ငါတို့ဝေးသွားခဲ့ပြီလို့ 
တွေးမိတဲ့အခါတိုင်း 
ငါတို့နီးစပ်ခဲ့လို့လားဆိုတဲ့ 
မေးခွန်းတွေက 
ငါ့ကို ကျိုးကြေစေတယ် … ။ 
 
#တာရာမင်းဝေ
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
    	
 ငါတို့ဝေးသွားခဲ့ပြီလို့ 
တွေးမိတဲ့အခါတိုင်း 
ငါတို့နီးစပ်ခဲ့လို့လားဆိုတဲ့ 
မေးခွန်းတွေက 
ငါ့ကို ကျိုးကြေစေတယ် … ။ 
 
#တာရာမင်းဝေ
    	
 21-24ရက်အတွင်းမှာ ဝိဖာ ကထိုင်းကို ဝင်လာစ ပြုနေပါပီ။ မိုးအများကြီး ရွာမယ်၊ ရေကြီးမယ်၊ တောင်ကျရေ တွေ ဆင်းလာတတ်လို့ သတိထားကြပါ။ ဝိဖာက 1နာရီကို အမြန်နှုန်း 90ကီလို အကွာအဝေးနဲ့ လာနေပါတယ်။ ဂရုစိုက်ရမဲ့ မြို့များ 
 
70%_80%ထိ ဝင်ရောက်နိုင်မဲ့မြို့။ 
เชียงราย-ချင်းလိုင်း၊  
พิษณุโลก-ဖိစနလုတ်၊ 
ตาก-တာက်၊  
กรุงเทพ-ခွန်ထစ်၊  
พระนครศรีอยุธยา-ဖာ့နခေါ့စီအယုဓရာ၊ 
กาญจนบุรี-ကချနပူရီ၊ 
นครปฐม-နခေါ့ပထုန်၊ 
สมุทรสาคร-စမွတ်ဆာခေါ၊ 
นครสวรรค์-နခေါ့စဝမ်၊  
นครพนม-နခေါ့ဖနုန်၊ 
ชลบุรี-ချွန်ပူရီ၊ 
ตราด-သလာ့၊ 
ระยอง-လယောင်၊ 
ลพบุรี-လုပ်ပူရီ၊ 
นครนายก-နခေါ့နာရုတ်၊ 
ปราจีนบุรี-ပရာကျင်ပူရီ၊ဖြစ်ကြပါတယ်ဗျ 
Take care all 🥹
        
    	
 "လူ ချင်းတူပေမယ်. 
အသိတရားရှိတာချင်း မတူပါဘူး" 
တခါတလေ 
ငါ လူကဲခတ် မှား သွားတာက 
ငါ ကန်းနေလို့ မဟုတ်ပါဘူး 
ငါ ရိုးသား ကြင်နာ တတ်လို့ပါ။ 
တခါတလေ 
ငါ လူ ချစ်မှား သွားတာက 
ငါ တုန်း အ လို့မဟုတ်ပါဘူး။ 
ဒီသံယောဇဉ်တွေကို 
ငါ အလေးနက်ထားလို့ပါ။ 
တခါတလေ 
ငါငိုကြွေးနေတာတွေက 
ငါ ဝမ်းနည်းလို့ မဟုတ်ပါဘူး 
ငါ မတရားခံရလို့ပါ။ 
တခါတလေ 
ငါသည်းခံတာတွေက 
ငါ့ မှာ အကြောင်းပြချက် 
မရှိလို့မဟုတ်ပါဘူး 
ငါ လုယက် ငြင်းခုန်မူကို မကြိုက်လို့ပါ။ 
တခါတလေမှာ 
ငါ့ဘက်ကမကောင်းလို့မဟုတ်ပါဘူး။ 
လူ့စိတ်ဆိုတာ 
ထို-းထွင်း မြင်ရတာမျိုးမှ မဟုတ်တာ။ 
ဒါပေမဲ့ 
ငါ နဂိုရှိတဲ့ စိတ်ကောင်းနှလုံးကောင်းကိုပဲ 
ငါက အမြဲထာဝရ ထိန်းသိမ်းထားမှာပါ။ 
စိတ်ကောင်းထားရင် 
လောကကြီးက 
သိပ့်လှပ တယ်ဆိုတာ လေးလေးနက်နက် 
ငါ ယုံကြည်ထားပါတယ်။ အဆွေ တို့  
ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြရတဲ့ 
သူ တွေကို ချစ်တဲ့ စိတ်နဲ့ ကြည့်ခဲ့လို့ 
သူတို့အားလုံးက 
ချစ်စရာကောင်းပါတယ်" 
လောကကြီးမှာ ချစ်ရသူရဲ့ အပြင်မှာ ဘယ်သူမှ မရှိပါဘူး 
  
#crd_to_owner_with_respect
    	
 ဦးဇော်ဇော်စိုး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ထိုင်းဘုရင်ထံ ခန့်အပ်လွှာပေးအပ်  
 
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်လွှာကို ထိုင်းဘုရင့်နန်းတော်၌ ထိုင်းဘုရင်မင်းမြတ် မဟာ၀ချီရာလောင်ကွန်းထံ သံအမတ်ကြီး ဦးဇော်ဇော်စိုးက ပေးအပ်ခဲ့ကြောင်း သိရသည်။ 
 
ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဇော်ဇော်စိုးကို ခန့်အပ်ကြောင်း ( မတ် ၂၅)ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားခြင်းလည်း ဖြစ်သည်။ 
 
ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်မယူစဉ်က သူသည် စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သေးသည်ဟု သိရသည်။  
 
ထို့အပြင် သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသေးသည်။
        
    	
 🎍 ဖတ်ထားနော် တိုက်ဆိုင်ပါက လိုက်နာကျင့်သုံး 
ဘေးကင်းကြပါစေ🥰🥰🥰 
 
အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်း 
♥♥♥♥♥ 
 
ရှားစောင်းလက်ပတ်ပင်ဟာ ဘယ်လောက်တောင်ဆေးအစွမ်းထက်သလဲဆိုတာ လက်တွေ့ သုံးစွဲဖူးသူများရဲ့တုန့်ပြန်ပြောဆိုရေသားထားသည့် ကွန်မန့်(comments)များကိုစုစည်းဖော်ပြပေးလိုက်ပါတယ် 
အစ_အဆုံးကို_ဖတ်ဖြစ်အောင်_ဖတ်ပါ။ 
 
– တကယ်ကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက်ပါ ။ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ။ဝမ်းသွားရင် သွေးပါတာ။ ညောင်းတာ။ မအီမလယ်နဲ့နေရတာ အရမ်းခက်ခဲ့တာ …အခုဆို အရမ်းကောင်းသွားပါပြီ ။ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ ။တကြိမ်ပဲစားလိုက် သိသာပါတယ် ၂ ခါဘဲစားလိုက်တာလုံးဝပျောက်ကင်းသွားပါပြီ ။အားလုံးကျမ်းမာကြပါစေ…လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား… 
 
– ကျွန်တော့်မေမေ သွေးတိုးတုန်းကဆိုရင် ရှားစောင်းလက်ပတ်ကို အထဲက အသားကို ခြစ်ယူပီးတော့ သကြားနည်းနည်းထည့် ပြီးတော့သံပုရာသီး တခြမ်း ညှစ်ထည့်လိုက် ပြီးတော့မွှေလိုက် ရေခဲထည့်ပြီးစားလိုက်တာ ၅ မိနစ်တောင်မကြာဘူး ။ သွေးချိန်လိုက်တော့ Nomel ပြန်ဖြစ်သွားတာ လက်တွေ့ပါဗျ သွေးတိုးသမားတွေအတွက်တော့ ဆေးကောင်းတလက်ပါဗျာ…။ 
 
– ဒို့ကတော့ထက်ခြမ်းခွဲပြီး ဇွန်းနဲ့ခြစ် အနှစ်ယူကာ ပျားရည်နဲ့ ခေါက်သောက်ပါတယ်။ အဆုတ်နာတွေလဲ ကောင်းပါတယ်ဘေးမဖြစ်ပါ…။ 
 
– ရှားစောင်းလက်ပတ် ဆေးနည်းများစွာ ရှိပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်နည်းဖေါ်ပြ ပေးလိုက်ပါတယ်..။ရှားစောင်းလက်ပတ် ၂၅ ကျပ်သား၊ မုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သား၊ မကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသားကြက်သွန်နီ ၅ ကျပ်သားဆား ၁ ကျပ်သား။ အထက်ဖေါ်ပြပါ ငါးမျိုးထဲမှရှေးဦးစွာ ထန်းလျှက်ကို ဒန်အိုးနှင့်အရင် ကျိုပါ။ ထန်းလျှက်ရည်ကိုစစ်ထားပါ ။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ..။ ဆေးကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ် ။မြေအိုးထဲကို ထန်းလျှက်ရည်ထည့်ပြီး ကျိုပါ ။ ကြွက်မြီးတန်လို ပျစ်လာလျှင် ကျန်တာတွေထည့်ပြီး မီးမျှင်းမျှင်းဖြင့်ကျိုပါ ။မွှေပေးပါ။ ပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှ ချထားလိုက်ပါ။ အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ကွမ်းသီးလုံးခန့်စားပါ ။ အမျိုးသမီးများအတွက် သွေးသားနှင့်ပတ်သက်သောရောဂါများနှင့် သွေးသားဖေါက်ပြန်ပြီး သွက်ချာပါဒ ရောဂါများ ပျောက်ကင်းစေပြီးအသားအရည်ဝင်းပစေပါသည်။ 
 
– ရှားစောင်းလက်ပက်က အပင်ပါ။ လူတော်တော်များများ သိပါတယ်။ ခေါင်းလျှော်ရည်ဘူးတွေမှာ ပါပါတယ်။ အသားအရေအတွက် ကောင်းလို့အလှကုန် တော်တော်များများမှ ာပါပါတယ်။သူကိုသုံးမယ်ဆိုဘေးကစောင်းလေးတွေကို လှီးလိုက်ပါ။ အစေးဝါဝါလေးတွေ တွေ့ရမယ် ရေဆေးလိုက်ပါ။ အလွန်ခါးပါတယ် ။ ကျန်တာအတွင်းကဂျယ်ရော အပြင်ကအခွန်ရောစားလို့ရပါတယ် ။ ကောင်းတာကတော့အားလုံးပါဘဲ .. လူတစ်ကိုယ်လုံးကို အာဟာရပေးပါတယ်။ 
 
အညာမှာ လူကြီးတွေအသက်ရှည် ကျန်းမာတာဒါတွေစားလို့ပါ။ တို့အမျိုးအားလုံး သုံးပါတယ် ။ အလွန်ကောင်းလို့ ပြောမကုန်ပါဘူး။ ဆီးဝမ်းသွေးလေ အရိုး အရေပြား မျက်စိ ဝမ်းတွင်းကလီစာ အားလုံးကိုအကျိုးပြုပါတယ်။ ကြိုက်သလိုသုံးပါ။ စားချင်သလိုစားပါ ။အားလုံးအထောက်အကူဖြစ်ပါတယ် ။သက်ရှည် ကျန်းမာလှပ အပူငြိမ်းအားရှိ မျက်စိကြည် ဘာမဆိုသုံးလို့ရပါတယ်။ 
 
– ရှားစောင်းလက်ပတ်ကိုသုံးပြီးလို့ ကျန်တဲ့အခွံကိုလဲ ထက်ခြမ်းခြမ်းပြီး မျက်နှာတွေ လက်တွေမှာ ပွတ်ရင် အသားအရေ နုချောပြီး ဖြူဖွေးတာတကယ်ပါ ။ ကာလသားရောဂါကြီးတွေတောင် ပျောက်တယ်တဲ့ ..။သူ့အစေးကိုဖြစ်စေ အသားကိုဖြစ်စေ စားပါ ။သူ့ကြီးပဲစားလဲရတယ် တကယ်စွမ်း…။ အတွင်းသားလေးကိုခြစ်ပြီး သံပုရာရည်လေးညှစ် ကြက်သွန်နီ ပုဇွန်ခြောက်မှူန့်လေးနဲ့သုပ်စားလည်းကောင်းတယ်..။ 
 
– ရှားစောင်းလက်ပတ်ကို ရှမ်းပျိုမယ်နဲ့စားရင် အသားအရေ စိုပြေပြီးပိန်သူကိုဝ စေပါတယ်။ရှားစောင်းလက်ပတ်က မြန်မာပြည်မှာရော ဒီယိုးဒယားမှာလဲ ဟင်းချက်စားတယ်ဗျ .. တကယ်ပါ။ 
 
– ရှားစောင်းလက်ပတ်ဆိုလို့ပြောရအုံးမယ် ။ရှားစောင်းအနှစ်ရယ် , မြန်မာကြက်ဥတလုံး , နှမ်းဆီကြက်ဥတလုံးစာ၃မျိုးဆတူကြော်စား သွေးထွက်နေတဲ့လိပ်ခေါင်းတကယ်ပျောက်တယ်။ လက်တွေ့ပါ…။ 
 
– နားကိုက်လဲ..ကောင်းတယ်..မီးဖုတ်ပြီး..အတွင်းသားကို..နားထဲဝင်လောက်တဲ့..အချောင်းလေးလုပ်ပြီးကြပ်ပေးရင်…( တစ်ကယ်ပြောတာပါ ) 
 
– ရှားစောင်း လက်ပတ် အစွမ်းကပြောမကုန်။ တစ်ခုပြောပါရစေ ။ရှားစောင်လက်ပတ် လက်နှစ်လုံးလောက်အရွယ် အလက်တစ်လက်ကိုရေစင်အောင်စေးပြီး ဘေးက အဖုလေးတွေဖယ်ပြီး ကြိတ်စက်နဲ့ကြိတ်ပါ ။ပြီးပျားရည်စစ်စစ် ဟင်းချိုသောက် ဇွန်း တစ်ဇွန်း တို့ကို ပေါင်းစပ်မွှေပြီး ဗူးအသန့်တစ်ခုအတွင်းထည့်ထားပြီး သာမန်ဇွန်းတစ်ဇွန်ခန့်သောက်ပေးပါ ။ဆေးသောက်ပြီး ၅ မိနစ်မကြာ လေသက်ပါလိမ့်မည်။ ဘူး တစ်လုံးဆောင် အိုလို့တောင် စိတ်မဆင်းရဲရတော့ပါ ။မှတ်ချက် ။..။ နှစ်ရက်စာပဲဖျော်သောက်ပါ လက်ဆတ်လေကောင်းလေပါ..။ 
 
– ရှားစောင်းလက်ပတ်က ဆီးကျောက်တည်တာကတော့ လက်တွေ့မို့ အရမ်းကောင်းတဲ့ဆေးပင်ပါ ။  ၃ခွက်လောက်သောက်တာနဲ့ ကျောက်တွေကျ လာတော့တာပါ..။ 
 
Credit
        
    	
 ဒီအတိုင်းထည့်ပြီး လုပ်စမ်းကြည့်ပါ။ အရမ်းမိုက်တယ် 🔥🔥 
ဘာနဲ့တွဲစားစား စားလို့ကောင်းတဲ့ အချဥ်ရည် လုပ်နည်း...။ 
 
တစ်ခွက်စာ လုပ်နည်းအတွက် ပါဝင်ပစ္စည်းများ...... 
 (ကြမ်းကြမ်းလေး ရောမွှေပါ) 
 * နံနံပင် (အမြစ်ပါ) - ၄ ပင် 
 * ငရုတ်သီးစိမ်း - ၁၅ တောင့် 
 * ငရုတ်သီးစိမ်း အနီတောင့် - ၅ တောင့် 
 * ကြက်သွန်ဖြူ - အမွှာ ၂၀ 
 * ထန်းလျက် - စားပွဲဇွန်း ၂ ဇွန်း 
 * သံပရာရည် - စားပွဲဇွန်း ၈ ဇွန်း 
 * ငံပြာရည် - စားပွဲဇွန်း ၉ ဇွန်း 
 * အချိုမှုန့် - လဖက်ရည်ဇွန်း ၁/၄ ဇွန်း 
   (စိတ်ကြိုက်လျှော့နိုင်/ပိုထည့်နိုင်သည်) 
 * ပူစီနံရွက် ၁-၂ ရွက် ထည့်ပေးပါက ပိုမိုက်ပါသည်။ 
 
🔴 ငရုတ်သီးစိမ်းအနှစ် (၁ ခွက်စာ / အများကြီးအတွက်) 
| ပါဝင်ပစ္စည်းများ.... | ၁ ခွက်စာ | အများကြီးအတွက် | 
|---|---|---| 
| ငရုတ်သီးစိမ်း / ၇၀ ဂရမ် | ၃၅၀ ဂရမ် | 
| ကြက်သွန်ဖြူ / ၇၀ ဂရမ် | ၃၅၀ ဂရမ် | 
| နံနံပင် (အမြစ်ပါ) / ၃ ပင် | ၁၅ ပင် | 
| အုန်းထန်းလျက် / ၁၀၀ ဂရမ် | ၅၀၀ ဂရမ် | 
| ငါးငံပြာရည်အစစ် / ၈၀ ဂရမ် | ၄၀၀ ဂရမ် | 
| သံပရာရည်အစစ် / ၉၀ ဂရမ် | ၄၅၀ ဂရမ် | 
| ဆား / ၅ ဂရမ် | ၁၀ ဂရမ် | 
| အချိုမှုန့်  / ၃-၅ ဂရမ် | ၆-၁၀ ဂရမ် (ပိုထည့်နိုင်သည်) | 
| ပူစီနံရွက် | ၁-၂ ရွက် | ၄-၅ ရွက် (ပိုမိုက်သည်) |
        
    	
 #ဒူးရင်းပင်ရွေးချယ် စိုက်ပျိုးသည့်နေရာမှာ 
 အပင်ကြီးနှင့် အပင်ငယ် ဘယ်အပင်ကို ရွေးချယ်စိုက်ပျိုးသင့်ပါသလဲ... 
 
အချို့ကလည်းအပင်ငယ်ကို စိုက်ပါလို့ 
တိုက်တွန်းတာကိုလည်း တွေ့ရသလို့ အပင်ကြီးကို 
စိုက်ပါလို့ အားပေး တိုက်တွန်းကြတာကိုလည်း တွေ့ရပါတယ် 
 
အငယ်ကိုစိုက်ပါလို့ အားပေးတဲသူက အမြစ်အား 
ကောင်းတဲ့အချိန် ကိုယ်စိုက်ပျိုးမည့်ဒေသရဲ့ ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိအောင်လို့ပြောတာ 
ထင်ပါတယ် 
 
အပင်ကြီးစိုက်ပါလို့အားပေးတဲ့သူက စိုက်ပြီးတာနဲ့ ၁.နှစ် ၂.နှစ်အတွက် အသီး သီးအချိန်ကို 
စောင့်နေစရာမလိုလို့ ဆိုပြီးပြောကြပြန်တယ်.. ပေါ့ 
 
ဒါကို ကျနော်ဉာဏ်မှီသလောက်ရှင်းပြပေး 
ချင်ပါတယ် ဒူးရင်းပင်ကို ဝယ်ပြီးစိုက်ပျိုးတော့မယ် 
ဆိုရင် စျေးနှုန်းဆိုတာကြည့်ရပါတယ်  
 
အပင်ကြီးရင် စျေးကြီးသလို့ အပင်ငယ်ရင်စျေးနည်းတာ..ပေါ့ 
 
အပင်ကြီးတော့ စျေးကြီးတယ်ပို့ဆောင်ရခက် 
ခဲ့တယ် ဒါကြောင့်အပင်ကြီးရောင်းတဲသူ မရှိတာ 
လည်းဖြစ်နိုင်ပါတယ် 
 
အပင်ငယ်တော့ ပို့ဆောင်ရလွယ်ကူပြီး စျေးနှုန်းလည်းသက်သာတယ် ပြေားးချင်တာက  
အပင်ကြီးဖြစ်စေ အပင်ငယ်ဖြစ်စေ အဓိက စိတ်ခံစားချက်ပါပဲ.. 
  
၂.နှစ်သားအပင်ကို ဝယ်စိုက်တော့ အချိန်ကို သိပ်ပြီးစောင့်နေစရာမလို့ပဲ အချိန်ကိုဝယ်လိုက်တဲ့ 
သဘောပါ..အချိန်ကိုဝယ်လို့မရဘူးဆိုတဲ့သူတွေ 
အတွက် ၂.နှစ်သားအပင်ကို စိုက်လို့ ဖြစ်ထွန်း 
အောင်မြင်သွားရင် အချိန်၂.နှစ်ကိုဝယ်လိုက်တာနဲ့ 
တူညီပါတယ် 
 
စိုက်ပြီးသားနဲ့ ချက်ခြင်းဆိုသလို.. ဟာ ငါ... 
ဒူးရင်းခြံပိုင်ရှင်ဖြစ်သွားပြီ သိပ်မကြာခင်မှာ  
ဒူရင်သီးဝယ်စား စရာမလို့တော့ဘူးဆိုပြီး 
ဘယ်လို့ပဲဖြစ်ဖြစ်စိတ်ကျေနပ်မှု ပိုရတယ် 
 
 ငွေရှိတဲ့ သူတွေအတွက်တော့ အပင်ကြီးကပိုကောင်းပါတယ် 
 
မွန်ထောင် မှုစံကင် ချာနီ ကန်ကလေး မီးချောင်းခေါင်းစသဖြင့် အပင်ငယ်စိုက်ပျိုးသူတွေက စျေးသက်သာပေးမဲ့ အချိန်ကြာတယ်လို့ စိတ်ထဲမှာ 
ရင်မောစရာကြီး... 
 
ဒါကြောင့်မို့ ဒူးရင်းစိုက်ပြီး 
ဘယ်နှစ် နှစ်တွင်အသီးသီးနိုင်ပါသလဲ..ဆိုတဲ့ 
မေးခွန်းက ကိုယ်စိုက်ပျိုးမည့် ပျိုးပင်ရဲ့အသက် 
ပေါ်မှာပဲ မှုတည်မယ်လို့ ထင်ပါတယ် 
 
ဒူးရင်းပင် အပင်ကြီးနဲ့ အပင်ငယ်စိုက်ပျိုးသည့် 
နေရာမှာ အားနည်းချက် အားသာချက်တော့ ရှိပါတယ် 
 
အပင်ကြီးသည် အပင်ငယ်ထက် အရွက်နုထွက်တာ 
ပိုနောက်ကျတယ် အမြစ်နုထွက်တာလည်း 
ပိုနောက်ကျတယ် ရာသီဉတုဒဏ်ကိုလည် အပင်ငယ်တွေလို့ ခံနိုင်ရည်ခြင်းမရှိပါဘူး.. 
 
အပင်ကြီးကပြုစုရတာပိုခက်ခဲပြီး ဒူးရင်းအကြောင်းကိုမသိရင်တော့ ဆုံးရှုံးမှု့ပိုများတယ် 
 
ဒူးရင်းပင်အကြောင်းသိတတ်နာလည်ထားရင်တော့ 
ဖြင့် အပင်ငယ်ထက် အကြီးကပိုပြီးအကျိုး 
ရှိပါတယ် 
 
အပင်ငယ်က အပင်ကြီးထက်ပိုပြီးပြုစုရပိုပြီး  
လွယ်ကူစေပါတယ် 
 
ရာသီဥတု ဒဏ်လည်ခံနိုင်ရည် 
ပိုမြင့်ပါတယ် ရေသောက်မြစ်ဖြတ်ပြီး မြေချစိုက်ပျိုးရုံနဲ့အရွက်နုထွက်တာပိုမြန်ပြီး အမြစ်အာလည်း ပိုကောင်းမွန်စေပါတယ်  
 
ဒူးရင်ပင်အကြောင်းကို နည်းနည်ပါးပါး သိထားရုံဖြင့် မည်သူမဆို စိုက်ပျိုးနိုင်မည့် အပင်အရွယ်လည်းဖြစ်ပါတယ် 
 
ဒူးရင်းပင်ကြီးကို စိတ်ဝင်စားသူက အပင်ကြီး 
စိုက်ပေါ့ အပင်ငယ်ကိုစိတ်ဝင်စားသူက အပင်ငယ် 
စိုက်ပေါ့..ဗျာ 
 
 
 
Credit