1 w - Translate

Foldable တွေဝယ်ရင် လူတွေလန့်တာ မှန်လဲရင်စျေးကြီးတာပါပဲ သတင်းတစ်ခုအရ အသစ်ထွက် Samsung ခေါက်ဖုန်းတွေဖြစ်တဲ့
Z Fold7 ခေါက်မှန်လဲရင် $890
Z Flip7 ခေါက်မှန်လဲရင် $400 ပါတဲ့
သာမန်တွေးကြည့်ရင် Foldable Phone တွေရဲ့ Warranty ကိုမလေ့လာဖူးရင် ဒီစျေးတွေက သွေးတင်မဟုတ်ပဲ ရှိသမျှ အကုန်တက်စရာပါ
ဒါပေမယ့် စိတ်ပူစရာမလိုတဲ့ အားသာချက်တစ်ခုက Samsung Foldable ဖုန်းတွေရဲ့ Warranty ပိုင်းပါ
မြန်မာမှာဆိုရင် Samsung Foldable တွေကို ပေးတဲ့ Warranty က မိုက်တယ်
Samsung Care+ ကို ၁၈ လ အထိပေးထားတယ်
[တစ်နှစ် (၁၂ လ) မဟုတ်ဘူးနော်]
ဆိုတော့ Product Cycle က တစ်နှစ်ကို တစ်ခါထွက်
တယ် Samsung Care+ ၁၈ လ ဆိုတော့ ၂ နှစ်မှ တစ်ခါဖုန်းလဲတဲ့သူဆိုရင်တောင် ဒီ Warranty ပိုင်းက အဆင်ပြေတယ်ပေါ့ဗျာ
ဆိုတော့ မှန်လဲခ ကရော ဘယ်လောက်လဲဆိုရင်
Samsung က ပြောထားပုံအရ
“ Samsung Care+ ၀န်ဆောင်မှုကို Pre-order customers များအတွက် ဝယ်ယူပြီးသည့်နေ့မှ ၆လအတွင်း ၁၀၀% သက်သာခွင့် တစ်ကြိမ်
၁၈ လအတွင်း Main Screen မတော်တဆ ထိခိုက်ခြင်းအတွက် ၇၀% နှင့် Cover Screen (သို့မဟုတ်) Screen Protector မတော်တဆ ထိခိုက်ခြင်းအတွက် ၁၀၀% သက်သာခွင့်များအား တစ်ကြိမ် ခံစားခွင့်”
ဒီလိုအချက်တွေ ရမယ်လို့ဆိုထားတယ်
နားလည်အောင်ပြန်ရှင်းပြရရင် ဖုန်းမှန်က ဥပမာ ၁၀ သိန်းကျတယ်ဆိုပါစို့ Samsung Care+ ရှိတော့ ကိုယ်က ၃ သိန်းပဲပေးရမယ့်သဘောပေါ့ (မြန်မာမှာတော့ Z Fold7 / Flip7 ရဲ့ မှန်စျေး ဘယ်လောက်လဲ မသိသေးပါဘူး)
Samsung Care+ ရဲ့ Policy က ဒီအတိုင်းဆိုရင် မဆိုးဘူးပေါ့ဗျာ မှန်ကွဲမှာကိုခေါင်းထဲထည့်ကိုမနေနဲ့တော့ လို့တောင် ပြောနိုင်တယ်
Foldable မှန်စျေးကတော့ သာမန် ဖုန်းတလုံးစာရှိမှာပဲ ဒါပေမယ့် ကိုင်နေတဲ့ဖုန်းရဲ့စျေးက သိန်း ၈၀ ဝန်းကျင်မှ မှန်စျေးက အနည်းဆုံး 10% - 20% ဝန်းကျင်ကတော့ရှိမှာပါပဲ
အပေါ်မှာ ပြောသလိုပဲ စျေးကြီးတဲ့ ပစ္စည်းတွေဝယ်မယ်ဆိုရင် ဒီပစ္စည်းရဲ့ အာမခံ Policy က ဘယ်လိုလဲ ဘာတွေကို Cover ဖြစ်လဲဆိုတာ ကို အမြဲကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ် ဒီလိုကြည့်မှပဲ ပစ္စည်းက ပျက်တဲ့အခါမှာ ပြင်ဆင်ရမယ့် စရိတ်တွေက အထိုက်အလျောက်သက်သာမှာပါ

image