20 w - Translate

Windows မှာ Dia ကို စောင့်မနေနဲ့.. Edge က အရမ်းမိုက်သွားပြီ 👀
.
အစောပိုင်းတုန်းက The Browser Company ကနေ Dia နာမည်နဲ့ AI Browser ကို macOS အတွက် မိတ်ဆက်ခဲ့သလို အခုလည်း Microsoft ကပါ နောက်ကျမကျန်ခဲ့ရအောင် Microsoft Edge Browser ကို လုံးဝ Upgrade လုပ်ပေးလိုက်ပါတယ်။
ဒါက Copilot Mode ဆိုပြီး Microsoft Edge Browser နဲ့ Web Browsing လုပ်တဲ့အချိန်မှာ ပုံစံလုံးဝပြောင်းချပြီး အလုပ်လုပ်တဲ့ပုံပါ ကွဲထွက်သွားအောင် လုပ်လိုက်တာဖြစ်ပါတယ်။ ပြောရရင် Web Browser ကနေ AI Browser ဖြစ်သွားပြီ။​ အဲ့အပြင် Windows ရော macOS က Edge Browser အကုန်လုံးမှာ Copilot Mode ကို သုံးလို့ရမယ်။
Copilot Mode နဲ့ AI Browser ဖြစ်သွားရင် ဘာတွေလုပ်နိုင်မလဲဆိုတော့ -
- ပုံမှန် Search Bar က AI Chat Agent ကို ပြောရတဲ့ပုံစံဖြစ်သွားပြီး Website တွေကို ကြည့်နိုင်ပေမယ့် AI ကနေ Suggestion တွေ ပြောသွားမယ်။ AI Chat Agent လိုမျိုး အကြံတောင်းတာတွေ၊ ဓါတ်ပုံဖန်တီးခိုင်းတာတွေ၊ အစီအစဥ်ဆွဲခိုင်းတာတွေ ခိုင်းလို့ရမယ်။
*ဥပမာ - ခရီးသွားဖို့ Hotel ရှာခိုင်းရင် ကိုယ်သွားမယ့်နေရာ၊ အချိန်ကို ကြည့်ပြီး Budget အရ အဆင်ပြေတဲ့ ဟိုတယ်တွေရှာခိုင်းလို့ရပြီ။ အဲ့မှာ List နဲ့ အသေးစိတ်ဝင်ကြည့်လို့ရအောင်ပါ ပြပေးသွားနိုင်တယ်။
- Copilot Mode မှာ ကိုယ်ဖွင့်ထားတဲ့ Tab တွေကိုပါ AI က သိရှိပြီး မေးချင်တာ မေးလို့ရပြီ။​
*ဥပမာ - အရှေ့မှာပြောခဲ့သလို ခရီးသွားဖို့ Hotel တွေကို Tab တွေ ခွဲဖွင့်ထားတယ်၊​ အဲ့ဟိုတယ်တွေထဲက ဘယ်တစ်ခုက Overall Review အကောင်းဆုံးလဲ၊ ကိုယ်သွားချင်တဲ့နေရာရှိရင် အဲ့နေရာကို အနီးဆုံးသွားလို့ရတဲ့ Hotel က ဘယ်ဟာလဲဆိုပြီး ဖွင့်ထားတဲ့ Tab တွေနဲ့ သက်ဆိုင်တဲ့မေးခွန်းတွေကိုပါ ဆက်မေးလို့ရသွားမယ်။​
- Quick Assist ဆိုပြီး ကိုယ်ကြည့်နေတဲ့ Website ရဲ့ Address Bar - ဘယ်ဘက်ထောင့်က Copilot Icon ကို နှိပ်ပြီး AI Chat ကို မေးချင်တာတွေ မေးလို့ရမယ်။
*ဥပမာ - YouTube Video တစ်ခုဖွင့်ထားတယ်၊ အဆုံးထိမကြည့်ချင်ရင် Quick Assist ကို Summary ပြောခိုင်းတာမျိုး၊ ဟင်းချက်နည်းတစ်ခုခုဖတ်နေရင် အကုန်မဖတ်တော့ပဲ​ Quick Assist ကနေ Step-by-Step ကို ကိုယ်သုံးနေကြ Unit နဲ့ ပြောင်းပြောခိုင်းတာတွေ ခိုင်းလို့ရပြီ။
ကျန်တာက Copilot Mode မှာ Copilot-inspired Theme တွေဖြစ်သွားမယ်၊​ AI ကိုပါ Theme တွေ စိတ်ကြိုက်ပြောင်းခိုင်းလို့ရမယ်။​
ပြီးတော့ နောက်ပိုင်းမှာ Copilot Vision ကိုပါ သုံးလို့ရလာတော့မယ်လို့ ပြောထားတယ်။​
Copilot Vision ဆိုတာက ကိုယ်ကြည့်နေတဲ့ Website တွေက Information ကို AI ကို Voice Assistant တစ်ယောက်အနေနဲ့ လှမ်းမေးလို့ရသွားမယ်။ ဥပမာ - နားကြပ်တွေယှဥ်ဖွင့်ထားပြီး ဘယ်တစ်ခုက Noise Cancellation ပါလဲ၊ ဘယ်တစ်ခုက Battery အခံဆုံးလဲဆိုတာကို AI ကို စကားပြောသလို အသံနဲ့ပဲ​ မေးလို့ရသွားမယ်။​
ပြောရရင် Copilot Vision က လက်ရှိ Google Gemini Live နဲ့ ပုံစံဆင်တူတယ်။ လောလောဆယ်မှာ အကုန်သုံးမရသေးပဲ Microsoft က ပေးစမ်းသုံးသလောက်ပဲ​ သုံးရဦးမယ်။
---
အခု Microsoft Edge ကို Copilot Mode နဲ့ ပြန်စမ်းကြည့်ပြီးတဲ့အချိန်မှာ ဒီ Web Browser တွေက AI ကို အသုံးချဖို့အတွက် တကယ့် Gateway တစ်ခုဖြစ်လာဖို့က ပိုသေချာသွားတယ်လို့ ခံစားရလာပြီ။​ Copilot Mode ဆိုလည်း ပုံမှန် Edge ထက် သိသိသာသာ သုံးရတာ ပို Personalized ဖြစ်သွားတာက သိသာတယ်။​
လက်ရှိ သုံးနေကြဖြစ်နေတဲ့ Dia နဲ့​ယှဥ်ရင်တော့ Dia က AI Chat ကို Shortcut Key နဲ့ ခေါ်လို့ရတာတွေ၊ Select မှတ်လိုက်တာနဲ့ မှတ်တဲ့ဟာကို တန်းမေးလို့ရတာမျိုး၊ Custom Skill တွေ သုံးနိုင်တာတွေကတော့ ပိုသဘောကျနေသေးတယ်။
ဘာပဲဖြစ်ဖြစ် Microsoft ပါ ပြောင်းလဲလာပြီဆိုတော့ Web Browser တွေက သာမန် Website တွေဝင်ကြည့်ဖို့ပဲ သုံးတာကနေတဖြည်းဖြည်း AI Browser ကို ကူးပြောင်းနေတဲ့ခေတ်ကို ရောက်လာတာက တကယ်ဖြစ်လာပြီ...။

image

ဆရာမ ခင်ခင်ထူး ရဲ့ စာအုပ်တွေထဲကမှ လက်ရာအကောင်းဆုံးနဲ့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့
စာအုပ်ကောင်း တစ်အုပ် 📚
မာနရှိစမ်းပါ သမီး
မိန်းကလေးဆိုသာ မာန ရှိရတယ် ။
သူတကာကို ရုန်းရုန်းရင်းရင်း ဆက်ဆံရမယ့်
မာနမျိုး မဟုတ်ဘူး သမီးရဲ့... ။
ဣန္ဒြေ နဲ့ သိက္ခာကို
ဘဝမှာ တည်တည်ကြည်ကြည်
စောင့်ထိမ်းလိုက်စမ်းမဟဲ့ဆိုသဲ့ မာနကို ပြောသာ ။
ကိုယ့်ကိုယ်ကိုယ် မှဲ့တစ်ပေါက် မစွန်းရအောင်
စောင့်ထိမ်းလိုက်စမ်းမဟဲ့ဆိုသဲ့ မာနကိုပြောသာ ။
ငယ်ငယ်တည်းက အနေတည်ကာ မိန်းကလေးချင်းပင် ရှိန်ကြသည့် "မအိမ်ကံ"
အပျိုအရွယ်ရောက်သော်လည်း စိတ်တချက်မကစား တည်ကြည်လွန်းလှပါသည့် "မအိမ်ကံ"
အကိုကခေါ်တော့ "ကံကလေး" တဲ့
ချစ်သူကခေါ်တော့ "အိမ်ကလေး" တဲ့
ဖက်စွမ်းကွမ်းတောင်ကိုင်ဘဝကို အစွဲအလမ်းကြီးလွန်းလှတဲ့ "မအိမ်ကံ"
ကံကောင်းလိုက်သည့် ဒီမိန်းကလေး သူ့ခမျာ ဖက်စိမ်းကွမ်းတောင်ကိုင်ရဖို့က အသက်နှစ်ဆယ်လုံးလုံး စောင့်ခဲ့ရသည်မှာ သူမအိပ်မက်လေး
လောကကြီးမှာ မဖြစ်နိုင်တာမရှိဘူးဆိုပေမယ့် မအိမ်ကံအဖို့တော့ ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တဲ့ ကွမ်းတောင်ကိုင် ဘဝကို မရခဲ့ရှာဘူး ။ ရုပ်ကလေးလှပါရဲ့ ချောပါရဲ့၊ အကျင့်စာရိတ္တ နဲ့ ပေးကမ်းစွန့်ကြဲမှုကလည်း ရက်ရက်ရောရောရှိပါရဲ့၊ ကွမ်းတောင်ကိုင် ဖြစ်ရမယ့် ရုပ်မျိုး ၊ ဂုဏ်မျိုး ရှိပါလျက်ကယ်နဲ့ မိဘတွေက ငယ်လင်မယားမဟုတ်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုအတွက်နဲ့ ကွမ်းတောင်ကိုင်ဘဝကို စွန့်လွှတ်ခဲ့ရသူ
မအိမျကံ။
ကိုယ့်လက်ထက်မှာ မရခဲ့တဲ့ ကွမ်းတောင်ကိုင်ဘဝကို သမီးလက်ထက်မှာ ဖြစ်ကိုဖြစ်စေရမယ့်ဆိုတဲ့ စိတ်ကလေးနဲ့ အနှစ် နှစ်ဆယ် ထပ်စောင့်ခဲ့ရပြန်တယ် ။ " သမီး မအိမ်မြိုင် " မအေရဲ့ချောပုံလှပုံတွေနဲ့အတူ အဖေရဲ့တည်ကြည်မှုတွေပါ အမွေဆက်ခံခဲ့ရတဲ့ အတွက် မအိမ်ကံ သမီး မအိမ်မြိုင် က တစ်ရွာလုံးမှာ အချောဆုံးလေး လူတိုင်းက ကွမ်းတောင်ကိုင် ဖြစ်မှာပါဆိုတဲ့ မအိမ်မြိုင် ။ တကယ့်အလှူပွဲနေ့ရောက်မှ အကြောင်းတစ်ခုကြောင့် ယောကျာ်းနောက်လိုက်သွားခဲ့ရတယ်တဲ့ ။ မအိမ်ကံ လိုချင်ခဲ့တဲ့ ကွမ်းတောင်ကိုင် သမီးလက်ထက်ပါ ထပ်လွှဲခဲ့ရတဲ့ ကွမ်းတောင်ကိုင် ။နှစ်ခါပြန်ရှုံးခဲ့ပါပေါ့လား မအိမ်ကံရယ်။
နောက်ဆုံးတော့ အရှုံးထဲက အနိုင်ကို ယူသွားရှာခဲ့သူ မအိမ်ကံ ။ " ငါ့သမီးကိုတောင် ငါရှုံးမှတော့ သူများငါ့ကိုနိုင်တာ ဘာဆန်းလို့တုံး" ဆိုပါလား မအိမ်ကံရယ် ။
မအိမ်ကံရဲ့ မြေးမလေး "မအိမ်စို"
မအိမ်စိုရဲ့လုပ်ငန်း "ဖက်စိမ်းကွမ်းတောင် အမှတ်တံဆိပ် ၊ မအိမ်စို လက်ရက်ကန်းထည်များ အရောင်အသွေး အာမခံ ၊ ဇောင်ချမ်းကုန်း ၊ မြင်းခြံမြို့နယ် "
ကျေးဥ~ " ရှင်အိမ်ကံရယ်...... ညည်း ငါ့ကို လွမ်းလွန်းလို့ အစားပြန်ရောက်လာသလားအေ.....ညည်းမြေးမ မအိမ်စိုက ညည်းမှညည်းအစစ်ပါအေ...ငါဖြင့် စိတ်ချမ်းသာလိုက်တာတော်....သည်အိမ်ကြီးကို ညည်းပြန်ရောက်လာသလိုပါပဲလား....ခဲတံတစ်ချောင်း ဆံထုံးမှာထိုးပြီး ရက်ကန်းရုံထဲ ဝင်ထွက်နေတာများ ညည်းမှညည်းအတိုင်းပါအေ...."
ဇာတ်သိမ်းခါနီးလေ ရင်နဲ့မဆန့်အောင် မအိမ်ကံရဲ့ဘဝကို သနားမိလေပါပဲ ကြိုးလေးတစ်ချောင်းတည်းနဲ့ ဘဝခြားခဲ့ရတဲ့ မအိမ်ကံ ။
အရီးကျေးဥ ပြောသလို "ရှင်အိမ်ကံရယ် ညည်းကုသိုလ်တွေ မနည်းခဲ့ပေါင်အေ ။ သည်ကုသိုလ်အဖို့ကြောင့် နောင်ဘဝဆက်တိုင်း ဖက်စိမ်းကွမ်းတောင်ပွေ့နိုင်ပါစေတော်...."
#မအိမ်ကံ #ခင်ခင်ထူး

image
20 w - Translate

အိုင်ယာလန်နိုင်ငံ က Gress B Seans Bar ဟာ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး နဲ့ သက်တမ်းအရင့်ဆုံး Bar ဖြစ်ပါတယ် အဲ့ဒီဆိုင်ရဲ့ နံရံတွေဟာ အေဒီ 900 ခေတ်ထဲက ဖြစ်တယ်ဆိုတာကို အထောက်အထားတွေ
အရ သိရပါတယ် ဒါတင်မကသေးဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း 1100 ကျော် က Bar ပိုင်ရှင်တွေရဲ့ မှတ်တမ်းအချက်အလက်တွေကိုလည်း အဲ့ဒီဆိုင်မှာ တွေ့ရပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image

ဇူလိုင် ၃၀-၃၁ ညမှာ မြင်ရမယ့် ကြယ်ကြွေမိုး ဖြစ်စဉ်
နက္ခတ်တာရာ ကြည့်ရှုလေ့လာရတာကို ဝါသနာပါတဲ့သူတွေအတွက် လာမယ့် ဇူလိုင် ၃၀ ရက်၊ ညသန်းခေါင်ကျော်မှ ဇူလိုင် ၃၁ ရက် မနက်မိုးမလင်းခင်အထိ ဟာ ထူးခြားတဲ့ ကြယ်ကြွေမိုး ဖြစ်စဉ် နှစ်ခုကို တစ်ပြိုင်တည်း မြင်တွေ့ရမယ့် အခွင့်အရေးတစ်ခုရှိပါတယ်။
အခု ကြယ်မိုးရွာခြင်း ဖြစ်စဉ်ကိုတော့ တစ်ကမ္ဘာလုံးနီးပါးက မြင်တွေ့ရမှာဖြစ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း မြင်တွေ့ရမှာပါ။
ကြယ်မိုး အများဆုံး ကြွေမယ့်ညက ယနေ့ည ဇူလိုင် ၃၀ ရက် နေ့ ည သန်းခေါင်ကျော် ကနေ ဇူလိုင် ၃၁ ရက် အာရုံတက်ချိန်အထိ ဖြစ်ပါတယ်။
ဒီ ဇူလိုင် ၃၀-၃၁ ညမှာ မြင်တွေ့ရမယ့် ကြယ်ကြွေမိုး နှစ်ခုကတော့
Southern Delta Aquariids နဲ့ Alpha Capricornids လို့ခေါ်တဲ့ ဥက္ကာခဲရပ်ဝန်းနှစ်ခုဖြစ်ပါတယ်။
Southern Delta Aquariids မှာရှိတဲ့ ဒီဥက္ကာခဲတွေဟာ အများအားဖြင့် အရောင်မှိန်ပြီး တသမတ်တည်း ကျတတ်ပါတယ်။ သူတို့ကြွေကျလာတဲ့ အချိန်မှာကောင်းကင်မှာ ရှည်လျားတဲ့ အမြီးတန်းလေးတွေကို ချန်ထားခဲ့တတ်ပါတယ်။
Alpha Capricornids က ဥက္ကာခဲတွေကတော့ အရေအတွက် သိပ်မများပေမယ့် အရမ်းကို တောက်ပပြီး ကံကောင်းရင် မီးလုံးကြီးတွေလို မြင်ရတတ်ပါတယ်။ တစ်ခါတလေ ပေါက်ကွဲသလိုမျိုးလည်း တွေ့ရတတ်တာကြောင့် အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။
ဒီဥက္ကာခဲ နှစ်မျိုးစလုံးရဲ့ ကြွေမယ့်အချိန်ဟာ တစ်ပြိုင်တည်း နီးနီး ဖြစ်ပေါ်မှာဖြစ်လို့ ကောင်းကင်မှာ အမှောင်ဆုံးနေရာဆိုရင် တစ်နာရီကို ဥက္ကာခဲပေါင်း ၂၅ လုံး အထိ မြင်တွေ့နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။
အရေးကြီးဆုံးကတော့ မြို့ပြအလင်းရောင် ကင်းဝေးတဲ့နေရာ ဒါမှမဟုတ် အလင်းရောင် အနည်းဆုံး နေရာ မျိုးကို ရွေးချယ်သင့်ပါတယ်။ ညကောင်းကင်ပြင်ကို ပွင့်ပွင့်လင်းလင်း မြင်နိုင်ပြီး အဆောက်အဦတွေ၊ သစ်ပင်တွေ ကွယ်နေတာမျိုး မရှိရင် အကောင်းဆုံးပါပဲ။မိုးရာသီမလို့ မိုးတိမ်ထူထပ်နေတဲ့နေရာတွေကတော့ မြင်ရဖို့ခက်ပါလိမ့်မယ်။
လာမယ့် ဇူလိုင် ၃၀-၃၁ ညမှာ ကောင်းကင်ကို ကျွန်တော်တို့နဲ့ အတူတူလိုက်ကြည့်ပြီး သဘာဝရဲ့လှပတဲ့ ကြယ်ကြွေမိုးဖြစ်စဉ်ကို ခံစားဖို့ MASES စာဖတ်ပရိတ်သတ် တွေကို ဖိတ်ခေါ်လိုက်ပရစေ။
~MASES/Soe pyae htat

imageimage
20 w - Translate

Philippines 🇵🇭
Ecuador 🇪🇨
Venezuela 🇻🇪
Who is your favorite ?👑

image
20 w - Translate

Eli (2019)

Eli ဆိုတဲ့ကလေးလေးက ထူးခြားတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ အဲဒါကတော့ လေနဲ့မတည့်တာပါ။လေရှုလိုက်ရင် သူ့အရေပြားတွေလောင်ကုန်ပြီး ပေါက်ကွဲမလိုဖြစ်တဲ့ ရောဂါဆန်းပါ။သူအိမ်မှာနေရလဲ မှန်လုံအိမ်ထဲလိုနေရာမျိုးမှာလေ Filter နဲ့နေရပါတယ်။လေတင်မကဘူး ရေလည်းထိလိုမရပါဘူး ?။
အဲတာနဲ့ပဲ သူ့အဖေနဲ့အမေက သူ့ကို ဆေးကုဖို Doctor Horn ဆိုတဲ့ ဆရာဝန်မ အိမ်မှာနေရင်းဆေးကုဖို လုပ်ခဲ့ကြပါတယ်။
အဲဒီ အိမ်က လေ filtration နဲ့ရေ filtration system တွေပြည့်နေတာမို Eli လေးတစ်ယောက် မှန်လုံအိမ်နဲ့ အလုံပိတ်ထားတဲ့ အင်္ကျီထဲမှာနေစရာ မလိုတော့ပါဘူး။သူ့ကိုဆေးကုနေရင်းနဲ့ပဲ Step 1 အဆင့်မှာ ဒီအိမ်ကသာမန်မဟုတ်ပဲ သရဲခြောက်တဲ့အိမ်ဆိုတာသိခဲ့ရတယ်။သူကအပြင်ထွက်မရပေမယ့် အပြင်ဘက်မှာ Harley ဆိုတဲ့ မိန်းကလေးနဲ့ မှန်တစ်ဖက်တစ်ချက်စီက စကားပြောရင်းခင်ခဲ့ပါတယ်။သရဲတွေကခြောက်တာ တဖြည်းဖြည်းဆိုးလာတာတွေရော Harley ကြောင့်ပါ ဒီအိမ်ကြီးက လုံးဝမူမမှန်သလို Doctor Horn ကလည်းသူထင်ခဲ့သလို မဟုတ်မှန်းသိလာခဲ့တယ်။သရဲတွေက Doctor Horn သတ်ခဲ့တဲ့ကလေးတွေလား ?…

😍ကြည့်ရန်နှိပ်ပါ👇

t.me/yoteshinkyimal1/33

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
20 w - Translate

Barbie:The Princess and The Popstar myanmar sub

😍ကြည့်ရန်နှိပ်ပါ👇

t.me/animezatcar/385

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image
20 w - Translate

Sector 7 (2011)5
-------------------------

IMDB (4.6/1

ကျွန်တော်တိုခေတ်ရဲ့ အလှနတ်ဘုရားမ ဖြစ်ခဲ့သလို ခုထိလည်း လှနေဆဲလှနေမြဲ တောင်ကိုရီးယားမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဟာဂျီဝန်ရဲ့ အလန်းစားရုပ်ရှင်တစ်ကားကို တင်ဆက်လိုက်ပါတယ်

ဂန္တဝင်မမရဲ့ ဂန္တဝင်အလှတရားတွေကို ကြည့်ဖိုသက်သက် ရှာကြည့်ရတဲ့ မမဟာဂျီဝန်ရဲ့ ရုပ်ရှင်ကိုမှ ဇာတ်လမ်းကပါ စိတ်ဝင်စားစရာကောင်းနေတော့ တော်တော်တန်တဲ့ ရုပ်ရှင်ပါပဲ

အိုဂျီဟိုဆိုတဲ့ ဘဲလည်းပါပေမဲ့ ခေါက်ထားလိုက်ပါ၊ မမသာအဓိကပဲမိုလား။ ဒါပေမဲ့ မမဆိုလို မမ ဟာဂျီဝန်တစ်ယောက်တည်းတင်မဟုတ်ဘဲ ဒီနှစ်မှာ Golden Mask ဒရာမာနဲ့ ပြန်ဟော့လာတဲ့ မမ ချာရီယျွန်းလည်း ပါပါသေးတယ်

ဇာတ်လမ်းကတော့ Kristen Stewart ပါတဲ့ Underwater လိုလို ဘာလိုလိုပါပဲ။ ဂြိုဟ်သားတွေနဲ့ကိုး။ ဒါရိုက်တာကတော့ May 18 တို Sinkhole တို The Tower တိုလို ကံဆိုးမိုးမှောင်ကျတဲ့ရုပ်ရှင်တွေချည်း အသားပေးရိုက်တတ်တဲ့ Ji-hoon Kim ပါတဲ့

သူ့ဟာနဲ့သူတော့ ကြည့်ကောင်းတဲ့ ရုပ်ရှင်တွေ‌ပေါ့။ ခု ဒီကားရဲ့ ဇာတ်လမ်းသွားကတော့ ဂျယ်ဂျူကျွန်းတောင်ပိုင်းမှာ ရေနံတူးရင်း ဂြိုဟ်သားတွေနဲ့ တွေ့တဲ့အကြောင်းပါပဲ

😍ကြည့်ရန်နှိပ်ပါ👇

t.me/yoteshinkyimal1/43

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image