19 w - Translate - Youtube

နံနက်ခင်း မေတ္တာပို့ ဓမ္မတေး

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ထိုင်းနှင့် ကမ္ဘောဒီးယားခေါင်းဆောင်များ အငြင်းပွားနယ်မြေများသို့ သွားရောက်
နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုတစ်ရပ်နှင့် ပတ်သက်၍ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာနေချိန်တွင် ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များသည် အငြင်းပွားနယ်မြေနယ်စပ်တစ်ဖက် တစ်ချက်သို့ ဇွန် ၂၆ ရက်တွင် သွားရောက်ခဲ့ကြကြောင်း သိရသည်။
မေ ၂၈ ရက်ကပိုင်ဆိုင်ခွင့်အငြင်းပွား နှစ်နိုင်ငံနယ်စပ်တစ်နေ ရာ၌ ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်ဖက်တပ်ဖွဲ့ဝင်များ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ရပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံအကြားဆက်ဆံရေး တင်းမာခဲ့ရသည်။
မေ ၂၈ ရက်နယ်စပ်ပြဿနာကို အကြောင်းပြု၍ ထိုင်းနှင့်ကမ္ဘော ဒီးယားနှစ်နိုင်ငံလုံးက နယ်စပ်တစ်လျှောက် လက်နက်ကိုင်အင်အား အပြန်အလှန်မြှင့်တင်ခဲ့ကြသည်။
ယင်းအပြင် ကမ္ဘောဒီးယားနိုင်ငံက ထိုင်းနိုင်ငံမှစွမ်းအင်များ ဝယ်ယူတင်သွင်းမှုအားလုံးကို ရပ်ဆိုင်းခဲ့ရာ ထိုင်းနိုင်ငံကလည်း နှစ်နိုင်ငံနယ်စပ်တစ်လျှောက် နယ်စပ်ဝင်ပေါက်များ ကိုပိတ်၍ လက်တုံ့ပြန်ခဲ့သည်။
ဇွန် ၂၆ ရက်တွင် ထိုင်းဝန်ကြီးချုပ် ပေတွန်သန်ရှင်နာဝပ်သည် ပိုင်ဆိုင်ခွင့်အငြင်းပွားတည်ရှိရာ အရန်ရာပရာသက်အမည်ရှိ ထိုင်းနယ်စပ်မြို့သို့ သွားရောက်ခဲ့ကြောင်းသိရသည်။
အလားတူ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည်လည်း ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်ရှိပြည်နယ်တစ်ခုသို့ဇွန် ၂၆ ရက်တွင်သွားရောက်ခဲ့ပြီး ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည် နယ်စပ်ချင်းအရှည် ၈၁၇ ကီလို မီတာ (၅ဝ၈ မိုင်) အထိ ထိစပ်လျက်ရှိရာ ရှေးယခင်ကလည်း နယ်စပ်အငြင်းပွားမှုများကြောင့် ဆက်ဆံရေးတင်းမာမှုများရှိခဲ့သည်။
ရိုက်တာ

image
19 w - Translate - Youtube

နံနက်ခင်းမေတ္တာပို့ ဓမ္မတေး - ပါဠိအသံထွက် (Pali - Myanmar - English Lyrics)

19 w - Translate - Youtube

လိုရာဆန္ဒ ပြည့်ဝနိုင်သော#အစွမ်းထက် #သမ္ဗုဒ္ဓေဂါထာတော် (၆)မျိုး။

19 w - Translate - Youtube

#သမ္ဗုဒ္ဓေဂါထာတော် #တရားတော်

19 w - Translate - Youtube

မေတ္တာသုတ် (၁၁) ခေါက် (နေ့စဉ်ပူဇော်ပေးပါ)

19 w - Translate - Youtube

ကြာနီကန်ဆရာတော် ဟောကြားတော်မူသော { ဒီလိုဆိုလွန်တာပေါ့ တရားတော် }

19 w - Translate - Youtube

ပဌာန်းပါဠိတော်၊ ဓါရဏပရိတ်တော် - ကြာနီကန်ဆရာတော် ဦးဇဋိလ

#လောက၌ ကြိုတင်၍
#မသိနိုင်သောအရာ (၅)မျိုးရှိတယ်
----------------------------------
(၁) ဇီဝိတံ -
အသက်ရှင်လျက်ဘယ်လောက် နေရဦးမယ်ဆိုတာ မသိဘူး။
လောကကြီးမှာဘယ်လောက်ကြာကြာ
အသက်ရှင်နေထိုင်ရဦးမလဲ ဆိုတာကို မသိနိုင်ဘူးတဲ့။
(၂) ဗျာဓိ -
ဘဝခရီးကို လျှေက်လှမ်းရတဲ့အခါမှာ ဘာရောဂါနဲ့သေမယ်ဆိုတာကိုလည်း မသိနိုင်ပါဘူးတဲ့။
(၃) ကာလော -
ကာလဆိုတာ လူတစ်ယောက်ဟာ ဘဝခရီး
အဆုံးသတ်မယ့်အချိန်ဟာ ဘယ်အချိန်လဲ?
မနက်လား၊ နေ့လည်လား၊ ညလား ပြောလို့မရဘူးတဲ့
ပြောလို့မရလို့လဲပဲ ကိုယ့်ရှေ့မှာ ဘဝနိဂုံးချုပ်သွားကြတဲ့ပုဂ္ဂိုလ်တွေ
အများကြီးရှိကြပါတယ်
အမှတ်တမဲ့နေရင်တော့
မသိဘူးပေါ့ အမှတ်နဲ့နေမယ်ဆိုရင်တော့ အကုန်သိနေမှာပဲ မမျှော်လင့်ဘဲနဲ့ ဖြစ်နေကြတာတွေချည်းပါပဲ။
(၄) ဒေဟနိက္ခေပနံ -
ကိုယ့်ရဲ့ရုပ်အလောင်းကို
ဘယ်နေရာမှာ သဂြိုလ်မယ်၊ ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာ ကိုလည်း မသိနိုင်ဘူး
တချို့ဟာ ကောင်းကင်ယံမှာ အနိစ္စရောက်သွားတာလည်း ရှိတယ်။
တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်းအနိစ္စရောက်သွားတာလည်း ရှိတယ်။
အမျိုးမျိုး ရှိကြတယ်လေ အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို ဘယ်နေရာမှာ မြှုပ်နှံမယ်၊
ဘယ်နေရာမှာ သဂြိုလ်မလဲဆိုတာ ကိုလည်း မသိနိုင်ပါဘူးတဲ့။
နောက်မသိနိုင်တာတစ်ခုက ဘာလဲဆိုရင်
(၅) ဂတိ - လူတိုင်းလူတိုင်းဟာ ဘဝလမ်းကြောင်းကြီး (၅)ခုရှိတယ်။
ဂတိငါးပါးလို့ ခေါ်တာပေါ့။
Destination ခရီးလမ်းဆုံ ငါးဌာနရှိတယ်။
အဲဒီငါးဌာနက ဘာတွေလည်းဆိုလို့ရှိရင်
၁။ နတ်ပြည် - ကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။
နောက်တစ်ခုက
၂။ လူ့ပြည် - ပဲ။
အကုသိုလ်ကံတွေအကျိုးပေးလို့ ရောက်သွားနိုင်တာက
၃။ ပြိတ္တာ
၄။ တိရစ္ဆာန်
၅။ ငရဲ
အားလုံး ငါးမျိုးရှိတယ်။
အဲဒီတော့ ပုထုဇဉ်တစ်ယောက် အနေနဲ့ ဘဝနိဂုံး အဆုံးသတ် သွားပြီးတဲ့အခါမှာ ဘယ္ဘဝမွာ
ပြန်လည်မွေးဖွားမလဲဆိုတာ ပြောလို့မရဘူး တဲ့။
သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ်မှာ မူတည်သွားတယ်တဲ့
သောတာပန်မဖြစ်သေးသမျှ
" နိယတဂတိ "
ကိုယ်သတ်မှတ်ထားတဲ့နေရာတစ်ခုကို သွားလို့မရသေး ဘူးတဲ့
ဘုရားအလောင်းကြီးတောင်မှ တိရိစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်။
ငရဲကျတဲ့အခါ ကျသွားတယ်။
ဘာဖြစ်လို့လဲဆိုတော့
သေခါနီးအချိန်မှာ ဘာတွေနဲ့ကြုံပြီး ဘာစိတ်နဲ့သေမယ်ဆိုတာကို ပြောလို့ မရလို့ပေါ့နော်။
ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင် လူတိုင်းဟာ ဒီအချက်ကိုကြိုတင် မပြောနိုင်ကြပါဘူးတဲ့။
အဲဒီတော့ ဘဝဆည်းဆာ ရောက်နေတဲ့
ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာအလွန်သနားစရာကောင်းပါတယ်။
သေအံ့မူးမူးအချိန်ရောက်နေပြီဆိုရင်
ပတ်ဝန်းကျင်ကလည်း ကိုယ့်ကို ကယ်တင်မပေးနိုင်တော့ဘူး။
မြတ်စွာဘုရားက ဟောထားတယ်
" န သန် ပုတ်တာ တာဏာယ " တဲ့
"လောကမှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရပြီဆိုရင် အကာအကွယ်ပေးနိုင်တဲ့ သားသမီးဆိုတာ
မရှိဘူးတဲ့။ မိဘတွေအဖို့နော်"
သားသမီးတွေအတွက်လည်းပဲ ကယ်တင်ပေးနိုင်တဲ့မိဘဆိုတာ မရှိဘူးနော်။
ဆွေတွေမျိုးတွေထဲမှာလည်း ဒီလိုဘဝဆည်းဆာအချိန် ရောက်နေပြီဆိုရင်တော့ကယ်တင်ပေးနိုင်တဲ့သူ တစ်ယောက်မှမရှိဘူး
ဒီလိုပြောတာ။
အဂ္ဂမဟာပဏ္ဍိတဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ( ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး )

image

သာသနာတွင်းစိတ်နေစိတ်ထား
•••••••••••••••••••••••••••
ဘုန်းကြီးတို့ သတ္တဝါတွေကို ကြည့်မယ်ဆိုရင် မွန်မြတ်သော စိတ်ထားဓာတ်ခံရှိနေတဲ့ သတ္တဝါတွေက မွန်မြတ်တဲ့ နှလုံးသွင်းစိတ်ထား ဓာတ်ခံရှိတဲ့ သတ္တဝါတွေကို မှီဝဲဆည်းကပ်ကြမယ်။ ယုတ်ညံ့သော စိတ်ထားဓာတ်ခံရှိနေတဲ့ သတ္တဝါတွေက ယုတ်ညံံ့တဲ့ နှလုံးသွင်းစိတ်ထား ဓာတ်ခံရှိတဲ့ သတ္တဝါတွေကို မှီဝဲဆည်းကပ်ကြမယ်။ ဓာတ်တူရာ တူရာ သွားပေါင်းကြတာဘဲ။ လောကဥပမာကြည့်ကြ ဇနီးမောင်နှံနှစ်ယောက် စိတ်ထားခြင်း တူညီမှုရှိခဲ့ရင် တော်တော်လေးခိုင်မြဲတယ်။ တူညီမှုမရှိခဲ့ဘူး နှလုံးသွင်းညွှန့်ကိုင်းရှိုင်းမှုတွေက တစ်ဖက်တစ်လမ်းဖြစ်ခဲ့ရင် ခိုင်မြဲမှုမရှိဘူး ဒီသဘောဘဲ။ ဓာတ်တူရာ တူရာ သတ္တဝါဆိုတာသွားပေါင်းကြတာပဲ။ ဘုန်းကြီးတို့ ဘုရားရှင်က ဒီလို သတ္တဝါတွေရဲ့ စရိုက်နဲ့ အတွင်း ဓာတ်ခံကို ထိုးထွင်း သိမြင်တော်မူပါတယ်။
နောက်တစ်ခု ဘုရားရှင်က (၃၁)ဘုံ တည်ရှိတယ်ဆိုတာလည်း ကြေငြာထားပါတယ်။ ဒီကြေငြာချက်က ဘုန်းကြီးတို့ သာသနာတွင်းရဲ့ ကြေငြာချက်တစ်ခုဖြစ်ပါတယ်။ သာသနာပြင်ပ အယူအဆတွေမှာ (၃၁)ဘုံ တည်ရှိတယ်ဆိုတဲ့ ကြေငြာတဲ့ အယူအဆတွေ မရှိပါဘူး။ အနောက်တိုင်း သိပ္ပံပညာတွေမှာလည်း ဒီလို ကြေငြာချက်မရှိပါဘူး။ ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ ကြေငြာချက်က သိပ်ပြီးတော့ ပြည့်စုံပါတယ်။ ဧကဝေါကာရလို့ခေါ်တဲ့ အသညသတ်ဘုံ ရုပ်သက်သက်ရှိတဲ့ သတ္တဝါတွေလည်းရှိတယ်။ စတုဝေါကာရ(ခ) အရူပလို့ ခေါ်တဲ့ နာမ်သက်သက်ရှိတဲ့ သတ္တဝါတွေလည်းရှိတယ်။ ပဥ္စဝေါကာရလို့ ခေါ်တဲ့ ရုပ်နာမ်ရောနေတဲ့ ခန္ဓာငါးပါးရှိတဲ့ သတ္တဝါတွေလည်းရှိတယ်။ ဒီလိုဘုံတွေကို ထိုးထွင်းသိနေတဲ့ ဉာဏ်တော်ရဲ့ဂုဏ်ကျေးဇူးက ကြီးမားပါတယ်။
ဘုန်းကြီးတို့ ကာမဘုံကဘဲဖြစ်စေ (သို့) ရူပဝါစရဘုံကဘဲဖြစ်စေ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရသေးဘဲ ပုထုဇဉ်ဘဝနဲ့ အရူပဘုံကူးသွားရင် ဒီပုထုဇဉ်သည် ကမ႓ာပေါင်းရှစ်သောင်းလေးထောင်ကြာပါစေ ဒီဘုံမှာ မဂ်ဖိုလ်နိဗ္ဗာန်ရခွင့် မရှိဘူး။ ဘာကြောင့်လဲ?၊ မဂ်ဖိုလ်ရဖို့ အရေးကြီးဆုံးက ပရတောဃောသလို့ခေါ်တဲ့ သူတစ်ပါးထံမှ သစ္စားလေးပါးနဲ့ဆက်တဲ့ တရားစကားကြားနာခွင့် ရှိရပါမယ်။ ဒီတော့ နာမ်သက်သက်ရှိနေတဲ့ အရူပဘုံမှာ တရားနာဖို့ နားလည်းမရှိဘူး ဘုရားဖူးဖို့ မျက်စိလည်းမရှိဘူး၊ သံဃာတွေလည်းဖူးဖို့ မျက်စိမရှိဘူး။ တပည့်သား သံဃာတွေထံမှ တရားနားဖို့လည်း နားကမရှိဘူး။ ပရတောဃောသ ခေါ်တဲ့ တရားနာဖို့ ဒီအခွင့်အရေးကြီးဆုံးရှုံးသွားတဲ့အတွက် ဒီအရူပဘုံမှာတည်နေတဲ့သူတွေဟာ မဂ်ဖိုလ်ကို ဘယ်လိုမှမရနိုင်တော့ဘူး။
ဒီတော့ သာသနာတွင်းမှာ သိမြင်နိုင်တဲ့ အသိဉာဏ်က ဘာထူးသလဲ?။ ပုထုဇဉ်ဘဝနဲ့ ဒီလိုဘုံဘဝကို ရောက်ခဲ့မယ်ဆိုရင် မဂ်ဖိုလ်ကို မရနိုင်ဘူးဆိုတာ သာဝကတွေမှာ ဖြစ်ပေါ်ပြီးလာပါတယ်။ ဒီလိုဘုရားရှင်ရဲ့တရားတော် အသိဉာဏ်ကြောင့် ဒီလို သိရှိလာတဲ့ ပုထုဇဉ်သာဝကတွေက ဒီလို ဘုံဘဝကို ရရှိဖို့ကြိုးစားဦးမလား?၊ မကြိုးစားတော့ပါဘူး။
နောက်တစ်ခု အသညသတ်ဘုံလည်း ထိုနည်း၎င်းဘဲ ရုပ်သက်သက်ဘဲရှိတယ်။ ဇီဝိတနဝကကလာပ်ဘဲ ဦးဆောင်တည်ရှိနေတာမို့ သူတို့မှာ မျက်စိအကြည် နားအကြည်စတာတွေ မရှိဘူး။ မရှိတော့ တရားနာကြားခွင့် မရပါဘူး။ ဉာဏ်ပညာ ဦးဆောင်နေတဲ့ နာမ်တရားရှိမှဖြစ်တာ၊ နာမ်တရားကလည်း လုံးလုံးမရှိတော့ တရားသိနိုင်တဲ့ အခွင့်အလမ်း လုံးလုံးမရှိတော့ဘူး။ ဒီလို သာသနာတွင်း သြကာသလောကကို ဘုရားရှင်ဆုံးမ ဟောကြားမှုရထားတဲ့ ပုဂ္ဂိုလ်တစ်ဦးက ဒီဘုံကို ရအောင်ကြိုးစားတော့ မလား? မကြိုးစားတော့ဘူး။ အကျိုးကျေးဇူးများသွားပါတယ်။
ဒီလိုအခွင့်အလမ်းကို မသိလိုက်တဲ့ ဥဒကရသေ့ အာဠာရရသေ့တို့လို အခုချိန်ထိအရူပဘုံမှာ ရှိနေကြပါတယ်။ ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်ခဲ့ပေမယ့် ကျွတ်တန်းမဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲ?။ ခြွေချွတ်လို့ရတဲ့ သတ္တဝါအမျိုးအစားထဲမှာ မပါလို့။ သို့သော် ဒီရသေ့ကြီးတွေက မဂ်ဖိုလ်ရနိုင်တဲ့ မျိုးစေ့ရှိသလား မရှိဘူးလားမေးရင်...?၊ ရှိကြပါတယ်။ ဘုရားဖြစ်ပြီး ဘယ်သူ့ကို အဦးဆုံး ခြွေချွတ်ရမလဲလို့ ကြည့်လိုက်တဲ့အခါမှာ သူတို့ကို ဦးဆုံးတွေ့ပါတယ်။ ကျွတ်နိုင်တဲ့ ပါရမီမျိုးစေ့က ရှိနေပါတယ်။
ဒါပေမယ့် သာသနာပါ့ အချိန်ကာလမှာ ရရှိထားတဲ့ အရူပစျာန်တွေဖြစ်ခြင်းကြောင့် သူတို့ရဲ့ယုံကြည်ချက်က မိမိတို့အထွဋ်အထိပ်ဆုံး ရရ်ှိထားတဲ့ စျာန်တွေကသာ နောင်ပဋိသန္ဓေကို အကျိုးပေးလိမ့်မယ်လို့ ယုံကြည်ချက်ဘဲရှိနေပါတယ်။ ဒီယုံကြည်ချက်ကြောင့် မိမိတို့ရရှိထားတဲ့ အထွဋ်အထိပ်ဆုံးစျာန်ကိုသာ အမြတ်စားပွားများတဲ့ အတွက်ကြောင့် ဒီအရူပဘုံဘဝကိုဘဲ ရရှိသွားပါတယ်။
အဲ့ဒီမှာ သာသနာတော်အတွင်းက အသိဉာဏ်က ကွာခြားသွားပြီ၊ မိမိစျာန်သမာပတ်တစ်ခုကို ဘယ်ဟာ နှစ်ခြိုက်သလဲ မိမိနှစ်ခြိုက်တဲ့ စျာန်သမာပတ်တစ်ခုခုကိုအမြတ်စားပွားပါ မိမိနှစ်ခြိုက်တဲ့ဘုံကို ရောက်နိုင်တယ်လို့ ဒီအသိဉာဏ် ရရှိပါတယ်။ သာသနာပါ့မှာ ဒီအသိဉာဏ်ပေးနိုင်တဲ့ သူမရှိလို့ မရရှိနိုင်ဘူး။ အမြတ်စားမိမိပွားထားတဲ့ စျာန်သာအကျိုးပေးလိမ့်မယ်ဆိုတဲ့ အသိဉာဏ်သာ ရှိနေပါတယ်၊ မိမိအားထုတ်ပြီးတဲ့ စျာန်တိုင်းမှ ရွေးခြယ်နိုင်တယ်ဆိုတဲ့ အသိဉာဏ်မရှိဘူး။ ဒါကြောင့်ဘုန်းကြီိးတို့ ဘုရားရှင်သာသနာတော်နဲ့ ကြုံကြိုက် ဘုရားရှင်ရဲ့တရားတော်ကို သိမြင်ခွင့်ရတာ အကျိုးများ မနေဘူးလား?၊ များပါတယ်။
အကယ်၍သာ ဒီရသေ့ကြီးတွေ ဒီအသိဉာဏ်သာရှိခဲ့မယ်ဆိုရင် ရုပ်နာမ်ရှိနေတဲ့ ရူပါဝစရဘုံတစ်ခုမှာ တည်နေမယ်ဆိုရင် ကျွတ်တန်းဝင်မသွားနိုင်ဘူးလား?။ ဝင်သွားနိုင်ပါတယ်။ ဒါကြောင့်ဘုရားရှင်က သတ္တဝါတွေကို ဟောကြားလိုက်တယ်။ ပုထုဇဉ်အဖြစ်နဲ့ အရူပဘုံ အသညသဘုံတွေကို ရောက်ခဲ့ရင် မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ဘူးလို့ ဒီလိုအသိဉာဏ်ပေးလိုက်ပါတယ်။ သြကာသလောကကြီးကို ခွဲခြမ်းစိတ်ဖြာပြီး အသိဉာဏ်ထူးတွေ ပေးလိုက်ပါတယ်။ ဒါသာသနာတွင်းမှာ ရရှိသွားနိုင်တဲ့ စိတ်နေစိတ်ထား အသိဉာဏ်ထူးပါပဲ။
ဒ်ီတော့ နိဗ္ဗာန်က်ို လိုလားတောင့်တနေတဲ့ သာဝကတွေ အတွက်တော့ အဖိုးတန်တဲ့အသိဉာဏ်ထူး ဖြစ်နေပြီ။ ဒီထက်တစ်ဆင့်တက်လို့ သာသနာပမှာမရနိုင်တဲ့ ဝိပဿနာဉာဏ်ထူးတွေ လည်းရရှိနိုင်ပါတယ်တဲ့။ ဒါကြောင့် ဘုန်းကြီးတို့ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ရတာ သိပ်ပြီး အားရဖို့ မကောင်းဘူးလား?။ သိပ်ကောင်းပါတယ်။ လောကအကြောင်းကို ကောင်းကောင်းသိတဲ့ အတွက် သိပ်ကြည်ညိုဖို့ ကောင်းတယ်နော်။
"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma

image