Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#ပြည်တွင်းသတင်း
◼ သုခဒဂုံအငှားအိမ်ရာ၌ လူသတ်မှုကျူးလွန်သူဟုယူဆရသူအမျိုးသားနှစ်ဦးဖမ်းဆီးမိဟု နစကထုတ်ပြန်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်ရှိ သုခဒဂုံအငှားအိမ်ရာ၌ လူသတ်မှုကျူးလွန်ခဲ့သူဟုယူဆရသူအမျိုးသားနှစ်ဦးကိုဖမ်းဆီးမိကြောင်း နစက၏ပြည်ထဲရေးဝန်းကြီးဌာနက ယနေ့(ဇွန် ၂၆ ရက်) တွင်ထုတ်ပြန်သည်။
သုခဒဂုံအငှားအိမ်ရာတွင်နေထိုင်သူ အသက်(၅၃)နှစ်အရွယ်ရှိဦးနေလင်းနှင့် အသက်(၃၃)နှစ်အရွယ်ရှိ ၎င်း၏ဇနီးဒေါ်နှင်းယုအောင်တို့နှစ်ဦးသည် ယခုလဇွန် ၂၁ ရက်၊ နံနက် ၂ နာရီတွင် နေအိမ်အိပ်ခန်းအတွင်းအိပ်ပျော်နေစဉ် အနက်ရောင်မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦး(စိစစ်ဆဲ)မှ ဓားဖြင့်ထိုးခဲ့ခြင်းကြောင့် ဦးနေလင်းသည် ဝဲရင်အုံထိုးသွင်းဒဏ်ရာ ၂၅ ချက်၊ လည်ပင်းထိုးသွင်းဒဏ်ရာ သုံးချက်၊ ယာနံဘေးထိုးသွင်းဒဏ်ရာသုံးချက်တို့ရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာဝဲနံဘေးထိုးသွင်းဒဏ်ရာငါးချက်၊ ယာလက်ဖျံထိုးသွင်းဒဏ်ရာသုံးချက်၊ ဝဲခြေသလုံးထိုးသွင်းဒဏ်ရာ သုံးချက်တို့ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
အဆိုပါအနက်ရောင်မျက်နှာဖုံးဝတ်ဆင်ထားသည့် စိစစ်ဆဲအမျိုးသားနှစ်ဦးမှာ အသက်(၅၃)နှစ် အရွယ်ရှိကျော်အောင်နှင့် အသက်(၅၈) နှစ်အရွယ်ရှိ မင်းဇော်(ခ) မင်းမင်းတို့နှစ်ဦးဖြစ်ပြီး ကျော်အောင်သည် သုခဒဂုံအငှားအိမ်ရာတွင်မဲပေါက်၍ ရရှိထားသည့်အခန်းတွင် ကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲ ငှားရမ်းထားသည်ကို သေဆုံးသူဦးနေလင်းမှအိမ်ရာကော်မတီသို့တိုင်တန်းခဲ့သဖြင့် ရန်ငြှိုးထား၍သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်း (ပ)၅၀၀/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆ ဖြင့်အမှုဖွင့်ခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဝက်သားဟင်းနဲ့ချဉ်ပေါင်ဟင်း ပြိုင်ပွဲ ဟာသဇတ်ထုတ်ပါဝင်တဲ့ တရားတော် #ကြာနီကန်ဆရာတော် တရားတော်များ