1 w - Translate

ဂန္ထဝင်ကြီး အောင်လရဲ့ ONE နောက်ဆုံးပွဲအတွက် နုတ်ဆက်စကား
.................
" ဒါဟာ ကျွန်တော့်ရဲ့ (ONE MMA ပြိုင်ပွဲမှာ) နောက်ဆုံးကကွက်ပါပဲ။
ကြိုးဝိုင်းထဲမှာ (ဒီလိုပွဲမျိုးအတွက်) ကိုယ့်ကောင်ကြီး ကာဒက်စ်တန်ထက် ပိုကောင်းတဲ့ ပြိုင်ဘက်တော့ ရှိမှာ မဟုတ်တော့ပါဘူး။
သူ့ကိုတော့ အများကြီးလေးစားချစ်ခင်ပါတယ်။
ကဲ..ဗန်ကောက်ရေ.. နောက်ဆုံးအကြိမ်အနေနဲ့ဒီပွဲကို နွှဲလိုက်ကြစို့ "
......
မြန်မာပရိတ်သတ်တွေ တချိန်က မြန်မာကွ ဆိုပြီး အသံကျယ်လောင်စွာ အားပေးခွင့်ရအောင်၊ ONE လို နိုင်ငံတကာ ဆင့် ပြိုင်ပွဲကြီးမှာ မြန်မာဖန်တွေ ဂုဏ်ယူဝံ့ကြွားခွင့်ရအောင် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ချန်ပီယံခါးပတ် ၂ ခုထိ ယူပြခဲ့တဲ့ ကချင်သားကြီး အောင်လရဲ့ ONE နောက်ဆုံး ပွဲကတော့ ကျရောက်လို့လာပါတော့မယ်။
ဘယ်သူကတော့ ဒီလို ပွဲမျိုးကို ဒီလို ခံစားချက်မျိုးနဲ့ အားပေးချင်ပါ့မလဲဗျာ..
ဒါပေမယ့် ဟီးရိုးကြီးရဲ့ နောက်ဆုံးပွဲကို မဖြစ်မနေ အားပေးဝန်းရံလိုက်ကြရအောင်

image