ချစ်လား 🥰❤️
Guinea Pig American Short Hair ❤️🥰
ဒီလိုအရောင်လေး မင့်ဆီ shi ပါတယ်နော် 🫶🏻✨

image

ချစ်လား 🥰❤️
Guinea Pig American Short Hair ❤️🥰
ဒီလိုအရောင်လေး မင့်ဆီ shi ပါတယ်နော် 🫶🏻✨

image

ချစ်လား 🥰❤️
Guinea Pig American Short Hair ❤️🥰
ဒီလိုအရောင်လေး မင့်ဆီ shi ပါတယ်နော် 🫶🏻✨

image
image
image
44 w - Translate

ဘဝဆိုတာ အရိုးရှင်းဆုံး
ဖြတ်သန်းနိုင်လေ အေးချမ်းမှု ပိုရလေပါ။ 🏡🍀

image
44 w - Translate - Youtube

Ocean Animals for Kids | Learn all about the Animals and Plants that Live in the Ocean

ကျေးဇူးပြုပြီး ဒီလက်ကိုဆက်ဆွဲထားပါ
မင်းက ခဏလေးလွှတ်ချလိုက်ရင်တောင်
ငါက တစ်ဘဝလုံး လွတ်ကျသွားမယ့် အခြေအနေမို့

ကမ္ဘာကြီးကို မင်း မကယ်တင်နိုင်ပေမယ့်
မင်းလက်ထဲက ငါ့အသက်ဓာတ်ကိုတော့ ကယ်ဆယ်နိုင်ပါတယ် ။

- ပိုပိုဖီးနစ်

44 w - Translate

ကန်ဒေါ်လာ ၁ သန်းဆုပေါက်တာကို ဒေါ် ၁ သောင်းဆုပဲ ပေါက်တာလို့ ထင်ခဲ့တဲ့ အမျိုးသမီး

မီချဲလ် စလိုအန်ဆိုတဲ့ အမျိုးသမီးကြီးဟာ ဇူလိုင် ၁၆ ရက်နေ့က သူ Village Knoll Deli & Spirits ဆိုင်ကနေ ဝယ်ယူလာခဲ့တဲ့ ထီလက်မှတ်နဲ့ ထီဆုကြီးပေါက်ခဲ့ပါတယ်။ သူဟာ မက်ဆာချူးဆက်ပြည်နယ်ကဖြစ်ပြီး ဒေါ်လာ ၁ သောင်းဆုပဲ ပေါက်တာလို့ ထင်ခဲ့တာပါ။ ဒေသဆိုင်ရာ ထီရုံးကို ထီဆုကြေးငွေသွားထုတ်တဲ့အချိန်မှ ဒေါ်လာ ၁ သန်းဆုပေါက်မှန်း သိခဲ့ရပြီး တအံ့တဩဖြစ်သွားခဲ့ရပါတယ်။ ဒေါ်လာ ၁ သန်းပေါက်တာကြောင့် ဘော့စတွန်က ထီရုံးချုပ်မှာ ထုတ်ယူခဲ့ရပါတယ်။

" ၁ သောင်းဆုလို့ပဲ ထင်ခဲ့တာ။ မယုံနိုင်သေးဘူး။ တအံ့တဩဖြစ်နေတုန်းပဲ" လို့ မီချဲလ်က ဆိုပါတယ်။ သူက ထီဆုကြေးငွေအတွက် လက်ငင်းငွေသားယူဖို့ ရွေးချယ်ခဲ့ပြီး တစ်လုံးတစ်ခဲတည်း ဒေါ်လာ ၆၅၀၀၀၀ (အခွန်ဆောင်တာမပါ) ယူခဲ့ပါတယ်။

ဒီထီဆုကြေးငွေထဲက တချို့ကို ရင်းနှီးမြှုပ်နှံဖို့စီစဉ်နေတဲ့အပြင် သူ့သားသမီးတွေကို အကူအညီပေးဖို့လည်း အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Village Knoll Deli & Spirits ဆိုင်ကလည်း ကံထူးသွားတဲ့ ထီလက်မှတ်ကို ရောင်းချလိုက်တဲ့အတွက် ဘောနပ် ဒေါ်လာ ၁ သောင်းရရှိမှာဖြစ်ပါတယ်။

image
44 w - Translate

ကနေဒါနိုင်ငံကမ်းရိုးတန်းအနီး ပင်လယ်နက်ထဲမှာ ရှားပါးရွှေရောင်ဥ သန်းချီတွေ့ရှိ
*********************************
သိပ္ပံပညာရှင်တွေဟာ ကနေဒါနိုင်ငံကမ်းရိုးတန်းအနီး ရေအောက်မီးတောင်တစ်ခုအနီးမှာ ရွှေရောင်ဥပေါင်း ၂.၆ သန်းကျော်နဲ့ ပြည့်နေတဲ့ သမုဒ္ဒရာနက်ပိုင်းက မျိုးပွားရာနေရာ အကြီးဆုံးတစ်ခုကို မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကနေဒါငါးလုပ်ငန်းနဲ့ သမုဒ္ဒရာများဆိုင်ရာအဖွဲ့မှ ရေကြောင်းဇီဝဗေဒပညာရှင် Cherisse Du Preez နဲ့ သူ့အဖွဲ့ရဲ့အဆိုအရ အဆိုပါဥတွေဟာ ငါးမန်းနဲ့ လင်းပိုင်မျိုးရင်းဝင် Pacific white skate ငါးမျိုးစိတ်တွေရဲ့ဥတွေဖြစ်ပါတယ်။
ဒီသားရေလိုမျိုး ရွှေရောင်ဥအိတ်တွေဟာ အပူဓာတ်ထုတ်လွှတ်တဲ့ ရေပူစမ်းပေါက်တွေအနီးမှာ စုဝေးနေကြပြီး အဲဒီနေရာမှာ မီးတောင်အပူရှိန်ကြောင့် တခြားနေရာတွေ ရေခဲမှတ်အထိအေးနေချိန်မှာ ရှားပါးတဲ့အပူရှိန်ကို ဖြစ်ပေါ်စေပါတယ်။ ဒီနွေးထွေးမှုကပဲ ဥတွေရဲ့သန့်စင်ကြီးထွားမှုကို သိသိသာသာ အရှိန်မြှင့်တင်ပေးနိုင်ပေမဲ့ အဆိုပါ skate ငါးဥတွေဟာ ပေါက်ဖို့ ၁၀ နှစ်လောက်အထိကြာမြင့်နိုင်ပါတယ်။
ဒီမျိုးပွားရာနေရာကို ကျွမ်းကျင်သူတွေက "အလွန်ရှားပါးသော" နေရာနဲ့ "ဂေဟစနစ်အရ အရေးပါသော" နေရာအဖြစ် ဖော်ပြထားပါတယ်။ သုတေသနအဖွဲ့ရဲ့ အဆိုအရ အဲဒီဒေသရဲ့ ထူးခြားတဲ့အခြေအနေတွေဟာ ကြီးထွားမှုနှေးကွေးတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ မျိုးစိတ်တွေအတွက် အရေးပါတဲ့ အကာအကွယ်နဲ့ ပိုမိုမြန်ဆန်တဲ့ ကြီးထွားမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒီတွေ့ရှိမှုဟာ ၎င်းနေရာကို ထိခိုက်မှုတွေမဖြစ်အောင် ကာကွယ်ဖို့အတွက် ထိန်းသိမ်းရေးကြိုးပမ်းမှုတွေ တိုးမြှင့်ဖို့ တောင်းဆိုမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီဥတွေရဲ့ ရွှေရောင်တောက်ပမှုနဲ့ မီးတောင်တည်ရှိရာ ထူးဆန်းတဲ့ပတ်ဝန်းကျင်တို့က ၎င်းကို မကြာသေးမီနှစ်တွေအတွင်း တွေ့ရှိခဲ့တဲ့ သတ္တဝါဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေထဲက အထူးခြားဆုံးတစ်ခုဖြစ်စေပါတယ်။
.

image
44 w - Translate

စစ်တောင်း၊ သံလွင်မြစ် အပါအဝင် မြစ်ချောင်းများ စိုးရိမ်ရေမှတ်ကျော်လွန်ကာ ထပ်မံမြင်တက်နိုင်၍ ဒေသခံများ ရေဘေးလွတ်ရာ ရွှေ့ပြောင်းရန်လိုအပ်

ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်နှင့်ချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင်မြစ်နှင့် မယ်ဆိုင်ချောင်း တို့သည် စိုးရိမ်ရေမှတ်အထက် ၅ ပေကျော်အထိ မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)၏ ယနေ့ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ရေကြီးမှုကြောင့် တောင်ငူ၊ ရွှေကျင်၊ မဒေါက်၊ ဘားအံ၊ ဘီလင်း နှင့် တာချီလိတ်မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ရေဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် သတိပေးထားသည်။

image
44 w - Translate

စစ်တောင်း၊ သံလွင်မြစ် အပါအဝင် မြစ်ချောင်းများ စိုးရိမ်ရေမှတ်ကျော်လွန်ကာ ထပ်မံမြင်တက်နိုင်၍ ဒေသခံများ ရေဘေးလွတ်ရာ ရွှေ့ပြောင်းရန်လိုအပ်

ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်နှင့်ချောင်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ စစ်တောင်း၊ ရွှေကျင်၊ သံလွင်မြစ်နှင့် မယ်ဆိုင်ချောင်း တို့သည် စိုးရိမ်ရေမှတ်အထက် ၅ ပေကျော်အထိ မြင့်တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)၏ ယနေ့ ဇူလိုင် ၂၈ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

ရေကြီးမှုကြောင့် တောင်ငူ၊ ရွှေကျင်၊ မဒေါက်၊ ဘားအံ၊ ဘီလင်း နှင့် တာချီလိတ်မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများ ရေဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ရန် သတိပေးထားသည်။

image