လှိုင်သာယာရှိ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်
ရန်ကုန်တိုင်း၊ လှိုငိသာယာမြို့နယ်ရှိ ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၀ ရက်နံနက်ပိုင်းတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကြည့်ရှုစစ်ဆေးခဲ့သည်။
ရန်ကုန်-ပုသိမ်လမ်းမတစ်လျှောက် လမ်းဘေး ဝဲယာ၌ ရေစီးရေလာကောင်းမွန်ရန် ရေနုတ်မြောင်းများအဆင့်မြှင့်တင်မှုနှင့် လူသွားစင်္ကြန် တည် ဆောက်နေများကိုကြည့်ရှုစစ်ဆေးပြီး လမ်းဘေးဝဲယာတွင် သန့်ရှင်းသာယာပြီး လမ်းအင်္ဂါရပ်များနှင့် ပြည့်စုံရေးဆောင်ရွက်ရန်၊ ရေနုတ်မြောင်းများပိတ် ဆို့မှုမရှိစေရေး၊ ရေထွက်ပေါက်များမှ ရေများအ လွယ်တကူစီးဆင်းသွားနိုင်ရေး စနစ်တကျတွက် ချက်တည်ဆောက်ရန် မှာကြားခဲ့သည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် ညောင်တုန်းလမ်းတစ် လျှောက်နှင့် ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းတစ်လျှောက် ရေနုတ်မြောင်းများအဆင့်မြှင်တင်နေမှု၊ ကားလမ်းတိုးချဲ့နေမှုတို့ကို မော်တော်ယာဉ်များဖြင့် ကြည့်ရှုခဲ့သည်။


