20 w - Translate - Youtube

myanmar song - Blueberry

20 w - Translate - Youtube

Oggy and the Cockroaches - Ze Oggy Show

အသဲကွဲနေလို feelမလိုပါဆို နားကြပ်ကတစ်ဖက်ပဲကောင်းတယ်

image

#အားလူးချိစ့်ကြော်

အားလူး ၂၅သား
mozzarella ၁တုံး
(သို့)cheese ၃ပြား
ဆား အနည်းငယ်
ငရုတ်ကောင်း ။
ကြက်ဥ ၁လုံး
ပေါင်မုန့်ခြောက် လိုသလောက်

-အားလူးကိုပြုတ်အခွံခွာပြီးထောင်း(သို့)လက်နှင့်ချေလဲရ
တယ်နော်။ပြီးရင် ဆား ငရုတ်ကောင်းထည့်နယ်ထားပါ။
-ကြက်ဥ၁လုံးခလောက်ထားပါ။ပန်းကန်တစ်ခုထဲမှာပေါင်မုန့်
ခြောက်ထည့်ထားပါ။
-ချိစ့်ကmozzarella(သို့)cheeseအပြားလေး များကိုခဲ
အောင်လုပ်ပြီးအချောင်းလေးတွေလှီးထားပါတယ်။
## အားလူးကိုအနေတော်အလုံးအရွယ်ယူပြီးလုံးပါ။ပြီးရင်
လက်ထဲမှာပြားပြီးအလည်မှာချိစ့်အချောင်းလေတွေထည့်ပြီး
ပြန်ပြီးကြိုက်နှစ်သက်ရာပုံစံလုံးပါ။ပြီးမှကြက်ဥထဲနှစ်ပေါင်မုန့်
ခြောက်(bread crumb)ကပ်ပြီးဆီပူပူမှာဆီမြုပ်အောင်
ထည့်ကြော်ပြီးရဲလာလျှင်ဆီစစ်ပြီးရပါပြီ။
ကိုသစ်ထူးရဲ့နည်းလေးနဲ့ကြော်ထားတာပါ။

image

#ဂေါက်အဆစ်ရောင် #ဆီးနှင့်ကျောက်ကပ် #အသည်းသမားများအတွက် #ဘူးပင် အစွမ်း အံမခန်းပါ
ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြောင့် ဆီးမကောင်းသူများနှင့် ယူရစ်အက်စစ်များ၍ ဆီးပူသော သူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး သံပရာရည်ဖြင့်ရောကာ သောက်သုံးပေးသင့်သည်။
ကျောက်ကပ်ရောင် ခြင်းကိုလည်း ကုသပေးနိုင်စွမ်းရှိသည်။
ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်သည်။.
ဝမ်းလျှောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များသောအစားအစာ သို့မဟုတ် ဆီကြော်မုန့်စားသုံးပြီး နောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆားအနည်းငယ်ရော၍သောက်သုံးပေးသင့်သည်။
ပူပြင်းသောနွေရာသီတွင် ဆုံးရှုံးသွားသောချွေးများအတွက် အထက်ပါအတိုင်းသောက်သုံးပေးပါက လူကိုပြန်လည် လန်းဆန်းစေသည်။ အပူလျှပ်ခြင်းမှလည်း ကာကွယ်ပေးသည်။
သွေးတိုးရောဂါသမားများနှင့် နှလုံးရောဂါဝေဒနာရှင်များကို များစွာအကျိုးပြုသည်။
ဘူးညွန့်(ဘူးရွက်)သည် အသည်းရောင်အသားဝါရောဂါကို ဟန့်တားကာကွယ်ပေးသည်။
ဆံပင်ဖြူခြင်းကို သက်သာလျော့ပါးစေသည်။
အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပေါများသောကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေး သည်။
အာရုံကြောများကို အားကောင်းစေကာ မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။(စိတ်ဖောက်ပြန်သူများအတွက် ကောင်းကျိုးပြုပါသည်)
ဆံပင်မရှိ၍ ထိပ်ပြောင်သူများသည် ဘူးညွန့် (ဘူးရွက်)အရည်ကို လိမ်းပေးသင့်သည်။
သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေသည်။ သွားများမပျက်စီးရအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘူးညွန့်အရည်ဖြင့် ပလုတ်ကျင်းပေးသင့်ပါသည်။
ဖက်ခွက်နာ(ပြည်တည်နာများ)၊ ဝက်ရူးပြန်ခြင်းနှင့် အစာမကြေခြင်းဝေဒနာများကို သက်သာ ပျောက်ကင်း စေသည်။
နံနက်စာမစားမီ ဘူးသီးကိုဖျော်ရည်လုပ်ပြီး နေ့စဉ်တစ်နေ့လျှင် တစ်ခွက်ပုံမှန်သောက်သုံးပေးပါက အရွယ်တင် နုပျိုစေသည်။
မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်တွင် အဖုအပိမ့်အနီကွက်ထပါက ဘူးသီးကိုကြိတ်ချေ၍ ၎င်းအနှစ်များဖြင့် လိမ်းပေးခြင်းဖြင့် ချက်ချင်းသက်သာပျောက်ကင်းစေသည်။
ဘူးသီးကို မှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာမရှိသော လင်းလက်စိုပြည်လှပသည့် အသားအရေကို ပိုင်ဆိုင်နိုင်သည်။
ဘူးသီးသည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများကို ကောင်းစွာအကျိုးပြုသည်။
နာတာရှည်အိပ်မပျော်နိုင်ဘဲ မျက်စိကြောင်နေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး နှမ်းဆီနှင့်ရော၍ ဦးခေါင်းခွံ (ဦးရေပြား)ကို ညစဉ်နှိပ်ပေးခြင်းဖြင့် ထိရောက်စွာအကျိုးရှိစေသည်။
အစာအိမ်အက်စစ် အထွက်လွန်သူများအတွက် သက်သာပျောက်ကင်းသည်။
နှလုံးကိုအားကောင်းစေသည်။
အဆိပ်ပြေစေသည်။
ချောင်းဆိုးခြင်းကြောင့် အသက်ရှူလေပြွန်ရောင်နေသူများ၊ လည်ချောင်းနာသူများနှင့် ပန်းနာရင်ကျပ်ရောဂါများကို ကုသပေးနိုင်စွမ်းရှိသည်။
ဗီတာမင်အီးက မျက်လုံးသွေးကြောမျှင်များကို ကောင်းကျိုးပြုသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည့် ဘူးညွန့်ဟင်းလျာတစ်ခွက်တွင် ဗီတာမင်အီးကိုလုံလောက်စွာ ရရှိနိုင်သည်။ ထို့ကြောင့် ဘူးညွန့်စားခြင်း က မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။
မှတ်သားရန်
ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဆီးရောဂါရှိသူများအနေဖြင့် ဖျော်ရည်လုပ်၍ သောက်သုံးနိုင်သော်လည်း ၎င်းရောဂါမရှိဘဲ ရက်လတာရှည်အစိမ်းစားပါက အစာအိမ်နှင့်အူမများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် ဘူးသီးသည် ကိုယ်ခန္ဓာအတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာမက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက် ထိထိရောက်ရောက် အကျိုးပြုစေသည့် အစွမ်းသတ္တိများနှင့်ပြည့်စုံသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ရေဓာတ်ပါဝင်မှုများပြားသဖြင့် အချိန်ကြာမြင့်စွာချက်ပြုတ်ပေးရန် မလိုဘဲ အချိန်ကုန်သက်သာစေသည်။ ထို့ကြောင့်ဆေးဖက်ဝင်ဟင်းရွက်နွယ်ပင်တစ်မျိုးဖြစ်သည့် ဘူးသီးကို စားသောက်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။

image

ပလပ်ခုံနား ဖုန်းတင်စရာမရှိသောအခါ

image

image
20 w - Translate

စောင့်ရတဲ့အချိန်ကလေးဟာ ဘယ်လောက်ပဲကြာကြာ
ပြန်ဆုံတဲ့အခါ
စောင့်ဆိုင်းချိန်ဟာ စက္ကန့်ပိုင်းလေးပဲ ဖြစ်သွားမှာ။

20 w - Translate

ကားလို့စ်ဆိုတဲ့ အသက် (၆၇) နှစ်အရွယ် ဦးလေးကြီးဟာ လမ်းဘေးအာဝုလေး (၇) ကောင်ကို ကယ်ဆယ်ပြီး သူတို့နဲ့အတူ နိစ္စဓူဝကိစ္စတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဦးလေးကြီးကလည်း စားဝတ်နေရေးအဆင်ပြေလှတဲ့ ဦးလေးကြီး မဟုတ်ပါဘူး။

အိမ်ခြေရာမဲ့တစ်ယောက်အဖြစ် လမ်းဘေးမှာ အမှိုက်တွေကောက်၊ ပြန်ရောင်းလို့ရတဲ့ သတ္တုပစ္စည်း၊ ပုလင်းခွံ၊ အစရှိတာတွေကို အဟောင်းဆိုင်တွေမှာ ပြန်သွင်းပြီး ပိုက်ဆံရှာရပါတယ်။ ဒီကရတဲ့ပိုက်ဆံတွေနဲ့ပဲ ဦးလေးကြီးက အာဝုလေးတွေအတွက် လိုအပ်တာတွေ၊ စားစရာတွေကို ဝယ်ရရှာပါတယ်။

ဒါပေမယ့် ချစ်ခြင်းမေတ္တာကတော့ မဆင်းရဲရှာပါဘူး။ သူ့ရဲ့ဘေးတွဲဆိုက်ကားလေးပေါ်မှာ သူချစ်ရတဲ့ အာဝုလေး (၇) ကောင်ကို စောင့်ရှောက်ထားပြီး သူ့ရဲ့နေ့စဉ်ဘဝကို ဖြတ်သန်းနေပါတယ်။ ဒီလိုမျိုး အာဝုလေးတွေ သူ့ဘေးမှာရှိနေတာကပဲ သူ့ဘဝအတွက် အဓိပ္ပာယ်ရှိစေတယ်၊ ပျော်ရွှင်စေတယ်၊ တစ်နေ့တာကို ဖြတ်သန်းဖို့ ခွန်အားတွေရတယ်လို့လည်း ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဒီဦးလေးကြီးနဲ့ အာဝုလေး (၇) ကောင်ကို မြင်တွေ့ရမှာဖြစ်ပြီး “သူတို့တွေက ကျနော်ပိုင်ဆိုင်သမျှ အကုန်ပါပဲ” လို့တောင် မျက်ရည်တွေနဲ့ ပြောကြားခဲ့ပါသေးတယ်။

image
20 w - Translate

၃။ ပန်းပွင့်စဉ်နှင့် အသီးကင်းဝင်ချိန်အဆင့်များတွင် ရေလိုအပ်မှုများပါသည်။ သို့ရာတွင် ရေပေးသွင်းခြင်းကို တဖြည်းဖြည်းချင်းတိုး၍ ပေးသွင်းသင့်ပါသည်။
ရေမလုံလောက်ပါက ပန်းပွင့်နှင့် အသီးများ ကြွေကျခြင်း သို့မဟုတ် အသီးဖွိ့ဖြိုးမှု ရပ်တန့်ခြင်း ဖြစ်စေပါသည်။ သုံးရက်ခြား တစ်ကြိမ်ရေသွင်းပါ။
၄။ ရေများလွန်းပါက ပန်းပွင်းများနှင့် အသီးကင်းများ အလွယ်တကူ ကြွေကျပါမည်။ အကြောင်းမှာ သစ်သီးပင်မှာ ကြာရှည်စွာရေငတ်ခံထားသဖြင့် ပထမမြေစွတ်စိုရုံ ရေသွင်းပေးပြီး တစ်နေ့လျှင် နည်းနည်းချင်း ရေပိုပေးသွင်းပါ။
၅။ အသီးကင်းအဆင့် (သံပုရာသီးအရွယ်)တွင် ရေပေးသွင်းသည့် အကြိမ်ရေကို လျှော့ချနိုင်ပါသည်။ ရက်ခြားရေသွင်းပါ။
ငါးရက်၊ ခုနစ်ရက် တစ်ကြိမ် သဘာဝအနေအထားတွင် များစွာသော သစ်သီးပင်မျိုးများမှာ တစ်ချိန်လျှင် နည်းနည်းချင်း ပန်းပွင့််လာပါမည်။
တစ်ပြိုင်တည်း တစ်ချိန်တည်း ပန်းအားလုံးမပွင့်ပါ။
၆။ ခြံတစ်ခြံရှိ သစ်သီးပင်အားလုံးကို တစ်ချိန်တည်းပန်းပွင့်ရန် ရေဖြတ်ပေးပြီး ရေငတ်သည့် ဖိစီးမှု ခံစားစေခြင်းဖြင့် လိုအပ်သည့်အချိန်တွင် ပန်းပွင့်အောင် ဆောင်ရွက်နိုင်ပါသည်။
ရေငတ်သည့် ဖိစီးမှု ကြောင့် အပင်တွင်ကစီဓာတ်များ တိုးလာပြီး အပွင့်၊ အဖူး ဖွိ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါသည်။
၇။ ဤနည်းဖြင့် စျေးအမြင့်ဆုံးရသည့် ကာလအတွင်းတွင် သီးထွက်အမြင့်ဆုံးရရန် ဆောင်ရွက်သည့် သေချာသောနည်းဖြစ်သည်။
၈။ အပင်ရေလိုအပ်သည့်အချိန်တွင် ရေငတ်ခြင်း၊ မြေကြီးအစိုဓာတ်မလုံလောက်ခြင်းဖြင့် သီးထွက်ရော အသီးအရည်အသွေးပါ နိမ့်ကျခြင်းဖြစ်ရပါသည်။
၉။ အပင်တွင် ရေပိုနေခြင်း၊ ရေများခြင်းဖြင့် အပင်တုံ့ပြန်မှုမှာ မြေတွင်း လေလျော့နည်းပြီး Phytopthora မြစ်ပုပ်ရောဂါ ဖြစ်ပွားမှုကို အားပေးသည်။
၇။ ကိုင်းဖြတ်ခြင်း
အသီးဆွတ်ခူးပြီး တစ်နှစ်တစ်ကြိမ် အောက်ပါကိုင်းများဖြတ်ခြင်းကို ဆောင်ရွက်ပါ။
(က) မကောင်းသော ကိုင်းများ
(ခ) ရှုပ်ထွေးနေသော ကိုင်းများ
(ဂ) ပုံပျက်နေသော ကိုင်းများ
(ဃ) အင်းဆက်ပိုးများကြောင့် ပျက်စီးနေသောကိုင်းများ
(င) မြေကြီးနှင့်နီးသောကိုင်းများကို ပင်စည်တစ်ဝိုက်ရှိ ကိုင်းသေးများကို ရာသီချိန်မဟုတ်သော ကာလတွင်ရှိသော အသီးများကို ဖယ်ရှားပါ။
၈။ ခူးဆွတ်ရိတ်သိမ်းခြင်း
ကျွဲကောသီးကို ၅လ မှ ၆ လ အကြာအတွင် ခူးဆွတ်ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။

image