesign #multifunctionalhub #officeessentials #မြန်မာgadget